ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။

အကိုင်အတွယ်မတတ်ရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကိုယ်တိုင်က တစ်ကြိမ်မကပြောထားတော့ လူတွေက ပိုစိုးရိမ်ကြတယ်။ အခုက အမေရိကန်ကော ဥရောပမှာပါ နိုင်ငံရေးအခြေအနေက တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနေတယ်။ ရုရှား - ယူကရိန်းစစ်က ကြာရှည်နေသလို ပိုပြီးတင်းမာလာနေတယ်။ တရုတ်နဲ့ အမေရိကန်၊ အီးယူတို့လို အနောက်နိုင်ငံတွေအကြား တင်းမာမှုကတိုးလာနေတယ်။ ဘာမှ မှန်းဆလို့မရအောင်ဖြစ်လာတယ်။ နိုင်ငံရေးသီအိုရီတွေ ဘေးရောက်ကုန်တယ်။ ကမ္ဘာ့စနစ်ကြီးကို ထိန်းကျောင်းတယ်ဆိုတဲ့ အမေရိကန်တို့၊ ဥရောပတို့ကိုယ်တိုင် သူတို့အတွင်းထဲမှာ အကွဲအပြဲတွေ ကြီးမားနေတယ်။ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာလည်း သူတို့ကိုယ်သူတို့ အနိုင်နိုင်လိုဖြစ်နေတယ်။ တစ်ခုခုကြီးကြီးမားမားဖြစ်လာရင် ကြားဝင်မယ့်သူကလည်းမရှိဘူး။ အထိန်းအကွပ်တွေ ပြုတ်ထွက်သလို ဖြစ်နေတယ်။
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေ
အကွဲအပြဲတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ အာဏာရှင်နိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိသလို ဒီမိုကရေစီနိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိတယ်။ အာဏာရှင်နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အရင်ကတည်းက စည်းခြားပြီးသား၊ ကွဲနှင့်ပြီးသားဖြစ်တယ်။ အာဏာပိုင်နိုင်ငံတွေမှာ အကွဲအပြဲကမသိသာပေမယ့် အမေရိကန်၊ ဥရောပလို ဒီမိုကရေစီနိုင်ငံတွေမှာ အကွဲအပြဲက သိသာတယ်။ အခုကဒီမိုကရေစီနိုင်ငံတွေထဲမှာကို သူတို့အချင်းချင်း အကွဲအပြဲက ကြီးမားနေတာဖြစ်တယ်။ အာဏာရှင်နိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေထဲက ထရမ့်တို့လို အာဏာရှင်ဆန်သူတွေရယ် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေတယ်။
ဒီကြားထဲ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ အကြမ်းဖက်သမားအုပ်စုတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူသူများအခွင့်အရေး၊ တက်ကြွလှုပ်ရှားသူဆိုတာတွေကလည်း ရှိသေးတယ်။ အားလုံးကသူတို့အခွင့်အရေး တောင်းဆိုနေကြတယ်။ အားလုံးဟာ အစွန်းတွေဆီသွားနေကြတယ်။ လူတွေဟာ ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာကြပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တိုးတက်မလာဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို အထိအခိုက်မခံနိုင်ကြဘူး။ စေ့စပ်ညှိနှိုင်းဖို့ထက် လက်ဦးမှုရဖို့ပဲ အားသန်လာနေကြတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာ
သမိုင်းကိုပြန်ကြည့်ရင် ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ သိပ်များလာရာ၊ သိပ်ကြီးလာရာကနေစစ်ကြီး တွေဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ပြီးတော့ အဲဒီကွဲပြားမှုတွေ လျော့နည်းဖို့၊ အပြန်အလှန်နားလည်ဖို့ဆိုပြီး နိုင်ငံတကာဥပဒေမူဘောင်တွေ ထုတ်ပြန်တယ်၊ လူ့အခွင့်အရေး မူဘောင်တွေချမှတ်တယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖွဲ့စည်းတယ်၊ ကုလသမဂ္ဂဆိုတာရှိလာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုတာတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာတယ်။
ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက လူသားရင်းမြစ်များစွာ မွေးထုတ်ပေးတယ်။ နိုင်ငံတကာ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးသားတယ်။ ဝိုင်းဝန်းချိတ်ဆက်လုပ်ဆောင်ကြတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ တရားမျှတဖို့ ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်လိုက်ကြတဲ့ ပရောဂျက်တွေ၊ ပရိုဂရမ်တွေဆိုတာထောင်နဲ့ သောင်းနဲ့ချီပြီးရှိတယ်။ သုံးလိုက်တဲ့ပိုက်ဆံတွေဆိုတာ ဒေါ်လာ ဘီလီယံထောင်သောင်းချီရှိတယ်။ အခု ၂၀၂၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာ နှစ် ၈၀ ပြည့်ပြီ။ နောက်အနှစ် ၂၀ ဆို စစ်ကြီး ပြီးတာ နှစ် ၁၀၀ ပြည့်လိမ့်မယ်။ အဲဒီနှစ် ၁၀၀ မပြည့်ခင် ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာဖို့လိုတယ်။ သဘောထားကွဲပြားမှုတွေ လျော့နည်းလာဖို့ လိုတယ်။ နောက်ထပ် နှစ် ၂၀ ပဲ အချိန်ရတော့တယ်။ မဟုတ်ရင် ဒီကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ကြီး ဒါမှမဟုတ်လည်း ကြီးမားတဲ့စစ်ပွဲကြီးတွေ လာမယ့်နှစ် ၂၀ အတွင်း ထပ်ပြီးရင်ဆိုင်ရလိမ့်မယ်။
လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ
အခုဆို အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ သူ့သမိုင်းမှာ လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတယ်။ နိုင်ငံရေးလည်း နိုင်ငံရေးမို့၊ စီးပွားရေးလည်း စီးပွားရေးမို့၊ လူမှုရေးလည်း လူမှုရေးမို့အကုန်ရှုပ်ထွေးနေတယ်။ သံသယတွေကြီးနေတယ်။ ယုံကြည်မှုတွေပျောက်ဆုံးနေတယ်။ ဒီလိုအခြေအနေတွေမှာ ကမ္ဘာကြီးကို ထိန်းကျောင်းဖို့ အာဏာရှိတဲ့အစိုးရတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်ဆိုပေမယ့် အခုကအဲဒီအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်က အနိုင်နိုင်ဖြစ်လာနေတယ်။
အစိုးရတွေဟာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေဆိုတာထက် လုံခြုံရေး၊ စစ်ရေးစတဲ့ နေရာတွေမှာ သူတို့ငွေကြေးတွေကို ပိုမိုသုံးစွဲဖို့ ဖြစ်လာတယ်။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပဆက်ဆံရေးအခြေအနေ ရုတ်ခြည်းဆိုးရွားလာတာကြောင့် ဥရောပကသူ့ကာကွယ်ရေးအတွက် အသုံးစရိတ်တွေ ပိုတိုးသုံးစွဲဖို့ စီစဉ်လာနေရတယ်။ စစ်ရေးအသုံးစရိတ်တွေ တိုးသုံးရတဲ့အတွက် အခြားနေရာက ဥပမာ-နိုင်ငံတကာဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လျှော့ချဖြတ်တောက်ဖို့ဖြစ်လာတယ်။ လူတွေဟာ ဘယ်သူ့ဘယ်သူမှ မယုံကြတော့ဘူး။ ဘယ်သူ့ဘယ်သူကို အားကိုးရမှန်း မသိကြတော့ဘူး။ သဘောထားကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းဖို့ထက် အားလုံးက ခံစစ်ပြင်နေကြပြီ။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဖြစ်တည်လာတဲ့ ကမ္ဘာ့စနစ်ကြီးဟာ အခုဆိုရင် အကြီးမားဆုံး စိန်ခေါ်ခံနေရတယ်။ နိုင်ငံတကာဥပဒေမူဘောင်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေဆိုတာ ဘေးရောက်သလို ဖြစ်လာနေတယ်။ နိုင်ငံတကာ ဥပဒေမူဘောင်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဓိကထိန်းကျောင်းတာ အနောက်နိုင်ငံတွေ ဖြစ်တယ်။ အခုဆိုအဲဒီအနောက်နိုင်ငံတွေကိုယ်တိုင် သူတို့အတွင်းမှာတင် သဘောထားကွဲပြားမှုတွေက ညှိနှိုင်းလို့မရအောင်ဖြစ်လာနေတယ်။ အရင်ကအမေရိကန်၊ ဥရောပဆိုတာ ညီညွတ်တယ်။
အမေရိကန်နဲ့ ဥရောပ စည်းလုံးညီညွတ်မှုက သိသိသာသာ ယိုယွင်းလာ
အမေရိကန်မှာ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပစည်းလုံးညီညွတ်မှုက သိသိသာသာယိုယွင်းလာတယ်။ လူသိရှင်ကြားကတောက်ကဆတ်ဖြစ်ကြတယ်။ အမေရိကန်နဲ့ ဥရောပအကြားမှာတင်မဟုတ်ဘူး။ အမေရိကန်အတွင်းနဲ့ ဥရောပအတွင်းမှာလည်း အကွဲအပြဲတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်။ အမေရိကန်နိုင်ငံမှာ အာဏာရရီပတ်ဘလစ်ကင်ပါတီနဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီအကြား အားပြိုင်မှုက အရှိန်မြင့်လာနေသလို ဥရောပမှာလည်း အာဏာရလက်ဝဲယိမ်းလစ်ဘရယ်အစိုးရတွေနဲ့ အတိုက်အခံအမျိုးသားရေး လက်ယာစွန်းပါတီတွေအကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာနေတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို အတော်မုန်းကြတယ်။ တေးထား၊ ကြိမ်းထားတာပေါ့။ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့။ ထရမ့်ဆိုတဲ့သူကလည်း မိုးရွာရုံတင်မဟုတ်ဘူး။ လေပါတိုက်တာ၊ လေပါတိုက်ရင်းမိုးကြိုးပါပစ်တာ၊ လိုအပ်ရင် လေဆင်နှာမောင်းပါ ထည့်သုံးတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး တည်ရှိခဲ့တဲ့ နိုင်ငံတကာအထိုင်ကြီးတစ်ခုလုံးကို ဆွဲဖြုတ်ဖို့အထိ ကြိုးစားလာတယ်။
ဥရောပမှာလည်း လစ်ဘရယ်တွေက လက်ယာစွန်းတွေကို အတော်သတိထားကြတယ်။ တစ်ချိန်က ဂျာမနီက ဟစ်တလာတို့၊ အီတလီက မူဆိုလီနီတို့ဆိုတာ လက်ယာစွန်းဖက်ဆစ်တွေဖြစ်တယ်။ ဒါကြောင့် ဥရောပအစိုးရတွေဟာ လက်ယာစွန်းပါတီတွေ ဘယ်လောက်အားကောင်းပါစေ၊ သူတို့ကိုဖယ်ချန်ပြီး အခြားပါတီတွေနဲ့သာ ညွန့်ပေါင်းအစိုးရဖွဲ့လေ့ရှိတယ်။ အခုက ဥရောပမှာ လယ်ယာစွန်းတွေ အားကောင်းလာနေတာကို အသိအမှတ်မပြုလို့မရနိုင်လောက် အောင်ဖြစ်လာနေတယ်။ သူတို့ဆီမှာက ရွေးကောက်ပွဲတွေက လေးနှစ်၊ ငါးနှစ်တစ်ကြိမ်မို့ အပြောင်းအလဲတွေ၊ သဘောထားကွဲမှုတွေက မဆန်းပါဘူးဆိုပေမယ့် အခုက အရင်နဲ့မတူတော့ပါဘူး။ ကမ္ဘာ့ နိုင်ငံရေးက ပြောင်းနေပါပြီ။ အချိန်တွေကို အများကြီးစောင့်မနေကြတော့ပါဘူး။ အရင်က တစ်ပါတီကနိုင်ရင် သူ့အရင်ပါတီလုပ်ခဲ့ တာတွေဖျက်ပစ်တယ်။ နောက်တစ်ပါတီက ပြန်နိုင်ရင် သူ့အရင်ပါတီလုပ်တာ ဖျက်ပစ်တယ်။ ဘတစ်ပြန်ကျားတစ်ပြန်ပဲ။ အခုကဖျက်ရုံတင်မဟုတ်ဘူး။ အမြစ်ပါလှန်၊ အစပါဖျောက်နေတဲ့သဘောတွေ မြင်နေရပါတယ်။
ဥပဒေတွေကို လိုရာစွဲသုံးလာနေကြပါတယ်။ ကြိုတင်လက်ဦးမှုရယူ၊ အငြိုးတကြီးလုပ်ဆောင်မှုတွေပါ တွေ့လာနေရပါတယ်။ ပေဖြစ်တုန်းခံကြပြီးတူဖြစ်ရင် ထုကြတဲ့သဘောပါပဲ။ ထရမ့်က သူ့အရင် ဘိုင်ဒင်အစိုးရခန့်ထားခဲ့တဲ့ ဖက်ဒရယ်အစိုးရ တာဝန်ရှိသူတွေကို ဖယ်ရှားရှင်းလင်းနေသလို ဂျာမနီမှာလည်း အာဏာရအလယ်အလတ်ဝါဒီ အစိုးရက ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးနေရာရခဲ့တဲ့ လက်ယာစွန်း Afd ပါတီကို အစွန်းရောက်တံဆိပ်ကပ်ပြီး တားဆီးပိတ်ပင်ဖို့ ကြိုးစားနေတယ်။ နောက်ဆုံးအားလုံးပျက်သုဉ်းခြင်းဆီအထိ ရောက်သွားနိုင်တာပေါ့။ နောက်ဆုံးနိုင်ငံတွေဟာ စကားတွေသာ လှလှလေးပြောပြီး ကိုယ့်အကျိုး စီးပွားပဲကြည့်ကြတော့မှာပဲ။ ကိုယ်ရှင်သန်အောင်ပဲ ကြိုးစားကြတော့မှာပဲ။ လျင်သူနိုင်စတမ်း၊ လည်သူစားစတမ်းဖြစ်သွားတော့မှာပဲ။ လူ့အခွင့်အရေးတွေပြောရင် ထိုင်ရယ်နေကြလိမ့်မယ်။ မကွဲပြားအောင်လုပ်ရင်းကပဲ ကမ္ဘာကြီးက ပိုပြီးကွဲပြားသွားတယ်။ ဆက်လည်းကွဲပြားနေဦးမယ်။
တစ်ချိန်တုန်းက စစ်အေးတိုက်ပွဲ (Cold War) ဆိုတာ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်ကနေ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်ခဲ့တယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေဟာ ပြိုင်ဘက်ဆိုဗီယက်ကွန်မြူနစ်တစ္ဆေကြောင့် ညီညွတ်ခဲ့ကြတယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေမှာလည်း သူ့ပြဿနာသူရှိနေပေမယ့် အချိန်ကြာတာနဲ့အမျှ တစ်ဖက်ပြိုင်ဘက် ဆိုဗီယက်ဟာ သူ့ပြဿနာနဲ့သူ လုံးချာလည်လိုက်ပြီး အားနည်းပြိုကွဲသွားခဲ့တယ်။ အခုအချိန်က အရင်လိုမဟုတ်တော့ပါဘူး။
ဆိုဗီယက်ကိုဆက်ခံတဲ့ ရုရှားတို့၊ အာရှကတရုတ်တို့က အချိန်ကြာတာနဲ့အမျှ အားအင်ပြည့်ဖြိုးလာနေပြီး လစ်ဘရယ်ကမ္ဘာဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက အားနည်းသလိုဖြစ်လာနေပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား ပြဿနာတစ်ခုခုဖြစ်လာရင် ကြားဝင်ပေးနိုင်မယ့် အဖွဲ့အစည်းမရှိသလောက်ဖြစ်နေပါတယ်။
UN ဆိုတာလည်း အသံလောက်ပဲရှိပါတော့တယ်။ တုတ်စု၊ ဓားစု၊ လက်နက်စုနေကြတဲ့အချိန် ဖြစ်လာပါတယ်။ တုတ်ကိုင်၊ ဓားကိုင်၊ လက်နက်ကိုင်ပြီး စကားပြောကြတဲ့အခြေအနေ ဖြစ်လာနေပါတယ်။ စကားမပြောခင်ကတည်းက မင်းအဆင့်ကဘာ၊ ငါ့အဆင့်ကဘာဆိုတာ တင်ကြိုသတ်မှတ်တဲ့ သဘောတွေ မြင်တွေ့လာနေရပါတယ်။ ကမ္ဘာကြီးဟာ ကွဲသည်ထက်ကွဲလာနေပါတယ်။ နောင်လည်း ဆက်ကွဲဖို့သာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။
MOI

hengdu J-36 နဲ့ Shenyang J-50 တို့ဆိုတာက တရုတ်နိုင်ငံရဲ့ နောက်ထပ်မျိုးဆက်သစ်ကိုယ်ပျောက် တိုက်လေယာဉ်များဖြစ်ပါတယ်။ သူတို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ အတိအကျ ဖော်ပြထားခြင်းမရှိတဲ့ နေရာတစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံရဲ့မျိုးဆက်သစ် တိုက်လေယာဉ်များကို စောင့်ကြည့်နေကြတဲ့လေ့လာသူများက မထင်ထားလောက်အောင် အံ့အားသင့်ခဲ့ရပါတယ်။

သို့ပေမယ့် ဘယ်လိုမျိုးနည်းပညာတွေကိုအသုံးပြုထားတယ်။ ဘယ်လိုစွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကိုတော့ ဘယ်သူမှမသိခဲ့ကြပါဘူး။ ခန့်မှန်းပြီးတော့သာတစ်ယောက်တစ်မျိုး ထင်ကြေးပေးခဲ့ ကြတာပါ။
အခုဆိုရင် အဲဒီလေယာဉ်တွေထွက်ပေါ်လာတာ အချိန်အားဖြင့် ခြောက်လထဲကိုရောက်လာပါပြီ။ ဒီလေယာဉ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေလည်း တစ်စွန်းတစ်စထွက်ပေါ်လာခဲ့ပါပြီ။ ဒါကြောင့် ပညာရှင်များစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ တရုတ်ရဲ့အဆင့်မြင့်တိုက်လေယာဉ်များ အကြောင်းနဲ့ပတ်သက်လို့ SCMP ဝက်ဆိုက်မှာဖော်ပြထားတာကို ပြန်လည်လက်ဆင့်ကမ်းဖော်ပြလိုက်ပါတယ်။
Chengdu J-36
သူ့ရဲ့ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီးခေါ်ရမယ်ဆိုရင် "Gingko Leaf" (ကမ္ဘာဦးပင်အရွက်)လို့ခေါ်နိုင်ပေမယ့် ချန်ဒူးလေကြောင်းစက်မှုကော်ပိုရေးရှင်းကထုတ်လုပ်ထားတဲ့လေယာဉ်ရဲ့တရားဝင်အမည် ကထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့အမှတ်အသားနဲ့ နံပါတ်စဉ်ကိုလိုက်ပြီးခေါ်ဝေါ် ထားတာက တော့ Chengdu J-36 ဆိုပြီးဖြစ်ပါတယ်။
ပုံစံအပိုင်းကိုအရင်ပြောရမယ်ဆိုရင် J-36 ကစိန်ပွင့်ပုံစံရှိပါတယ်။ တောင်ပံက တြိဂံပုံစံရှိပါတယ်။ ဒီလိုတောင်ပံပုံစံကြောင့် လေယာဉ်ကအလွန်မြင့်မားတဲ့ အမြန်နှုန်းနဲ့သွားချိန်မှာ ဖြစ်ပေါ်လာတဲ့ လေဆွဲအားကိုလျော့ကျစေပါတယ်။ ပြီးတော့ သူ့မှာနောက်တစ်ခုထူးခြားတာက အမြီးပိုင်းမပါဝင်ပါဘူး။ ဒီလိုပုံစံနဲ့ဒီဇိုင်း ထုတ်ထားခြင်းက အထူးသဖြင့် ရေဒါရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်စေဖို့ ဖြစ်ပါတယ်။
လေယာဉ်တစ်စင်းအတွက်အဓိကကျတဲ့အင်ဂျင်ပိုင်းကိုကြည့်မယ်ဆိုရင် သမားရိုးကျတိုက် လေယာဉ်တွေမှာအများဆုံးအနေနဲ့ အင်ဂျင်နှစ်လုံးပဲပါတာပါ။ ဒါပေမဲ့ J-36 မှာတော့ အင်ဂျင်သုံးလုံးအထိ တပ်ဆင်ထားပါတယ်။ အင်ဂျင်အမျိုးအစားက ဘာဖြစ်မလဲဆိုတာကိုအသေးစိတ် မသိရပေမယ့် လက်ရှိအသုံးပြုလျက်ရှိတဲ့ J-20 တိုက်လေယာဉ်မှာတပ်ဆင်ထားတဲ့ WS-10C Taihang အမျိုးအစား အင်ဂျင် ဒါမှမဟုတ် အင်ဂျင်ရဲ့တွန်းအားညွှန်ရပ် ကိုလိုသလိုပြောင်းလဲနိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ WS-10 အင်ဂျင် သို့မဟုတ် ပိုမိုအဆင့်မြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းမှာသာလွန်လှတဲ့ WS-15 Emei ကိုတပ်ဆင်ထားနိုင်ဖွယ်ရှိပါတယ်။ဒီဇိုင်းပိုင်းအနေနဲ့ပြောရရင်သူ့မှာမြင့်မားလှတဲ့ကိုယ်ပျောက် စွမ်းရည် ရရှိစေဖို့ အထူးဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။
J-36 တိုက်လေယာဉ်က ဆဋ္ဌမမျိုးဆက်ဖြစ်တာကြောင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များနဲ့ တစ်မူထူးခြားတာတစ်ခုပါဝင်နေပါတယ်။ အဲဒါကတော့ လေယာဉ်ရဲ့ ပတ်ပတ်လည်မှာ ရေဒါနဲ့လျှပ်စစ်-မျက်မြင်ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတာဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေကိုမြင်ရသလောက်ဆိုရင် J-36 တိုက်လေယာဉ် ကို J-20S လေယာဉ်က ဘေးကနေအတူ ယှဉ်တွဲလိုက်ပါတာကိုတွေ့ရတဲ့အတွက် J-36 ရဲ့အရွယ်အစားကိုလည်း ခန့်မှန်းရလွယ်ကူသွားပါတယ်။ ခန့်မှန်းချက်အရဆိုရင် အလျားက J-20 ရဲ့အလျားဖြစ်တဲ့ ၂၁ မီတာအောက်နဲ့ တောင်ပံအလျား ၃ မီတာအောက်သေးဖို့တော့ မရှိပါဘူး။
ဒါကြောင့် အတိအကျပြောနိုင်တဲ့တစ်ချက် က J-36 ဟာ အကြီးစားတိုက်လေယာဉ် ဖြစ်တဲ့ J-20 ထက်ကိုကြီးမားနိုင်တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒီလိုမျိုးအရွယ်အစားကြီးမားနိုင်တယ်ဆိုခြင်းကြောင့် သူ့မှာလက်နက်အများ အပြားပိုမိုတပ်ဆင်လာနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သီအိုရီအရဆိုရင် သူ့ရဲ့ဝမ်းဗိုက်ပိုင်းမှာတပ်ဆင်ထားတဲ့ လက်နက် အိမ်ထဲမှာ တာဝေးပစ်ဒုံးကျည်ခြောက်စင်းကနေ ရှစ်စင်းအထိသယ်ဆောင်နိုင်ဖွယ်ရှိမှာပါ။ ဘေးတစ် ဖက်တစ်ချက် စီမှာတော့ အသေးစားဒုံးကျည်နှစ်စင်းစီသယ်ဆောင်နိုင်မှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က လက်ရှိထွက်ပေါ်လာတဲ့ဓာတ်ပုံအရ လေယာဉ်ဦးခန်းထဲမှာထိုင်ခုံနေရာက သမားရိုးကျတိုက် လေယာဉ်တွေလိုမျိုး ရှေ့တစ်ခုံ၊ နောက် တစ်ခုံမဟုတ်ဘဲ ဘေးကပ်ရပ်နှစ်ခုံတွဲပုံစံ ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီလိုပုံစံမျိုးနဲ့သာ အမှန်တကယ်ထွက်ပေါ်လာရင် ဒါကဒရုန်း တွေကိုထိန်းချုပ်ဖို့အတွက်ဖြစ်နိုင်ဖွယ်ရှိပါတယ်။
Shenyang J-50
Chengdu J-36 လိုမျိုးပဲ စွမ်းဆောင်ရည်ပိုင်းမှာယှဉ်ပြိုင်လာနိုင်တဲ့ နောက်ထပ်လေယာဉ်တစ်စင်းက Shenyang J-50 ဖြစ်ပါတယ်။ သူ့ကို ရှန်းယန်းလေယာဉ် ထုတ်လုပ်ရေးကော်ပိုရေးရှင်းက ဖန်တီးထားတာပါ။ သူသည်လည်း J-36 လိုမျိုးပဲ အမြီးပိုင်းမပါတဲ့ တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် J-50 က J-36 လိုမျိုး ပျံသန်းမှု စွမ်းဆောင်ရည်များပါရှိတဲ့ လေယာဉ်တစ်စင်းဖြစ်ပါတယ်။
ဒါပေမဲ့ သူ့မှာအသုံးပြုထားတဲ့အင်ဂျင်ကတော့ နှစ်လုံးတည်းပါပဲ။ J-36 လိုမျိုး သုံးလုံးမဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအရှိဆုံးသော အင်ဂျင်အမျိုးအစားက တွန်းအား ညွှန်ရပ်ကို လိုသလိုပြောင်းလဲထိန်းချုပ်နိုင်စွမ်းရှိတဲ့ WS-10B/C အမျိုးအစားအင်ဂျင်ကိုအသုံးပြုလာနိုင်တယ်လို့ဆိုပါတယ်။
ဒီအင်ဂျင်ကိုအသုံးပြုထားတဲ့အတွက် လေယာဉ်ရဲ့လှုပ်ရှားသွားလာမှုကို ပိုမိုမြန်ဆန်စေမယ့်အပြင် လေယာဉ်ရဲ့ကိုယ်ပျောက်နိုင်စွမ်းကိုလည်း ပိုမိုမြင့်မားစေမှာဖြစ်ပါတယ်။
J-50 ရဲ့အရွယ်အစားကို J-16 နဲ့ယှဉ် ကြည့်လိုက်ချိန်မှာ အရွယ်အစားအားဖြင့် J-16 နဲ့အတူတူ ဖြစ်နေပေမယ့် တောင်ပံအလျားမှာတော့ J-50 ကပိုမိုရှည်လျား တာကိုတွေ့ရပါတယ်။ ဒါ့အပြင် J-50 ရဲ့ အရွယ်အစားက J-36 လောက်ကြီးမားခြင်းမရှိတဲ့အတွက် သူ့ကိုလေယာဉ်တင် သင်္ဘောပေါ်မှာ တင်ဆောင်အသုံးပြုသွား နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
လေယာဉ်ရဲ့ဝမ်းဗိုက်အောက်မှာ အချိုး ညီမျှစွာတည်ရှိနေတဲ့ လက်နက်အိမ်နှစ်ခုက တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးသော ဝေဟင်မှ ဝေဟင်တာဝေးပစ်ဒုံးကျည်ဖြစ်တဲ့ PL-17 ကိုတင်ဆောင်ဖို့ အထိအရွယ်အစားကြီးမားတာကိုမြင်ရပါ တယ်။ PL-17 ဒုံးကျည်ဆိုတာ ရေဒါလမ်း ညွှန်စနစ်သုံး ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် J-50 ဟာ ပစ်ကူပေးရေးနဲ့ဝေဟင် ကာကွယ်ရေးမှာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင် စေမယ်လို့ မျှော်မှန်းရပါတယ်။
ချန်ဒူးကုမ္ပဏီနဲ့ ရှန်းယန်းကုမ္ပဏီတို့သာမက တခြားတာဝန်ရှိသူများကလည်း J-36 နဲ့ J-50 တိုက် လေယာဉ်နှစ်စင်းစလုံးရဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်း မရှိပါဘူး။
ဒါကြောင့် ဒီလေယာဉ်တွေထွက်ပေါ်လာမယ့်အချိန်၊ တပ်တော်ဝင်နိုင်မယ့်အချိန်၊ ထုတ်လုပ်သွားမယ့်အရေအတွက် အစရှိတာတွေနဲ့ပတ်သက်လို့ ဘာတစ်ခုမှမသိရသေးပါဘူး။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာနဲ့အမျှစစ်လက်နက်နည်းပညာပိုင်းမှာလည်း ကိုယ့်အားကိုယ်ကိုးလာတာကြာနေပါပြီ။ လေယာဉ်တွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ လေယာဉ်တင်သင်္ဘောတွေကို ကိုယ်တိုင်ထုတ်လုပ်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အသံနှုန်းလွန် ဒုံးကျည်တွေကိုလည်း ကိုယ်တိုင်ပဲထုတ်လုပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တစ်နည်းပြောရရင် စစ်လက်နက်နည်းပညာပိုင်းမှာ တခြားပြိုင်ဘက်နိုင်ငံတွေထက်ခြေတစ်လှမ်း နောက်ကျနေခြင်း မရှိဘဲ အမီလိုက်နိုင်နေတာကို တွေ့ရပါတယ်။
ဒီအချိန်မှာ အံ့ဩမင်သက်လောက်စရာကောင်းတဲ့ တိုက်လေယာဉ်နှစ်စင်းထွက်ပေါ်လာတာက ပြိုင်ဘက်နိုင်ငံတွေအပေါ်ကျော်လွန်သွားစေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။
အစောပိုင်းတုန်းကတော့ ရှေ့ပြေးပုံစံတူ လေယာဉ်တွေကိုစမ်းသပ်ပျံသန်းနေရာမှ လေ့လာစောင့်ကြည့် သူတွေကသတိထားမိပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုစူးစမ်းလေ့လာရင်း အခုလိုမျိုး အချက်အလက်တွေကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့များတရားဝင် ထုတ်ပြန်ချက်တွေထွက်လာရင် အခုလေယာဉ်နှစ်စင်းဟာ တရုတ်နိုင်ငံရဲ့ဝေဟင်အရေးသာမှုကို ဦးဆောင်မယ့် လေယာဉ်များဖြစ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။ ။
Ref: SCMP

နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်
နှစ်စဉ် ဇွန်လ ၅ ရက်ရောက်တိုင်း ကုလသမဂ္ဂကဦးဆောင်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ကြတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ အထင်ကရနေ့တစ်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကျင်းပကြတာ ဖြစ်ပါ တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကမ္ဘာ့ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။
အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပခဲ့တဲ့ ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါ တယ်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်တွေကို သတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထိမ်း အမှတ်အခမ်းအနားတွေကိုတော့ ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိမြို့ကြီးတွေမှာ နှစ်စဉ် လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)” ဖြစ်ပါတယ်။
ဆောင်ပုဒ်၏ ရည်ရွယ်ချက်
အဆိုပါဆောင်ပုဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့မှီခိုရှင်သန်ရာသဘာဝပတ်ဝန်းကျင် သန့်ရှင်းကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာ တစ်နေ့တခြားဆိုးရွားလာနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှု တွေကို အဆုံးသတ်တိုက်ဖျက်သွားမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခုပေါ်ထွက်လာပြီး အနာဂတ်ကာလမှာ ပိုမိုကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်လာစေရေး အစိုးရအဖွဲ့အစည်း တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအားလုံး စုပေါင်းအားနဲ့ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ထားတာပဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကကိုရီးယားသမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ အဏ္ဏဝါပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ အစိုးရချင်းညှိနှိုင်းရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်း အဝေးမှာနိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိတဲ့ သဘော တူညီချက် တစ်ခုပေါ်ထွန်းလာစေရေး ကြိုးပမ်းချက်တွေကိုယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က အသိ အမှတ်ပြု မီးမောင်းထိုးထင်ဟပ်စေမှာ ဖြစ်ပါတယ်။
ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်
ယနေ့ ကမ္ဘာပေါ်ကလူသားတွေ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ် အတည်းပြဿနာ (၃)ရပ်ကတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲတွေမျိုးသုဉ်း ပျောက်ကွယ်လာခြင်းနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းဆိုတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။
ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာလည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းရဲ့ အဓိကစိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး သက်ရှိသတ္တဝါတွေ ရှင်သန်ရပ်တည်ရေး၊ နိုင်ငံသားအားလုံးရဲ့ကျန်းမာရေးနဲ့ ရေရှည်စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာခြိမ်းခြောက်လျက်ရှိလာပါတယ်။ ကမ္ဘာ့လူဦးရေတိုးပွား လာခြင်းနဲ့အတူ နည်းပညာတွေဖွံ့ဖြိုးလာပြီး လူနေမှုအဆင့် အတန်းနဲ့ နေထိုင်မှုပုံစံတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး လူသားတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပါ တယ်။ သစ်သား၊ သတ္တု၊ ဖန်ထည်၊ ကြွေထည်၊ မြေထည် စတာတွေနဲ့ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေထက် ပလတ်စတစ်ရဲ့ထူးကဲသာလွန်ပြီး စွဲမက်စရာကောင်းတဲ့ဂုဏ်သတ္တိတွေကြောင့် လူ့ပတ်ဝန်းကျင်နေရာ အနှံ့မှာလွှမ်းမိုးနေရာယူလာပါတယ်။ ထုတ်လုပ်သုံးစွဲကြရာမှာ ထိန်းချုပ်မှုအားနည်းခြင်းနဲ့ စည်းကမ်းမဲ့ မဆင်မခြင်စွန့်ပစ်တာတွေကြောင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများစွာကိုယနေ့အချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ဖွယ်ရာတွေ့ကြုံရင်ဆိုင်လာကြရပါတယ်။
ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုအခြေအနေ
ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်စာရင်းတွေအရ တန်ချိန်သန်းပေါင်း ၄၀၀ ကျော် အထိ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၀၀ ပြည့်နှစ်က တန်ချိန် သန်းပေါင်း ၂၃၄ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄၆၀ အထိ ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ နှစ်ဆမြင့်တက်လာခဲ့ပြီး ဒီပမာဏအတိုင်းသာ ထုတ်လုပ်မှုတွေ ဆက်လက် တိုးတက်နေဦးမယ်ဆိုရင် လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ တန်ချိန် သန်းပေါင်း ၁၁၀၀ အထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါဟာ အဆမတန်များပြားလွန်းလှတဲ့ စိုးရိမ်ဖွယ်ရာ ထုတ်လုပ်မှုပမာဏဖြစ်နေပါတယ်။
ထုတ်လုပ်မှုအားလုံးရဲ့ ထက်ဝက်ခန့်ဟာလည်း တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ခါသုံးပလတ်စတစ်ဆိုတာ တစ်ကြိမ်တစ်ခါသာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ပလပ်စတစ်ပိုက်တွေ၊ ပလတ်စတစ်ပုလင်းတွေ၊ ဖော့ဘူးတွေ၊ ကြွပ်ကြွပ် အိတ်တွေနဲ့ အစားအစာထုပ်ပိုးရာမှာအသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကိုဆိုလိုတာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေဟာ သယ်ယူရလွယ်ကူပြီး ထုပ်ပိုးရာမှာ ပေါ့ပါးခိုင်ခံ့ပါတယ်။ စျေးနှုန်းအလွန်ချိုသာပြီး စွန့်ပစ်ရင်လည်းလွယ်ကူပါတယ်။ ဒီအချက်တွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ တစ်ခါသုံးပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် လူကြိုက်များ အသုံးပြုလျက် ရှိနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပလတ်စတစ်မူလကုန်ကြမ်း(ကော်စေ့ကုန်ကြမ်း) ၄၀၀ တန်ခန့် ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိပြီး အဆိုပါတင်သွင်းမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်မြင့် တက်လာနေကြောင်း ပလတ်စတစ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
ပလတ်စတစ် စွန့်ပစ်မှုအခြေအနေ
ယနေ့အချိန်အခါမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အလွန်အန္တရာယ်ကြီးမားလှတဲ့ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာတစ်ရပ် ဖြစ်လာနေပါပြီ။ ကမ္ဘာပေါ်က ထွက်ရှိလာသမျှ စွန့်ပစ်အမှိုက်မျိုးစုံစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းဟာ ပလတ်စတစ်တွေပဲ ဖြစ်လို့နေပါတယ်။ နှစ်စဉ် ပလတ်စတစ် အမှိုက်တန်ချိန် သန်းပေါင်း ၃၅၀ ခန့် ပတ်ဝန်းကျင်ရှိ ရေ၊ မြေကြီးထဲကို စွန့်ပစ်လျက်ရှိနေကြပါတယ်။ ဒီလို စွန့်ပစ်နေမှုအနက်က ပလတ်စတစ်တန်ချိန် ၉ သန်းမှ ၁၄ သန်းအထိဟာ ပင်လယ်သမုဒ္ဒရာထဲကို နှစ်စဉ်စီးဝင်ရောက်ရှိနေပါတယ်။ အဏ္ဏဝါပင်လယ်ပြင်ထဲက အမှိုက်သရိုက်တွေကို အမျိုးအစား ခွဲခြား ကြည့်ရင် ၈၅ ရာခိုင်နှုန်းဟာ ပလတ်စတစ်စွန့် ပစ်ပစ္စည်း တွေချည်း ဖြစ်နေပါတယ်။
ဒါတွေဟာ ကုန်းမြေပေါ်က အခြေပြုရောက်ရှိလာတာ အများဆုံးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေဟာ တစ်မိနစ်တိုင်းမှာ ရေနဲ့အချိုရည်ထည့်တဲ့ ပလတ်စတစ်ဘူးပေါင်း တစ်သန်းကျော် ဝယ်ယူ သောက်သုံး၍ စွန့်ပစ်နေကြကြောင်းနဲ့ တစ်နှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ၅ ထရီလီယံကျော် သုံးစွဲနေကြကြောင်း ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီမြစ်ထဲကို ပလတ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်ခန့် နေ့စဉ်နဲ့အမျှ ရောက်ရှိနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။ သတိပြုဆင်ခြင်ရမယ့် စွန့်ပစ်မှုပမာဏ ဖြစ်ပါတယ်။
ပလတ်စတစ်၏ ဆိုးကျိုးများ
တစ်ခါသုံးပလတ်စတစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကို ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ သဘာဝသယံဇာတအရင်းအမြစ် တွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပလတ်စတစ်ပစ္စည်းတွေဟာ စတင်ထုတ်လုပ်တဲ့ အဆင့်၊ အသုံးပြုတဲ့အဆင့်မှသည် စွန့်ပစ်တဲ့အဆင့်အထိ ၎င်းရဲ့ သက်တမ်းကာလတစ်လျှောက်လုံးမှာ ဆိုးကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။
ပထမဦးစွာ ပလတ်စတစ်တွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ ဘေးထွက်ပစ္စည်းအဖြစ် ကာဗွန်ဒိုင် အောက်ဆိုက်၊ မီသိန်း စတဲ့ဓာတ်ငွေ့အမျိုးမျိုးထုတ်လွှတ်တာကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ပူနွေးမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကို ပိုမိုတွန်းအားပေးဖြစ်ပေါ်စေပါတယ်။
ရုပ်ကြွင်းလောင်စာတွေအသုံးပြုထားတဲ့ ပလတ်စတစ်ထုတ်လုပ်မှုတွေကတစ်ဆင့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကမ္ဘာ့ကာဗွန်စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းအထိ တိုးပွားနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။
ဒုတိယအနေနဲ့ အသုံးပြုတဲ့အဆင့်မှာ ပလတ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် လူသားတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ပူလောင်တဲ့အစားအသောက်တွေကို ကြွပ်ကြွပ် အိတ်နဲ့ တစ်ခါသုံးပလတ်စတစ်တွေထဲကို ထုပ်ပိုးသယ်ဆောင် ကြတဲ့အခါ ပလတ်စတစ်မှာပါဝင်တဲ့ ခဲဓာတ်၊ အဆိပ်ဓာတ်နဲ့ အရောင်ဆိုးဆေးတွေဟာ အပူနဲ့ထိတွေ့မိပြီး အစားအစာထဲကို ပုံမှန်ထက် ပိုမိုလျင်မြန်စွာစိမ့်ဝင်ကာ ကင်ဆာရောဂါ အပါအဝင် လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။
တတိယအချက်အနေနဲ့ အသုံးပြုပြီးနောက် စွန့်ပစ်တဲ့အဆင့်မှာလည်း ပလတ်စတစ်အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ပါက မြို့၊ ရွာရဲ့ သန့်ရှင်းသာယာလှပမှုကို အရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်ပစ္စည်းတွေရဲ့ဓာတ်ဖွဲ့စည်းမှုအရ မြေကြီးထဲမှာ သဘာဝအလျောက်မပျက်စီးလွယ်ဘဲ နှစ်ပေါင်းရာနဲ့ချီကြာမှသာ ပြိုကွဲဆွေးမြည့်နိုင်တဲ့အတွက် သဘာဝမြေဆီလွှာတွေကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ သစ်တော/ သစ်ပင်တွေ ရှင်သန်ပေါက်ရောက်မှုကို များစွာထိခိုက်စေရပါတယ်။ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ ပလတ်စတစ် အမှိုက်တွေဟာ ကုန်းမြေပေါ်ကတစ်ဆင့် ရေမြောင်းတွေ၊ မြစ်ချောင်းတွေရဲ့ စီးဆင်းမှုတွေကို ပိတ်ဆို့ သွားပြီး မြို့လယ်ခေါင်မှာပင် ရေကြီးရေလျှံမှုတွေ မကြာခဏမြင်တွေ့ကြရပါတယ်။ ပလတ်စတစ် စွန့်ပစ်အမှိုက်တွေဟာ ရေထုညစ်ညမ်းစေပြီး အဖိုးတန်ရေချိုသယံဇာတတွေ ဆုံးရှုံးစေနိုင်ပါတယ်။ မြစ်ချောင်းတွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲကိုရောက်ရှိသွားတဲ့အခါမှာလည်း အဏ္ဏဝါ ညစ်ညမ်းမှုနဲ့ အဏ္ဏဝါဂေဟစနစ်တွေ ထိခိုက်ပျက်စီးကြရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေထဲက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ရေနေသတ္တဝါတွေကို တွယ်ငြိမိခြင်း၊ သေးငယ်တဲ့ ပလတ်စတစ်အပိုင်းအစတွေကို ရေနေသတ္တဝါတွေက စားသုံးမိကြတဲ့အတွက် အစာချေဖျက်မှုဆိုင်ရာပြဿနာတွေနဲ့ သေဆုံးမှုတွေ ဖြစ်ပွားကြရပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကိုမီးရှို့ဖျက်ဆီးပါကလည်းအီသိုင်လင်းအောက်ဆိုက်၊ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင် စတဲ့အဆိပ်ဓာတ်ငွေ့တွေထွက်ရှိလာပြီးလေထု ညစ်ညမ်းမှုကိုဖြစ်စေတဲ့အပြင်အဆိုပါဓာတ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူရဲ့ သွေးနဲ့ဆီးထဲအထိရောက်ရှိသွားနိုင်ပြီး ကင်ဆာကဲ့သို့ ရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကုန်းမြေပေါ်မှာသာမက ရေထုနဲ့လေထုထဲအထိပါ ကောင်းကျိုးတစ်ခုမျှမပြုတဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ ထုတ်လုပ်တဲ့အဆင့်မှသည် အသုံးပြုပြီး စွန့်ပစ်တဲ့အဆင့်အထိ ကာလတစ်လျှောက်လုံးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းစေရုံမျှမက သက်ရှိသတ္တဝါတွေအားလုံးအပေါ် ဆိုးကျိုး အန္တရာယ်တွေ သက်ရောက်စေနိုင်ပါတယ်။
မိုက်ခရိုပလတ်စတစ် (Microplastics)မိုက်ခရိုပလတ်စတစ်လို့ခေါ်ကြတဲ့ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေဟာ အရွယ်အစားအနေနဲ့ ၅ မီလီမီတာအောက်သာရှိပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ လေနဲ့ရေထဲမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးခြင်းနဲ့ ပလတ်စတစ်ပစ္စည်းတွေ စတင်ထုတ်လုပ်စဉ်က ထွက်ရှိလာကြတာ ဖြစ်ပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ Microplastics အရွယ်အစားအထိ တစ်စတစ်စပြိုကွဲပျက်စီးသွားရင်တောင် ပလတ်စတစ်ထဲမှာပါတဲ့ ဆိုးရွားတဲ့ ဓာတ်ဂုဏ်သတ္တိတွေဟာ ပျောက်ပျက်မသွားပါဘူး။ ယနေ့အချိန်အခါမှာ Microplastics တွေဟာ ပင်လယ်သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေ၊ လေထုအတွင်းနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာ တွေထဲထိ အောင် နေရာတကာမှာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့်ပစ်ရေဆိုးသန့်စင်တဲ့ စက်ရုံတွေမှာတောင် Microplastics အမှုန်အမွှားတွေကို စစ်ထုတ်သန့်စင်ဖို့ခက်ခဲနေကြပါတယ်။
Microplastics တွေကို ရေနေသတ္တဝါတွေက သူတို့ရဲ့အစားအစာအမှတ်နဲ့ မှားယွင်းစားသုံးမိနေကြလို့ အဏ္ဏဝါမျိုးစိတ်ပေါင်း ၁၁၄ မျိုးရဲ့ခန္ဓာကိုယ်ထဲမှာ Microplastics တွေကို တွေ့ရှိနေရကြောင်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။ Microplastics တွေပါဝင်နေတဲ့ ညစ်ညမ်းရေ၊ လေနဲ့အစား အစာ တွေကတစ်ဆင့် နောက်ဆုံးမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲအထိ ထိုးဖောက်ရောက်ရှိလာကြပါတယ်။ ဒါကြောင့် Microplastics တွေကို ပင်လယ်ထဲက အသံတိတ်လူသတ်သမားဟုပင် ခေါ်ဆိုလာကြပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ လူတစ်ဦးဟာ တစ်နှစ်မှာ Microplastics အမှုန်အမွှား ခန့်မှန်း ၃၉၀၀၀ မှ ၅၂၀၀၀ အထိအစာလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသက် အရွယ်ပေါ်မူတည်ပြီး Microplastics အမှုန်အမွှား ၇၄၀၀၀ မှ ၁၂၁၀၀၀ အထိ အသက်ရှူလမ်း ကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။ လူသားတွေရဲ့အဆုတ်နဲ့ သွေးထဲမှာ သာမက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့အချင်းထဲအထိပါ Microplastics တွေကို တွေ့ရှိနေရကြောင်း သုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဆိုးကျိုးအနေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ပျက် စီးခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ် ခြင်းနဲ့ မျိုးပွားမှုထိခိုက်ခြင်း စတဲ့ရောဂါဝေဒနာတွေ ဖြစ်ပွားနိုင်ပါတယ်။
ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်မှုများလက်ရှိအချိန်မှာ ပလတ်စတစ် ညစ်ညမ်းမှုဟာ အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူး အလေး ထားလုပ်ဆောင်နေကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံ (United Nations Environment Assembly-UNEA-5.2) ရဲ့ ဆုံးဖြတ်ချက်အမှတ်(၅/၁၄)မှာ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် ပေါ်ပေါက်လာစေရေး End Plastic Pollution: Towards an International Legally Binding Instrument ကို အတည်ပြုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာ စာတမ်းနှင့် အာဆီယံမူဘောင်ကို သဘောတူချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်း လုပ်ငန်းအစီအစဉ်တွေမှာ အခြားအာဆီယံနိုင်ငံတွေနည်းတူ လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိနေပါ တယ်။
ဂျပန်-အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ “Strengthening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plans for ASEAN Member States and Integrated Land-to-Sea Policy Approach (Phase-2)” စီမံကိန်းကိုဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (National Plastic Management Action Plan-NPMAP) ကို ရေးဆွဲခဲ့ပြီး ယခုအခါ အတည်ပြုထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းအစီအစဉ်ရဲ့ အဓိကမျှော်မှန်း ချက်ကတော့ ပလတ်စတစ်တွေ စတင်ထုတ်လုပ်မှုမှသည် ၎င်းရဲ့သက်တမ်းတစ်လျှောက်မှာ အရင်းအမြစ်တွေကို အကျိုးရှိစွာအသုံးချနိုင်တဲ့ ပတ်လည်စီးပွားရေးစနစ် ပေါ်ပေါက်လာစေရေး တွန်းအားပေးခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်စေရေးပင်ဖြစ်ပါတယ်။
ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများနယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းကို ထိန်းချုပ်ရေးဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်တွေမှာကွန်ဗင်းရှင်းပါ ကတိကဝတ်တွေနဲ့အညီသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စနစ်တကျထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ကာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့နဲ့ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို ဦးစားပေးစီမံခန့်ခွဲနိုင်ဖို့ အလေးထား ဆောင်ရွက် လျက်ရှိနေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းထားရှိပြီး အဆိုပါကော်မတီများအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြပါ တယ်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
အစားအစာထုပ်ပိုးရာကစလို့ယာဉ်၊ လူ့အသုံးအဆောင်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းအမျိုးမျိုးတို့အထိ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အသုံးပြုနေကြရတဲ့ပလတ်စတစ်တွေကို ကျွန်ုပ်တို့လူ့ပတ်ဝန်းကျင်ကနေလုံးဝဖယ်ထုတ်ပစ်လို့ မရနိုင်ပေမယ့် ပလတ်စတစ်ညစ်ညမ်းမှုကိုတော့စနစ်ကျတဲ့နည်းလမ်းကောင်းတွေနဲ့အတူသေချာပေါက်ကန့်သတ်ထိန်းချုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိနေသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတို့ဟာတက်ကြွစွာစုပေါင်းဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးလှပါတယ်။
နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့သင့်လျော်တဲ့ ပလတ်စတစ်ဆိုင်ရာစည်းမျဉ်း စည်းကမ်း၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြဋ္ဌာန်းပြီး သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက် အကောင်အထည်ဖော်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်အတွက်ကောင်းမွန်ပြီး စနစ်ကျတဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွေဟာ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါ တယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အမှိုက်ခွဲခြားစွန့်ပစ်တဲ့စနစ်နဲ့ အမှိုက်ခွဲခြားသိမ်းဆည်းတဲ့စနစ်တို့ကိုလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အသိပညာပေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရင်း ရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုနဲ့စားသုံးမှုပုံစံတွေ မြှင့်တင်ပေးဖို့၊ တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချနိုင်ဖို့နဲ့ Recycle လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ထောက်ပံ့တွန်းအား ပေးကြရမှာဖြစ်ပါတယ်။
ပလတ်စတစ်ထုတ်လုပ်သူ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ နည်းလမ်းတွေနဲ့ တာဝန်ယူစီမံဆောင်ရွက်ကြရပါမယ်။ အလွယ်တကူ ဆွေးမြည့်နိုင်တဲ့ Bio-degradable Plastics တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်း၊ တစ်ခါသုံးပလတ်စတစ်အစားထိုးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးဆိုင်တွေမှာတစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ အခမဲ့ပေးခြင်းကိုရှောင်ရှားခြင်းနဲ့ အသုံးပြုလိုပါက သီးခြားအဖိုးအခကောက်ခံခြင်း စတဲ့အချက်တွေကို အလေးထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်သူက တာဝန်ယူဖြေရှင်းဆောင်ရွက်ရမယ့် သတ်မှတ်ချက်(Extended Producer Responsibility- EPR)ကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ယနေ့ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်သုံးစွဲနှုန်း(Recycling Rate)ဟာ ပလတ်စတစ်ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း အောက်သာရှိနေသေးတဲ့အတွက် Recycle လုပ်ငန်းတွေ ပိုမိုအားကောင်းလာဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းထွက်ရှိမှုအနည်းဆုံးနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ ပတ်လည်စီးပွားရေးစနစ်(Circular Economy)ကိုအကောင်အထည်ဖော်ကြဖို့လည်း အထူးလိုအပ်လှပါတယ်။ ပတ်လည်စီးပွားရေးစနစ်ကိုသာ အသွင်ကူးပြောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်ရှိလာမယ့် ပလတ်စတစ်ထုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို လျှော့ချပေးနိုင်မှာဖြစ်ပြီး ပလတ်စတစ်ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းခန့်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုပ်ပိုးသယ်ဆောင်ကြတဲ့အခါ ဟိုယခင်နှစ်ပေါင်း ၃၀ ကျော်ခန့်က မိရိုးဖလာအသုံးပြုခဲ့တဲ့ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်တို့အပြင် ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်းဘူး၊ ဓာတ်ဘူး၊ ရေဘူး၊ လက်ဆွဲခြင်း၊ ချည်နဲ့ ပြုလုပ်ထားတဲ့ ဈေးဝယ်အိတ်စတာတွေကိုအသုံးပြုပြီး တစ်ခါသုံးပလတ်စတစ်တွေ သုံးစွဲမှုကို လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)နဲ့ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း(Recycle) ဆိုတဲ့ 3R နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေကို သုံးစွဲရင်း တစ်ခါသုံးပလတ်စတစ်တွေကို ငြင်းဆန်ခြင်း(Reject)နဲ့ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့နေရာတွေဆီကို ပို့ဆောင်ခြင်း(Return) စတဲ့အချက်တွေကိုလည်း အလေးထားလိုက်နာဆောင် ရွက်ကြရပါမယ်။ အမှိုက်တွေကို လဟာပြင်မီးရှို့ခြင်းနဲ့ မြစ်ချောင်းတွေထဲကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ မိမိတို့သုံးစွဲလိုက်တဲ့ ပလတ်စတစ် အပါအဝင် အခြားစွန့်ပစ်အမှိုက်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျစွန့်ပစ်ကြရမှာဖြစ်ပါတယ်။ ဒီလို လူတိုင်းအလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို နေ့စဉ်နဲ့အမျှ အလေ့အကျင့်ဖြစ်လာတဲ့အထိ ကျင့်သုံးလိုက်နာကြရပါမယ်။ ကမ္ဘာမြေကြီးအတွက် စိုးရိမ်ပူပန်စရာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေက ကျွန်ုပ်တို့ရဲ့ လက်ဝယ်မှာ အသင့်ရှိနေပြီး လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ကြဖို့ပဲ လိုအပ်ပါတယ်။
တိုက်တွန်းနှိုးဆော်ချက်
ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနဲ့ ကျွန်ုပ်တို့ပြည်သူအားလုံးက လက်တွဲညီညီပူးပေါင်းပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။ ကြွပ်ကြွပ်အိတ်အပါအဝင် တစ်ခါသုံးပလတ်စတစ်တွေကို မဆင်မခြင်ဆက်လက်ထုတ်လုပ်သုံးစွဲစွန့်ပစ်နေသမျှကာလပတ်လုံး ကမ္ဘာပေါ်က ပလတ်စတစ်ညစ်ညမ်းမှုဟာ တစ်နေ့တခြား ဆက်လက်တိုးပွားနေဦးမှာဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချနိုင်ဖို့နဲ့ ရေရှည်စဉ်ဆက်မပြတ်ဖြစ်တဲ့ အခြားနည်းလမ်းကောင်းတွေကိုလည်း အတူတကွပူးပေါင်းရှာဖွေဖော်ထုတ်ကြရပါမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပြီး ကောင်းမွန်ခိုင်လုံတဲ့ စီမံခန့်ခွဲမှုစနစ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ လက်တွဲညီညီလိုက်နာအကောင်အထည်ဖော်သွားကြရရင် အောင်မြင်မှုမလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လူသားတွေ ရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ဤကမ္ဘာမြေကြီးစိမ်းလန်းသာယာပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ပျော်ရွှင်စရာကမ္ဘာမြေအဖြစ် လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ကြစေဖို့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းအားနဲ့ ပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်တိုက်တွန်းရင်း ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုကြိုဆိုအပ်ပါတယ်။ ။
MWD Web Portal
Photo - The Ocean Cleanup

နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အခမ်းအနားကို ကျင်းပပြုလုပ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပပြုလုပ်ခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေသတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယခုနှစ်အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally )” ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/article/70669

(Ending Plastic Pollution Globally)
(Ending Plastic Pollution Globally)
ကမ္ဘာတစ်ဝန်းတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် “ရာသီဥတုပြောင်းလဲမှု”၊“သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးစုံမျိုးကွဲများပျက်စီးဆုံးရှုံးမှု”၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှု”တို့သည်လူသားတို့ အဓိကဖြေရှင်းဆောင်ရွက်ရမည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများပင်ဖြစ်သည်။ အဆိုပါကမ္ဘာ့အကျပ်အတည်းများအတွင်း ၎င်းတို့၏ကိုယ်ပိုင်အကြောင်းတရားများနှင့် သက်ရောက်မှုများစွာရှိနေသော်လည်း ၎င်းတို့အားလုံးတွင် အဓိကထပ်တူညီနေသော “ပလတ်စတစ် စွန့်ပစ်ပစ္စည်းကဏ္ဍ” ကို ဖြေရှင်းဆောင်ရွက်မှုများနှင့် ဦးဆောင်မှုများ အရေးတကြီးလိုအပ်လျက်ရှိရာ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏စုပေါင်းအားဖြင့် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။
ပလတ်စတစ်များကို ၁၉၀၇ ခုနှစ်၌ နယူးယောက်မြို့တော်နေ Leo Baekelandမှစတင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင်ခေတ်မီနည်းပညာများဖြင့်ပုံစံအမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများကို တီထွင်ထုတ်လုပ်အသုံးပြုလာခဲ့ကြသည်။ ၂၀ ရာစုနောက်ပိုင်းတွင် ပလတ်စတစ်သည် လူသုံးအများဆုံးကုန်စည်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ "Plastics" ဟူသောဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်းရှိသောပစ္စည်း” ဟု အဓိပ္ပာယ်ရသည်။
ပလတ်စတစ်ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် များပြားမှုမရှိသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် စီးပွားဖြစ်ထုတ်လုပ်လာကြသည်။အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များထုတ်လုပ်မှုသည် ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ဓာတုပစ္စည်းများနှင့် စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ပလတ်စတစ်မျိုးစုံထုတ်လုပ်မှုသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်းပေါင်း ၁၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မတိုင်မီအချိန်တွင် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ထုတ်လုပ်မှုတန်ချိန် ၃၂၂ သန်းအထိ ဆပွားတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ(UNEP) ၏ လတ်တလောထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၃၀ ကျော် ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းများအဖြစ်သို့ရောက်ရှိလျက်ရှိလာခဲ့သည်။
နှစ်စဉ် ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့်သည်လည်း သမုဒ္ဒရာနှင့် ပင်လယ်ပြင်အတွင်း ရောက်ရှိလျက်ရှိပြီး ထိရောက်သောစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများပြုလုပ်နိုင်ခြင်းမရှိပါက ၂၀၂၅ ခုနှစ်တွင် ပင်လယ်ပြင်အတွင်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန်သန်း ၁၀၀ - ၂၅၀ထိ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် ပလတ်စတစ်တန်ချိန်သန်းပေါင်း ၁၅၀ခန့်သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိကာ အပိုင်းပိုင်းပြိုကွဲမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် အချင်း ၅ မီလီမီတာထက်သေးငယ်သော ပလတ်စတစ်အမှုန်များ မိုက်ခရိုပလတ်စတစ် (Microplastics) အဖြစ်သို့ ပြိုကွဲလျက်ရှိသည်။
ပလတ်စတစ်အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသောပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များအတွက် ရေနံစိမ်းပမာဏများစွာကို အသုံးပြုရသည်။ ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုများ အရှိန်အဟုန်မြင့်မားလာသောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်လိုအား ပိုမိုများပြားလျက်ရှိရာ ကမ်းလွန်ရေနံတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကြောင့် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာဇီဝမျိုးစုံမျိုးကွဲများကိုပံ့ပိုးပေးရာတွင် မရှိမဖြစ်လိုအပ်သောဂေဟစနစ်များ ပျက်စီးဆုံးရှုံးသွားစေသည်။ သမုဒ္ဒရာထဲတွင်ရှိသော မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို စားသုံးမိခြင်းကြောင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကိုဆုံးရှုံးစေပြီး ဇီဝမျိုးစုံမျိုးကွဲများကိုလည်း ထိခိုက်စေသည်။ ရေနှင့်မြေဂေဟစနစ်နှစ်ခုလုံးတွင်ရှိသော ဇီဝမျိုးစုံမျိုးကွဲများသည်လည်း ပလတ်စတစ်ညစ်ညမ်းမှုများကြောင့် လွန်စွာထိခိုက်ပျက်စီးလျက်ရှိသည်။ ပလတ်စတစ်များသည် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် အသုံးပြုပြီး စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်းကွင်းဆက်တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်လျက်ရှိရုံသာမက ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးပါကလည်း ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်နှင့် ဟိုက်ထရိုဂျင်ဆိုင်ယာနိုက်စသည့်
ဓာတ်ငွေ့များထွက်ရှိပြီး လေထုထဲသို့ရောက်ရှိနေသည့် ပလတ်စတစ်အမှုန်များက လူသားတို့၏ အသက်ရှူလမ်းကြောင်းသို့ရောက်ရှိကာ အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။
ပလတ်စတစ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များမှတစ်ဆင့် မှန်လုံအိမ်ဓာတ်ငွေ့များ လိုအပ်သည်ထက် ပိုမိုထုတ်လွှတ်သောကြောင့် ကမ္ဘာတစ်ဝန်းပျမ်းမျှမျက်နှာပြင်အပူချိန်မြင့်တက်လာပြီး ကမ္ဘာကြီးပူနွေးလာမှုမှတစ်ဆင့် မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသော ရာသီဥတုပြောင်းလဲခြင်းအခြေအနေများကို ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုသည် သုံးဆအထိတိုးမြင့်လာနိုင်ပြီး ၎င်းနှင့်အတူ ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာသည့် အရေးကိစ္စတစ်ခုပင်ဖြစ်သည်။
သို့ဖြစ်ရာ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူးပြီးပထမဆုံးအကြိမ်သမိုင်းဝင်လူသားညီလာခံကြီး (United Nation Conference on Human Environment) စတင်ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သော်လည်း အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၃ ခုနှစ်မှ စတင်ကျင်းပခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှုပြဿနာများအနက် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကိုသိရှိကာအလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ပေးခဲ့သည်။ ၁၉၈၇ ခုနှစ်မှအစပြု၍ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် နှစ်စဉ် လှည့်လည်ကျင်းပလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ် အခမ်းအနားကို ကိုရီးယားသမ္မတနိုင်ငံ (ဂျယ်ဂျူးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ “ဂျယ်ဂျူးကျွန်း၏အနာဂတ်တွင် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး ကတိကဝတ်သည် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ ရည်မှန်းချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိပြီး ၎င်း၏ မပျက်စီးသေးသော သဘာဝအလှတရားများနှင့် ဆန်းသစ်တီထွင်မှုရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုပြသခြင်းဖြင့် ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ရန် လူသားများကို လှုံ့ဆော်ပေးလိမ့်မည်” ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Ms.Inger Andersen က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့်ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုကို အဆုံးသတ်စေမည့် သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရန် အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်လာစေမည်ဖြစ်သည်။ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၏အရေးပါမှုနှင့်၂၀၂၄ခုနှစ်နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၌ကျင်းပခဲ့သည့် ပင်လယ်ပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အစိုးရအချင်းချင်းညှိနှိုင်းရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နိုင်ငံတကာပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိသော သဘောတူညီချက်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်းအဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံအတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်လျှော့ချရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင်ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာဘန်ကောက်ကြေညာစာတမ်းကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အမျိုးသားအဆင့်ပလတ်စတစ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ်စွန့်ပစ်မှုနှင့် တစ်ခါသုံးပလတ်စတစ်(ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် အစည်းအဝေးများကျင်းပရာတွင်တစ်ခါသုံးရေသန့်ဘူးများအစား အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုးအသုံးပြုလျက်ရှိသည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုစနစ်တကျစွန့်ပစ်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုများအားပလတ်စတစ်၏ဆိုးကျိုးများကို သိရှိနားလည်စေရန်နှင့် ပလတ်စတစ်လျှော့ချသုံးစွဲစေရန် အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စုပေါင်းအမှိုက်ကောက်ပွဲများကျင်းပခြင်းကိုဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ ပူးပေါင်းပါဝင်လာစေရေး နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိသည်။
ပြည်သူများအနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှုကိုငြင်းပယ်ခြင်း၊ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများအသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို တစ်ဦးတစ်ယောက်ချင်းအားဖြင့် တတ်နိုင်သမျှ လျှော့ချသင့်ပေသည်။ ထို့ပြင် သုံးစွဲပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကိုထိန်းသိမ်းသင့်ပေသည်။ အမိကမ္ဘာမြေ အစဉ်ကျန်းမာပြီး ပလတ်စတစ်ကင်းဝေးစေရေးအတွက် အသုံးပြုရန်မလိုအပ်ပါက ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း(Reject)၊ပလတ်စတစ်အိတ်များအစားချည်ဖြင့်ပြုလုပ်ထားသည့်ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကိုအသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကိုသုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကိုလျှော့ချခြင်း (Reduce)၊ ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း(Recycle)၊ အသုံးပြုပြီးသောပလတ်စတစ်အိတ်ခွံများကိုစုထားပြီး ပြန်လည်အသုံးပြုနိုင်သောနေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return) စသည်တို့ကို အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက်သင့်ပေသည်။
ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးနှင့်အတူပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးကိုအချိန်မီမဆောင်ရွက်နိုင်ပါကကမ္ဘာမြေ၏ရေထုထဲတွင်ရေနေသတ္တဝါများထက်ပလတ်စတစ်အမှိုက်များဖြင့်ပြည့်နှက်နေမည်ဖြစ်ရာအနာဂတ်ကမ္ဘာမြေ၏သဘာဝဂေဟစနစ်လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန် နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ကဏ္ဍအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး စုပေါင်းအားဖြင့် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။
လူသားတိုင်းသည် သန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတွင်နေထိုင်ကြမှသာကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး လူသားများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများအားလုံးအတွက်သန့်ရှင်းသောပတ်ဝန်းကျင်သည် မဖြစ်မနေလိုအပ်လျက်ရှိသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်ပါ “သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်” ဖြစ်ပေါ်လာစေရေးကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်အကျိုးကို ယိုယွင်းစေမည့်အပြုအမူများအား အတတ်နိုင်ဆုံးရှောင်ရှားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပူးပေါင်းကာ ကမ္ဘာ့ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်သာယာလှပရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ။
Source: MWD Web Portal

ရေခဲတောင်ကြီးများဆိုတာ အခုနောက်ပိုင်းမှာ မကြာခဏပြိုကျလာနေရတဲ့ တောင်ကြီးများထဲမှ တစ်ခုဖြစ်လာပါတယ်။ ရေခဲကိုအရည်ပျော်စေတာက အပူချိန်လို့ဆိုနိုင်သလိုမျိုးပဲ ရေခဲတောင်ကြီးများကို အရည်ပျော်ပြီးပြိုကျလာစေတာကလည်း ကမ္ဘာ့အပူချိန်ကြောင့်ပါပဲ။ တစ်နည်းပြောရရင် ကမ္ဘာ့ အပူချိန်မြင့်တက် လာနေတာကြောင့် ရေခဲတောင်ကြီးများပြိုကျလာ ရခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆွစ်ဇာလန်နိုင်ငံမှာရေခဲတောင်တစ်တောင်ပြိုကျရာ တောင်ခြေမှာရှိတဲ့ကျေးရွာတစ်ခုလုံး ဖုံးလွှမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရပါတယ်။ ဒီအခြေအနေမျိုးဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်သလို ရှေ့လျှောက်လည်းဒီထက်ပိုဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ သိပ္ပံပညာရှင်များကသတိ ပေးထားပါတယ်။
ရေခဲတောင်တွေအရည်ပျော်ပြိုကျလာတာနဲ့အမျှ သူတို့ရဲ့အောက်ခြေမှာ ရေကန်ကြီးတွေဖြစ်ပေါ်လာရပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာဆိုးဝါးလှတဲ့အကျိုး ဆက်တွေကိုလည်း ရင်ဆိုင်လာရပါတယ်။ အလက်စကာပြည်နယ်မှာဆိုရင် အရည်ပျော်သွားတဲ့ရေခဲ တောင်မှထွက်ပေါ်လာတဲ့ရေများကြောင့် ရေကြီးမှု ဖြစ်ပွားပြီး အဲဒီရေကြီးမှုက ဂျူးနိုမြို့အထိရောက်ရှိလာပါတယ်။ ၂၀၂၂ ခုနှစ်တုန်းကလည်း အီတလီနိုင်ငံရှိ မာမိုလာဒါရေခဲတောင်ကြီးပြိုကျခဲ့တဲ့အတွက် ရေခဲတောင်တက်သမား ၁၁ ဦးအသက်ဆုံးရှုံးခဲ့ရတာ တွေ့ရပါတယ်။
ရေခဲတောင်ကျွမ်းကျင်ပညာရှင်များရဲ့ပြောဆိုမှု အရဆိုရင် ၂၀၁၆ ခုနှစ်တုန်းက တိဗက်ဒေသရှိ အာရူရေခဲတောင်ပြိုကျသလိုမျိုး ရုတ်တရက်ဆိုသလို ရေခဲတောင်တွေပြိုကျမှုဟာ ဖြစ်မြဲဖြစ်လာနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေပြီလို့သိရပါတယ်။ နောက်ထပ်လအနည်းငယ်မျှအကြာမှာတော့ တိဗက်ဒေသရဲ့အာရူရေခဲတောင်မှာပဲ ရေခဲတောင်ပြိုကျမှုထပ်မံဖြစ်ပွားခဲ့တာကို တွေ့ရှိလိုက်ရပါတယ်။
၂၀၀၆ ခုနှစ်တုန်းကဆိုရင်လည်း ပီရူးနိုင်ငံမှာ ရေခဲတောင်တစ်ခုပြိုကျမှုဟာ ဆူနာမီအသေးစား လေးဖြစ်ပွားရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ဧပြီလမှာပဲ ရေခဲတောင်တစ်ခုရဲ့အောက်ခြေမှာရှိတဲ့ရေကန်မှာ ရေကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားတဲ့အတွက်လူနှစ်ဦးသေဆုံးခဲ့ရပါသေးတယ်။
အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုးရေခဲတောင်တွေ မကြာခဏဆိုသလိုပြိုကျလာမှုများက ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူထောင်ပေါင်းများစွာရဲ့အသက်အိုးအိမ် စည်းစိမ်များကို ကောင်းကောင်းကြီးခြိမ်းခြောက်နိုင် စွမ်းရှိတဲ့ အန္တရာယ်သတိပေးချက်ကြီးတစ်ခုဖြစ်လာ နေပြီလို့ သိပ္ပံပညာရှင်များကအကြိမ်ကြိမ်သတိပေးလာကြတာကိုတွေ့ရပါတယ်။
အထူးသဖြင့် လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ရေခဲတောင်များအရည်ပျော်ကျမှုဟာ အလွန်မြန်ဆန်စွာဖြစ်ပေါ်လာနေတာပါ။ အပ်(စ်)တောင်တန်း တစ်ခုတည်းမှာကိုပဲ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းက နေ အခုချိန်အထိကို ရေခဲတောင်ထက်ဝက်လောက် အရည်ပျော်သွားတာတွေ့ရပါတယ်။ လက်ရှိအပူချိန် မြင့်တက်မှုက ဒီနှုန်းအတိုင်းဆက်သွားနေမယ်ဆိုရင် အခုရာစုနှစ်အကုန်ပိုင်းမှာ အပ်(စ်)တောင်တန်းမှာရှိ တဲ့ရေခဲတွေအားလုံးအရည်ပျော်ပျောက်ဆုံးသွားနိုင်တယ်လို့ သိပ္ပံပညာရှင်များကပြောထားပါတယ်။
မကြာသေးခင်က ရေခဲတောင်ပြိုကျမှုဖြစ်ပွားတဲ့ ဆွစ်ဇာလန်နိုင်ငံဆိုတာ ဥရောပဒေသမှာရှိတဲ့ရေခဲတောင်များအနက် ရေခဲတောင်အများဆုံးရှိရာဒေသ တစ်ခုဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ၂၀၂၂ ခုနှစ်တုန်း က ရေခဲအရည်ပျော်မှု ၆ ရာခိုင်နှုန်းရှိပြီး နောက်ပိုင်းမှာလည်း ရေခဲတွေအရည်ပျော်မှုက ဆက်လက်ဖြစ်ပွားနေဆဲပါ။ ပီရူးနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ရေခဲတောင်စုစုပေါင်း ၁၇၅ လုံးအထိပြိုကျသွားတာကိုလည်းတွေ့ရှိရပါတယ်။ ဒီလို မျိုးရေခဲတွေအရည်ပျော်ကျမှုက ကမ္ဘာ့အပူချိန်မြင့်တက်လာလို့ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။
လက်ရှိသိပ္ပံပညာရှင်များရဲ့ခန့်မှန်းချက်အရပြော ရမယ်ဆိုရင် ကမ္ဘာ့အပူချိန်ဟာ လက်ရှိအခြေအနေ အတိုင်းပဲဆက်ရှိနေမယ်ဆိုပါက ကမ္ဘာကြီးရဲ့ပင်မ ရေအရင်းအမြစ်များဖြစ်တဲ့ ရေခဲတောင် ၄၀ ရာခိုင်နှုန်းဟာ ကမ္ဘာကြီးပေါ်ကနေပျောက်ကွယ်သွားနိုင်တယ်လို့ဆိုပါတယ်။
အကယ်၍များ ကမ္ဘာ့အပူချိန်ကို ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတုသဘောတူညီချက်အတိုင်း ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အောက် ရှိနေအောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ရေခဲတောင်တွေရဲ့အရည်ပျော်ကျမှုနှုန်းကိုနှစ်ဆပိုမိုထိန်းသိမ်းနိုင်လိမ့်မယ်လို့ ပညာရှင်များရဲ့ လေ့လာချက်မှာဖော်ပြထားပါတယ်။
ရေခဲတောင်တွေဆိုတာက ကမ္ဘာကြီးရဲ့ရာသီဥတု ကိုတစ်ဖက်တစ်လမ်းကနေထိန်းသိမ်းစောင့်ရှောက်ပေးနေသူများဖြစ်ရုံသာမက လူသားတို့အတွက်မရှိ မဖြစ်အရေးကြီးတဲ့ ရေချိုအရင်းအမြစ်ကိုပေးစွမ်းနေသူလည်းဖြစ်ပါတယ်။ အကယ်၍ ရေခဲတောင်များရဲ့ အရည်ပျော်ကျမှုနှုန်းက အခုထက်ပိုများလာမယ် ဆိုရင် ကမ္ဘာ့အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှုများစွာ ဖြစ်ပေါ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။
Ref: IE

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့အထိကို သာမန်အားဖြင့် လေယာဉ်စီးမယ်ဆိုရင် အချိန်ကရှစ်နာရီ ကျော်ကြာမြင့်မှာပါ။ အကွာအဝေးကလည်း ကီလို မီတာပေါင်း ၅၅၅၄ ကီလိုမီတာကျော်ပါတယ်။
တကယ်လို့များ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို လေယာဉ်စီးပြီးသွားရမယ်ဆိုရင်တော့ အချိန်အားဖြင့်တစ်နေကုန်လောက်ယူရမှာ အသေအချာပါပဲ။ ဒါကြောင့်လည်း သိပ္ပံပညာရှင်များက အဲဒီလိုမျိုးကြာမြင့်ချိန်ကိုလျှော့ချနိုင်စေဖို့အတွက် တီထွင်ဆန်းသစ်မှုတွေလုပ်ဆောင်လာတာတွေ့ရပါတယ်။ အဓိကအားဖြင့် မြန်နှုန်းမြင့်လေယာဉ်တွေကို တီထွင်လာကြတာပါ။

ဒီလိုမျိုး တီထွင်လာကြခြင်းရဲ့အကျိုးရလဒ်တစ်ခုအနေနဲ့ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီလိုမျိုးအရောက်သွားနိုင်ဖို့ဆိုရင် အသံထက်အလွန်မြန်တဲ့နှုန်းနဲ့သွားမှသာရောက်ရှိမှာပါ။
အခုတော့ A-HyM Hypersonic Air Master ဆိုတဲ့လေယာဉ်ရဲ့ ဒီဇိုင်းပိုင်းထွက်ပေါ်လာပါပြီ။ ဒီလေယာဉ်ကအပေါ်မှာပြောခဲ့သလိုမျိုးပဲ လန်ဒန်မြို့ကနေ နယူးယောက်မြို့ကို ၄၅ မိနစ်အတွင်းအရောက်သွားနိုင်စေမှာပါ။ ဒီလိုသွားနိုင်ဖို့အတွက်သူ့ရဲ့အမြန်နှုန်းက အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းနဲ့သွားမှာဖြစ်ပါတယ်။
အသံထက် ၇ ဒသမ ၃ ဆမြန်တဲ့နှုန်းဆိုတာကို ရှင်းလင်းမြင်သာအောင်ပြရရင် တစ်နာရီကိုမိုင်ပေါင်း ၅၆၀၀ ကျော်နှုန်း၊ ကီလိုမီတာအားဖြင့် ၉၀၀၀ ကျော် နှုန်းနဲ့သွားနိုင်တာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့အဆင့်အမြင့်ဆုံးခရီးသည်တင်လေယာဉ်တောင်မှ အမြန်ဆုံးအနေနဲ့ တစ်နာရီကိုမိုင် ၅၆၀ နှုန်းနဲ့သာ ပျံသန်းနိုင်ပါသေးတယ်။ အတိတ်တုန်းက လန်ဒန်က နေ နယူးယောက်ကို ကြာမြင့်ချိန်သုံးနာရီခွဲဝန်းကျင်နဲ့ပျံသန်းခဲ့ဖူးတဲ့ ကမ္ဘာကျော်ကွန်းကော့လေယာဉ်တောင်မှ A-HyM Hypersonic Air Master ရဲ့နောက်မှာပြတ်ကျန်ခဲ့ရမယ့်အနေအထားဖြစ်ပါတယ်။
A-HyM Hypersonic Air Master ဆိုတာ စပိန် နိုင်ငံမှလေကြောင်းအာကာသ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ အော်စကာဗီနာရဲ့စိတ်ကူးဖြစ်ပါတယ်။သူ့ရဲ့စိတ်ကူးထဲမှာ ခရီးသည် ၁၇၀ ကိုတင်ဆောင်ပြီး မြေမျက်နှာပြင်အထက် ၉၈၄၂၅ ပေကနေပျံသန်းမယ့် အသံ နှုန်းလွန်ခရီးသည်တင်လေယာဉ်ကို ဖန်တီးဖို့ဖြစ်ပါ တယ်။ ဒီအမြင့်ပေဆိုတာကလည်း သာမန်ခရီးသည် တင်လေယာဉ်တွေ ပျံသန်းတဲ့အမြင့်ပေထက်ကိုနှစ်ဆကျော်ရှိပါတယ်။
“အခုလိုမျိုးလေယာဉ်ကိုစိတ်ကူးပုံဖော်ဖန်တီးရ တဲ့အကြောင်းရင်းက လေယာဉ်စီးသူတွေအနေနဲ့ သူမတူထူးခြားတဲ့အတွေ့အကြုံကိုခံစားရရှိနိုင်စေဖို့နဲ့ ခရီးသွားရတဲ့ကြာမြင့်ချိန်ကိုလည်း သိသိသာသာ လျှော့ချနိုင်စေဖို့ဖြစ်ပါတယ်။ ဒီလေယာဉ်ကြောင့် လန်ဒန်မြို့ရှိ ဟီသရိုးလေဆိပ်ကနေ လေယာဉ်ပေါ် တက်ပြီးချိန်မှ နယူးယောက်မြို့ရှိ လော့အိန်ဂျလိ လေဆိပ်ကိုဆိုက်ရောက်ပြီးဆင်းပြီးသည့်အချိန်အထိစုစုပေါင်းကြာမြင့်ချိန် တစ်နာရီခွဲပဲရှိမှာဖြစ်ပါတယ်လို့ အော်စကာဗီနာကပြောပါတယ်။
အခုလိုမျိုးအသံထက်အလွန်မြန်တဲ့နှုန်းနဲ့ပျံသန်း မယ်ဆိုတာက အဲဒီလေယာဉ်ကိုအမြန်သွားစေတာ တစ်ခုတည်းဖြစ်ပေါ်စေတာမဟုတ်ပါဘူး။ သူနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရတာဖြစ်ပါတယ်။ အထင်ရှားဆုံးသောနည်း ပညာပိုင်းဆိုင်ရာစိန်ခေါ်မှုကတော့ အပူချိန်မြင့်တက် မှုကိုခံနိုင်ရည်ရှိစေရေးဖြစ်ပါတယ်။ ဒီလိုအရှိန်မျိုးနဲ့ သာလေထဲမှာပျံသန်းမယ်ဆိုရင် လေယာဉ်ကလေထု နဲ့ပွတ်တိုက်မှုကြောင့် အပူချိန် ၁၀၀၀ ဒီဂရီစင်တီ ဂရိတ်အထိကိုရင်ဆိုင်ရမှာပါ။
ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ဖို့အတွက် အော်စကာဗီနာက လေယာဉ်ရဲ့ကိုယ်ထည်ကို တိုက်တေနီယံ၊ ကာဗွန်ဖိုက်ဘာတို့နဲ့ပေါင်းစပ်ပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီကုန်ကြမ်းပစ္စည်းတွေက အလေးချိန်အား ဖြင့်ပေါ့ပါးတဲ့အပြင် အပူဒဏ်ကိုလည်းအလွန်ခံနိုင် ရည်ရှိပါတယ်။ ဒီအတွက်ကြောင့် သူတို့ကိုကမ္ဘာ့မြေ မျက်နှာပြင်အမြင့်ပိုင်းတွေမှာ အသုံးပြုဖို့အတွက် အသင့်လျော်ဆုံးသော ကုန်ကြမ်းပစ္စည်းတွေဖြစ်စေ တာပါ။
အခုလောက်ထိမြန်တဲ့နှုန်းနဲ့သွားမယ်ဆိုရင် အသံ ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာပါ။ အဓိကကတော့ ကြီးမားပြီးကျယ်လောင်တဲ့အသံကို ထွက်ပေါ်စေမှာအမှန်ပါပဲ။ ဒီအခက်အခဲကိုဖြေရှင်း ဖို့အတွက်ကျတော့ Sonic Boom Mitigation စနစ် ကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။ ဒီစနစ်ဆိုတာကလေယာဉ်က လေထုကိုဖြိုခွဲသွားတဲ့အခါ ထွက်ပေါ်လာတဲ့အသံပေါက်ကွဲမှုကို လျှော့ချပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။
တကယ်လို့သာ ဒီစနစ်အောင်မြင်သွားပါကသူ့ကိုသာမန်အသံနှုန်းလွန်ပျံသန်းမှုတွေမှာ ထည့်သွင်း အသုံးပြုလာနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် တိုက် လေယာဉ်တစ်စင်းဆိုလျှင် အသံထက်မြန်စနစ်ကို ဖွင့်ပြီးသွားပါက အလွန်ကိုဆူညံတဲ့လေကိုထိုးခွဲသံ ထွက်ပေါ်စေပါတယ်။ ဒီအသံကို အောက်မှာရှိနေတဲ့ ပြည်သူတွေက ဘယ်လိုမှမခံနိုင်ပါဘူး။ ဒါကြောင့် လည်း အသံထက်မြန်စနစ်အသုံးပြုမယ်ဆိုရင် လူထု ကိုကြိုတင်အသိပေးကြရတာပါ။
A-HyM Hypersonic Air Master အနေနဲ့အခုလိုမျိုးအမြန်နှုန်းနဲ့ပျံသန်းနိုင်ဖို့အတွက် အဓိကကျတဲ့ အရာက သူ့ရဲ့အင်ဂျင်ဖြစ်ပါတယ်။ ဒီနေရာမှာလည်း သူ့ရဲ့နည်းပညာအဆင့်အတန်းမြင့်မားမှုကိုဖော်ပြနေ တာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ အင်ဂျင် အတွက်လိုအပ်တဲ့လောင်စာအဖြစ် ဟိုက်ဒရိုဂျင်ကို အသုံးပြုသွားမယ်လို့ဆိုထားတဲ့အတွက်ပါ။ အင်ဂျင် စနစ်ကလည်း ပေါင်းစပ်အင်ဂျင်စနစ်ဖြစ်ပြီး ဒီစနစ်မှာ Turbojet၊ Ramjet နဲ့ Oblique Detonation Engine နည်းပညာတွေကို ပေါင်းစပ်ထားတာကြောင့် စတင် ပျံတက်ချိန်မှသည် အသံနှုန်းလွန်အမြန်နှုန်းဖြင့်ပျံသန်းချိန်အထိကို အရှိန်အမျိုးမျိုးတင်နိုင်စေမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ သက်သောင့်သက်သာဖြစ် မှုပါ။ လေယာဉ်က အသံထက် ၇ ဆမြန်တဲ့နှုန်းနဲ့ပျံသန်းမှာဖြစ်တဲ့အတွက် လေယာဉ်ပေါ်လိုက်ပါစီးနင်း ကြမယ့် ခရီးသည်တွေအနေနဲ့ သက်သောင့်သက်သာ ဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်။ ဒီအတွက် သမား ရိုးကျလေယာဉ်တွေလိုမျိုး ပြတင်းပေါက်သေးသေး လေးတွေနဲ့မဟုတ်ဘဲ မြင်ကွင်းကျယ်ပုံရိပ်တွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးနိုင်မယ့်စနစ်ကို အသုံး ပြုသွားမယ်လို့ အော်စကာဗီနာကဆိုပါတယ်။ ဒီစနစ် ကဖြစ်ပေါ်နေတဲ့အခြေအနေများကိုသာမက ဖျော် ဖြေရေးနဲ့သတင်းအချက်အလက်ပေးရေးလုပ်ငန်းကိုလည်း တာဝန်ယူသွားမှာပါ။
ဒါ့အပြင် လေယာဉ်ရဲ့အတွင်းပိုင်းမှာ လိုက်ပါစီးနင်းသူတွေအနေနဲ့ ကျယ်ဝန်းပြီးသက်သောင့်သက် သာဖြစ်စွာ စီးနင်းရတယ်ဆိုတဲ့ခံစားချက်ကိုရရှိစေ ဖို့အတွက် လိုအပ်တဲ့အကျယ်အဝန်းကိုထားရှိပေးဦးမှာပါ။ အထူးသဖြင့် အပေါ်မှာပြောခဲ့သလိုမျိုးပဲ မြန် နှုန်းမြင့်အရှိန်နဲ့ပျံသန်းနေတဲ့လေယာဉ်ပေါ်မှာ သက် သောင့်သက်သာဖြစ်တဲ့ခံစားချက်ကိုပေးစွမ်းနိုင်စေ ဖို့ဖြစ်ပါတယ်။
A-HyM Hypersonic Air Master အသံနှုန်းလွန် လေယာဉ်က လက်ရှိမှာစိတ်ကူးနဲ့ဒီဇိုင်းဖော်ထားတဲ့ အဆင့်မှာသာရှိနေသေးပေမယ့် ဒီစိတ်ကူးကြောင့်ပဲ အလွန်လျင်မြန်တဲ့ လေကြောင်းခရီးသွားလာမှုနည်း ပညာကို တစ်ဖန်ပြန်လည်ဆန်းသစ်လာစေတာဖြစ် ပါတယ်။ ဒါ့အပြင် အရင်တစ်ချိန်တုန်းက သိပ္ပံစိတ် ကူးယဉ်ဇာတ်လမ်းတွေထဲမှာသာ မြင်တွေ့ခဲ့ရဖူးတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်စနစ်၊ အသံပေါက်ကွဲမှုထိန်းချုပ်ရေးစနစ် အစရှိတဲ့ နည်းပညာတွေဆိုရင်လည်း လက်ရှိမှာလက်တွေ့ဖန်တီးစမ်းသပ်မှုတွေလုပ်ဆောင်လာနိုင်နေပြီဖြစ်တာကြောင့် အသံ ထက် ၇ ဆမြန်တဲ့ခရီးသည်တင်လေယာဉ်ဆိုတာက လည်း သိပ်မဝေးတော့တဲ့အချိန်ကာလမှာ လက်တွေ့ ကမ္ဘာဆီကို ပေါ်ထွက်လာမှာအမှန်ဖြစ်ကြောင်း ရေး သားတင်ပြလိုက်ရပါတယ်။ ။
Ref: IE
Source: Myawady Web Portal

သူရဲကောင်းဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်မယ်ဆိုရင် တော်တော်လေးနက်တာ တွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ သူရဲကောင်းဆိုတာ မှန်ကန်သည်ကို ရဲဝံ့စွာစွန့်စားဆောင်ရွက်တတ်သူဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒီတော့ သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သူလုပ်တဲ့ကိစ္စသည် မှန်ကန်တဲ့ကိစ္စဖြစ်ရမယ်။ အဲဒီကိစ္စကိုပဲ ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ရမယ်။ လုပ်ဆောင်ရာမှာလည်း အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားဆောင်ရွက်ရမယ်။ အဲဒီလိုသူမျိုးကိုမှ သူရဲကောင်းလို့ သတ်မှတ်တယ်လို့ဆိုနိုင်ပါတယ်။ သူရဲကောင်း တစ်ယောက်ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူရဲကောင်းတစ်ယေ
သူရဲကောင်းဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်မယ်ဆိုရင် တော်တော်လေးနက်တာ တွေ့ရပါတယ်။ မြန်မာအဘိဓာန်မှာတော့ သူရဲကောင်းဆိုတာ မှန်ကန်သည်ကို ရဲဝံ့စွာစွန့်စားဆောင်ရွက်တတ်သူဆိုပြီး ဖွင့်ဆိုထားပါတယ်။ ဒီတော့ သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ သူလုပ်တဲ့ကိစ္စသည် မှန်ကန်တဲ့ကိစ္စဖြစ်ရမယ်။ အဲဒီကိစ္စကိုပဲ ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ရမယ်။ လုပ်ဆောင်ရာမှာလည်း အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားဆောင်ရွက်ရမယ်။ အဲဒီလိုသူမျိုးကိုမှ သူရဲကောင်းလို့ သတ်မှတ်တယ်လို့ဆိုနိုင်ပါတယ်။ သူရဲကောင်း တစ်ယောက်ဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံစိတ်ဓာတ်တစ်ခု မဖြစ်မနေရှိကိုရှိရမှာပါ။ အဲဒီစိတ်ဓာတ်ကတော့ “မျိုးချစ်စိတ်” ပါပဲ။
မျိုးချစ်စိတ်ဆိုတဲ့အဓိပ္ပာယ်ကလည်း သိပ်ကိုနက်ရှိုင်းပါတယ်။ လူတစ်ဦး တစ်ယောက်တည်းကိုချစ်ရုံ၊ လူနည်းစုကိုချစ်ရုံနဲ့ မျိုးချစ်စိတ်လို့ မခေါ်နိုင်ပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကောင်းစားရေးအတွက် ရှေးရှုခြင်းကိုသာ မျိုးချစ်စိတ်လို့ ခေါ်နိုင်တာပါ။ ကမ္ဘာနဲ့ယှဉ်လာရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကောင်းစားရေး၊ တိုးတက်မြင့်မားရေးတို့အတွက် ဦးစားပေးဆောင်ရွက်လိုတဲ့ စိတ်မျိုးကို မျိုးချစ်စိတ်လို့ခေါ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ မျိုးချစ်စိတ်ကိုအရင်းခံပြီး သူရဲကောင်းပီသစွာ နယ်ချဲ့တို့ကိုတွန်းလှန်တိုက်ထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်များကြောင့်သာ အခုလိုမျိုးလွတ်လပ်ရေးကို ရရှိခဲ့တာပါ။
နယ်ချဲ့တယ်ဆိုတာက အခုနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ အရာမဟုတ်ပါဘူး။ သမိုင်းမတင်မီကာလကတည်းကပင် နယ်ချဲ့တယ်ဆိုတာရှိပါတယ်။ ဒီလိုနယ်ချဲ့မှုမျိုးကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် နိုင်ငံသားတိုင်းမှာ မျိုးချစ်စိတ်ဆိုတာရှိရပါတယ်။
ဒါ့အပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပေါ် တစ်ပါးသူက ကျူးကျော်စော်ကားလာနိုင်ခြင်း မရှိစေဖို့အတွက်လည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး သူတစ်ပါးကိုမထိခိုက်စေဘဲ ကိုယ့်အင်အားကိုခိုင်မာအောင် ထူထောင်ရပါတယ်။ ဒါမှလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ထိပါးစော်ကားချင်တယ် ဆိုရင်တောင်မှ တစ်ပါးသူအနေနဲ့ တော်ရုံတန်ရုံ အားမထုတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုရောက်ရှိစေဖို့ အတွက်ဆိုရင် မျိုးချစ်စိတ်ကိုအရင်းခံရမှာပါ။
မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုတာ အင်မတန်မှ လိုအပ်လှတဲ့အရာဖြစ်ပါတယ်။ တကယ်လို့များ မျိုးချစ်စိတ်မရှိဘူးဆိုရင် ကိုယ့်နိုင်ငံအရေးကို သူများက ဝင်စွက်ဖက်ခွင့်ရသွားမယ်။ တစ်နည်းအားဖြင့် အနုနည်းနဲ့ သူ့ကျွန်ဘဝရောက်သွားသလို ဖြစ်သွားပါလိမ့်မယ်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလို့ အရင်ဆုံးပြောပါရစေ။
မျိုးချစ်စိတ်ဓာတ်ဆိုတာ မွေးမြူရတာပါ။ ဘယ်လိုမျိုး မွေးမြူရမလဲဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်သွားပါမယ်။ ဒီလိုမျိုးနှိုင်းယှဉ်ဖို့အတွက် ဥပမာလေးတစ်ခုကိုထုတ်ပြပါရစေ။ အဲဒီဥပမာကတော့ မကြာသေးခင်ကမှ ရုရှားနိုင်ငံမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကြီးပဲ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကြီးမှာ အထင်ရှားဆုံး အခမ်းအနားက စစ်ရေးပြ အခမ်းအနားပဲဖြစ်ပါတယ်။ အဲဒီစစ်ရေးပြအခမ်းအနားကြီးက ရုရှားပြည်သူများ၊ အထူးသဖြင့် ရုရှားလူငယ်များကို မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေတဲ့ အခမ်းအနားကြီးလို့ပြောရမှာပါ။
မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာ အကြောင်းမဲ့ကင်ပွန်း တပ်ထားတာမဟုတ်ပါဘူး။ သူ့ရဲ့ နောက်ခံအကြောင်းရင်းကိုက တစ်မျိုးသားလုံး ရဲဝံ့စွန့်စားမှုရှိစွာ နယ်ချဲ့ရန်ကိုတွန်းလှန် တိုက်ထုတ်နိုင်ခဲ့လို့ မဟာမျိုးချစ်စစ်ပွဲလို့ အမည်တွင်တာဖြစ်ပါတယ်။
ပွင့်လင်းစွာပြောရရင် မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်ပွဲရယူနိုင်ခဲ့တဲ့ စစ်ပွဲဖြစ်လို့လည်း မဟာမျိုးချစ်စစ်ပွဲလို့ခေါ်တွင်တာပါ။ သူ့ရှေ့မှာ မျိုးချစ်စစ်ပွဲဆိုတာ ဖြစ်ပွားခဲ့ပါသေးတယ်။ ၁၈၁၂ ခုနှစ် နပိုလီယံလက်ထက်မှာ ပြင်သစ်က ရုရှားအင်ပါယာကို ကျူးကျော်ခဲ့တာပါ။ အဲဒီစစ်ပွဲကိုတော့ မျိုးချစ်စစ်ပွဲလို့သာခေါ်ပါတယ်။ အခုမဟာမျိုးချစ်စစ်ပွဲကြီးရဲ့ နောက်ခံအကြောင်းရင်းကို ရှင်းပြပါဦးမယ်။
ကမ္ဘာမှာနိုင်ငံပေါင်းစုံပါဝင်ပြီး ကမ္ဘာနဲ့ချီတဲ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးတာ အားလုံးအသိပါ။ သူ့ကိုပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ဆိုပြီးခေါ်ပါတယ်။ ဒီနေရာမှာ ဒုတိယကမ္ဘာစစ်အကြောင်းကိုသာ အဓိကထားပြီးပြောပါမယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားရတဲ့အကြောင်းရင်းက ဝင်ရိုးတန်းနိုင်ငံများနဲ့ မဟာမိတ်အဖွဲ့များကြား အားပြိုင်မှုကနေတစ်ဆင့် နယ်ချဲ့ကျူးကျော်မှုတွေ ဖြစ်ပွားလာရတဲ့အတွက်ဖြစ်ပါတယ်။
၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ နာဇီဂျာမနီတို့က ပိုလန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းဖြင့် ဒုတိယကမ္ဘာစစ် စတင်လာခဲ့ရတာပါ။ အဲဒီအချိန်တုန်းက အခုရုရှားနိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကို ဦးဆောင်သူပေါ့။ အစောပိုင်းတုန်းက ဆိုဗီယက်ပြည်ထောင်စုဟာ ဒုတိယကမ္ဘာစစ်ထဲကို ဝင်ပါခြင်းမရှိပါဘူး။ ဒါပေမဲ့ နာဇီဂျာမနီတို့က စစ်သွေးစစ်မာန်တွေတက်ကြွပြီး ဆိုဗီယက်ပြည်ထောင်စုအပေါ်ကျူးကျော်လာတဲ့အတွက် ဆိုဗီယက်ပြည်ထောင်စုကလည်း နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ထုတ် ခဲ့တာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ဟာ မဟာမိတ်များနဲ့ ဝင်ရိုးတန်းနိုင်ငံများကြား အားပြိုင်မှုကြောင့် ဖြစ်ပွားရတယ်ဆိုပေမယ့် ဆိုဗီယက်ပြည်ထောင်စုအပေါ် နာဇီဂျာမနီတို့ရဲ့ ကျူးကျော်မှု ကိုတော့ ဆိုဗီယက်ပြည်ထောင်စုကသာ ကြံ့ကြံ့ခံတွန်းလှန်တိုက်ထုတ်ခဲ့ရတာပါ။
အစောပိုင်းတုန်းကတော့ ဆိုဗီယက်ပြည်ထောင်စုဟာ နာဇီဂျာမနီတို့ရဲ့ လက်အောက်ကို ကျရောက်လုနီးပါးဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုမှ တစ်ပြည်တည်းသားတွေဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မျိုးချစ်စိတ်ဓာတ်တက်ကြွလာမှုနဲ့အတူ စစ်ပွဲကြီးထဲကို ကိုယ်တိုင်အသိစိတ်ဖြင့် ပါဝင်လာပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြခြင်းကြောင့်သာ နာဇီဂျာမနီတို့ကို ဘာလင်မြို့အထိ တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်အပေါ် နာဇီဂျာမနီတို့က ဘယ်လိုမှ တင်းခံနိုင်ခြင်းမရှိတော့ဘဲ ၁၉၄၅ ခုနှစ် မေလ ၈ ရက် ညပိုင်းမှာ လက်နက်ချအညံ့ခံလိုက်ရပါတော့တယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ် မေလ ၉ ရက်ကို မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်တာပါ။
မဟာမျိုးချစ်စစ်ပွဲကြီးဆိုတာက ဆိုဗီယက်ပြည်ထောင်စုဖွား နိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှုကို ဖော်ကျူးနေတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်းမှာတော့ ယခင်ဆိုဗီယက် ပြည်ထောင်စုကြီးနဲ့အတူ နယ်ချဲ့တို့ကိုတွန်းလှန် တိုက်ထုတ်ခဲ့ကြသူများရဲ့ သားစဉ်မြေးမြစ်တွေက မျိုးချစ်စိတ်ဆိုတာကို မေ့လျော့သွားကြပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်သွားပေမယ့် ရုရှားနိုင်ငံနဲ့အတူ ဆက်လက်တည်ရှိနေတဲ့ နိုင်ငံအချို့ကသာ မျိုးချစ်စိတ်ရှင်သန်ထက်မြက်အောင် သူတို့ရဲ့မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနေတာတွေ့ရပါတယ်။ ဘယ်လိုနည်းနဲ့ လက်ဆင့်ကမ်းပေးနေလဲဆိုရင် အခုလိုမျိုး စစ်ရေးပြ အခမ်းအနားကြီးတွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းအားဖြင့် လက်ဆင့်ကမ်းပေးနေတာပါ။
အခုဆက်ပြီးတော့ စစ်ရေးပြအခမ်းအနားကြီးနဲ့ ပတ်သက်တဲ့ မှတ်သားဖွယ်ရာတချို့ကို ဆက်လက်ပြောပြပါမယ်။ ဟိုးအရင်နှစ်များဆီက မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အခုလိုမျိုး ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကြား အားပြိုင်မှုများ၊ ပြည်တွင်းရေးမှာ နိုင်ငံရေးလွန်ဆွဲမှုများ အစရှိတဲ့ အကြောင်းရင်းများစွာကြောင့် စစ်ရေးပြ အခမ်းအနားကို ကျင်းပနိုင်ခြင်းမရှိခဲ့တာပါ။ အဲဒီအချိန်မှာ ဆိုဗီယက်ပြည်ထောင်စုဖွားနိုင်ငံသားများရဲ့ မျိုးချစ်စိတ်ဓာတ်သည်လည်း မှေးမှိန်ခဲ့ရကာ နောက်ဆုံးမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရတာက ၁၉၉၁ ခုနှစ်မှာပါ။ အဲဒီအချိန်မှာ အောင်ပွဲနေ့စစ်ရေးပြ အခမ်းအနား ကျင်းပနိုင်ခြင်းမရှိတဲ့အပြင်
၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ရင်ပြင်နီမှာ ကျင်းပနိုင်ခြင်းမရှိဘဲ ဒေသတချို့မှာသာ ကျင်းပနိုင်ခဲ့ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၅၀) ပြည့်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှစလို့ ယနေ့အချိန်အထိ တစ်နှစ်မှမပျက်ကွက်ဘဲ စစ်ရေးပြအခမ်းအနားကို ကျင်းပလာခဲ့ခြင်းကြောင့် ရုရှားပြည်သူများရဲ့ မျိုးချစ်စိတ်ဓာတ်များသည်လည်း ပြန်လည်ရှင်သန်နိုးကြားလာခဲ့ရပါတယ်။ အထူးသဖြင့် လက်ရှိရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်လက်ထက်မှာ စစ်ရေးပြအခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလာခဲ့တာပါ။ စစ်ရေးပြအခမ်းအနားနဲ့ မျိုးချစ်စိတ်ကဘယ်လို ပတ်သက်နေလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပါဦးမယ်။ စစ်ရေးပြအခမ်းအနားတစ်ခု ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုရင် ငွေအား၊ လူအားအစရှိတဲ့ အရင်းအမြစ်တွေ အားလုံးထုတ်သုံးရပါတယ်။ စစ်ရေးပြအခမ်းအနားမှာ ပါဝင်စစ်ရေးပြကြသူတွေကလည်း အားမာန်အပြည့်နဲ့ကို စစ်သွေးစစ်မာန်တက်ကြွစွာ ပါဝင်စစ်ရေးပြကြရတာပါ။ စစ်ရေးပြလျှောက်သူတွေရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ကြည့်နေသူတွေကို ရဲစိတ်ရဲမာန်တက်ကြွစေပါတယ်။ ပြီးတဲ့အခါ သူတို့ဘာကြောင့် အခုလိုမျိုးတက်ကြွမှုနဲ့ စစ်ရေးပြလျှောက်နေရတာလဲဆိုတာကို ဆက်စပ်တွေးမိစေပါတယ်။ အဲဒီလိုတွေးမိတဲ့အခါ စစ်သည်တိုင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်နေကြသူတွေပါလား ဆိုတဲ့ အတွေးဝင်လာစေပါတယ်။ ဒီလိုမျိုးအတွေးဝင်လာမှုနဲ့အတူ ကိုယ်သည်လည်း သူတို့လိုမျိုး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်လိုစိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ နောက်ဆုံးမှာတော့ မျိုးချစ်စိတ်က ရှင်သန်ထက်မြက်လာရခြင်းပဲဖြစ်ပါတယ်။
အခုရုရှားတို့ရဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို ကြည့်လိုက်ရင်လည်း ရုရှားပြည်သူတွေအနေနဲ့ ဘယ်လောက်အထိ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေတယ် ဆိုတာကိုတွေ့ရပါတယ်။ အဲဒီအခမ်းအနားမှာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်ဟောင်းကြီးများ ကိုယ်တိုင်သာမက သူတို့ရဲ့သားမြေးမြစ်များကိုပါ ခေါ်ဆောင်လာခဲ့တာလည်း တွေ့ရပါသေးတယ်။ ဒါဟာ စစ်သည်တော်ဟောင်းကြီးများက သူတို့ရဲ့မျိုးချစ်စိတ်ဓာတ်ကို သားစဉ်မြေးမြစ် လက်ဆင့်ကမ်း အမွေပေးခြင်းလည်း ဖြစ်ပါတယ်။ စစ်ရေးပြ အခမ်းအနားနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ သတ်မှတ်ချက်တစ်ခုရှိပါတယ်။
အဲဒါကတော့ ဒီစစ်ရေးပြအခမ်းအနားကို ဖိတ်ခေါ်ခံရသူတိုင်းဟာ အသက်ငါးနှစ်အရွယ်ကစလို့ ကလေးငယ်တွေကို ခေါ်လာခွင့်ရှိတယ်ဆိုတဲ့အချက်ပါပဲ။
အသက်ငါးနှစ်ဆိုတာ တစ်ခုခုကိုအားကျ အတုယူတတ်တဲ့အရွယ်၊ သင်လွယ်တတ်လွယ်အရွယ်ဖြစ်တာကြောင့် စစ်ရေးပြအခမ်းအနားကို လာကြည့်တဲ့ သူတို့လေးတွေရဲ့စိတ်ထဲမှာ မျိုးချစ်စိတ်ဓာတ်က မသိမသာ ဝင်ရောက်နေရာယူသွားပါတယ်။ ဒီလိုနဲ့ သူတို့လေးတွေ အရွယ်ရောက်လာချိန်မှာ သူတို့ရင်ထဲကိန်းအောင်းနေတဲ့ မျိုးချစ်စိတ်ဓာတ်က တဖြည်းဖြည်းနဲ့ ရှင်သန်ရင့်ကျက် ထက်မြက်လာပါတော့တယ်။
ဒီစစ်ရေးပြအခမ်းအနားကို ကျင်းပပေးရခြင်းဟာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်သည်တော်များကိုသာမက ဘက်စုံထောင့်စုံမှ ပါဝင်ကူညီပေးခဲ့ကြတဲ့ ပြည်သူများကိုပါ ဂုဏ်ပြုပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း စစ်ရေးပြအခမ်းအနားကို တက်ရောက်လာကြတဲ့ ရုရှားနိုင်ငံသူ၊ နိုင်ငံသားတိုင်းက စစ်ရေးပြမှာပါဝင်စစ်ရေးပြကြသူများမှတစ်ဆင့် ရုရှားစစ်သည်တော်တွေကိုပါ ယုံကြည်လေးစားအားကိုးတဲ့စိတ်တွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီကမှတစ်ဆင့် ရုရှားစစ်သည်တော်တွေနဲ့ ရုရှားပြည်သူတွေကြားမှာ တစည်းတလုံးတည်း ရှိလာတာကိုလည်း လေးစားဖွယ်ရာမြင်တွေ့ရပါတယ်။ ဒီလိုမျိုးအခြေအနေ ဖြစ်လာရခြင်းရဲ့အဓိကအကြောင်းရင်းကို မြစ်ဖျားခံကြည့်တော့ မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးရဲ့ အောင်မြင်မှုက ရုရှားပြည်သူတွေရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်ကို ကိန်းအောင်းလာစေတာပါ။ မျိုးချစ်စိတ် ကိန်းအောင်းပြီး ရှင်သန်ထက်မြက်လာမှုက သူရဲကောင်းတွေကို ပေါ်ထွက်လာစေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ဓာတ်ကို အရင်းခံပြီးရရှိခဲ့တဲ့ အောင်မြင်မှုများစွာရှိပါတယ်။ ဥပမာအားဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်တာမျိုး၊ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တာမျိုး၊ တရုတ်ဖြူတို့ရဲ့ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်တာမျိုးတွေဟာ မြန်မာစစ်သည်တော်များရဲ့ မျိုးချစ်စိတ်ကို အရင်းခံပြီး အောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ မဟာမျိုးချစ်စစ်ပွဲကြီးမှာ ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံသူ၊ နိုင်ငံသားများက မျိုးချစ်စိတ်ကိုအရင်းခံပြီး သူရဲကောင်းတွေဖြစ်ခဲ့ကြသလို ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မျိုးချစ်စိတ်ကိုအရင်းခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ သူရဲကောင်းတွေများစွာရှိပါတယ်။ ဒီသူရဲကောင်းတွေရဲ့ သားစဉ်မြေးမြစ်တွေသည်လည်း လက်ရှိမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေကြတုန်းပါပဲ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးက သူရဲကောင်းများရဲ့ မျိုးဆက်များဖြစ်ကြပါတယ်။ သူရဲကောင်းများရဲ့ မျိုးဆက်များပီပီ ကျွန်တော်တို့အားလုံးမှာလည်း မျိုးချစ်စိတ်ဓာတ်ဆိုတာရှိပါတယ်။ ဒါကြောင့်လည်း မဟာမျိုးချစ်စစ်ပွဲကြီးကြောင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ရင်ထဲမှာ မျိုးချစ်စိတ်ဓာတ်ပျံ့နှံ့ ရှင်သန်လာသလိုမျိုး ကျွန်တော်တို့ရဲ့ သူရဲကောင်းဘိုးဘေးဘီဘင်များကြောင့်လည်း ကျွန်တော်တို့ရဲ့ရင်ထဲမှာ မျိုးချစ်စိတ် ပျံ့နှံ့ရှင်သန်လာသင့်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အမျိုးမှန်ပြီးအဖိုးတန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ မြန်မာ့တပ်မတော်ဆိုတာကလည်း သမိုင်းကြောင်းကောင်းများနဲ့ ရှင်သန်ရပ်တည်လာတဲ့၊ ရပ်တည်နေဆဲ၊ ဆက်လက်ပြီး ကမ္ဘာတည်သရွေ့ ရပ်တည်သွားမယ့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာပါဝင်ပြီး တာဝန်ထမ်းဆောင်နေကြသူများဟာ သာမန်လူတွေထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သူများဖြစ်တယ်လို့ဆိုရမှာပါ။ တကယ်တော့ တပ်မတော်သားများသာမက ပြည်သူတစ်ရပ်လုံးကပါ တပ်မတော်သားများနဲ့အတူ တစည်းတလုံးတည်းရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာမယ် ဆိုရင်ဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံသည်လည်း သူရဲကောင်းတို့ပျော်ရာ မြေမဟာ ဖြစ်လာမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories

တည်နေရာ
ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး(Court of Tax Appeals) သည် ဖိလစ်ပိုင်နိုင်ငံ၊ မက်ထရို မနီလာဒေသ၊ ကွီဇွန်မြို့ (Quezon City ) တွင် တည်ရှိပါသည်။ တရားရုံး၏ ဌာနခွဲ(၃)ခုမှာလည်း အဆိုပါ ရုံးချုပ်တွင်ပင် ဖွင့်လှစ်ထားပါသည်။
ဖွဲ့စည်းပုံ
ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီးနှင့် တွဲဖက်တရားသူကြီး (၈) ဦးတို့က အမှုများကို ကြားနာစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထိုတရားရုံး ဖွဲ့စည်းပုံတွင် အောက်ပါဌာနများ ပါဝင်သည် -

(၁) ဦးဆောင်တရားသူကြီးရုံး (Office of the Presiding Justice)
(၂) တွဲဖက်တရားသူကြီးများ၏ ရုံးများ (Offices of the Associate Justices)
(၃) တရားရုံးအတွင်းရေးမှူးရုံး (Office of the Clerks of Court)
(၄) ဥပဒေနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုရုံး (Legal and Technical Services Office)
(၅) အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုရုံး (Office of Administrative and Finance Services)
ဦးဆောင်တရားသူကြီး (Presiding Justice)
ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး၏ လက်ရှိ ဦးဆောင်တရားသူကြီးမှာ ရိုမန် ဂီ. ဒယ် ရိုဆာရီယို (Hon. Roman G. Del Rosario) ဖြစ်ပါသည်။ ၎င်းသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အခွန်အယူခံတရားရုံး (Court of Tax Appeals - CTA) ၏ ဦးဆောင်တရား သူကြီးအဖြစ် ခန့်အပ်ခံရပါသည်။ ဦးဆောင်တရားသူကြီးသည် တရားရုံး စုံညီခုံ (En Banc) ၏ ကြားနာစစ်ဆေးမှုများကို ဦးဆောင်ရပြီး တရားရုံးရှိ ပထမဌာနခွဲ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ပါသည်။
အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီးသည် တရားရုံး၏ အကြီးအမှူးဖြစ်ပြီး အယူခံတရားရုံး (Court of Appeals) ၏ ဦးဆောင်တရားသူကြီးနှင့် အဆင့်တူ လစာ၊ ခံစားခွင့်များ ရရှိပါသည်။ ၎င်းသည် ဌာနအကြီးအကဲများအား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကြီးကြပ်မှုများကို ဆောင်ရွက်ရပြီး တရားရုံး၏ လုပ်ငန်းဆောင်တာများကို စောင့်ကြည့် ရပါသည်။
တွဲဖက်တရားသူကြီးများ (Associate Justices)
အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီး၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်း များတွင် ကူညီရန် တွဲဖက်တရားသူကြီး (၈) ဦးခန့်အပ်ထားပြီး ၎င်းတို့မှာ အယူခံတရားရုံး၏ တွဲဖက်တရားသူကြီးများနှင့် အဆင့်တူ လစာနှင့် အခွင့်အရေးများ ရရှိပါသည်။
အတွင်းရေးမှူးရုံးအဖွဲ့ (Office of the Clerk of Court - OCC)
တရားရုံး၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးအရာရှိနှင့် ဝန်ထမ်းများကို ခန့်အပ်ထားပါသည်။ ထို့ပြင် ဌာနခွဲ(၃)ခုတွင် အတွင်းရေးမှူး (၁) ဦးစီ ခန့်အပ် ထားပါသည်။ အုပ်ချုပ်ရေးအရာရှိသည် ဦးဆောင်တရားသူကြီး၏ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင်ရှိပြီး စုံညီခုံအဖွဲ့ (En Banc) ၏ အစည်းအဝေးများနှင့် အမှုစစ်ဆေးမှုများတွင် တရားသူကြီးများအား ကူညီဆောင်ရွက်ပေးရပါသည်။ ဌာနခွဲအတွင်းရေးမှူးများသည် သက်ဆိုင်ရာ ဌာနခွဲများမှ တရားသူကြီးများ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရပြီး ဌာနခွဲအဆင့် အမှုများစစ်ဆေးရာတွင် ကူညီဆောင်ရွက်ပေးရပါသည်။
နောက်ခံသမိုင်း
အခွန်အယူခံတရားရုံးကို ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ထိုစဉ်က ၎င်း၏ တရားစီရင်ပိုင်ခွင့် နယ်ပယ် ကန့်သတ်ချက်များကြောင့် တရားသူကြီး (၃) ဦးသာရှိခဲ့ပြီး ယင်းဖွဲ့စည်းပုံမှာ လက်ရှိတရားရုံး ၏ ဌာနခွဲတစ်ခုစာ ဖွဲ့စည်းပုံအင်အားသာရှိပါသည်။
၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ (R.A. 9282) ပြဋ္ဌာန်း ခဲ့ပြီးနောက် အခွန်အယူခံတရားရုံးသည် အယူခံတရားရုံး (Court of Appeals) နှင့် အဆင့်တူ ဖြစ်လာပါသည်။ တရားရုံး၏ ဖွဲ့စည်းပုံကိုလည်း ဦးဆောင် တရားသူကြီး (၁) ဦးနှင့် အကြီးတန်း တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦးအထိ တိုးမြှင့်ခန့်အပ်ခဲ့ပါသည်။
သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ အရ အခွန်အယူခံတရားရုံးသည် စုံညီခုံ (En Banc) သို့မဟုတ် ဌာနခွဲနှစ်ခုမှ အဖွဲ့(၂) ဖွဲ့ (တစ်ဖွဲ့လျှင် တရားသူကြီး ၃ ဦးစီ) ဖြင့် စစ်ဆေးနိုင် ပါသည်။ ဌာနခွဲတစ်ခု၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက စုံညီခုံအဖွဲ့ (En Banc) သို့ အယူခံ တင်သွင်းလျှောက်ထားနိုင်ပြီး ထိုစုံညီခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမူ နိုင်ငံတော်၏ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ ပြန်လည်စိစစ် သုံးသပ်ပေးရန် လျှောက်ထား တင်ပြနိုင်ပါသည်။
သို့သော် ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၅၀၃ (R.A. 9503) ကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် အာဏာသက်ရောက်လာပါသည်။ ဤအက်ဥပဒေဖြင့် အခွန်အယူခံတရားရုံး၏ ဖွဲ့စည်းပုံကို တတိယဌာနခွဲ ထပ်မံဖွဲ့စည်းခြင်းနှင့် ပူးတွဲတရားသူကြီး (၃) ဦး ထပ်မံတိုးမြင့်ခန့်အပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီး (၁) ဦး နှင့် တွဲဖက် တရားသူကြီး (၈) ဦး ခန့်အပ်ထားရှိပါသည်။ အခွန်အယူခံတရားရုံးအနေဖြင့် အမှုများ ကြားနာစစ်ဆေး ရာတွင် စုံညီခုံ (En Banc) အနေဖြင့်လည်းကောင်း၊ ဌာနခွဲ ၃ ခု (တစ်ခုလျှင် တရားသူကြီး ၃ ဦးစီ) ဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။
အခွန်အယူခံတရားရုံးသည် ဖိလစ်ပိုင်နိုင်ငံ တရားစီရင်ရေးစနစ်၏ တရားရုံးများအနက်မှ အရေးပါသော တရားရုံးတစ်ရုံးဖြစ်ပြီး နိုင်ငံတော်တရားလွှတ်တော်ချုပ်(Supreme Court) ကြီးကြပ်မှုအောက်တွင် ရှိနေပါသည်။
သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) အရ အခွန်အယူခံတရားရုံး၏ မူလအယူခံ တရားစီရင်ပိုင်ခွင့်များ
အခွန်အယူခံတရားရုံးသည်အောက်ပါဆုံးဖြတ်ချက်များကို အယူခံဝင်နိုင်သည့် တစ်ခုတည်းသော တရားရုံးဖြစ်ပါသည် -
(၁) ပြည်တွင်းအခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ
(က) အငြင်းပွားနေသော အခွန်အခဆိုင်ရာ စည်းကြပ်မှုများ
( ခ ) ပြည်တွင်းအခွန်၊ အခကြေးငွေ သို့မဟုတ် အခြားကောက်ခံမှုများအတွက် ပြန်အမ်းငွေဆိုင်ရာ ကိစ္စများ
( ဂ ) အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် သက်ဆိုင်သည့် ပြစ်ဒဏ်များ
(ဃ) အခွန်ဌာန(BIR)က စီမံခန့်ခွဲသည့် အခြားဥပဒေများနှင့် သက်ဆိုင်သော ကိစ္စရပ်များ
(၂) အကောက်ခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ
(က) အကောက်ခွန်၊ အခကြေးငွေ သို့မဟုတ် အခြားငွေကြေးဆိုင်ရာ ကောက်ခံမှုများ
( ခ ) ပစ္စည်းများသိမ်းဆည်းခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ကင်းလွတ်ပေးခြင်း ဆိုင်ရာ ကိစ္စများ
( ဂ ) ဒဏ်ကြေးငွေနှင့် အခြားအပြစ်ဒဏ်များ
(ဃ) အကောက်ခွန်ဥပဒေ (Customs Law) နှင့် သက်ဆိုင်သည့်အခြား ကိစ္စများ
(၃) ဘဏ္ဍာရေးဝန်ကြီးထံ အယူခံမှုများ
အကောက်ခွန်ကော်မရှင်နာက အခွန်ထမ်းဘက်သို့ သက်သာခွင့်ပေးသော ဆုံးဖြတ်ချက်များ ကို ဘဏ္ဍာရေးဝန်ကြီးထံ တင်ပြခြင်း (TCC ပုဒ်မ ၂၃၁၅ အရ)
(၄) ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး (သို့) စိုက်ပျိုးရေးဝန်ကြီး၏ ဆုံးဖြတ် ချက်များ
(Anti-Dumping Duty, Countervailing Duty နှင့် Safeguard Duty ဆိုင်ရာ ဆုံးဖြတ်ချက်များ)
R.A. 9282 အရ အခွန်အယူခံတရားရုံး၏ တရားစီရင်ပိုင်ခွင့် ထပ်မံတိုးမြင့်ခြင်း
ဤဥပဒေအရ အခွန်အယူခံတရားရုံး၏ မူလအယူခံတရားစီရင်ပိုင်ခွင့်ကို အောက်ပါအတိုင်း ထပ်မံတိုးမြင့်ခဲ့ပါသည် -
(၁) အခွန်ရာဇဝတ်မှုဆိုင်ရာအမှုများ
အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် အကောက်ခွန်နှုန်းနှင့် အကောက်ခွန်ဥပဒေ (Tariff and Customs Code) ကိုချိုးဖောက်သည့် အမှုများ
(၂) ဒေသဆိုင်ရာ အခွန်များနှင့် ပတ်သက်သည့် ဒေသဆိုင်ရာတရားရုံး (RTC) ၏ ဆုံးဖြတ်ချက်များ
(၃) ဗဟို အခွန်စည်းကြပ်မှုအယူခံဘုတ်အဖွဲ့ (CBAA) ၏ ဆုံးဖြတ်ချက်များ
(အိမ်ခြံမြေ အခွန်စည်းကြပ်မှုဆိုင်ရာ အငြင်းပွားမှုများ)
(၄) အပြီးသတ် အခွန်စည်းကြပ်ကောက်ခံမှုများ
(ပြည်တွင်းအခွန်နှင့် အကောက်ခွန်ဆိုင်ရာ အပြီးသတ် စည်းကြပ်မှုများဖြစ်သော ကောက်ခံမှုဆိုင်ရာအမှုများ)
အခွန်အယူခံလျှောက်ထားရန် လိုအပ်သည့်အချက်အလက်များ
ဖိလစ်ပိုင်နိုင်ငံတွင် အခွန်ထမ်းတစ်ဦးသည် အခွန်အယူခံမှု လျှောက်ထားရာ၌ လိုအပ်သည့် စာရွက်စာတမ်းများအထောက်အထားများ ပြည့်စုံစွာဖြင့် သတ်မှတ်ကာလအတွင်း တင်သွင်းလျှောက်ထားရပါမည်။ အခြေခံအားဖြင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်သည်ဟု သတ်မှတ်ခံရသော အမိန့် (Assessment Notice) (BIR မှ ပေးပို့သော Formal Letter of Demand သို့မဟုတ် Final Assessment Notice ပါရှိရမည်)၊ အခွန်ထမ်း၏ ကန့်ကွက်ရန် အကြောင်းပြချက် (ဥပမာ - အခွန်တွက်ချက်မှု အမှား၊ ဥပဒေအရ ညီညွတ်မှုမရှိသော အခွန်ကောက်ခံမှု) တို့ မဖြစ်မနေ လိုအပ်ပါသည်။)
ထို့ပြင် အခွန်အယူခံလျှောက်ထားသူသည် အခွန်အယူခံတရားရုံးက သတ်မှတ်ထားသော လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါမည်။ ငွေကြေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ရသည့် ငွေပမာဏ (Amount in Dispute) ကို ဖော်ပြပေးရပါမည်။ လျှောက်လွှာနှင့်အတူ အခွန်ချမှတ်သည့်ဌာန သို့မဟုတ် သက်ဆိုင်ရာအခွန်ကော်မရှင်နာ၏ ဆုံးဖြတ်ချက်အမိန့် မိတ္တူ၊ ငွေတောင်းခံလွှာ (Invoices ) ၊ ဘဏ်ငွေလွှဲစာရွက်များ(Bank Statements ) တို့ ပါဝင်ရပါမည်။ အခွန်ပြန်အမ်းရန် လျှောက်ထားချက် (Refund Claim ) ဖြစ်ပါက သက်ဆိုင်ရာ မှတ်တမ်းများ ပူးတွဲတင်ပြရပါမည်။ အမှုတွဲပါ စာရွက်စာတမ်းများ မိတ္တူ ၃ စုံ ယူဆောင် သွားရပါမည်။
အယူခံလျှောက်ထားသူသည် တရားစွဲဆိုခ (Filing Fee) အဖြစ် အငြင်းပွားမှုပမာဏ၏ ၂ ရာခိုင်နှုန်း (အနည်းဆုံး ပီဆို ၁၀၀၀ မှ အများဆုံး ပီဆို ၂၀,၀၀၀ အထိ) ပေးဆောင်ရပါမည်။
အခွန်အယူခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
အခွန်အယူခံတင်သွင်းသူသည် ကနဦးအဆင့်အနေဖြင့် သက်ဆိုင်ရာအခွန်ဌာနသို့ ကော်မရှင်နာထံ လိပ်မူ၍ ပြန်လည်သုံးသပ်မှု တင်ပြလျှောက်ထားရပါမည်။ သက်ဆိုင်ရာအခွန် ဌာနက ငြင်းပယ်ပါက ငြင်းပယ်ခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း Quezon City ရှိ အခွန်အယူခံ တရားရုံး ရုံးချုပ်သို့ အယူခံမှု တိုက်ရိုက်လာရောက်လျှောက်ထားရပါမည်။ အခွန်အယူခံ တရားရုံးသည် အမှုအပေါ် မူတည်၍ နှုတ်ဖြင့်ကြားနာစစ်ဆေးခြင်း (Oral Arguments) သို့မဟုတ် စာရွက်စာတမ်းများဖြင့် ဆုံးဖြတ်ခြင်း (Memorandum Submission) ဆောင်ရွက် ပေးပါသည်။
အခွန်အယူခံလျှောက်ထားသူအနေဖြင့် သတိပြုရမည့်အချက်များမှာ သက်ဆိုင်ရာ အခွန်ဌာနက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံတင်သွင်းလျှောက်ထားရပါမည်။ အခွန်ဘာသာရပ်ကျွမ်းကျင်သူ၊ ဥပဒေပညာရှင် ရှေ့နေ (Tax Lawyer) များနှင့် ဆွေးနွေးတိုင်ပင်လျှောက်ထားသင့်ပါသည်။ အယူခံလျှောက်ထားစဉ် ကာလအတွင်း အခွန်ယာယီ ရပ်ဆိုင်းခွင့် လျှောက်ထားလိုပါက သီးသန့်လျှောက်ထားရပါမည်။
တရားရုံးဖွင့်လှစ်ချိန်
ဖိလစ်ပိုင်အခွန်အယူခံတရားရုံးသည် အစိုးရရုံးပိတ်ရက်များတွင် ပိတ်ထားမည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈:၀၀ မှ ညနေ ၄:၃၀ အချိန်အထိ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ယမန်နေ့မှအဆက်
အဆင့်ဆင့်အနိမ့်တမံဓာတ်အားပေးစက်ရုံများတွင် မြစ်ရေထုစီးနှုန်းကိုသာ အဓိကအသုံးပြု၍ ရေအားအမြင့်အနည်းငယ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော Reaction Turbine အမျိုးအစားများဖြစ်သည့် Kaplan, Francis , Bulb , Tubular, Propeller & Straflo Turbine များကို အသုံးပြုထားသည်။ ထို Reaction Turbine အမျိုးအစားများသည် Low Head, High Flow အခြေအနေအတွက် အထူးသင့်လျော်ပြီး အကျိုးသက်ရောက်မှုမြင့်မားသည့်တာဘိုင်များဖြစ်ကြသည်။ ၎င်းတို့၏ အဓိကအားသာချက်များဖြစ်ကြသော ရေစီးနှုန်းပြောင်းလဲမှုအမျိုးမျိုးတွင် စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိစေရန် ချိန်ညှိနိုင်သောတံခါးရွက်များနှင့် ဒလက်များ(Wicket Gates & Adjustable blades) ပါရှိခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဒီဇိုင်းကျစ်လျစ်သိပ်သည်းခြင်း၊ သေးငယ်သည့် ရေအားလျှပ်စစ်စက်ရုံများမှ ကြီးမားသောစက်ရုံများအထိ ကုန်ကျစရိတ်သက်သာစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပါးခြင်း၊ ခေတ်မီတာဘိုင်များတွင် ငါးများသည် တာဘိုင်ဒလက်များအတွင်းမှ အလွယ်တကူဖြတ်သန်းသွားလာနိုင်ခြင်းတို့ကြောင့် run-of-river ရေအားလျှပ်စစ်စီမံကိန်းများစွာတွင် နှစ်သက်စရာရွေးချယ်မှုတစ်ခုဖြစ်လာခဲ့သည်။
၁၉ ရာစုမှစတင်၍ အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြသော ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများကို ခေတ်မီနည်းပညာများအသုံးပြု၍ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြသည်။ ရိုင်းမြစ်ရှိ ရေအားလျှပ်စစ်စက်ရုံများကို ခေတ်မီစေရန် ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်းရှိ ရေအားလျှပ်စစ်အခြေခံအဆောက်အအုံများ၏ စွမ်းဆောင်ရည်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုတို့ကိုမြှင့်တင်ရာတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်မှုကိုမြှင့်တင်ရန် တာဘိုင်များအစားထိုးခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း၊ ငါးများဖြတ်သန်း သွားလာနိုင်သောစနစ်များနှင့်ဂေဟစနစ်အပေါ်သက်ရောက်မှုများလျှော့ချခြင်း၊ မြစ်အတွင်း ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများကိုစောင့်ကြည့်လေ့လာခြင်း၊ အနည်အနှစ်ပို့ချမှုများကိုစီမံခန့်ခွဲခြင်း၊ ဆည်များနှင့်အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းအစရှိသော ခေတ်မီနည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထင်ရှားသောဥပမာတစ်ခုအနေဖြင့်လည်းကောင်း၊ စံပြုထိုက်သော အနိမ့်တမံဓာတ်အားပေးစက်ရုံတစ်ခုအနေဖြင့်လည်းကောင်း Rheinfelden အနိမ့်တမံရေအားလျှပ်စစ်စက်ရုံသည် ရိုင်းမြစ်၏ High Rhine အပိုင်း၊ ဆွစ်ဇာလန်-ဂျာမနီနယ်စပ် Rheinfelden မြို့အနီးတွင်တည်ရှိပြီး ၁၈၉၄ ခုနှစ်တွင်စတင်ကာ ၁၈၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုအချိန်က ၎င်းဒေသများသည် စက်မှုလုပ်ငန်းများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသောကြောင့် Rheinfelden စက်ရုံကို ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ ရိုင်းမြစ်အထက်ပိုင်းဒေသများအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန် ရည်ရွယ်ခဲ့ကြသည်။
၂၀ ရာစု အစောပိုင်းက သုံးစွဲခဲ့သော တာဘိုင်များတပ်ဆင်ထားပြီး တပ်ဆင်စက်အင်အား ၂၅ ဒသမ ၇ မဂ္ဂါဝပ်ရှိသည့် Rheinfelden စက်ရုံကို ထိုစဉ်က နည်းပညာဆိုင်ရာ ကြီးမားသောအောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။ စက်ရုံကို မူလက Elektri-zitätswerk Rheinfelden AG (ဆွစ်ဇာလန်ကုမ္ပဏီ) နှင့် Rheinfelden Kraftwerk GmbH (ဂျာမနီကုမ္ပဏီ) တို့က စီမံခန့်ခွဲခဲ့ပြီး ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လျှပ်စစ်မျှဝေသုံးစွဲမှုတို့ကို နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ဤခွဲဝေပိုင်ဆိုင်မှုပုံစံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့အကြား စွမ်းအင်အရင်းအမြစ်ကို မျှဝေစီမံခန့်ခွဲမှု၏ အောင်မြင်သောဥပမာတစ်ခုဖြစ်သည်။
၁၉၆၀ ပြည့်နှစ်နှင့် ၁၉၇၀ ပြည့်နှစ်တို့တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် သိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်လိုအပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ခဲ့သော Rheinfelden မူလစက်ရုံကို ၂၀၀၃ ခုနှစ်တွင် စက်ရုံလည်ပတ်မှုရပ်စဲကာ ဖျက်သိမ်းခဲ့သည်။ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန်၊ ရေထုစီးနှုန်းပိုမိုကောင်းမွန်လာစေရန်၊ ခေတ်မီတာဘိုင်အသစ်များနှင့်လျှပ်စစ်ဓာတ်အားပေးစက်များတပ်ဆင်ပြီး ပိုမိုကောင်းမွန်သောထိန်းချုပ်မှုစနစ်များ အကောင်အထည်ဖော်နိုင်ရန်၊ ငါးများအတွက်ဘေးကင်းသော တာဘိုင်များနှင့် ငါးဖြတ်သန်းနိုင်သောစနစ်များကို ထည့်သွင်းတည်ဆောက်ပြီး ရိုင်းမြစ်၏ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချနိုင်ရန်၊ ဆွစ်ဇာလန်နှင့်ဂျာမနီတို့၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်ထုတ်လုပ်ရန်ဟူသည့်ရည်ရွယ်ချက်တို့ဖြင့် စက်ရုံဟောင်းကိုဖျက်သိမ်းခဲ့ပြီး ၂၀၀၃-၂၀၁၀ ပြည့်နှစ်တွင် Rheinfelden ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ် ၁၀၀ မဂ္ဂါဝပ်ကို ပြန်လည်တည်ဆောက်၍လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခဲ့သည်။
Rheinfelden ရေအားလျှပ်စစ်စက်ရုံသည် အခြားရေအားလျှပ်စစ်စက်ရုံများကဲ့သို့ပင်ဒေသတွင်းရွှေ့ပြောင်းငါးမျိုးစိတ်များအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့သည်။ဤသက်ရောက်မှုများကိုလျှော့ချရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းများ၊ ဂေဟဗေဒဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီစေရန်အတွက် ၂၀၁၁ ခုနှစ်တွင် သဘာဝငါးသွားလမ်းကြောင်းကို ဒီဇိုင်းရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့သည်။ ငါးသွားလမ်းကြောင်းစနစ်ကို ကျောက်တုံးများ၊ ကျောက်ဆောင်များနှင့် ရေတိမ်ဒေသများဖန်တီး၍ သဘာဝမြစ်ကြမ်းပြင်နှင့် နီးစပ်အောင်ပြုလုပ်ထားသည်။ Rheinfelden ငါးသွားလမ်းကြောင်းသည် စွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုတို့ကြား ဟန်ချက်ညီစေရန်အတွက်ဖြေရှင်းရာတွင် အောင်မြင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဤစက်ရုံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ဒေသတွင်းရေအားလျှပ်စစ်သမိုင်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၏ ထင်ရှားသောစီမံကိန်းတစ်ခုလည်းဖြစ်သည်။
ရိုင်းမြစ်တစ်လျှောက် အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ထားခြင်းသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် သင်္ဘောများနှင့်ရေယာဉ်များဘေးကင်းစွာနှင့် ထိရောက်လွယ်ကူစွာ သွားလာနိုင်စေပြီး မြစ်ရေနိမ့်/မြင့်ကိုတည်ငြိမ်စေသည်။ ဤအချက်သည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အထူးအရေးပါပေသည်။ ရိုင်းမြစ်ဝှမ်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် နှင်းများအရည်ပျော်ချိန်များတွင်ရေကြီးမှုများဖြစ်ပေါ်လေ့ရှိသည်။
Cascade Dams များသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် မြစ်အောက်ပိုင်းတွင် ရေကြီးမှုအန္တရာယ်ကို လျှော့ချပေးသည်။ ရေများပြားသည့်ကာလများတွင် ရေကိုသိုလှောင်ထားပြီး တဖြည်းဖြည်းချင်းလွှတ်ပေးခြင်းဖြင့် ရေကြီးမှုကိုကာကွယ်ပေးသည်။တမံနှင့်ရေလွှဲဆည်များသည် မြစ်၏ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့်အိမ်သုံးရေတို့အတွက် တည်ငြိမ်သောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်သည်။ မိုးများသည့်ကာလများနှင့်ရေခဲပျော်သည့်ကာလများတွင်ရေကိုသိုလှောင်ထားပြီး ခြောက်သွေ့၍ရေထုနည်းသည့်ကာလများတွင် ရေကိုဖြည်းညင်းစွာလွှတ်ပေးခြင်းဖြင့် မြစ်ရေနိမ့်/မြင့်ကိုထိန်းသိမ်းပေးနိုင်ပြီး ဂေဟစနစ်ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်သည်။ ရိုင်းမြစ်ပေါ်တွင်ရှိသော အဆင့်ဆင့်အနိမ့်တမံများသည် အကျိုးကျေးဇူးများစွာရှိသော်လည်း မြစ်၏သဘာဝဂေဟစနစ်ကို ထိခိုက်စေခြင်း၊ ငါးများရွှေ့ပြောင်းနိုင်မှုကို ထိခိုက်စေခြင်းနှင့် အနည်အနှစ်စီးဆင်းမှုကိုပြောင်းလဲစေခြင်း၊ ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုရှိခြင်း စသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိသည်။
ထို့ကြောင့် အနိမ့်တမံနှင့်စက်ရုံများတည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုတွင် ဤအကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလာကြပြီး ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများကိုလျှော့ချရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။ ငါးလှေကား၊ ငါးသွားလမ်းကြောင်းတို့ကိုထည့်သွင်းတည်ဆောက်၍ ရွှေ့ပြောင်းငါးများဖြတ်သန်းသွားလာနိုင်အောင် ကူညီပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချပေးသည်။ အချို့ဆည်များတွင် အနည်အနှစ်များကို ဆည်၏အောက်ဘက်သို့ဖြတ်သန်းစေရန် သို့မဟုတ် ငါးများအတွက် နေထိုင်ရာနေရာများ ထိန်းသိမ်းနိုင်ရန် သဲနှင့်ကျောက်စရစ်များကို မြစ်အတွင်းသို့ထပ်မံထည့်သွင်းပေးသောစနစ်များလုပ်ဆောင်လျက်ရှိသည်။ ရေအရည်အသွေး၊ ငါးမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများကိုလည်း အလေးထားစောင့်ကြည့်ပြီး ရိုင်းမြစ်၏ ဂေဟဗေဒဆိုင်ရာထိခိုက်မှုမရှိစေရေးအတွက် တိုးတက်လုပ်ဆောင်လျက်ရှိသည်။ ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ခြင်းသည် ဒေသတွင်း လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများစွာရှိပြီး ပြန်ပြည့်မြဲစွမ်းအင်ထောက်ပံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနေသည်။ သို့သော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူထုရွှေ့ပြောင်းမှုများကဲ့သို့သော စိန်ခေါ်မှုများလည်းများစွာရှိနိုင်သည်။အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများရှိခြင်းသည် စွမ်းအင်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများတိုးတက်စေခြင်း၊ ဆောက်လုပ်ရေး၊ ထိန်းသိမ်းရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ဒေသတွင်းစီးပွားရေးကိုလည်း များစွာထောက်ပံ့ပေးနေသည်။ ဤစက်ရုံများသည် နိုင်ငံတစ်ခုချင်းစီမှသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပြီး ဥရောပ၏ရေရှည်တည်တံ့သောစွမ်းအင်ထုတ်လုပ်မှုရည်မှန်းချက်များအား ပြည့်မီစေရန်အတွက် အထောက် အကူပြုနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံသည်လည်း ရေအရင်းအမြစ်ပေါကြွယ်ဝပြီး မြစ်ကြီးလေးသွယ်နှင့် မြစ်ငယ်များစွာစီးဆင်းလျက်ရှိနေသည့်အတွက် ရေချိုရရှိနိုင်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၊ ရေကြောင်းသွားလာရေးပိုမိုအဆင်ပြေလွယ်ကူနိုင်မှု၊ မြစ်ကြောင်းဖြောင့်တန်းထိန်းသိမ်းမှုများအား ရေရှည်ဆောင်ရွက်နိုင်မှု စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။
အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ခြင်းအားဖြင့်-
(က) ရနိုင်သမျှ လျှပ်စစ်စွမ်းအင်အား စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ခြင်း
(ခ) မြစ်ကြောင်းအတွင်း သောင်ထွန်းနိုင်မှုအခြေအနေများအားလျှော့ချနိုင်ခြင်း
(ဂ) ရေကြောင်းဖြင့် ကုန်စည်ပမာဏများစွာကို ဈေးနှုန်းသက်သာစွာသယ်ယူပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခြင်း
(ဃ) စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များအား လုံလောက်စွာထောက်ပံ့နိုင်ခြင်း
(င) အနိမ့်တမံ၏ Crest များအား တံတားအဖြစ်အသုံးပြု၍ကုန်စည်စီးဆင်းမှုအတွက် ပို့ဆောင်သွားလာဆက်သွယ်နိုင်ခြင်း
(စ) ခြောက်သွေ့ဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင်ပြီးရာသီဥတုမျှတလာနိုင်ခြင်း
(ဆ) ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှကာကွယ်နိုင်ခြင်း
(ဇ) ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း
(ဈ) အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင်ဒေသများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း
(ည) မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ပါတည်းစောင့်ကြည့်ဆောင်ရွက်ခြင်းဖြင့် ရေအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း
( ဋ) ရေစုပ်တင်သိုလှောင်စနစ် ရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ရန် အထောက်အပံ့ဖြစ်စေခြင်း
စသည့်လက်ငင်းအကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။ ဥရောပ၏ နှလုံးသည်းပွတ်ဖြစ်သော ရိုင်းမြစ်အား ထိရောက်အကျိုးရှိစွာအသုံးပြုလျက် ရေရှည်ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ဆောင်ရွက်နေမှုများကိုလေ့လာပြီးအနာဂတ် မြန်မာနိုင်ငံအတွက်လည်း ထိုကဲ့သို့အကျိုးကျေးဇူးများစွာရရှိနိုင်သော ရေအရင်းအမြစ်များ၊ အလားအလာကောင်းများကိုအသုံးချ၍ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။