နှစ်နိုင်ငံသံတမန် ဆက်ဆံရေးပြန်လည်စတင်ရန် ရုရှားနှင့်အမေရိကန် သံအမတ်များ အပြည့်အဝပြန်လည် တာဝန်ထမ်းဆောင်မည်ဟုဆို

News Image

  • နှစ်နိုင်ငံသံတမန် ဆက်ဆံရေးပြန်လည်စတင်ရန် ရုရှားနှင့်အမေရိကန် သံအမတ်များ အပြည့်အဝပြန်လည် တာဝန်ထမ်းဆောင်မည်ဟုဆို

ရုရှားနှင့်အမေရိကန်တို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်အတွက် နှစ်နိုင်ငံစလုံးမှ သံအမတ်များက ၎င်းတို့၏ လုပ်ငန်းများကို မကြာမီပြန်လည်စတင်မည်ဟု ရုရှားလွှတ်တော်မှ အရင်းအမြစ်တစ်ခုက ပြောသည်။

ရုရှားနှင့်အမေရိကန် သံအမတ်များက ၎င်းတို့၏တာဝန်များကို အပြည့်အဝပြန်လည်ထမ်းဆောင်မည်ဖြစ်သောကြောင့် ၎င်းအချက်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက် အလွန်အရေးပါကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ယခင် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်ဟောင်း အန်နတိုလီ အန်တိုနော့သည် ၎င်း၏ သံအမတ်တာဝန်များကို ၂၀၂၄  ခုနှစ် အောက်တိုဘာလတွင် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

ရုရှားအစိုးရသည် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ် အသစ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရှိ မြောက်အမေရိကရေးရာဌာနမှ ညွှန်ကြားရေးမှူး အလက်ဇန္ဒား ဒါချီယက်အား ခန့်အပ်ရန် လျာထားသည်ဟု ရုရှားမီဒီယာတချို့က ဖော်ပြခဲ့သော်လည်း ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ရုရှားအစိုးရက   တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သို့သော် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်သစ်ကို မကြာမီခန့်အပ်မည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြောကြားထားသည်။

လက်ရှိ   ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်မှာ လင်းထရေစီဖြစ်ပြီး သူမအား ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ခန့်အပ်ခြင်းဖြစ်သောကြောင့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနေရာတွင် အခြားသူတစ်ဦးအား အစားထိုး ခန့်အပ်နိုင်သူဟူသော  ပြောဆိုယူဆမှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

Source: Myawady Web Portal