အစ္စရေး ဓားစာခံငါးဦးအား ဟားမက်အဖွဲ့ကပြန်လည် လွှဲပြောင်းပေး
News Image

ပါလက်စတိုင်းမှ ဟားမက်အဖွဲ့က အစ္စရေးဓားစာခံ ငါးဦးအား ဖေဖော်ဝါရီလ ၂၂ ရက်တွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဟားမက်အဖွဲ့သည် ဓားစာခံသုံးဦးအား ဂါဇာဒေသအလယ်ပိုင်းရှိ အယ်နူဆေရက်ဒုက္ခသည် စခန်း၌ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ပြီး အခြားနှစ်ဦးကို ရာဖာမြို့၌ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်က အတည်ပြုထားသည်။