နိုင်ငံတော်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

News Image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့တွင် တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာတရာ့ဗနီကော့ဗ် အန်ဒရေအလက်ဇန်ဒရိုဘစ်ချ်နှင့် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် နိုဗိုစီဗစ်မြို့၊ Grand Autograph ဟိုတယ်ရှိအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု

News Image

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ မတ် ၈ ရက် နံနက် ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီး HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းရီ သယ်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၅၀ သိန်း) အား သိမ်းဆည်းရမိခဲ့သဖြင့် မနန်းရီ(၆၀)နှစ်အားလည်းကောင်း။