ယနေ့မျက်မှောက်ကမ္ဘာကြီးတွင်နေ့စဉ်တိုးတက်မှုများကို ဘက်ပေါင်းစုံမှရှုမြင်နိုင်ပေလိမ့်မည်။ လူသားတို့၏ အဓိကလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးတို့အပေါ်တွင် ထပ်ဆောင်း၍နည်းပညာကိုပေါင်းစပ်ထားသော ကမ္ဘာကြီးဖြစ်လာပေသည်။ အဆိုပါနည်းပညာကမ္ဘာ၏ အလိုအပ်ဆုံးအရာကိုပြပါဆိုလျှင် “စွမ်းအင်” အသုံးချနိုင်မှုပင်ဖြစ်သည်။အရင်းအမြစ်မျိုးစုံမှ ထုတ်ယူရရှိနိုင်သော “စွမ်းအင်” အမျိုးမျိုးတို့အထဲတွင် မည်သည့်အရင်းအမြစ်က အကောင်းဆုံးဖြစ်ပါသနည်းဟုမေးခွန်းထုတ်လာပါလျှင် “အကုန်ကောင်းပါသည်၊သို့သော် အကျိုးအပြစ်များကတော့ဖြင့် မတူနိုင်”ဟုသာ ဖြေရမည်ဖြစ်သည်။ သို့သော် ပြန်ပ
ယနေ့မျက်မှောက်ကမ္ဘာကြီးတွင်နေ့စဉ်တိုးတက်မှုများကို ဘက်ပေါင်းစုံမှရှုမြင်နိုင်ပေလိမ့်မည်။ လူသားတို့၏ အဓိကလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးတို့အပေါ်တွင် ထပ်ဆောင်း၍နည်းပညာကိုပေါင်းစပ်ထားသော ကမ္ဘာကြီးဖြစ်လာပေသည်။ အဆိုပါနည်းပညာကမ္ဘာ၏ အလိုအပ်ဆုံးအရာကိုပြပါဆိုလျှင် “စွမ်းအင်” အသုံးချနိုင်မှုပင်ဖြစ်သည်။အရင်းအမြစ်မျိုးစုံမှ ထုတ်ယူရရှိနိုင်သော “စွမ်းအင်” အမျိုးမျိုးတို့အထဲတွင် မည်သည့်အရင်းအမြစ်က အကောင်းဆုံးဖြစ်ပါသနည်းဟုမေးခွန်းထုတ်လာပါလျှင် “အကုန်ကောင်းပါသည်၊သို့သော် အကျိုးအပြစ်များကတော့ဖြင့် မတူနိုင်”ဟုသာ ဖြေရမည်ဖြစ်သည်။ သို့သော် ပြန်ပြည့်မြဲစွမ်းအင်တို့သည် အကောင်းဘက်သို့ ပိုမိုရရှိနိုင်ခြင်းကြောင့် စွမ်းအင်စီမံခန့်ခွဲမှုတွင် ပိုမိုအသုံးချရမည်ဖြစ်ပေသည်။ ပြန်ပြည့်မြဲစွမ်းအင်များထဲတွင်စွမ်းဆောင်ရည် (Efficiency) မြင့်မားသော ရေအားလျှပ်စစ်များသည် ရှေ့တန်းမှဦးဆောင်ပါဝင်နေသည်မှာ ရာစုနှစ်နှစ်စုခန့်ရှိနေပြီဖြစ်ပေသည်။ အလားတူရေအရင်းအမြစ်ကို ရနိုင်သလောက်ထုတ်ယူသုံးစွဲမှု၏ ပြယုဂ်တစ်ခုဖြစ်သော အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်ထုတ်လုပ်မှု (Low Head Cascade Hydropower Dams) များသည်လည်း အဓိကအခန်းကမှပါဝင်ပေသည်။ ထို့ကြောင့် ဥရောပတိုက်၏ စံနမူနာဖြစ်သော၊ ဥရောပတိုက်၏ နှလုံးသည်းပွတ်သဖွယ်ဖြစ်သော “ရိုင်းမြစ်” ၏အကြောင်းကိုရေးသားတင်ပြသွားမည်ဖြစ်သည်။
ရိုင်းမြစ်သည် သမိုင်းတစ်လျှောက် ယဉ်ကျေးမှုနှင့် နိုင်ငံရေးအရ ပေါင်းစည်းမှုကိုဖြစ်စေပြီး အပြုသဘောဆောင်သော သက်ရောက်မှုများနှင့် နိုင်ငံရေးနယ်နိမိတ်အဖြစ် ခွဲခြားသတ်မှတ်မှုများကို ပြောင်းလဲစေနိုင်သည့် စံနမူနာတစ်ခုဖြစ်သည်။ ရောမအင်ပါယာခေတ်မှစတင်ကာ ရိုင်းမြစ်ကို နိုင်ငံရေးနယ်နိမိတ်အဖြစ်သတ်မှတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပြင်သစ်နိုင်ငံက ၎င်း၏သဘာဝနယ်နိမိတ်အဖြစ် တောင်းဆိုခဲ့သည်။ ခေတ်သစ်ကာလတွင် ရိုင်းမြစ်ကိုဗဟိုပြု၍စီးပွားရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုဆီသို့ဦးတည်သွားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုအားကောင်းလာစေခဲ့သည်။ ရိုင်းမြစ်သည် ဥရောပတိုက်၏ အရေးပါသောမြစ်တစ်စင်းဖြစ်ပြီး ၎င်း၏မြစ်ကြောင်းကို အပိုင်းများစွာခွဲကာ လေ့လာနိုင်သည်။ မြစ်၏အရှည်ကို“ရိုင်းကီလိုမီတာ” ဖြင့်တိုင်းတာပြီး ဂျာမနီနိုင်ငံ Konstanz မြို့မှ နယ်သာလန်နိုင်ငံ Hook of Holland အထိသတ်မှတ်ထားသည်။ ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း လုပ်ဆောင်ခဲ့သော မြစ်ကြောင်းပြင်ဆင်မှုများကြောင့်မြစ်၏သဘာဝလမ်းကြောင်းမှာ တိုသွားခဲ့သည်။ Lake Constance နှင့် Alpine Rhine တို့ပါဝင်သော ရိုင်းမြစ်၏စုစုပေါင်းအရှည်ကို တိကျစွာတိုင်းတာရန်ခက်ခဲပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်သာလန်ရေကြောင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအဖွဲ့က ရိုင်းမြစ်၏အရှည်ကို ၁၂၃၂ ကီလိုမီတာ (၇၆၆ မိုင်)အဖြစ်ဖော်ပြခဲ့သည်။
ရိုင်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံရှိအဲလ်ပ်စ်တောင်တန်းများ၏အမြင့်ပိုင်း ဆီးနှင်းနှင့်ရေခဲဖုံးလွှမ်းသောနေရာများတွင် မြစ်ဖျားခံပြီး Vorderrhein နှင့်Hinterrhein ဟူသော မြစ်လက်တက်နှစ်ခုမှစတင်သည်။ Chur မြို့အောက်တွင် ရိုင်းမြစ်သည် အဲလ်ပ်စ်တောင်တန်းများမှထွက်ခွာလာပြီး ဆွစ်ဇာလန်နှင့် လက်ချင်းစတိန်းနိုင်ငံတို့၏ ကြားနယ်နိမိတ်အဖြစ် စီးဆင်းလာခဲ့သည်။ ထို့နောက် ဆွစ်ဇာလန်နှင့်ဩစတြီးယားနိုင်ငံတို့ကြားနယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းကာ Lake Constance သို့ဝင်ရောက်၍ မြစ်ဝကျွန်းပေါ်ဒေသအဖြစ်ပြန့်ကားသွားပြီး ရေကြီးရေလျှံမှုကိုကာကွယ်ရန်အတွက်မြစ်ကြောင်းကိုဖြောင့်တန်းစေခြင်း၊မြစ်ကမ်းပါးအားဖြည့်ခြင်းများ ဆောင်ရွက်ထားသည်။Basel ၏အောက်ဘက်တွင် ရိုင်းမြစ်သည် မြောက်ဘက်သို့ဦးတည်စီးဆင်းကာ Vosges တောင်တန်းများနှင့် Black Forest တောင်တန်းများကြား ကျယ်ပြန့်သောမြေပြန့်ဒေသကို ဖြတ်သန်းစီးဆင်းသည်။ ဤဒေသတွင် ၎င်း၏အဓိကမြစ်လက်တက်များနှင့်ပေါင်းဆုံပြီး၁၉ ရာစုအစောပိုင်းတွင် မြစ်ကြောင်းဖြောင့်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ယခုအခါ မြစ်၏ယခင်လမ်းကြောင်းများကို မြစ်ကြောင်းဟောင်းများနှင့် ဖြတ်တောက်ထားသောနေရာများတွင် တွေ့နိုင်သည်။ Lake Constance မှ ထွက်ခွာသောအခါ ရိုင်းမြစ်သည် Untersee မှတစ်ဆင့် စီးဆင်းပြီးထိုနေရာမှ Basel အထိ မြစ်ကို High Rhine ဟုခေါ်ကာ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့ကြား နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည်။ သို့သော် Stein am Rhein အောက်ရှိဒေသတွင် နယ်နိမိတ်သည် အနည်းငယ် လွှဲဖယ်တိမ်းစောင်းသွားပြီး Schaffhausen ရှိ Rhine Falls သည် ဆွစ်ဇာလန်နိုင်ငံအတွင်း၌သာ တည်ရှိသည်။
ရိုင်းမြစ်သည် ဆွစ်ဇာလန်၊ ဩစတြီးယား၊ ဂျာမနီ၊ပြင်သစ်၊ နယ်သာလန်နှင့် လက်ချင်းစတိန်းနိုင်ငံတို့ကို ဖြတ်သန်းစီးဆင်း၍ ရောမခေတ်ကတည်းက တောင်ဥရောပနှင့် မြောက်ဥရောပကို ဆက်သွယ်ပေးခဲ့သော အဓိကရေကြောင်းလမ်းဖြစ်ခဲ့သည်။ ယခုအခါတွင်လည်း ဥရောပ၏အဓိကမြို့ကြီးများဖြစ်ကြသော Amsterdam (နယ်သာလန်)၊ Cologne (ဂျာမနီ)၊ Strasbourg (ပြင်သစ်)၊ Düsseldorf (ဂျာမနီ)၊ Basel (ဆွစ်ဇာလန်)၊ Mannheim (ဂျာမနီ)၊ Rotterdam (နယ်သာလန်) တို့ကို ဖြတ်သန်းစီးဆင်းပြီး ထိုမြို့များအတွက် အရေးပါသော ရေကြောင်းလမ်းတစ်ခုအဖြစ် ဆက်သွယ်ပေးလျက်ရှိသည်။Alpine Rhine, High Rhine, Upper Rhine, Middle Rhine, Lower Rhine နှင့် Delta Rhine တို့သည် ရိုင်းမြစ်၏အဓိကအပိုင်းများဖြစ်ကြပြီး အပိုင်းတစ်ခုစီတွင်ကွဲပြားသောလက္ခဏာများ၊ လှပသောရှုခင်းများ၊ သမိုင်းဝင်နေရာများနှင့် စီးပွားရေးအရအရေးပါသောနေရာများပါဝင်သည်။ ဆွစ်ဇာလန်နိုင်ငံရှိ Anterior Rhine နှင့် Posterior Rhine မြစ်နှစ်ခုပေါင်းဆုံရာမှ ဖြစ်ပေါ်လာပြီး Rhine ချိုင့်ဝှမ်းမှတစ်ဆင့် Lake Constance သို့ စီးဆင်းသော Alpine Rhine (ခေါ်) Lake Constance အပိုင်းသည် ဆွစ်ဇာလန်၊ လက်ချင်းစတိန်းနှင့် ဩစတြီးယားနိုင်ငံတို့ကြား နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည်။ Lake Constance မှစတင်ကာအနောက်ဘက်သို့စီးဆင်းပြီး Rhine Falls သို့ဆင်းသက်သော High Rhine သည် Aare မြစ်နှင့်ပေါင်းဆုံပြီး မြစ်၏ရေထုစီးနှုန်းကို နှစ်ဆဖြစ်စေသည်။ Upper Rhine အပိုင်းသည် Upper Rhine Valley ဒေသကို ဖြတ်သန်းစီးဆင်း၍ မြေဩဇာကောင်းမွန်ခြင်းနှင့် သမိုင်းဝင်အရေးပါမှုတို့အတွက်ကျော်ကြားပြီးလှပသောကျေးရွာများ၊ မြို့များနှင့်မတူညီသောရှုခင်းများကိုတွေ့မြင်နိုင်သည်။ထိုအပိုင်းတွင်Black Forest သည် ရိုင်းမြစ်ဝှမ်း၏ အရှေ့ဘက်တွင်တည်ရှိကာ Vosges တောင်တန်းများသည်လည်းအနောက်ဘက်တွင်တည်ရှိသည်။
ရိုင်းမြစ်တစ်လျှောက်တွင် ရှေးခေတ်ကာလကရိုင်းမြစ်၏ ဗျူဟာမြောက်အရေးပါမှုကို သက်သေပြနေသော ရှေးဟောင်းခံတပ်များနှင့် ရဲတိုက်များစွာတည်ရှိသည့် Upper Middle Rhine Valley ဒေသကိုဖြတ်သန်းစီးဆင်းသော Middle Rhine သည် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရပြီးဂျာမနီနိုင်ငံရှိစပျစ်ခြံများနှင့် လှပသောရှုခင်းများကိုဖြတ်သန်းစီးဆင်းလျက် ဤဒေသတွင် စပျစ်သီးများစိုက်ပျိုး၍ နာမည်ကျော်ဝိုင်များကို ထုတ်လုပ်လျက်ရှိသည်။ Middle Rhine သည် မိုင် ၄၀ ရှည်လျား၍ဂျာမနီနိုင်ငံ Bingen မှ Koblenz အထိ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ရိုင်းမြစ်မှ ၁၃၂ မီတာအမြင့်တွင် Rhine Gorge ၏ ထင်ရှားသည့်အမှတ်အသားတစ်ခုအဖြစ်ခရီးသွားများ၏စိတ်ကိုဆွဲဆောင်နိုင်သော ဒဏ္ဍာရီလာ The Loreley ကျောက်ဆောင်ကိုလည်းတွေ့မြင်နိုင်သည်။ Rhine Gorge သည် သဘာဝနှင့်လူ့ယဉ်ကျေးမှုတို့၏လိုက်လျောညီထွေမှုကို ပြသနေသော ထူးခြားသည့် ယဉ်ကျေးမှုဆိုင်ရာရှုခင်းတစ်ခုဖြစ်သည်ဟု ၂၀၀၂ ခုနှစ်တွင် UNESCO မှ အသိအမှတ်ပြုခဲ့ပြီး ဂျာမနီ၏ ဂုဏ်ယူစရာရှုခင်းများထဲမှတစ်ခုဖြစ်ကာနှစ်စဉ် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များစွာကိုဆွဲဆောင်လျက်ရှိသည်။
Rotterdam (နယ်သာလန်) မှ ဂျာမနီနိုင်ငံ၏အဓိကမြို့တစ်ခုဖြစ်သော Cologne အထိ မိုင် ၃၅၀ခန့်ရှည်လျားပြီးမြစ်ဝှမ်းဒေသကိုဖြတ်သန်းစီးဆင်းသည့် Lower Rhine အပိုင်းသည် ကျယ်ပြန့်ပြီး သင်္ဘောများသွားလာနိုင်သော မြစ်ကြောင်းဖြစ်သည့်အတွက် လူသိများထင်ရှားသည်။Delta Rhine အပိုင်းတွင် Waal, Nederrijn နှင့် IJssel မြစ်များအဖြစ် မြစ်လက်တက်များစွာခွဲထွက်သွားပြီး မြောက်ပင်လယ်ထဲသို့ စီးဝင်သွားသည်။နယ်သာလန်နိုင်ငံ Spijkenisse တွင် နယ်နိမိတ်ကိုဖြတ်ကျော်ပြီး မြစ်၏အကျယ်ဆုံးအပိုင်းသို့ ရောက်ရှိသောနေရာလည်းဖြစ်သည်။
ဒင်ညုမြစ်(Danube)ပြီးလျှင် ဥရောပအလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီးဥရောပတိုက်အတွက်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုအမွေအနှစ်အတွက် အရေးပါသောရေကြောင်းလမ်းလည်းဖြစ်သည့် ရိုင်းမြစ်ပေါ်တွင် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း ဥရောပတိုက်၏စက်မှုလုပ်ငန်းနှင့် ခေတ်မီဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေအားလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများအကောင်အထည်ဖော်ခဲ့ကြသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ရေကြောင်းသွားလာရေး၊ စွမ်းအင်ထုတ်လုပ်မှုနှင့် ရေကြီးမှုကာကွယ်ရေးအစရှိသော အဓိကရည်ရွယ်ချက်များဖြင့် အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်ထုတ်လုပ်မှု (Low Head Cascade Hydropowerdams) များ တည်ဆောက်ခဲ့ကြသည်။ အထူးသဖြင့်မြစ်၏အနိမ့်အမြင့်အခြေအနေနှင့် မြစ်ရေထုစီးနှုန်းတို့တွင်မူတည်၍ ရေအားလျှပ်စစ်ထုတ်လုပ်ရန်သင့်လျော်သည့် ရိုင်းမြစ်အထက်ပိုင်းဖြစ်သောHigh Rhine နှင့် Upper Rhine တို့တွင် အဆင့်ဆင့်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများတည်ဆောက်ခြင်းဖြင့် ဒေသတွင်းတွင် ပြန်ပြည့်မြဲစွမ်းအင်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
Lake Constance မှ Basel အထိ ဖြတ်သန်းစီးဆင်းသွားသော ရိုင်းမြစ်၏အထက်ပိုင်းဖြစ်သည့် High Rhineနှင့် Upper Rhine အပိုင်းတို့တွင် အဆင့်ဆင့်အနိမ့်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၁ ရုံတို့ကို ၁၈၆၀-၁၉၇၇ ခုနှစ်များအတွင်း တည်ဆောက်ခဲ့ကြပြီး ယခုအချိန်ထိလျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲလျက်ရှိသည်။ အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ တပ်ဆင်စက်အင်အား ၂၃၀၀ မဂ္ဂါဝပ်ကျော် ထုတ်လုပ်ရရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထင်ရှားသောစက်ရုံများမှာScha-ffhausen 28.8 MW, Eglisau 46.9 MW, Reckingen 39 MW, Albbruck-Dogern 108 MW, Rheinfelden 100 MW, Augst-Wyhlen 70.5 MW, Birsfelden 100 MW, Kembs 160 MW, Fessenheim 180 MW, Marckolsheim 160 MW, Gambsheim 100 MW, Iffezheim 148 MW နှင့် Rhinau 160 MW အစရှိသော အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံတို့ဖြစ်ကြသည်။ရိုင်းမြစ်ပေါ်တွင်တည်ဆောက်ထားသော အဆင့်ဆင့်အနိမ့်တမံများမှာရေအားလျှပ်စစ်ကို စဉ်ဆက်မပြတ်ထုတ်လုပ်ရရှိနိုင်သော၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအနည်းဆုံးဖြင့် ပြန်ပြည့်မြဲစွမ်းအင်ကိုထုတ်လုပ်ပေးနိုင်သောရေလှောင်ကန်များတည်ဆောက်ခြင်းထက် သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုကို လျော့နည်းစေနိုင်သော၊ မြစ်၏သဘာဝရေစီးဆင်းမှုကိုသာအသုံးပြုသော အနိမ့်တမံအမျိုးအစားများကို တည်ဆောက်ထားသည်။
Source: https://myawady.net.mm/stories

နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည်။ ကာယ၊ ဉာဏ အလုပ်သမားကြီးများ၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုရန် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ နေ့စဉ် ၈ နာရီအလုပ်လုပ်ရန်၊ ၈ နာရီအပန်းဖြေရန်နှင့် ၈ နာရီအနားယူခွင့်ရရှိရန်တောင်းဆိုသည့် အလုပ်သမားသမဂ္ဂများ၏ လှုပ်ရှားမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တွင် ရုံးပိတ်ပေးထားသဖြင့် ကမ္ဘာတစ်ဝန်းရှိ ကာယ၊ ဉာဏ အလုပ်သမားကြီးများသည် မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရရှိကြမည်ဖြစ်သည်။

တောင်းဆိုခဲ့ရ
လွန်ခဲ့သော ၁၈ ရာစုက ဝိသမလောဘသမားအလုပ်ရှင်များသည် အလုပ်သမားများကို တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ ခန့် ခိုင်းစေခဲ့ကြသည်။ အလုပ်သမားများသည် နေ့စဉ် နာရီပေါင်းများစွာ လုပ်ကိုင်ကြရသော်လည်း ထိုက်တန်သော လုပ်ခလစာမရရှိခဲ့ချေ။ ထို့ကြောင့် အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းသည် နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိရေးအတွက် တောင်းဆိုခဲ့ကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်ကာလအတွင်း အလုပ်သမားခေါင်းဆောင်များသည် အလုပ်ချိန် လျှော့ချရေးအတွက် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ကြသည်။ သို့သော် အလုပ်ရှင်များသည် အလွယ်တကူ လိုက်လျောပေးခဲ့ခြင်းမရှိချေ။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တောင်းဆိုသူများကို ဖမ်းဆီးမှုများရှိခဲ့သည်။ အလုပ်သမားတို့၏တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့်ဩစတြေးလျတိုက်သို့ပင် ပျံ့နှံ့ လာခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ချီကာဂိုမြို့၌ပြုလုပ်သည့် အမေရိကန်အလုပ်သမားများအဖွဲ့က တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီသာ သတ်မှတ်ပေးရန်တောင်းဆိုခဲ့သည်။
ထိုသို့တောင်းဆိုမှုများကြောင့် ၁၈၈၉ ခုနှစ် မေလ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်မှစတင်၍ နှစ်စဉ်မေလ ၁ ရက်တွင် ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း အလုပ်သမားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် တရားဝင်ရုံးပိတ်ပေးထားသည်။ ထိုနေ့တွင် ကာယ၊ ဉာဏ လုပ်သားကြီးများသည် လုပ်ငန်းခွင်ဝင်ရန်မလိုဘဲ အနားရသော်လည်း လုပ်ခလစာအပြည့်အဝရရှိကြသည်။ လက်ရှိအချိန်တွင် အလုပ်သမားများသည် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိနေကြပြီ ဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။
ဖွဲ့စည်းထားရှိ
အလုပ်သမားများကို တန်ဖိုးထားသောအားဖြင့် ၁၉၁၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) ကိုဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလုပ်သမားတို့၏ဘဝနှင့် လုပ်ငန်းခွင်တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့သို့ဝင်ရောက်ခဲ့သည်။
ILO ၏ရည်ရွယ်ချက်သည် အလုပ်သမားတို့၏ အလုပ်ချိန်သတ်မှတ်မှု၊ အလုပ်သမားရရှိရေးနှင့် အလုပ်လက်မဲ့ မပေါ်ပေါက်ရေး၊ အလျဉ်မီလစာနှုန်းထားသတ်မှတ်ရေး၊ လုပ်ငန်းခွင်ကြောင့် ရောဂါအနာတရမဖြစ်ပွားရေး၊ ကလေးသူငယ်များကို အလုပ်သမားအဖြစ်စေခိုင်းခြင်းမှအကာအကွယ်ပေးရေး၊ လူငယ်အလုပ်သမား၊ အမျိုးသမီးအလုပ်သမားများအား အကာအကွယ်ပေးရေး၊ သက်ကြီးထောက်ပံ့ကြေးနှင့် အနာတရဖြစ်သူ ထောက်ပံ့ကြေးပေးရေး၊ တိုင်းတစ်ပါး၌အလုပ်လုပ်ရသူများအတွက် အကာအကွယ်ပေးရေး၊ အလုပ်တူလုပ်ရလျှင် လုပ်ခတူရရေး၊ အလုပ်သမားအသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရေး၊ အလုပ်ခွင်သင်တန်းများနှင့် နည်းပညာသင်တန်းများပေးရေးတို့ပင်ဖြစ်သည်။
ကာယ၊ ဉာဏလုပ်သားကြီးများ
စင်စစ်အားဖြင့် ကာယ၊ ဉာဏလုပ်သားကြီးများသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထိုအလုပ်သမားကြီးများကို အတန်းအစားနှစ်မျိုးခွဲခြားနိုင်ပေသည်။
အတတ်ပညာတစ်ခုခုဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသော(White Collar Worker) ဉာဏလုပ်သားနှင့် ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ရုန်းကန်နေကြရသော(Blue Collar Worker) ကာယလုပ်သားတို့ဖြစ်ကြသည်။ လူတိုင်းသည် ဉာဏလုပ်သားအဖြစ်သာအသက်မွေးလိုကြသည်။ သို့သော် ဘဝပေးအခြေအနေအရ လှေထိုး၊ လွှတိုက်၊ ကုန်ထမ်း၊ လယ်ထွန်နေရသော ကာယလုပ်သားများစွာလည်းရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ လူသားတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်ထားရှိသည့် စေတနာအင်အားအပေါ်မူတည်၍ ဆင်းရဲ၊ ချမ်းသာကွာဟသွားကြသည်။
အလေးထားဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားမှု၊ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် တည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ကာယအား၊ ဉာဏအားဖြင့် အရည်အသွေးကောင်းမွန်သည့်ထုတ်ကုန်များကို ဖန်တီးဖော်ဆောင်လျက်ရှိသော အလုပ်သမားအင်အားထုကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အလုပ်သမားများအကျိုးခံစားခွင့်များရရှိစေရေးနှင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေရေးတို့အတွက် အထူး အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားတို့ကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများ စနစ်တကျနှင့်လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးအပါအဝင် အခြားအကျိုးခံစားခွင့်များ ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံသည် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံး ဆောင်ရွက်ခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်ကို လက်ခံကျင့်သုံးလျက်ရှိသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဥပဒေအရ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားအဖွဲ့အစည်း ၃ဝ၁၇ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့ကိုလည်းဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားကလေးများ၏ လူမှုဘဝ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားဆေးရုံကြီးသုံးခု၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း ၆၄ ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးတို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် အလုပ်သမားကြီးများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှစတင်၍ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက်(ASEAN Occupational Safety and Health Network- ASEAN-OSHNET)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်
အမှန်တော့ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ အလုပ်သမားများအရေးကိုအထူးအလေးထားကာ အလုပ်သမားများအခွင့်အရေးအပြည့်အဝရရှိရေးကိုဆောင်ရွက်ပေးလျက်ရှိသည်။ အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး တို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာသတ်မှတ်နိုင်ခဲ့ပြီး အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပြည်ပရောက်အလုပ်သမားများအရေးနှင့်စပ်လျဉ်း၍လည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ခွင့်ပြု၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိသည်။
အထူးသဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့နေရသူများကို သက်ဆိုင်ရာသံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။
အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်ပေးကြပါစို့
လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘွဲ့ရပညာတတ်လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကြီးဖြစ်သည်။ ထိုနေ့သည် ကမ္ဘာ့နိုင်ငံတိုင်း အတွက် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ကာယ၊ ဉာဏလုပ်သားကြီးများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထို့ကြောင့် ကျေးဇူးရှင်အလုပ်သမားကြီးများ၏ လူမှုဘဝဖူလုံရေးအာမခံချက်ရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပေသည်။
ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့်ပါဝင်ထမ်းဆောင်နိုင်ကြရန်လည်း အားထုတ်ကြိုးပမ်း လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် အလုပ်ရှင်များသည် ကာယ၊ ဉာဏလုပ်သားကြီးများ၏ လူမှုစီးပွားဘဝ မြင့်မားလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)သည် လူသားတို့၏အသိဉာဏ်ရည်ကိုတုပ၍ စက်ပစ္စည်းများတွင်ပေါင်းစပ်ကာ လူသားတစ်ဦးကဲ့သို့ တွေးခေါ်နိုင်၊ ဆုံးဖြတ်နိုင်၊ လေ့လာသင်ယူနိုင်သော နည်းပညာဖြစ်သည်။ အချက်အလက်ပေါင်းများကို ခွဲခြမ်းစိတ်ဖြာစိစစ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးချလာခဲ့ ကြသည်။

ကွန်ပျူတာနှင့် လူသားဉာဏ်ရည်ကိုပေါင်းစပ်ကာ စီမံခန့်ခွဲနိုင်မှု၊ ဆန်းစစ်ဝေဖန်တွေးခေါ်နိုင်မှုရှိသော စက်ကိရိယာတီထွင်အသုံးပြုနိုင်ရေး အယူအဆကို ၁၉၅၀ ပြည့်နှစ်မှ စတင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် ထိုသိပ္ပံနှင့် နည်းပညာအခြေခံဉာဏ်ရည်တုစက်များ ထုတ်လုပ်မှုကို AI နည်းပညာဟု သတ်မှတ်ခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်များကြားတွင် စက်ရုံ၊ အလုပ်ရုံများ၌ လေးလံသောပစ္စည်းများကို တစ်ဆင့်ပြီးတစ်ဆင့် အတင်အချပြုလုပ်နိုင်သော၊ အလိုအလျောက် ထပ်တလဲလဲ ပြုလုပ်နိုင်သော စက်ရုပ်အစိတ်အပိုင်းများ စတင်တီထွင်လာခဲ့ကြသည်။ လူသားတို့ပေးထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သည့် ရွေ့လျားနိုင်သော စက်ရုပ်ကို ၁၉၆၆ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်များအတွင်း ကျွမ်းကျင်လူသားတစ်ဦးကဲ့သို့ ဗဟုသုတပြည့်စုံ၍ ဆုံးဖြတ်နိုင်စွမ်းရှိသော Expert System စနစ်တစ်ခုပေါ်ပေါက်လာပြီး ဆေးကုသပြုစုမှုဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် အထောက်အပံ့ပေးလာခဲ့သည်။ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်များတွင် AI နည်းပညာပေါင်းစပ်ကာ ပုံမှန်မဟုတ်သည့်ရောဂါရှိသည့်အခြေအနေကို ရှာဖွေနိုင်သောကြောင့် ဆေးဘက်ကျွမ်းကျင်သူများနှင့် ဓာတ်မှန်ပါရဂူများကို အကူအညီပေးနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် AI စနစ်များသည် အချက်အလက်ပေါင်းများစွာကို စီမံခန့်ခွဲနိုင်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စက်ကိရိ ယာများတွင် ပေါင်းစပ်အသုံးပြုလာခဲ့ကြသည်။
အီလက်ထရွန်နစ် ကျန်းမာရေးဆိုင်ရာမှတ်တမ်း များပြုလုပ်ရာတွင် AI နည်းပညာကို အသုံးပြုလာ သဖြင့် အချက်အလက်ပေါင်းများစွာ စီမံခန့်ခွဲနိုင် ခြင်းကြောင့် ကျန်းမာရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန် တိကျမှုရှိလာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ကာလများတွင် နက်ရှိုင်းစွာလေ့လာမှုနှင့်အတူ ရှုပ်ထွေးသော ကျန်းမာရေးဆိုင်ရာအချက်အလက်များကို စိစစ် အဓိပ္ပာယ်ဖော်၍တစ်ဦးချင်းစီနှင့်ကိုက်ညီသော ကုသမှုစီမံချက်ကို ရေးဆွဲပေးလာနိုင်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချရာတွင်များစွာအထောက်အကူပြုလာခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ယနေ့ခေတ်တွင် Chat GPT ၊ DALL-E2 စသော Generative AI (Gen AI) များ တီထွင်ဖန်တီးနိုင်မှုသည် တခြားကဏ္ဍများနည်းတူ ကျန်းမာရေးကဏ္ဍတွင်များစွာအထောက်အကူပြုလာခဲ့သည်။ တစ်ဦးချင်းစီနှင့်ကိုက်ညီသော ဆေးညွှန်း၊ ဆေးဝါးပမာဏချိန်ညှိပေးနိုင်သကဲ့သို့ ဆေးဝါး သစ်များ ရှာဖွေခြင်း၊ အစီရင်ခံစာရေးသားခြင်း၊ လူနာများအား အသိပညာပေးခြင်း၊ နောင်ဖြစ်လာ နိုင်သည့် ကျန်းမာရေးပြဿနာများ ကြိုတင်ခန့်မှန်း ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားလေ့ကျင့် သင်ကြားပေးခြင်းများ လုပ်ဆောင်လာနိုင်ခဲ့သည်။
သူနာပြုလုပ်ငန်းစဉ်တွင် AI ထိရောက်စွာအသုံး ချနိုင်မှုကို ပေါင်းစပ်ခြင်းသည် ကျန်းမာရေးအခန်း ကဏ္ဍ၏တိုးတက်ပြောင်းလဲမှုပုံစံတစ်ခုအဖြစ် ယူဆနိုင်ပါသည်။ လူနာပြုစုကုသမှုစွမ်းရည်တိုးတက်လာသကဲ့သို့ ကုသမှုဆိုင်ရာဆုံးဖြတ်မှုများတွင် အထောက်အပံ့များစွာ ရရှိစေပါသည်။ လူနာ၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များ စနစ်တကျ သိုမှီးသိမ်းဆည်းစီမံခန့်ခွဲနိုင်သကဲ့သို့ ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနိုင်သည်။ တခြားသောကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာသည်။ ထို့ပြင် ပြုစုကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံရတတ်သော မှားယွင်းမှုများကိုလျှော့ချနိုင်ပြီး အချိန်နှင့်တစ်ပြေးညီထိရောက်သော ပြုစုကုသမှုဆောင်ရွက်နိုင်စေသည်။ ခေတ်မီသူနာပြုစုမှုတွင် AI ပေါင်းစပ်ဆောင်ရွက်နိုင်မှုကို အောက်ပါအတိုင်း တွေ့ရှိရပါ သည်-
(က)Clinical Decision Support
AI သုံးစက်ကိရိယာများသည် လူနာ၏အခြေအနေမှန်ကို စနစ်တကျသုံးသပ်၍ တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ၊ ရှေ့အလားအလာများကို ကြိုတင်ခန့်မှန်းကာ ထိရောက်သောပြုစုကုသမှုကို ပေးစွမ်းနိုင်သည်။ သူနာပြုများအနေဖြင့် လူနာနှင့်ဆိုင်သောအချက်အလက်များ (ဥပမာ- ရောဂါ ရာဇဝင်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ ဓာတ်ခွဲခန်းအဖြေများ)ကို AI သုံး Clinical Decision Support System စနစ် အတွင်းသို့ထည့်သွင်းပြီး AI မှ စဉ်းစားတွေးခေါ်ပေး သော လူနာနှင့်ဆိုင်သည့် ညွှန်ကြားချက်များ(ဥပမာ- အရေးကြီးလူနာဟုသတ်မှတ်ခြင်း၊ ဆေးပမာဏကို ညှိပေးခြင်း)ကိုလိုက်နာကာ ဆရာဝန်များနှင့်ပူးပေါင်း၍ သင့်လျော်သော ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချနိုင်မည်ဖြစ်သည်။ ဆေးပညာဆိုင်ရာ ခိုင်မာသော သုတေသနရလဒ်များကို အခြေခံ၍ Evidence- based ဆုံးဖြတ်ချက်များချနိုင်ရန် တွန်းအားပေး ကူညီသည့်သဘောဖြစ်သည်။
(ခ)Predictive Analytics for patient deterioration
AI သုံးစက်ကိရိယာများသည် လူနာနှင့်ပတ်သက်သောအချက်အလက်ပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာ၍ လူနာများ ချော်လဲနိုင်ခြေ၊ ကျောပူနာဖြစ်နိုင်ခြေ၊ ပိုးဝင်သွေးဆိပ်ပျံ့နှံ့နိုင်ခြေ၊ ဆေးရုံထပ်မံတက် ရောက်နိုင်ခြေ စသည့်နောက်ဖြစ်လာနိုင်သည့် အန္တရာယ်များကို တွက်ချက်ပေးပြီး သူနာပြုများအား အထောက်အကူပြုပေးကြသည်။ AI ၏ မျှော်မှန်းတွက်ချက်မှုပေါ်အခြေခံကာ သူနာပြုများအနေဖြင့် အရေးကြီးလူနာများ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်လုပ်ဆောင်မှုများ စောင့်ကြပ်ကြည့်ရှုမှုကို တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ဆရာဝန်များအနေဖြင့် ပိုမိုသင့်လျော်သော ဆေးဝါး၊ ကုထုံးများကို ပြောင်း လဲပေးခြင်းဖြင့် ကာကွယ်ကုသမှုများကို ပို၍ကောင်း မွန်အောင် ဆောင်ရွက်လာနိုင်သည်။
(ဂ) Patient case Assistance
AI သုံးစက်ရုပ်များ(Robots) ၊ ကိရိယာများ(Devices) အသုံးပြု၍ လူနာများကို ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်သဖြင့် သူနာပြုများအား ပင်ပန်းမှုမှ သက်သာစေနိုင်သည်။ ထို့ပြင် ဆေးဝါးများ လှည့်လည်တိုက်ကျွေးရာတွင်လည်း အသုံးပြုနိုင်သောကြောင့် ဆေးအမျိုးအစား၊ ဆေးဝါးပမာဏမှန်ကန်မှုရစေပြီး ကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံတတ်သော ဆေးမှားတိုက်မိခြင်း၊ ဆေးမတိုက်မိခြင်းပြဿနာများမှလည်း ပြေလည်စေနိုင်ပါသည်။ AI chatbots, virtual assistants များ အသုံးပြုခြင်းသည် လူနာများအတွက် အကူကောင်းတစ်ဦးကဲ့သို့ အထောက်အကူပြုစေနိုင်ပါသည်။ ကျန်းမာရေးအကြံပေးမှုများ၊ ကျန်းမာရေးဆိုင်ရာ သိလိုသည်များ ဖြေကြားပေးခြင်းသာမက ဆေးဝါးများသောက်ရန် အသိပေးခြင်း၊ follow up ပြန်ပြရန် သတိပေးခြင်းများ ပြုလုပ်နိုင်သည်။ သူနာပြုများကလည်း ထို AI အကူစနစ်များမှပေးပို့သောသတင်းစကားအရ ပိုမိုကောင်းမွန်သော ထပ်မံကြည့်ရှုမည့် ရက်ချိန်းပေးနိုင်သကဲ့သို့ ရောဂါမျိုးစုံရှိသော၊ ရောဂါအခြေအနေထိန်းညှိရခက်သောလူနာများကို အထူးစောင့်ကြပ်သတိထားနိုင်မည်ဖြစ်သည်။ တစ်ဦးချင်းစီနှင့်သက်ဆိုင်သောရောဂါရာဇဝင်၊ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်ပုံစသည့်အချက်အလက်များပေါ်အခြေခံ၍ Personalized ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံချက်များကို AI မှ ရေးဆွဲပေးနိုင်သောကြောင့်သူနာပြုများသည်လူနာတစ်ဦးချင်းနှင့်ကိုက်ညီသောပြုစုကုသမှုကို ဆောင်ရွက်ပေးလာနိုင်သည်။ X-rays၊ CT scan ၊ MRI စသည့်ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ရာတွင် AI သုံးစက်ကိရိယာများသည် တိကျသောအဖြေများပေးနိုင်သောကြောင့် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်များအတွက် အထောက်အပံ့ဖြစ်စေခြင်းဖြင့်လူနာများအတွက် ပို၍သင့်လျော်သော ပြုစုကုသမှုပေးနိုင်လာပါသည်။
(ဃ)Remote Monitoring and Telehealth
လူနာများသည် AI သုံးစက်ကိရိယာများ ဝတ်ဆင်ထားခြင်းဖြင့်နေ့စဉ်အချိန်နှင့်အမျှပြောင်းလဲနေသော သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်စသည့်နှလုံး၊အဆုတ် လုပ်ဆောင်မှုဆိုင်ရာအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ပြီးခွဲခြမ်းစိစစ်ကာ ကြုံလာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း နိုင်သည်။ နာတာရှည်ရောဂါလူနာများ၏ မိမိအိမ်တွင်း နေထိုင်စဉ် ကျန်းမာရေးအခြေအနေကိုသူနာပြုများကအဝေးရောက်စောင့်ကြည့်ကိရိယာများမှ ပေးပို့သော သတင်းအချက်အလက်များအရ လူနာ၏အခြေအနေကိုသိရှိနိုင်ပြီး လိုအပ်သော ကုသမှုများ၊ အကြံပေးမှုများ၊ရက်ချိန်းမြန်မြန်ရရှိနိုင်ရေးများ လုပ်ပေးနိုင်ပါသည်။ အဝေးရောက်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုကိုထိရောက်စွာအကောင်အထည်ဖော်နိုင်မှုတစ်ခုဖြစ်သည်။
(င)Patient Education and Engagement
လူနာတစ်ဦးချင်း၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကျန်းမာရေးပညာပေးမှုများကို AI သုံးစနစ်များက ဆောင်ရွက်ပေးနိုင်ပြီး ဆေးပုံမှန်သောက်သုံးခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ကျန်းမာရေးအထောက်အကူပြုသည့်နေထိုင်မှုဘဝအဖြစ် ပြုပြင်နေထိုင်ခြင်း ရှိ/မရှိကိုလည်း AI သုံးစနစ်များ အကူအညီဖြင့် စောင့်ကြပ်ကြည့်ရှုနိုင်ခြင်းသည် သူနာပြုများ၏ ပြုစုကုသမှုလုပ်ငန်းစဉ်တွင် များစွာအထောက်အကူ ပြုနိုင်သည်။ ထို့ကြောင့် နာတာရှည်ရောဂါဝေဒနာရှိသော လူနာများကို AI နည်းပညာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးရပါမည်။ သို့မှသာ လူနာနှင့် သူနာပြုများ၊ ကျန်းမာရေး စောင့်ရှောက်သူများကြား ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ထိရောက်သော ကုသမှုရစေနိုင်ပါသည်။
(စ) Administrative Support
သူနာပြုများသည်လူနာပြုစု၊ ကုသမှုသာမက လူနာ၏မှတ်တမ်းများ စနစ်တကျသိမ်းဆည်းခြင်း၊ ရက်ချိန်းများ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရခြင်းစသည့်စီမံအုပ်ချုပ်မှုဆိုင်ရာများလည်းလုပ်ဆောင်ရသည်။ AI-driven scheduling system နည်းစနစ်များကိုအသုံးပြုခြင်းဖြင့် ရက်ချိန်းစီမံမှုများ၊ တာဝန်ချိန်ခွဲဝေမှုများ တိကျမှုရှိလာသည်သာမက လူနာဆေးရုံတက်၊ ဆေးရုံဆင်းမှတ်တမ်းတင်မှုများ ပို၍တိကျမှုရှိလာပါသည်။ စာရွက်စာတမ်းကိစ္စများ၌ အာရုံစိုက်ရန် မလိုအပ်သောကြောင့် လူနာပြုစုကုသမှုတွင် ပို၍အချိန်ပေးလာနိုင်သည်။ ထို့ပြင် လုပ်ငန်းခွင်အတွင်း၌ဂျူတီချိန်သတ်မှတ်ချက်၊ဂျူတီအပြောင်းအရွှေ့၊ အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်းများသတ်မှတ်ရာတွင် AI သုံးစနစ်များ အသုံးပြုခြင်းဖြင့် စနစ်တကျမှန်ကန်မှုရှိလာသော ကြောင့် သူနာပြုများ လုပ်ငန်းခွင်အတွင်း ပင်ပန်းနွမ်းနယ်မှု၊ အလုပ်တာဝန်ဖိစီးမှုများ သက်သာကာ လူနာပြုစုစောင့်ရှောက်မှုကို ပို၍အလေးထားလာနိုင်သည်။ ဆေးရုံရှိ လူနာခန်းများ၊ ခုတင်များ၊ စက်ကိရိယာများစသော အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်သဖြင့် သင့်လျော်သောလူနာများအတွက်ထိရောက်သောပြုစုကုသမှုရစေနိုင်ပါသည်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်မှုများလည်း ပိုမိုသွက်လက်မြန်ဆန်လာကာဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ပြပေးနိုင်သဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်လာနိုင်ပါသည်။
(ဆ) Electronic Health Records with AI integration
AIနည်းပညာအားဖြည့်ထားသည့် အီလက်ထရွန်နစ်ကျန်းမာရေးမှတ်တမ်းထားရှိမှုသည်ပို၍စနစ်တကျရှိစေပြီးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်မှုများ တိုးတက်စေသည်။ လူနာတစ်ဦးချင်းစီနှင့်ပတ်သက်သောရောဂါမှတ်တမ်း၊ဓာတ်ခွဲခန်းအဖြေများ၊ ဓာတ်မှန်ဆိုင်ရာအချက်အလက်များကိုအီလက်ထရွန်နစ်နည်းပညာဖြင့်ထားရှိခြင်းကြောင့် အလွယ်တကူ ပြန်လည်သိရှိနိုင်ပါသည်။ AI နည်းပညာပေါင်းစပ်ခြင်းဖြင့် လူနာနှင့်ဆိုင်သော အချက် အလက်များကိုသုံးသပ်၍ အလွယ်တကူ မတွေ့မြင်နိုင်သော အန္တရာယ်ကိုဖော်ထုတ်ကာ အရေးကြီးလူနာဟုသတ်မှတ်ပေးနိုင်သည်သာမကကုသမှုဆိုင်ရာလုပ်ငန်းစဉ်များလည်း ချမှတ်ပေးနိုင်သည်။ ဆေးညွှန်ကြားမှု၊ ရက်ချိန်းသတ်မှတ်မှုများကိုပင် အလိုအလျောက်လုပ်ဆောင်နိုင်လာခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို များစွာအဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။
(ဇ) Training and simulation
AI သုံးစွမ်းအားမြင့် စက်ကိရိယာများသည် သူနာပြုများအား လေ့ကျင့်သင်ကြားရေးအတွက် ပကတိအစစ်ကဲ့သို့သောသင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်သောကြောင့် အန္တရာယ်ရှိသော လုပ်ဆောင်မှုများ (ဥပမာ- နှလုံးရပ်သွားခြင်းကို ပြန်လည်နှိုးဆွခြင်း၊ထိခိုက်ဒဏ်ရာရမှုပြုစုစောင့်ရှောက်ခြင်း)ကို လူနာများမသုံးဘဲ လေ့ကျင့်သင်ကြား နိုင်ပြီး ပြုစုကုသမှုစွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။ ထို့ပြင် သူနာပြုတစ်ဦးချင်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ကြားမှုပုံစံကို ဖန်တီးပေးနိုင်ပြီး တစ်ဦးချင်းစီ၏ အရည်အချင်းပြည့်မီလာမှု ရှိ/မရှိ ကို စစ်ဆေးနိုင်ခြင်းကြောင့် ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားမှုရရှိစေနိုင်ပါသည်။စဉ်ဆက်မပြတ် သူနာပြုပညာ၊ ဆေးပညာဆိုင်ရာလေ့လာမှုများတွင် AI ကို အသုံးပြုခြင်းဖြင့် ခေတ်နှင့်အညီ နောက်ဆုံးပေါ် တွေ့ရှိမှု၊ ပြောင်းလဲမှုများကို သိရှိနားလည်နိုင်မည်ဖြစ်သည်။သူနာပြုများ၏ သုတေသနလုပ်ငန်းများတွင်လည်း AI နည်းပညာသည် အချက်အလက်ပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာ၍ အထောက်အပံ့ပြုပေးနိုင်ပါသည်။
လူနာပြုစုစောင့်ရှောက်မှု၊ ဆေးဘက်ကျွမ်းကျင်မှု လုပ်ငန်းများတွင် AI ၏အသုံးဝင်မှုများကို သိရှိလာသောကြောင့် လက်တွေ့အသုံးချလုပ်ဆောင်မှုတွင် AI သုံးစက်ကိရိယာများနှင့် အကျွမ်းတဝင်ရှိရန်လိုအပ်ပါသည်။ ပထမဦးစွာ AI သုံးစနစ်များအသုံးချနိုင်ရန်ဆေးဘက်ပညာရှင်များအားအလုပ်ရုံဆွေးနွေးပွဲများ၊ hands-on လေ့ကျင့်သင်ကြားမှုများ၊ အင်တာနက်မှတစ်ဆင့် သင်ယူမှုများပြုလုပ်ပေးရပါမည်။ ပြုစုကုသမှုအဖွဲ့နှင့် IT နည်းပညာအဖွဲ့များ အတူတကွ လက်တွဲလုပ်ဆောင်၍ AI ၏ ညွှန်ကြားချက်များကို နားလည်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။
AI ကိရိယာများသုံးခြင်းသည် သူနာပြုများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲလူနာပြုစုမှုကိုပိုမိုအထောက်အကူပြုရန်သာ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်တွေ့ဆေးကုသပြုစုမှုလုပ်ငန်းစဉ်တွင် AI နည်းပညာကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် လူနာတစ်ဦးချင်းအလိုက် တိကျမှန်ကန် ကောင်းမွန်သောပြုစုကုသမှုပေးလာနိုင်မည်ဖြစ်သောကြောင့် လူနာများ၏ ကျန်းမာသက်ရှည်နိုင်မှု တိုးတက်လာနိုင်သည့်အပြင် သူနာပြုများ အလုပ်တာဝန်ဖိစီးခြင်းကြောင့်ပင်ပန်းနွမ်းနယ်မှုများမှ လည်း သက်သာစေနိုင်ပါမည်။
လူနာပြုစုမှုတွင် AI ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်လာနိုင်သော်လည်းနည်းပညာအသုံးပြုမှုနှင့် လူသားစောင့်ရှောက်မှုကြားသင့်တင့်မျှတမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ လူနာပြုစုရာတွင် အဓိကဖြစ်သော သူနာပြုများ၏ ကြင်နာသနားမှု၊ စာနာနားလည်နိုင်မှု၊ မေတ္တာကရုဏာထား ပြုစုကိုင်တွယ်မှုများကို AI သုံးစက်ကိရိယာများနှင့် အစားမထိုးနိုင်ပါ။အတွေ့အကြုံနှင့်ယှဉ်သော သူနာပြုများ၏အရည်အသွေး၊ ထိုးထွင်းကြံဆနိုင်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းများကိုလည်း အလေးထားရမည်ဖြစ်သည်။
လူနာ၏အချက်အလက်များ မှတ်တမ်းထားရာတွင် လုံခြုံမှုရှိရေး၊ လူနာ၏အတွင်းရေးအချက်အလက်များ မပေါက်ကြားရေး၊ယုံကြည်စိတ်ချမှုရှိရေးသည်လည်း ကျင့်ဝတ်ဆိုင်ရာအရေးကြီးသော လိုက်နာရမည့်အချက်ဖြစ်ပါသည်။ ထို့ပြင် AI အသုံးပြုခြင်းသည် သတင်းအချက်အလက်ဆိုင်ရာ ဘက်လိုက်သွေဖည်မှုများရှိနိုင်ကြောင်းလည်း သတိထားရပါမည်။ ကွန်ပျူတာအချက်အလက်များ ခိုးဝင်(Hacking) ယူသွားနိုင်သည့်အန္တရာယ်လည်း စောင့်ကြည့်ထားရပါမည်။ AI သုံးစက်ကိရိယာများ အသုံးပြုရာတွင် မှားယွင်းမှုများရှိလာပါက ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုများကို ပြတ်သားစွာဖော်ပြနိုင်မှု၌ ဟာကွက်ရှိနေသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

အေးမြမြနွေလေညင်းများ၊ ရွှေအိုရောင်ရွက်ဝါကြွေများနှင့် ဥဩတေးသီသံချိုချိုများကြားတွင် မတ်လ ၂၂ ရက် ကမ္ဘာ့ရေနေ့( World Water Day) သည် တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။ ဤမြေကမ္ဘာ၏ဇီဝအမြုတေဖြစ်သော ရေသယံဇာတအရင်းအမြစ်များအား ကမ္ဘာသူ၊ကမ္ဘာသားအားလုံး ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ရေနေ့အား ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပကြလေ့ရှိသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ် (Theme) မှာ “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့”(Glacier Conservation) ဖြစ်သည်။ ရေအရင်းအမြစ် ထိန်းသိမ်းမှုအတွက် အများစုသတိမထားမိခဲ့ကြသော ရေခဲမြစ်များအား အထူးသတိပြု အာရုံစိုက်မိစေသောကြောင့်အလွန်ထူးခြားသည်။ ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ကမ္ဘာ့ရေနေ့အတွက် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ(World Water Development Report) အားနှစ်စဉ်ထုတ်ပြန်သည်။ ထိုအစီရင်ခံစာပါအကြောင်းအရာများပေါ်မှီတည်၍ ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်(Theme) အား UN-Water မှ ရွေးချယ်သတ်မှတ်ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ်အား နိုင်ငံတကာရေခဲမြစ်များထိန်းသိမ်းရေး စတင်မိတ်ဆက်သည့်နှစ်အဖြစ်သတ်မှတ်၍ မတ်လ ၂၁ ရက်အား ကမ္ဘာ့ရေခဲမြစ်များနေ့(World day for Glaciers) အဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။
ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ရန်အတွက်၁၉၉၂ ခုနှစ် ဘရာဇီးနိုင်ငံတွင်ကျင်းပသောကုလသမဂ္ဂပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံတွင် အစီအစဉ်အမှတ်(၂၁)ဖြင့် ပဏာမအဆိုပြုခဲ့ကာ ထိုနှစ်ဒီဇင်ဘာလတွင်ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် -A/RES/47/193 ဖြင့် အတည်ပြုခဲ့သည်။၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်မှစ၍ ယခုနှစ်တိုင်အောင် နှစ်စဉ်ကမ္ဘာ့ရေနေ့အခမ်းအနားအား ကမ္ဘာတစ်ဝန်းလုံးတွင်ကျင်းပကြရာ ၂၀၂၅ ခုနှစ်သည် (၃၃) ကြိမ်မြောက်ဖြစ်သည်။
ကမ္ဘာ့ရေနေ့၏ အဓိကရည်ရွယ်ချက်များမှာ ရေအရင်းအမြစ်ထိန်းသိမ်းရန် လိုအပ်ချက်များအား သတိပြုမိစေရန်နှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများအား မတူကွဲပြားသောနည်းလမ်းများဖြင့် စုပေါင်းဖြေရှင်းနိုင်ကြရန်တို့ဖြစ်ကြသည်။ ကမ္ဘာ့ရေနေ့တွင် ရေအရင်းအမြစ်ထိန်းသိမ်းရေးပြပွဲများပြသခြင်း၊ မှတ်တမ်းရုပ်ရှင်များထုတ်ဝေခြင်း၊ ညီလာခံနှင့်စာတမ်းဖတ်ပွဲများကျင်းပခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ကြသည်။
ရေသည် ဤမြေကမ္ဘာအတွက် သဘာဝတရား၏ အလှပထူးခြားဆုံးသောလက်ဆောင်မွန်ဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေများဖုံးလွှမ်းလျက်ရှိသည်ဟူသော အချက်အရရုတ်တရက်စဉ်းစားပါက ရေသည်ကမ္ဘာပေါ်တွင် အပေါများဆုံးအရာဟု မှတ်ထင်နိုင်သည်။ သို့ရာတွင် “နာမည်ကြီး ထမင်းငတ်” ဟူသော စကားပုံကဲ့သို့ ထိုရေတို့သည် ရှိကားရှိ၏ အကုန်သုံးမရ။ ရေထု၏ ၉၇ ရာခိုင်နှုန်းသည် ပင်လယ်ရေငန်ဖြစ်ပြီး ၃ ရာခိုင်နှုန်းသာလျှင် ရေချိုဖြစ်၏။ ဤတွင်မပြီးသေး။ ထိုရေချိုထု၏ ၇၀ ရာခိုင်နှုန်းသည် ရေခဲပြင်၊ ၃၀ ရာခိုင်နှုန်းသည် မြေအောက်ရေဖြစ်ပြီး မြစ်ချောင်းများအတွင်းတွင် စုစုပေါင်းရေချိုပမာဏ၏ သုညဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ သို့ဖြစ်ရာ ရေခဲမြစ်များသည် ကမ္ဘာ့ရေချိုထုအများဆုံးသိုလှောင်ထိန်းသိမ်းထားသည့် ရေချိုဘဏ်တိုက်များဖြစ်ကြသည်။
ရေခဲမြစ် (Glacier) ဆိုသည်မှာ ကိုယ်ပိုင်အလေးချိန်နှင့် ကမ္ဘာမြေဆွဲအားကြောင့် ကုန်းမြေပေါ်တွင် နိမ့်ရာသို့ ဖြည်းညင်းစွာရွေ့လျားနေသော ရေခဲပြင်အစုအဝေးများအား ခေါ်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ရေခဲမြစ်ဟူသော အသုံးအနှုန်းတွင် တောင်ကြားရေခဲမြစ် (Valley Glacier) များသာမက ရေခဲပြင် (Ice Sheet) များကိုလည်း ရေခဲမြစ်အမျိုးအစားများအဖြစ် သတ်မှတ်နိုင်ကြောင်းသိရသည်။ အလွန်အေးသောဒေသများတွင် ဆီးနှင်းများ အထပ်ထပ်ကျရာမှ အချိန်ကြာမြင့်လာသောအခါတွင် သိပ်သည်းဆများလာပြီး ရေခဲပြင်များ တစ်လွှာပြီးတစ်လွှာဖြစ်ပေါ်ရာမှ ရေခဲမြစ်များဖြစ်ပေါ်လာကြသည်။ ရေခဲမြစ်များသည် အေးသောရာသီများတွင် နှင်းများအေးခဲခြင်းမှ ရေခဲအဖြစ်သိုလှောင်၍ နွေရာသီပူပြင်းချိန်တွင် အရည်ပျော်ကာ မြစ်ချောင်းများအတွင်းစီးဆင်းခြင်း ရေသံသရာဖြင့် ကမ္ဘာ့ရေချိုလိုအပ်မှုအား ဖြည့်ဆည်းပေးလျက်ရှိသည်။
ကမ္ဘာပေါ်တွင် ရေခဲမြစ်များအား ခေတ်အဆက်ဆက်လေ့လာခဲ့ကြပြီး ၁၉၇၂ ခုနှစ်မှစ၍ LANDSAT ကဲ့သို့သော ခေတ်မီနည်းပညာများ အသုံးပြုလေ့လာနိုင်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင်ရေခဲမြစ်စုစုပေါင်း ၁၉၈၀၀၀ မှ ၂၀၀၀၀၀ ကျော်ခန့်အထိတည်ရှိ၍ ကမ္ဘာ့ရေချိုပမာဏ၏ ၇၀ ရာခိုင်နှုန်းခန့်အားပိုင်ဆိုင်သည်။ အန္တာတိကတိုက်တွင် ၉၁ ရာခိုင်နှုန်း၊ ဂရင်းလန်းတွင် ၈ ရာခိုင်နှုန်းနှင့်ဟိမဝန္တာတောင်တန်းကဲ့သို့သော ကျန်ကမ္ဘာ့နေရာများတွင် ၁ ရာခိုင်နှုန်းခန့်ပျံ့နှံ့တည်ရှိကြသည်။
အာရှတိုက်ရှိ ဟိမဝန္တာရေခဲတောင်တန်းဒေသသည် အာဖဂန်နစ္စတန်၊ တရုတ်၊အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘူတန်၊နီပေါ၊ မြန်မာနိုင်ငံတို့ပါဝင်ပြီး အာရှ၏အဓိကမြစ်ကြီးများဖြစ်သော ဂင်္ဂါမြစ်၊ဗြဟ္မပုတ္တရမြစ်၊ ယန်စီမြစ်၊ မြစ်ဝါမြစ်၊ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ်စသည့် မြစ်ကြီးများ၏မွေးဖွားရာဒေသဖြစ်သည်။ အာရှတိုက်သားတို့၏ အဓိကရေအရင်းအမြစ်ဖြစ်၍ ထိုရေခဲတောင်ဒေသတွင် လူဦးရေသန်း ၂၄၀ နေထိုင်ပြီး ရေခဲတောင်မှမြစ်ဖျားခံသောမြစ်ဝှမ်းများတွင် လူဦးရေသန်း ၂၀၀၀ ခန့်နေထိုင်လျက်ရှိကြသည်။ အာရှတိုက်၏အကြီးဆုံးရေခဲမြစ်မှာ ၄၇ မိုင်ရှည်လျားသည့် စီချန်း (Sichen) ရေခဲမြစ်ဖြစ်၍ အိန္ဒိယ- ပါကစ္စတန်နယ်စပ်ကက်ရှ်မီးယားဒေသတွင် တည်ရှိသည်။
မြန်မာနိုင်ငံတွင် မြောက်ဘက်ပိုင်းကချင်ပြည်နယ် ပူတာအိုဒေသတွင် ရေခဲတောင်ရေခဲမြစ်များတည်ရှိပြီး အဓိကအသက်သွေးကြောမြစ် ဧရာဝတီမြစ်သည် ရေခဲတောင်ဒေသမှ မြစ်ဖျားခံစီးဆင်းသည်။သံလွင်မြစ်နှင့်မဲခေါင်မြစ်များသည်လည်းဟိမဝန္တာရေခဲတောင်ဒေသတွင် မြစ်ဖျားခံ၍တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းစီးဆင်းကြသည်။ ထို့ကြောင့် မြန်မာ့မြောက်ဖျား ရေခဲမြစ်တို့သည်မြန်မာပြည်သူတို့၏ အနာဂတ်အတွက် များစွာအရေးပါလှသည်။
ခါကာဘိုရာဇီနှင့်ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်တို့သည် ရေခဲတောင်ဂေဟစနစ်ဖြင့်ဖွဲ့စည်းတည်ရှိကာ ရေခဲတောင်တောရိုင်းတိရစ္ဆာန်များ၊ ဌာနေငှက်များ၊ ရေခဲငါးများ၊ ဆေးဖက်ဝင်သစ်သီးသစ်ဥများ၊ ရေခဲတောင်သစ်ခွများ ပေါများကြွယ်ဝလှသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် တရုတ်နိုင်ငံရေခဲတောင်များနှင့် ဆက်စပ်နေပြီးတောရိုင်းတိရစ္ဆာန်နှင့်နို့တိုက်သတ္တဝါ ၄၃ မျိုး၊ ငှက်မျိုးစိတ် ၄၇၀ နီးပါးနေထိုင်ကျက်စား၍ အပင်မျိုးစိတ် ၂၉၇ မျိုးရှိ၍ရှားပါးဆေးဖက်ဝင် အပင် ၂၄ မျိုးခန့် ကြွယ်ဝသောဂေဟစနစ်ဖြစ်သည်။ ဖုန်ကန်ရာဇီအမျိုးသားဥယျာဉ်သည် အိန္ဒိယရေခဲတောင်များနှင့် ဆက်စပ်တည်ရှိပြီး တောရိုင်းတိရစ္ဆာန်နှင့် တွားသွားသတ္တဝါ ၈၂ မျိုး၊ ငှက်မျိုးစိတ် ၃၇၀၊ လိပ်ပြာမျိုးစိတ် ၃၆၀ ခန့်မှီတင်းနေထိုင်ကြသည်။
ရေခဲမြစ်များသည် ဤကမ္ဘာမြေအတွက် ရေချိုအများဆုံးသိုလှောင်ထားရာ အရင်းအမြစ်များဖြစ်သည်။ ရေသည် ကောက်ပဲသီးနှံစားရေရိက္ခာတို့၏ ဖန်တီးရှင်၊ လျှပ်စစ်စွမ်းအား၏ အခြေခံကုန်ကြမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ပထဝီဝင်နိုင်ငံရေးအထိ အရေးပါသောအရာဖြစ်သည်။ နွေရာသီပူပြင်း၍ မိုးရေမရရှိသည့်ကာလများတွင် မြစ်ချောင်းများသည် ရေခဲမြစ်များ၏ ကျေးဇူးကြောင့်သာ အသက်ဆက်နိုင်ကြခြင်းဖြစ်သည်။ ရေခဲမြစ်များသည် ပိုလာဝက်ဝံများ၊ရေခဲတောင်ဒေသငှက်များ၊ ငါးများ၊ တောင်ဆိတ်များအပါအဝင် အခြားတောရိုင်းတိရစ္ဆာန်များအတွက် မရှိမဖြစ်သော ဂေဟစနစ်များဖြစ်ကြသည်။ ရေခဲတောင်ဒေသသက်ရှိများအတွက် အခြားပတ်ဝန်းကျင်များ ဂေဟစနစ်များတွင် ရှင်သန်နေထိုင်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။
ရေခဲမြစ်များသည် တိုက်စားမှုဖြင့် မတ်စောက်သော တောင်ကြားနှင့် ကျောက်ဆောင်ကျောက်ကမ်းပါးကဲ့သို့ဆန်းသစ်လှပသည့် ဘူမိဗေဒရုပ်သွင် မြေယာရှုခင်းများအား ထုဆစ်ပေးနိုင်သည်။ ထို့ပြင် ကမ္ဘာ့မျက်နှာပြင်အား ရေခဲဖုံးအုပ်ထားမှုကြောင့် အပူချိန်အားထိန်းညှိပေးနိုင်ခြင်း၊ မြစ်ရေများအား အေးမြသန့်စင်စေခြင်း၊ မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တဝါများအတွက် လိုအပ်သောအာဟာရများ ပျော်ဝင်စီးဆင်းစေခြင်း၊ ရေခဲတောင်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးစေခြင်းစသည့်အကျိုးကျေးဇူးများကိုလည်း ဖန်တီးပေးနိုင်သည်။ မြေထုအား ရေခဲမြစ်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့်မပျက်စီးမတူးဖော်ရသေးသည့် ကမ္ဘာ့သယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ပေးကာသယံဇာတအလွန်အကျွံထုတ်ယူမှုကြောင့်ဂေဟစနစ်ပျက်စီးနိုင်မှုအား တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနေကြသည်။
အခြားထူးခြားချက်မှာ ရေခဲမြစ်များသည် မှီတင်းနေထိုင်ရာ တိုင်းရင်းသားလူမျိုးများ၏ ကိုးကွယ်ရာဘာသာရေး၊ယဉ်ကျေးမှုဓလေ့ထုံးစံတို့ တည်ရှိမှီခိုရာလည်းဖြစ်သည်။ ရေခဲဒေသ အက်စကီးမိုးလူမျိုးတို့၏ ဓလေ့ထုံးတမ်းများ၊ ဟိမဝန္တာတောင်တန်းဒေသ၏ သူတော်စင်ဒဏ္ဍာရီများ၊ တိဗက်ကုန်းပြင်မြင့်၏ စိတ်ဝိညာဉ်ငြိမ်းချမ်းရေးကျင့်စဉ်များသည် ရေခဲမြစ်များနှင့်ထူးခြားစွာဆက်စပ်ထောက်ကူလျက်ရှိကြသည်။ ဟိန္ဒူနှင့်တိဗက်ဘာသာရေးအယူအဆများတွင် ရေခဲတောင်တို့သည်သူတော်စင်တို့ မှီတင်းနေထိုင်သော မြင့်မြတ်သောနေရာများဖြစ်ကြသည်။
ရေခဲမြစ်များအား အဓိကခြိမ်းခြောက်လျက်ရှိသောအန္တရာယ်မှာ ကမ္ဘာကြီးပူနွေးလာမှုဖြစ်သည်။ ၁၈ ရာစု စက်မှုလုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီးနောက် လေထုအတွင်း ကာဗွန်ထုတ်လွှတ်မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများပြားလာပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာခဲ့သည်။ ထို့ပြင် သစ်တောများပျက်စီးလာမှု၊ မြို့ပြဧရိယာများချဲ့ထွင်လာမှု၊ လေထုညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲလာမှုတို့ကြောင့် ကမ္ဘာ့ပူနွေးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်လာခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကထက် ၁ ဒီဂရီဖာရင်ဟိုက်၊ သုညဒသမ ၅ ဒီဂရီစင်တီဂရိတ်ခန့်ပိုမိုပူနွေးလာကြောင်းသိရသည်။
တစ်နှစ်ထက်တစ်နှစ် ပိုမိုပူနွေးလာမှုအား သိသာစေသောအချက်မှာ ၂၀၂၃ ခုနှစ်တွင် စက်မှုတော်လှန်ရေးမတိုင်မီ ၁၈၅၀-၁၉၀၀ ပြည့်နှစ် ပျမ်းမျှအခြေခံအပူချိန်ထက် ၁ ဒသမ ၄၅ ဒီဂရီ စင်တီဂရိတ်ပိုပူပြီး ၂၀၂၃ ခုနှစ်အား ကမ္ဘာ့အပူဆုံးနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ သို့ရာတွင် ၂၀၂၄ ခုနှစ်တွင်လည်း ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် ၂၀၂၃ ခုနှစ်၏ စံချိန်ကိုချိုး၍ ၂၀၂၄ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ်ဖြစ်လာခဲ့ပြန်သည်။
ကမ္ဘာ့အပူချိန်ကြောင့် ရေခဲမြစ်များ၏ အရည်ပျော်နှုန်းမှာလည်း ပိုမိုများပြားလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ခုနှစ်အတွင်းတွင် ကမ္ဘာ့ရေခဲမြစ်အရည်ပျော်နှုန်းမှာ ၂၆၇ Gigaton/year ဖြစ်သည်။ဂရင်းလန်းရေခဲပြင်များသည် ၂၀၀၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက လေးဆခန့် မြန်ဆန်စွာအရည်ပျော်ကျလျက်ရှိသည်။ အာဖရိကတိုက်ရှိ ကီလီမန်ဂျာရို ရေခဲတောင်သည် ၁၉၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုအား ထပ်မံလျှော့ချနိုင်ခြင်းမရှိပါက ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့လက်ရှိရေခဲမြစ်များ၏ သုံးပုံတစ်ပုံမှာ အရည်ပျော်ကျသွားလိမ့်မည်ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင် အာတိတ်ဒေသ၏ နွေရာသီများတွင် ရေခဲများတွေ့ရှိရတော့မည်မဟုတ်ပါဟုဆိုကြသည်။
တတိယဝင်ရိုးစွန်းဟုလူသိများသည့် ဟိမဝန္တာရေခဲတောင်ဒေသသည် ကမ္ဘာ့ပျမ်းမျှ အပူချိန်ထက် သုံးဆခန့်ပိုမိုပူနွေးကာ ရေခဲမြစ်များမြန်ဆန်စွာ အရည်ပျော်နေကြောင်း သိရသည်။ The International Center for Integrated Mountain Development (ICIMOD) မှ အချက်အလက်များအရ ဟိမဝန္တာရေခဲမြစ်တို့သည် ၂၁၀၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ ပျောက်ကွယ်သွားနိုင်ကြောင်း တွေ့ရသည်။ ထိုကဲ့သို့ရေခဲမြစ်များအရည်ပျော်ကျပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သိသာစွာ မြင့်တက်လာပြီး ကမ္ဘာ့အစိတ်အပိုင်းအများစုသည် ပင်လယ်ရေမျက်နှာပြင်အောက် ထာဝရနစ်မြုပ်သွားမည်ဖြစ်သည်။ ကမ္ဘာ့ရေခဲထုအားတိကျစွာတိုင်းတာနိုင်ရန်ခက်ခဲသော်လည်း ကမ္ဘာ့ရေခဲထုအားလုံး အရည်ပျော်ပါက ပင်လယ်ရေမျက်နှာပြင်သည် ၁၉၅ ပေမှ ၂၃၀ ပေခန့်အထိ မြင့်တက်လာနိုင်သည်ဖြစ်ရာ မီယာမီ၊ ရှန်ဟိုင်း၊ အမ်စတာဒမ်၊ ဗင်းနစ်စသည့်မြို့ကြီးများနှင့် ကမ္ဘာ့ကမ်းရိုးတန်းဒေသများသည် ရှေးဟောင်းရေအောက်မြို့တော်များကဲ့သို့ ရေအောက်နစ်မြုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ရေခဲမြစ် လျင်မြန်စွာအရည်ပျော်ကျမှုကြောင့် သာမန်ထက်ရေပိုစီးဆင်းကာ မြစ်ဝှမ်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများတွေ့ကြုံခံစားရမည်ဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံများ၏ရေခဲတောင်ဒေသရေကြီးမှုများသည် ရေခဲမြစ်အရည်ပျော်မှုကြောင့် ပိုမိုပြင်းထန်လာသည်။ အဆိုးရွားဆုံးဖြစ်လာမည့် အခက်အခဲမှာ ရေချိုအရင်းအမြစ်များ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ဟိမဝန္တာရေခဲတောင်များအရည်ပျော်ပြီး တောင်ကတုံးများဖြစ်ပေါ်လာပါက ထိုရေခဲတောင်ဒေသရှင်သန်မှုမှာထိတ်လန့်ဖွယ်ဖြစ်ပြီးအောက်ဘက်မြစ်ဝှမ်းဒေသများတွင်လည်းဆိုးရွားစွာ ရေပြတ်လပ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ သစ်တောပြုန်းတီးမှုအား ပြန်လည်စိုက်ပျိုး၍ရသော်လည်း မြစ်ချောင်း တိမ်ကောမှုအား ပြန်တူးဖော်၍ရသော်လည်း အရည်ပျော်ကျသွားသောရေခဲမြစ်အား မည်သို့ ပြန်လည်ရေဖြည့်တင်းနိုင်ပါအံ့နည်း။ မဖြစ်ခင်က ကြိုတင်ကာကွယ်ရန် တစ်နည်းသာရှိသည်။
လေ့လာမှုစာတမ်းတစ်ခုတွင် ခါကာဘိုရာဇီ ရေခဲတောင်တန်းဒေသရှိ ရေခဲမြစ်၁၃၁ ခု အားလေ့လာချက်အရ ၁၉၇၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရေခဲဖုံးလွှမ်းမှုဧရိယာ ၅၄ ရာခိုင်နှုန်းကျော် ပျောက်ဆုံးပြီး ရေခဲထုထည်အားဖြင့် ၆၀ ရာခိုင်နှုန်း ပျောက်ကွယ်သွားခဲ့ကြောင်းသိရသည်။ ထိုပျောက်ကွယ်မှုနှုန်းသည် လာမည့်နှစ် ၄၀ မှ ၅၀ အတွင်း မြန်မာ့ရေခဲမြစ်များ၏ အနာဂတ်သည်အဆိုးဆုံးအခြေအနေအား ရင်ဆိုင်ရနိုင်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။
ကမ္ဘာ့ဂေဟစနစ် အချက်အချာနေရာ(Global Biodiversity Hotspots) ၂၅ ခု ဧရိယာအတွင်း ကျရောက်သော ပူတာအိုရေခဲတောင်ဒေသသည် ဇီဝမျိုးစိတ်များအတွက် အဓိကအရေးပါသော ဂေဟစနစ်နယ်မြေတစ်ခုဖြစ်သည်။ ရေခဲတောင်ဒေသ ရှားပါးတောရိုင်းတိရစ္ဆာန်များဖြစ်သည့် သားမင်း၊ကတိုးဂျီ (ချေ)၊ အင်းကျား၊ ရေခဲတောင်ဆိတ်၊ ဟိမဝန္တာဝက်ဝံ၊ ပန်ဒါနီ၊ မျက်ခုံးဖြူ မျောက်လွှဲကျော်၊ ရေခဲငါးများအားတွေ့ရ ရပြီး ရေခဲတောင်ဂျင်ဆင်း၊ ရှီးပတီး၊မချစ်ဥ၊ ခန်းတောက်မြစ်စသည့် ဆေးဖက်ဝင်အပင်များ ပေါက်ရောက်ရာဒေသဖြစ်သည်။ ရေခဲမြစ်တို့သည် ကမ္ဘာမြေဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့်အား ဖုံးလွှမ်းထားသည်ဆိုသော်လည်း အများစုမှာ ဝင်ရိုးစွန်းဒေသများဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် နိုင်ငံ ၅၀ ခန့်သာ ရေခဲမြစ်များအားပိုင်ဆိုင်ကြခြင်းဖြစ်ရာမိမိတို့နိုင်ငံအတွက် ဂုဏ်ယူဖွယ်ပိုင်ဆိုင်မှုလည်းဖြစ်သည်။
မြန်မာ့ရေခဲမြစ်များအား စနစ်တကျမှတ်တမ်းတင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ဒေသခံပြည်သူများအားကာကွယ်ထိန်းသိမ်းမှုအသိပညာမျှဝေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ရေခဲတောင်ဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ နည်းပညာအတွေ့အကြုံဖလှယ်ခြင်းတို့ဖြင့် ထိန်းသိမ်းကာကွယ်ရမည်ဖြစ်သည်။ ရေခဲမြစ်ထိန်းသိမ်းကာကွယ်ခြင်းအတွက် ပေါ်လစီများ၊ ဥပဒေနည်းဥပဒေများ၊ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်ပါက ပို၍စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အပူချိန်အား လျှော့ချရန်ဆိုသည်မှာ တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ရမည့် ဖြစ်စဉ်တစ်ခုဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်သင့်သည်။
အချုပ်အားဖြင့် ကမ္ဘာ့ရေချိုဘဏ်တိုက်များဖြစ်သော ရေခဲမြစ်များသည် များစွာသတိမထားမိချိန်များအတွင်း တိတ်ဆိတ်လျင်မြန်စွာပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ရေချိုရရှိမှုသည် လူသားတိုင်း၏အခွင့်အရေးဟုဆိုပါက ရေအရင်းအမြစ်ဖြစ်သော ရေခဲမြစ်များ ထိန်းသိမ်းရေးသည်လည်း လူသားတိုင်း၏တာဝန်ဖြစ်သည်။ ထို့ကြောင့်“ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” ဟု ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့အား ကဗျာတစ်ပုဒ်ဖြင့် နှုတ်ဆက်ဂုဏ်ပြုပါသည်။
“ရေခဲမြစ်တွေအရည်ပျော်သောအခါ”
ပူပြင်းကာလ ချိန်ကျရောက်
ရေခဲမြစ်တွေ တစ်စစပျောက်။
ပင်လယ်ကြီးက စိတ်ဆိုးပြီ
မြစ်ရိုး လှိုင်းထန်မည်။
ဟိမဝန္တာ ရေခဲမြစ်
အရည်ပျော်စီးရစ်။
အာရှတစ်လွှား ရေတွေမှာ
ဘယ်မှာ ဘယ်လိုရှာ။
ရေခဲမြစ်ပျော် သက်ရှိများ
ဘယ်မြစ်ကမ်းမှာနား။
ဧရာဝတီက ရေကြည်ကြည်
လျော့ပါး နွေရာသီ
မျိုးဆက်သစ်တွေ တိုးတက်ဖို့
ရေခဲမြစ်တွေ ထိန်းကြစို့။
ရေမြေကမ္ဘာ သာယာဖို့။ ။

လွှစာမှုန့် စူပါပါဝါ- သစ်သားစွန့်ပစ် ပစ္စည်းအသုံးပြုထားသည့် ဘက်ထရီသည် အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့် နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို သိုလှောင်ထိန်းသိမ်းထားနိုင်ပါသည်။
အဆိုပါစနစ်သည် ကုန်ကျစရိတ်နည်းသော လျှပ်ကူးပစ္စည်းများဖြင့် မြင့်မားသောစွမ်းအင်ကို သိုလှောင်ထားပြီး 700 Wh/kg တွင် 105 Wh/kg ကို ပေးစွမ်းနိုင်သည်။

Basque Country (UPV/EHU) တက္ကသိုလ်မှ သုတေသီများသည် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်း များမှရရှိသော ကာဗွန်ကို အသုံးပြု၍ ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်အတွက် လီသီယမ်-အိုင်းယွန်းနည်းပညာနှင့် လျှပ်စစ်နှစ်ထပ်အလွှာ လျှပ်ကူးပစ္စည်း (Capacitor (EDLC)) တည်ဆောက်မှုတို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လျှပ်ကူးပစ္စည်း (Hybrid supercapacitor) ကို တီထွင်ခဲ့သည်။
လီသီယမ်-အိုင်းယွန်း capacitor တွင် စွန့်ပစ်ထားသော သစ်သားအမှုန်များနှင့် ပြုလုပ်ထားသည့် လျှပ်ကူးပစ္စည်း ပါ၀င်သောကြောင့် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ်သက်သာသော စွမ်းအင်သိုလှောင်မှု ဖြေရှင်းချက်တစ်ခုလည်း ဖြစ်ပါသည်။
စပိန်နိုင်ငံရှိ Basque ဒေသတွင် ဇီဝလောင်စာအရင်းအမြစ်များ ပေါများသဖြင့် သုတေတီအဖွဲ့သည် စွမ်းဆောင်ရည် မြင့်မားသော လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ဈေးနှုန်း သက်သာသော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အသုံးပြုခဲ့ပါသည်။ ၎င်းတို့၏ တွေ့ရှိချက်များသည် ထိရောက်မှုရှိပြီး ဂေဟစနစ်သုံး စွမ်းအင်သိုလှောင်မှုစနစ်များ ထုတ်လုပ်ရာတွင် ဇီဝလောင်စာအခြေခံပစ္စည်းများ၏ အသုံးဝင်ပုံကို မီးမောင်းထိုးပြခဲ့သည်။
သုတေသီများ၏ အဆိုအရ လွှစာမှုန့်များမှစွမ်းအင်သိုလှောင်မှုစနစ် တီထွင်ဖန်တီးခြင်းသည် စွမ်းအားမြင့် စွမ်းအင် သိုလှောင်မှုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်မှုကို လျှော့ချနိုင်မည့် အခြားရွေးချယ်စရာများ (Greener Alternatives) အတွက် နည်းလမ်းတစ်ခုအဖြစ် လမ်းခင်းပေးနိုင်ပြီး သမားရိုးကျပစ္စည်းများအပေါ် မှီခိုအားထားမှုကို လျှော့ချကာ စွမ်းအားမြင့် စွမ်းအင်သိုလှောင်မှုကဏ္ဍတွင်လည်း ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်ပါသည်။
ဇီဝလောင်စာစွမ်းအင်သုံး လျှပ်ကူးပစ္စည်းများ (Biomass-powered capacitors)
ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ စွမ်းအင်လိုအပ်ချက် မြင့်မားလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို မဖြစ်စေမည့် ရေရှည်တည်တံ့သော စွမ်းအင်သိုလှောင်မှုရွေးချယ်စရာများ လိုအပ်လာပါသည်။ စွမ်းအင်သိုလှောင်ရာတွင် လစ်သီယမ်- အိုင်းယွန်းဘက်ထရီများ (LIBs) နှင့် supercapacitor (SCs) တို့ကို အသုံးပြုမှု များပြားသော်လည်း၎င်းတို့တစ်ခုချင်းစီတွင် အားနည်းချက်များရှိပါသည်။ SCs များတွင် စွမ်းအင် မြင့်မားသော်လည်း လျင်မြန်စွာ အလိုအလျောက် အားလျော့သွားနိုင်ပြီး၊ LIBs များသည် စွမ်းအင်မြင့်မားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းသွားနိုင်ပါသည်။
နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့် လီသီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်းများ (LICs) သည် မြင့်မားသော စွမ်းအင်၊ ပါဝါနှင့် ကြာရှည်စွာ အသုံးပြုနိုင်မှုကို ပေးစွမ်းနိုင်သောကြောင့် ၎င်းတို့ကို လျှပ်စစ်ကားများနှင့် လေအားသုံးတာဘိုင် များတွင် အသုံးပြုရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
လျှပ်ကူးပစ္စည်းရွေးချယ်မှုသည် LICs ၏ စွမ်းဆောင်ရည်အပေါ် သိသာသည့် သက်ရောက်မှုရှိပါသည်။ လျှပ်ကူးပစ္စည်းအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် ဂရပ်ဖိုက် (Graphite) သည် အဓိကကုန်ကြမ်းဒြပ်စင်ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်အတွက် စျေးနှုန်းကြီးမြင့်ပါသည်။ ဘက်ထရီ အမတိုင် (Anode Material) အတွက် အသုံးပြုရသော မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူမပြောင်းနိုင်သည့် (Hard Carbon)များ၊ မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူပြောင်းနိုင်သည့် (Soft Carbon)များနှင့် နာနိုကာဗွန်များကဲ့သို့သော အခြားရွေးချယ်စရာများကို လျှပ်ကူးပစ္စည်းများအဖြစ် အသုံးပြုမည့် အလားအလာရှိသော်လည်း ၎င်းတို့၏ ကုန်ကျစရိတ် ကြီးမြင့်မှုနှင့် ရှုပ်ထွေးမှုများကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ခြင်း မရှိပါ။
UPV/EHU အဖွဲ့သည် စပိန်နိုင်ငံ၊ Biscay ဒေသရှိ ပေါများပြီး ရေရှည်တည်တံ့သော အရင်းအမြစ်တစ်ခုဖြစ်သည့် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်းများမှ ကာဗွန်ကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာသော LIC ကို တီထွင် ခဲ့သည်။ ကုန်ကျစရိတ်ကြီးမားသည့် ဓာတုပစ္စည်းများ သို့မဟုတ် စွမ်းအင်အများအပြား သုံးစွဲရန်လိုအပ်သည့် လုပ်ငန်းစဉ်များအစား ဇီဝလောင်စာမှ ကာဗွန်အရင်းအမြစ်ကို အသုံးပြု၍ စွမ်းဆောင်ရည်မြင့် လျှပ်ကူးပစ္စည်းကို ထုတ်လုပ်ခဲ့သည်။
“မိမိတို့အနေဖြင့် စွမ်းအင်ကို သိုလှောင်နိုင်ရန်အတွက် အသုံးပြုနိုင်မည့် ကုန်ပစ္စည်းအသစ်များကို တီထွင်နေပါကြောင်း၊ ပတ်ဝန်းကျင်ရှိ ထင်းရှူးပင်များ၏ သစ်သားအမှုန်အမွှားများမှ ကာဗွန်များကို လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် ပြင်ဆင်ထားပြီး လက်သမားအလုပ်ရုံများတွင် အဆိုပါပစ္စည်းများကို အသုံးပြုကြပါကြောင်း” UPV/EHU မှ ကထိကနှင့် သုတေသနအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ Idoia Ruiz de Larramendi က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ဘက်ထရီများ (Eco-friendly Batteries)
ဘက်ထရီနှင့် Supercapacitors များသည် စွမ်းအင်သိုလှောင်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး တစ်ခုစီတွင် ထူးခြားသော အားသာချက်များရှိသည်။ Supercapacitors များသည် အချိန်တိုအတွင်း ကြီးမားသော စွမ်းအင်ထုတ်ပေးနိုင်မှု (Power Output) ရှိသော်လည်း ဘက်ထရီများသည် စွမ်းအင်ကို ပိုမိုထိန်းသိမ်းပေးသည်။ Supercapacitors များသည် ကြာရှည်စွမ်းအင်ထောက်ပံ့မှုအတွက် အသုံးပြုရန် သင့်တော်မှုမရှိသော်လည်း ၎င်းတို့သည် အမြန်စွမ်းအင် ထုတ်လွှတ်မှု လိုအပ်သော Application များအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
သုတေသနသည် နည်းပညာနှစ်ခုလုံး၏ အားသာချက်များကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လစ်သီယမ်-အိုင်းယွန်း စက်ပစ္စည်းတစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းပစ္စည်းသည် ဘက်ထရီကဲ့သို့ ပါဝါမြင့်မားသော စွမ်းအင်ကို သိမ်းဆည်းထား နိုင်ပြီး supercapacitor ၏ ကြံ့ခိုင်မှုနှင့် အားသွင်းမြန်ဆန်မှု အရည်အသွေးများလည်း ပါဝင်ပါသည်။ ဘက်ထရီနှင့် Supercapacitor အမျိုးအစားများ၏ လျှပ်ကူးပစ္စည်းကိုများ ပေါင်းစပ်ခြင်းဖြင့် အဆိုပါစက်ပစ္စည်း၏ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးပါသည်။
ဇီဝလောင်စာအရင်းအမြစ်များမှ ဂရုတစိုက်ရွေးချယ်ထားသော ကာဗွန်အမျိုးအစား အမျိုးမျိုးကို လျှပ်ကူးပစ္စည်း ဖန်တီးရန် အသုံးပြုခဲ့ကြသည်။ ဇီဝလောင်စာအားလုံးသည် စွမ်းအင်သိုလှောင်မှုအတွက် သင့်လျော်သည့် ကာဗွန်ကို ပေးနိုင်ခြင်းမရှိသော်လည်း ရလဒ်များက ထင်းရှူးပင် (insignis pine) မှရရှိသော ကာဗွန်၏ထိရောက်မှုကို သက်သေ ပြနိုင်ခဲ့ပါသည်။
လျှပ်ကူးပစ္စည်းတစ်ခုသည် Hard carbon နှင့် အခြား Activated carbon တို့ဖြင့် ဖွဲ့စည်းထားကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ကုန်ကျစရိတ်သက်သာသော ပေါင်းထည့်ပစ္စည်းများ (cost-effective additives) ကို အသုံးပြုပြီး ဓာတုတုံ့ပြန်မှုပြုလုပ်မည့် သီးခြားအပူချိန် (synthesis temperatures) 700°C အောက်ကို ထိန်းသိမ်းထားသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ရေရှည်တည်တံ့မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကို ဦးစားပေးထားသည်။
ယခု တီထွင်လိုက်သည့် ပုံစံအသစ်တွင် တူညီသောကာဗွန်ဖြင့်ဖွဲ့စည်းထားသည့် အဖိုဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Positive Electrode) သည် ကြီးမားသောမျက်နှာပြင်ဧရိယာရှိပြီး အမဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Negative Electrode) သည် စျေးနှုန်းကြီးမားသော ဓာတုပစ္စည်းများ လိုအပ်ခြင်းမရှိဘဲ စွမ်းအင်များစွာကို သိမ်းဆည်းထားနိုင်သည်။ အဆိုပါ စနစ်သည် 700 W/kg တွင် 105 Wh/kg စွမ်းအင်ထောက်ပံ့ပေးနိုင်ပြီး အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့်နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်သည်။
ယခုလေ့လာမှုသည် လစ်သီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်း (Lithium-ion Capacitors) များအတွက် ကုန်ကျစရိတ် သက်သာပြီး ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် အစားထိုးရွေးချယ်မှုအဖြစ် ဒေသတွင်း ဇီဝလောင်စာ၏ အလားအလာကို ထောက်ပြထားသည်။ သုတေသီအဖွဲ့အနေဖြင့် ဇီဝလောင်စာမှရရှိသောပစ္စည်းများသည် စွမ်းအင်မြင့်မားသော စွမ်းအင်သိုလှောင်မှုအတွက် အလားအလာရှိသောအခွင့်အလမ်းများကို ပေး ဆောင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ရေရှည်တည်တံ့သောဖြေရှင်းချက်များဖြင့် စွမ်းအင်သိုလှောင်မှုနည်းပညာများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်သုတေသနပြုရန် လိုအပ်ကြောင်းလည်း အလေးပေးဖော်ပြထားသည်။
သုတေတီအဖွဲ့၏ သုတေသန အသေးစိတ် စာတမ်းအား Power Sources ဂျာနယ်တွင် ထုတ်ဝေထားပြီးဖြစ်ပါသည်။
Source: https://interestingengineering.com/energy/sawdust-superpower-wood-waste-battery-breakthrough
(Interesting Engineering တွင် စာရေးသူ Jijo Malayil ရေးသားသည့် “Sawdust superpower: Wood waste battery retains 60% capacity after 10,000 cycles” အား အလွတ်သဘော ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

အစ္စတန်ဘူလ်မြို့သည် ဥရောပနှင့် အာရှတိုက်ကြား နယ်နိမိတ်တစ်ခုဖြစ်သည့် Bosporus ရေလက်ကြားကို ခွလျက်တည်ရှိသည့် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုနှင့်သမိုင်းဝင်မြို့တော်အဖြစ်သတ်မှတ်ခံထားရသည်။ အစ္စတန်ဘူလ်မြို့တွင် နေထိုင်သူလူဦးရေ (၁၅)သန်း ကျော်ရှိပြီး ဥရောပတိုက်တွင်လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကာ ကမ္ဘာပေါ်တွင် (၁၆) ခုမြောက် အကြီးဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် အစ္စတန်ဘူလ်မြို့သည် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ သမိုင်းကြောင်း ကြွယ်ဝမှုနှင့် ခေတ်မီမှုတို့ ရောယှက်နေသည့် မြို့တစ်မြို့ဖြစ်ပြီး တိုက်ကြီးများ ကြားတွင် တံတားတစ်ခုအဖြစ
အစ္စတန်ဘူလ်မြို့သည် ဥရောပနှင့် အာရှတိုက်ကြား နယ်နိမိတ်တစ်ခုဖြစ်သည့် Bosporus ရေလက်ကြားကို ခွလျက်တည်ရှိသည့် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှုနှင့်သမိုင်းဝင်မြို့တော်အဖြစ်သတ်မှတ်ခံထားရသည်။ အစ္စတန်ဘူလ်မြို့တွင် နေထိုင်သူလူဦးရေ (၁၅)သန်း ကျော်ရှိပြီး ဥရောပတိုက်တွင်လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ကာ ကမ္ဘာပေါ်တွင် (၁၆) ခုမြောက် အကြီးဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် အစ္စတန်ဘူလ်မြို့သည် မတူကွဲပြားသော ယဉ်ကျေးမှုများ၊ သမိုင်းကြောင်း ကြွယ်ဝမှုနှင့် ခေတ်မီမှုတို့ ရောယှက်နေသည့် မြို့တစ်မြို့ဖြစ်ပြီး တိုက်ကြီးများ ကြားတွင် တံတားတစ်ခုအဖြစ် ၎င်း၏ထူးခြားသောအနေအထားသည် ကမ္ဘာပေါ်တွင် ဆွဲဆောင်မှုအရှိဆုံး မြို့များထဲမှ တစ်မြို့ဖြစ်လာစေခဲ့ကြောင်းလည်းသိရသည်။ အစ္စတန်ဘူလ်မြို့ကို ဘိုင်ဇန်တီယမ် အင်ပါယာအဖြစ် ဘီစီ (၇)ရာစုတွင် Megara မြို့မှ ဂရိအခြေချနေထိုင်သူများက စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ခရစ်နှစ်(၃၃၀)တွင် ရောမဧကရာဇ် Constantine the Great သည် အစ္စတန်ဘူလ်မြို့ကို ၎င်း၏အင်ပါယာမြို့တော်အဖြစ် ပြုလုပ်ခဲ့ကာ ပထမဆုံးရောမမြို့သစ်အဖြစ် အမည်ပြောင်းခဲ့ပြီး နောက်ဆုံးတွင် Constantinople အဖြစ် အမည်ပြောင်းခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။ထို့နောက် (၁၁)ရာစုတည်းက ဂရိအခေါ်အဝေါ်သုံးသော ဂရိဘာသာစကားအသုံးပြုသူများ သည်(၁၉၃၀)ပြည့်နှစ်တွင် အဆိုပါမြို့၏ အမည်ကို အစ္စတန်ဘူလ်အဖြစ် တရားဝင်ပြောင်းလဲခဲ့ ကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ်မြို့သည် အင်ပါယာမြို့တော်အဖြစ် နှစ်ပေါင်း (၁၆၀ဝ) နီးပါး ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘိုင်ဇန်တီယမ်အင်ပါဘာ (၃၃၀-၁၂၀၄) ခုနှစ်၊ လက်တင် (၁၂၀၄- ၁၂၆၁)ခုနှစ်၊ late Byzantine အင်ပါယာ (၁၂၆၁-၁၄၅၃) ခုနှစ်နှင့် အော်တိုမန်အင်ပါယာ(၁၄၅၃-၁၉၂၂)ခုနှစ်တို့ ဖြစ်ကြောင်းသိရသည်။ နောက်ပိုင်းတွင် အစ္စတန်ဘူလ်မြို့သည် အရွယ်အစားနှင့် ဩဇာအာဏာကြီး မားလာခဲ့ပြီး ပိုးလမ်းမ၏ မီးရှူးတန်ဆောင်အဖြစ် သမိုင်းတွင် အရေးအပါဆုံး မြို့များထဲမှ တစ်မြို့ဖြစ်လာခဲ့ကြောင်းသိရသည်။
အစ္စတန်ဘူလ်မြို့သည် ရောမနှင့် ဘိုင်ဇန်တိုင်းခေတ်များအတွင်း ခရစ်ယာန်ဘာသာ ထွန်းကား ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ခရစ်နှစ်(၁၄၅၃)ခုနှစ်တွင် Constantinople မြို့ကျဆုံးပြီး နောက် အစ္စလာမ်ဘာသာဝင်များ၏ အမာခံနယ်မြေအဖြစ်သို့ အသွင်ပြောင်းခြင်းမပြုမီ ပထမဦးဆုံးသောခရစ်ယာန်အသင်းတော်များကောင်စီ(၇)ခုမှ (၄)ခုကို လက်ခံထားရှိခဲ့ကြောင်းသိရသည်။ထို့နောက် အစ္စတန်ဘူလ်မြို့သည် (၁၅၁၇)ခုနှစ်တွင် အော်တိုမန် Caliphate ၏ ထိုင်ခုံနေရာတစ်ခု ဖြစ်လာခဲ့ ကြောင်းသိရသည်။တူရကီလွတ်လပ်ရေးစစ်ပွဲအပြီး (၁၉၂၃)ခုနှစ်တွင် အန်ကာရာမြို့ကို အသစ် ဖွဲ့စည်းလိုက်သော တူရကီသမ္မတနိုင်ငံ၏ မြို့တော်အဖြစ် အစ္စတန်ဘူလ်မြို့နေရာတွင် အစားထိုးခဲ့ ကြောင်းသိရသည်။အစ္စတန်ဘူလ်မြို့ကို (၂၀၂၃)ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် သန်း(၂၀) ကျော် လာရောက်လည်ပတ်ခဲ့မှုနှင့်အတူ ကမ္ဘာပေါ်တွင်ခရီးသွားလာရောက်လည်ပတ်မှု အများဆုံး မြို့တစ်မြို့အဖြစ် လန်ဒန်နှင့်ဒူဘိုင်းမြို့တို့ကို ကျော်တက်သွားခဲ့ကြောင်း လည်းသိရသည်။ (၂၀၂၄) ခုနှစ်တွင် Euromonitor International ကုမ္ပဏီ သည် အစ္စတန်ဘူလ်မြို့ကို ကမ္ဘာပေါ်တွင် ဒုတိယ မြောက် လာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး လာရောက်လည်ပတ်သူ ဦးရေမှာ (၂၃)သန်းကျော်ရှိခဲ့ကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ်မြို့၏သမိုင်းဝင်မြို့လယ်ကောင် သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး တူရကီနိုင်ငံစီးပွားရေး၏ (၃၀) ရာခိုင်နှုန်း ကျော်ရှိသော တူရကီကုမ္ပဏီများ၏ ဌာနချုပ်များစွာသည် အစ္စတန်ဘူလ်မြို့တွင် အခြေစိုက်ကြောင်း လည်းသိရသည်။
(၂၀၁၈)ခုနှစ်တွင် အစ္စတန်ဘူလ်မြို့သည် ကမ္ဘာ့မြို့ပြဧရိယာများကြားတွင် (၁၁)ခုမြောက်အကြီးဆုံး စီးပွားရေးရှိသည့် မြို့တစ်မြို့ဖြစ်ပြီး တူရကီနိုင်ငံ စက်မှုထုတ်ကုန်၏(၃၀)ရာခိုင်နှုန်း၊ ဂျီဒီပီ၏(၃၁) ရာခိုင်နှုန်းနှင့် အခွန်ရငွေတို့၏ (၄၇)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဝယ်လိုအားတန်းတူညီမျှမှု စွမ်းအားအရ ပြုပြင်ပြောင်းလဲထားသော အစ္စတန်ဘူလ် မြို့၏ ဂျီဒီပီသည် (၂၀၁၈)ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၅၃၇ ဒသမ ၅၀၇)ဘီလီယံရှိခဲ့ပြီး ထုတ်လုပ်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းသည် စီးပွားရေးထွက်ရှိမှု၏ (၃၆)ရာခိုင်နှုန်းနှင့် (၆၀)ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း သိရသည်။ ထို့အပြင် အစ္စတန် ဘူလ်မြို့၏ ကုန်ထုတ်လုပ်မှုစွမ်းအားသည် တစ်နိုင်ငံလုံး ပျမ်းမျှအတိုင်း အတာထက် (၁၁၀)ရာခိုင်နှုန်း ပိုမြင့်မားကြောင်းလည်းသိရသည်။ ကုန်သွယ်မှုသည် စီးပွားရေးအရ အရေးပါသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အစ္စတန်ဘူလ်မြို့စီးပွားရေးထွက်ရှိမှု၏ (၃၀)ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ (၂၀၁၉)ခုနှစ်တွင် အစ္စတန်ဘူလ်မြို့တွင် အခြေစိုက်သောကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ(၈၃ ဒသမ ၆၆)ဘီလီယံတန်ဖိုးရှိ ပို့ကုန်များကို ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ(၁၂၈ ဒသမ ၃၄)ဘီလီယံတန်ဖိုးရှိ သွင်းကုန်များကို လက်ခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းများသည် တူရကီနိုင်ငံလုံးဆိုင်ရာ စုစုပေါင်းပို့ကုန်နှင့် သွင်းကုန်၏ (၄၇)ရာခိုင်နှုန်းနှင့် (၆၁)ရာခိုင်နှုန်း အသီးသီး ညီမျှကြောင်းလည်းသိရသည်။ Bosporus ရေလက် ကြားကို ခွလျက်တည်ရှိသော အစ္စတန်ဘူလ်မြို့သည် ဥရောပနှင့်အာရှတိုက်ကို ဆက်သွယ်ပေးသည့် နိုင်ငံတကာဆိပ်ကမ်းများကို လက်ခံထားရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။
Bosporus ရေလက်ကြားသည် ပင်လယ်နက်မှ မြေထဲပင်လယ်သို့သွားသော တစ်ခုတည်းသော လမ်းကြောင်းကိုပေးဆောင်ထားသည့် ရေလက်ကြားတစ်ခုဖြစ်ပြီး နိုင်ငံတကာ ရေကြောင်းသွားလာမှု အတွကအသုံးပြုသည့် ကမ္ဘာပေါ်တွင်အစည်ကားဆုံးနှင့်အကျဉ်းဆုံး ရေလက်ကြားဖြစ်ကာ နှစ်စဉ် ရေနံတန်ချိန် သန်း(၂၀ဝ)ကျော် ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။ရေနံတင်သင်္ဘောများက ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ဓာတုပစ္စည်းများနှင့် အခြားမီးလောင်လွယ်သော သို့မဟုတ် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ကုန်စည်အဖြစ်သယ်ဆောင်သည့်တိုင်အောင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများသည် ပင်လယ်နက်နှင့်မြေထဲပင်လယ်ကြား ဖြတ်သန်းသွားလာမှုများကို အာမခံထားကြောင်းသိရသည်။ ထို့ပြင် (၂၀၁၁)ခုနှစ်တွင် တူရကီ ဝန်ကြီးချုပ် အာဒိုဂန်သည် ပင်လယ်နက်နှင့် Marmara ပင်လယ် ကြားတွင် ရေလက်ကြားအသစ်တစ်ခု ဖွင့်လှစ်မည့်စီမံကိန်း တစ်ခုဖြစ်သော အစ္စတန်ဘူလ် တူးမြောင်းကို တင်ပြခဲ့ကြောင်းသိရသည်။ အဆိုပါ စီမံကိန်းသည် (၂၀၂၂)ခုနှစ်အထိ တူရကီ၏ အစီအစဉ်တွင်ရှိနေဆဲဖြစ်သော်လည်း ယင်းအတွက် ရက်အတိအကျ သတ်မှတ်ထားခြင်းမျိုး မရှိသေး ကြောင်းသိရသည်။ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှုသည် အစ္စတန်ဘူလ်မြို့၏ စီးပွားရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး (၂၀၁၈)ခုနှစ်တွင် ပို့ကုန်၏ (၇၃ ဒသမ ၉)ရာခိုင်နှုန်းနှင့် သွင်းကုန်၏ (၉၂ ဒသမ ၇) ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းဖြင့် အကောင်အထည်ဖော် ခဲ့ကြောင်း သိရသည်။ အစ္စတန်ဘူလ်မြို့တွင် အဓိကဆိပ်ကမ်းသုံးခုဖြစ်သည့် Haydarpasa ဆိပ်ကမ်း၊ Ambarl ဆိပ်ကမ်းနှင့် Zeytinburn ကဆိပ်ကမ်းတို့အပြင် Bosporus ရေလက် ကြားနှင့် Marmara ပင်လယ်တို့တစ်လျှောက်ရှိ သေးငယ်သောဆိပ်ကမ်းများနှင့် ရေနံဆိပ်ကမ်းများလည်းရှိကြောင်း သိရသည်။ Bosporus ရေလက်ကြား၏ အရှေ့တောင်ဘက်စွန်းတွင်ရှိသော Hayd- arpasa ဆိပ်ကမ်း သည် (၂၀ဝဝ) ပြည့်နှစ် အစောပိုင်းအထိ အစ္စတန်ဘူလ်မြို့၏ အကြီးဆုံးဆိပ်ကမ်းဖြစ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း နောက်ပိုင်းတွင် Haydarpasa ဆိပ်ကမ်းကို ခရီးသွားလုပ်ငန်းလည်ပတ်ရာနေရာ တစ်ခုအဖြစ် ပြောင်းလဲရန် အစီအစဉ်များနှင့်အတူ လုပ်ငန်းလည်ပတ်မှုများကို Ambarl ဆိပ်ကမ်းသို့ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။(၂၀၁၉)ခုနှစ်တွင် Ambarl ဆိပ်ကမ်းသည် နှစ်စဉ်စွမ်းရည်(၃၁၀၄၈၈၂) TEUs ရှိခဲ့ပြီး မြေထဲပင်လယ်ချိုင့်ဝှမ်းတွင် တတိယမြောက်အကြီးဆုံး ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခု ဖြစ်လာခဲ့ကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ်မြို့သည် (၁၉၈၀)ပြည့်နှစ်များမှ စတင်ပြီး နိုင်ငံတကာ ဘဏ်လုပ်ငန်းအချက်အချာနေရာတစ်ခုဖြစ်ခဲ့ပြီး (၁၈၆၆) ခုနှစ်တွင် အော်တိုမန်စတော့ အိတ်ချိန်း အဖြစ် ယခင်ကတည်ထောင်ခဲ့သော တူရကီရှိ တစ်ခုတည်းသောလည်ပတ်မှုရှိသည့် စတော့ အိတ်ချိန်းဖြစ်သော Borsa Istanbul ၏ နေအိမ်လည်းဖြစ်သည်။(၂၀၁၈)ခုနှစ်တွင် အစ္စတန်ဘူလ်မြို့ကို နိုင်ငံခြားခရီးသွား(၁၃.၄)သန်း လာရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာပေါ်တွင် (၅)ခုမြောက် လာရောက် လည်ပတ်မှုအများဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။အစ္စတန်ဘူလ်နှင့် အန်တာလီရာမြို့တို့သည် တူရကီ၏ အကြီးဆုံးနိုင်ငံတကာဝင်ပေါက်နှစ်ခုဖြစ်ပြီး နိုင်ငံတွင်းရှိ နိုင်ငံခြားခရီးသွားများ၏ လေးပုံပုံ တစ်ပုံခန့်ကို လက်ခံရရှိကြကြောင်းသိရသည်။အစ္စတန်ဘူလ်မြို့တွင် ခရီးသွား လာရောက်လည်ပတ်မှု အများဆုံးပြတိုက်ဖြစ်သည့် Topkap Palace ပြတိုက်နှင့်အတူ ပြတိုက်ပေါင်း (၅၀) ကျော်ရှိပြီး နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း(၃၀)ကျော်ရှိကြောင်းသိရသည်။ထို့ပြင် အစ္စတန်ဘူလ် အာဏာပိုင်များသည် Karaköy ခရိုင်ရှိ Galataport ဟု လူသိများကြသော အပျော်စီး သင်္ဘော ဆိပ်ကမ်းကို ပြုပြင်မွမ်းမံမှုများလုပ်ဆောင်ခဲ့ပြီးနောက် အပျော်စီးသင်္ဘော ကုမ္ပဏီများထံမှခရီးသွား(၁) သန်း ခန့်ကို မျှော်လင့်ထားကြကြောင်းလည်း သိရသည်။

အန္တာတိကတိုက်နှင့် အာတိတ်ဒေသတို့ပြီးလျှင် ရေခဲပမာဏအကြီးမားဆုံး သိုလှောင်ထားသည့် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ဒေသအလိုက် စီးပွားရေးကို ပျက်စီးစေပြီး ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်မှုကို တွန်းအားပေးမည့် ရေခဲများလျင်မြန်စွာအရည်ပျော်မှု၏ ဆိုးရွားသောသက်ရောက်မှုများကို ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများမှ အရေးပေါ် အရေးယူဆောင်ရွက် ကြရမည်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၅ ခုနှစ်ကို နိုင်ငံတကာ ရေခဲတောင်များထိန်းသိမ်း စောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့ခြင်းသည် ကမ္ဘာ့ရေခဲလွှာများ အရည်ပျော်ကျနေသည့် အဖြစ်မှန်ကို ပေါ်လွင်ထင်ဟပ်စေခဲ့သည့် အခိုက်အတန့်ဖြစ်ပေသည်။ ရာသီဥတုပြောင်းလဲမှုသည် အထူးသဖြင့် အာတိတ်ဒေသနှင့် အန္တာတိကတိုက်ပြီးနောက် အကြီးမားဆုံးသော ရေခဲပမာဏ ရှိသဖြင့် ကမ္ဘာ့တတိယ ဝင်ရိုးစွန်းဟုလူသိများသော ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးအပေါ် များစွာသက်ရောက်လျက်ရှိသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအထိ နိုင်ငံပေါင်း ရှစ်နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၃၅၀၀ ကျော် ရှည်လျားသော ထိုတောင်တန်းသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ယခု ရာစုနှစ်အကုန်တွင် စက်မှုတော်လှန်ရေးမတိုင်မီကထက် အပူချိန် ၃ ဒီဂရီစင်တီဂရိတ် မြင့်တက်လာပါက ဒေသတွင်းရှိ ရေခဲတောင်များ၏ ၇၅ ရာခိုင်နှုန်းအထိ အရည်ပျော်ခြင်း၊ ရေရရှိနိုင်မှု လျော့နည်းခြင်း၊ အစားအစာနှင့် စွမ်းအင်လုံခြုံမှုကို လျော့နည်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း စသည်တို့ ပိုမို ဆိုးရွားလာစေမည်ဖြစ်သည်။
ရေခဲပြင်များ အရည်ပျော်ခြင်းသည် ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းနှင့် ဒေသန္တရ စီးပွားရေး ပျက်စီးဆုံးရှုံးမှုများကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် ရွှေ့ပြောင်းနေထိုင်မှုများ တိုးမြင့်လာခြင်း၊ ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်း တို့ကြောင့် ကမ္ဘာတစ်ဝှမ်း မတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် နီပေါနိုင်ငံရှိ မယ်လန်ချီမြစ်ရေကြီးရေလျှံမှုဘေးသည် နောင်ဖြစ်လာမည့် အခြေအနေများကို အရိပ်အမြွက်ပေးခဲ့သည်။ ပုံမှန်မဟုတ်သော မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခြင်း၊ နှင်းမိုးများထူထပ်စွာရွာသွန်းခြင်းတို့ကြောင့် စိုက်ပျိုးမြေဟက်တာ ထောင်ပေါင်းများစွာ ဆုံးရှုံး၍ အရေးပါသော အခြေခံအဆောက်အအုံများစွာ ပျက်စီးကာ လူသိန်းပေါင်း များစွာ သောက်သုံးရေ ပြတ်လပ် ခဲ့ရသည်။
ရေခဲတောင်များလျော့နည်းလာခြင်းကြောင့် ရေအနည်းငယ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းအပေါ် ထိခိုက်စေနိုင်မည်ဟု ခန့်မှန်းထားကြသည်။ မြစ်ရေ စီးဆင်းမှုလျော့နည်းလာခြင်းကြောင့် ကမ္ဘာ့ဆန်၏ သုံးပုံတစ်ပုံနှင့် ဂျုံ၏ လေးပုံ တစ်ပုံခန့် ထွက်ရှိသော ဧရိယာတွင် သီးနှံများစိုက်ပျိုးရန် ပိုမိုခက်ခဲလာစေနိုင်သည်။ ရေပေးဝေရေးနှင့် မိလ္လာစနစ်ကို ထိန်းသိမ်းရန် ခက်ခဲလာကာ ဒေသတွင်းအခြေခံမိလ္လာစနစ် လက်လှမ်းမမီသော လူဦးရေ တစ်ဘီလီယံခန့်လည်း ထပ်လောင်း တိုးလာစေနိုင်သည်။ စားနပ်ရိက္ခာမလုံလောက်မှုသည်လည်း ပိုမိုဆိုးရွားလာမည်မှာ အသေချာပင်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများနှင့် စက်မှုလုပ်ငန်းတစ်ခုလုံးသည်ပင်လျှင် ရေချိုရှာဖွေရန်အတွက် ရွှေ့ပြောင်း သွားလာရန် လိုအပ်လာပေလိမ့်မည်။ အာရှတိုက်၏ အဆင်းရဲဆုံးနှင့် ထိခိုက်အလွယ်ဆုံး ပြည်သူများသည် ပြင်းထန်စွာ ထိခိုက်ခံစားကြရဦးမည်ဖြစ်သည်။
အဆိုပါဒေသရှိ ရေခဲများအရည်ပျော်မှု မြန်ဆန်လာခြင်း၏ ဆိုးရွားသော သက်ရောက်မှုများကို ရှောင်ရှားရန် ကမ္ဘာကြီးအနေဖြင့် အရေးတကြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘေးအန္တရာယ် ပေါင်းစုံ အကဲဖြတ်စစ်ဆေးမှု (Multi-hazard Risk Assessment)တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိမိတို့၏ အသိပညာများ ပိုမိုကြွယ်ဝလာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာသည် ကမ္ဘာ့အပူချိန် 1.5°၊ 1.8°၊ 2° သို့မဟုတ် 3°C မြင့်တက်လာခြင်းအပေါ် များစွာ မူတည်နေပါသည်။ အချက်အလက်စုဆောင်းမှုကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အသိပညာမျှဝေခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို ကောင်းမွန်အောင်လုပ်ဆောင်ခြင်းနှင့် မြစ်ညာနှင့်မြစ်အောက်ပိုင်းနေထိုင်သောပြည်သူများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ပေါင်းစည်းမြစ်ဝှမ်းစီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
အခြေခံအဆောက်အအုံအသစ်များနှင့် ရှိရင်းစွဲအခြေခံအဆောက်အအုံများသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်းသည် ဘေးကင်းသော သောက်သုံးရေနှင့် စွမ်းအင်လုံခြုံရေးတို့အပြင် မိလ္လာ၊ ဆည်မြောင်း နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဂေဟစနစ်များကို ကာကွယ်ရန်နှင့် သစ်တောပျိုးထောင်ခြင်း၊ ပြန်လည်စိုက်ပျိုးခြင်း၊ စိမ့်မြေထိန်းသိမ်းခြင်းနှင့် ရေလွှမ်း လွင်ပြင် ပြန်လည်ထူထောင်ခြင်းကဲ့သို့သော သဘာဝအခြေခံ ဖြေရှင်းနည်းများကို မြှင့်တင်ရန်လည်း အချိုးညီစွာ အရေးကြီးပေသည်။
အဆိုပါ နည်းဗျူဟာ၏အစိတ်အပိုင်းတိုင်းသည် ဘဏ္ဍာငွေ ပိုမိုလိုအပ်မည်ဖြစ်သည်။ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများသည် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် ၎င်းတို့၏ အရေးပါမှု ကို ပေးထားသည့် အဆိုပါရေခဲဒေသနှင့် ၎င်း၏မြစ်ဝှမ်းဒေသတို့ကို ကမ္ဘာလုံးဆိုင်ရာ အများသူငှာ ကောင်းကျိုး အဖြစ်သတ်မှတ်၍ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသည် ပူးပေါင်းဆောင်ရွက်မှုနှင့် သံခင်းတမန်ခင်း နည်းလမ်းအားဖြင့် ရေခဲပြင်အရင်းအမြစ်များကို သာတူညီမျှစွာအသုံးပြုမှုကို မြှင့်တင်ပေး ရမည်ဖြစ်သည်။ ယင်းသည် ဖြစ်နိုင်ခြေရှိသော တင်းမာမှုများကို ပြေပျောက်စေပြီး ဒေသတွင်းရှိ ရေခဲတောင်များသည် ပဋိပက္ခထက် ငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုအဖြစ် ဆောင်ရွက်ပေးကြောင်းသေချာစေကာ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အဆိုပါရည်မှန်းချက်အချို့ကို ပြည့်မြောက်အောင် ဆောင်ရွက် လျက်ရှိသည်။ Green Climate Fund နှင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ADB သည် Glaciers to Farms အစီအစဉ်ကို မကြာသေးမီက စတင်ခဲ့ပြီး အာရှအလယ်ပိုင်းနှင့် အနောက်အာရှ တို့တွင် စိုက်ပျိုးရေးကဏ္ဍ၌ ရာသီဥတုဒဏ်ခံနိုင်ရည် အားကောင်းလာစေရန် ဒေါ်လာ ၃.၅ ဘီလီယံ ထည့်ဝင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဟိန္ဒူကုရှ်ဟိမဝန္တာ-ဘူတန်နှင့် နီပေါနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ရာသီဥတုဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကို စီစဉ်ရေးဆွဲရာတွင်လည်း ကူညီ ပံ့ပိုးပေးနေသည်။ ထို့အပြင် ADB သည် ဂေဟစနစ်ပြန်လည်ဖြည့်ဆည်းမှု (Eco-compensation Mechanisms), ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်မည့် ကာဗွန်အရောင်းအဝယ်စနစ် (Carbon Markets) and ရေကုန်သွယ်ရေး(Water Trading)နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်စပ်နေသော စာချူပ်များ (Sustainability-linked Bonds) ကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်သစ်များကိုလည်း စမ်းသပ် လုပ်ဆောင်လျက်ရှိသည်။
UNESCO နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့သည် ပြီးခဲ့သောလက နိုင်ငံတကာ ရေခဲတောင် များထိန်းသိမ်းစောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့မှုအပေါ် WMO အထွေထွေ အတွင်းရေးမှူးချုပ် Celeste Saulo က ကမ္ဘာကြီးအနေဖြင့် တက်ကြွနိုးကြားစွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ရာသီဥတုဒဏ်ခံနိုင်ရည် တည်ဆောက်ခြင်းမှသည် စိမ်းလန်းသော အကူးအပြောင်း (ရာသီဥတုပြောင်းလဲမှု နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုရေရှည်တည်တံ့သော လူနေမှု ပုံစံများဆီသို့ ကူးပြောင်းမှု) နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ခြင်းအထိ ရေခဲတောင် များနှင့် ၎င်းတို့၏ ဆက်စပ်ဂေဟစနစ်ကို မှီခိုနေရသည့် သန်းပေါင်းများစွာသော ပြည်သူများအတွက် ရေရှည်တည်တံ့သောအနာဂတ် သေချာစေရန်အတွက် ကမ္ဘာ့အသိုက်အဝန်းသည် ၎င်း၏စွမ်းအားဖြင့် ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက ကျွန်ုပ်တို့ အားလုံးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပေသည်။
စာရေးသူ Masatsugu Asakawa သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဥက္ကဋ္ဌဖြစ်သည်။
ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
Source: https://www.eco-business.com/opinion/meltdown-at-the-top-of-the-world/

လူသားတစ်ဦးအတွက် မွေးဖွားချိန်မှစ၍ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို မည်သို့မည်ပုံ အသုံးပြုရမည်ကို ရည်မှန်းလုပ်ဆောင်ကြ ရသည်။ အားလုံးသော လေ့လာဖော်ထုတ်မှုများနှင့် တီထွင်ဆန်းသစ်မှု များသည် အဆိုပါရည်မှန်းချက်ကို ရောက်ရှိအောင် ကြိုးပမ်းလုပ်ဆောင်ခြင်း၏ ရလဒ်များပင် ဖြစ်သည်။ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်ပြီး အဓိကကျသည့် အကြောင်းအချက်များအနက်တစ်ခုမှာယင်းစွမ်းအင်အား သိုလှောင်သိမ်းဆည်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လိုအပ်သည့်ပမာဏကိုသာ ထုတ်ယူသုံးစွဲခြင်းပင် ဖြစ်ပေသည်။

စွမ်းအင်ကို ဟန်ဘီးများ(flywheels)၊ ဘက်ထရီများ၊ လေဖိအားသုံး စက်များနှင့် ရေအားလျှပ်စစ်သုံးပန့်များကို အသုံးပြု၍ သမားရိုးကျနည်းများဖြင့် သိုလှောင်သိမ်းဆည်းခဲ့ကြသည်။ ယနေ့ခေတ်တွင် စွမ်းအင်ကဏ္ဍကို လေ့လာ လိုက်စားသူများအား ဆွဲကိုင်လှုပ်နိုင်ခဲ့သည့် နောက်ဆုံးပေါ် ခေတ်မီတိုးတက်လာမှုမှာ စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များ (superconducting magents)၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors)၊ အလင်းစနစ်သုံး စွမ်းအင်ပြောင်းပစ္စည်းများ (photonic energy conversions)နှင့် ဟိုက်ဒရိုဂျင်သုံး လျှပ်စစ်ပစ္စည်းများ (hydrogen electrolysis) ပင် ဖြစ်သည်။
ယနေ့အချိန်အထိ လက်လှမ်းမီပြီး အသုံးပြုနိုင်သည့် အကောင်းဆုံး စွမ်းအင်သိုလှောင်ပစ္စည်းမှာ ဓာတုဗေဒစနစ်သုံး ဘက်ထရီပင် ဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် အလျင်အမြန် ပြောင်းလဲမှီခိုမှုကြောင့် ဘက်စုံသုံးနိုင်ပြီး စွမ်းအင်ချွေတာနိုင်သည့် ရေရှည်အသုံးပြုနိုင်သော စွမ်းအင်သိုလှောင်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်မှာ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာပေသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency-IEA) က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (RE) ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် ၉,၀၀၆ ထရီလီယံဝပ် ထုတ်လုပ်နိုင်ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၁၇,၀၃၂ ထရီလီယံ ဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားပါသည်။ အဆိုပါပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကောင်းမွန်သည့်လျှပ်စစ်သွယ်တန်းမှုစနစ်ရှိရန် လိုအပ်ပြီး အားနည်းချက်အနေဖြင့် စွမ်းအင်ထုတ်လုပ်နိုင်ခြင်းမရှိသည့်အခါ အနာဂတ်တွင် အသုံးပြုနိုင်ရန်အတွက် စွမ်းအင်သိုလှောင်သိမ်းဆည်းရန် မလုံလောက်မှုပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရုပ်ကြွင်းလောင်စာ မဟုတ်သော အရင်းအမြစ်များ အခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများကို ၂၀၃၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တည်ဆောက်ရန်နှင့် နိုင်ငံ၏ GDP ကို ၃၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ရည်မှန်းထားရှိကြောင်း အိန္ဒိယနိုင်ငံ ပြန်လည်ဖွံ့ဖြိုးရေး စွမ်းအင်ဆိုင်ရာဝန်ကြီးဌာန (Ministry of New and Renewable Energy) က ဆိုသည်။
သဘာဝစွမ်းအင်များဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ (Renewable Energy-RE) မှ ရရှိလာသည့် စွမ်းအင်ပမာဏများစွာသည် ဓာတ်အားလိုင်းအတွင်း ပေါင်းစပ်စီးဝင်သည့်အတွက် ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်းထားရမည်ဖြစ်သည်။ အဆိုပါ RE စွမ်းအင်သည် အရင်းအမြစ်အမျိုးမျိုး (ဥပမာ- လေအား၊ ရေအား၊ ဆိုလာ) မှ ရရှိနိုင်ပြီး ၎င်းတို့အားလုံးကို တစ်ပြိုင်တည်း ပေါင်းစပ်စီးဝင်စေခြင်းဖြင့် မဟာဓာတ်အားလိုင်း၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သဖြင့် အဆိုပါ အရင်းအမြစ်များကို ကာလ၊ ဒေသ၊ ရာသီဥတုအခြေအနေများအပေါ်တွင် အခြေခံကာ ရွေးချယ်စဉ်းစားရမည် ဖြစ်သည်။ ထင်သာမြင်သာရှိသည့်အချက်မှာ လျှပ်စစ်သုံးစွဲမှုဝန်အား အမြင့်ဆုံး ဖြန့်ဖြူးနိုင်မှုသည် အခြေအနေအရ ပြောင်းလဲ(လျော့ကျ) သွားမည် ဖြစ်သဖြင့် အပြန်အလှန်အားဖြင့် လျှပ်စစ်သုံးစွဲမှုအပေါ် အခွန်ကောက်ခံနိုင်မှုကိုလည်း ကမောက်ကမ ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် RE စွမ်းအင်အတွက် လုံလောက်မှုရှိသည်အထိ စွမ်းဆောင်နိုင်သည့် စွမ်းအင်သိုလှောင်မှုစနစ်တစ်ခု ဖော်ဆောင်ခြင်းသည် အဆိုပါစိန်ခေါ်မှု အားလုံး၏ ဖြေရှင်းနိုင်မည့် အဖြေဖြစ်သည်။
မည်သည့်စွမ်းအင်သိုလှောင်ပစ္စည်းမဆို ကန့်သတ်ချက်များရှိပေသည်။ ကုန်ကျစရိတ်ကြီးမားသည့် စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များသည်လည်း သုံးစွဲနိုင်သည့်ကာလ ကန့်သတ်ချက်ရှိခြင်း၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors) သည်လည်း ကုန်ကျစရိတ် မြင့်မားပြီး လျှပ်စစ်ပမာဏအနိမ့်ကိုသာ ခံနိုင်စွမ်းရှိခြင်း၊ ဗို့အားထိန်းညှိသည့် လျှပ်စီးပတ်လမ်းနှင့် စွမ်းအားမြင့် Converter လိုအပ်ခြင်းစသည့် အကန့်အသတ်များ ရှိကြသည်။
သို့ရာတွင် ၎င်းကို ဘက်ထရီများက ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများစုမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ထုတ်လွှင့်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင် DC ဓာတ်အား အရန်အဖြစ် ခဲအက်ဆစ် ဘက်ထရီ များကို အသုံးပြုကြသည်။ ထိုအချက်သည် ခဲအက်ဆစ် ဘက်ထရီများက အိန္ဒိယဈေးကွက်အား လွှမ်းမိုးထိန်းချုပ်နိုင်မှုကို ဖြစ်စေခဲ့သည်။ အဆိုပါ ခဲအက်ဆစ်ဘက်ထရီများသည် အကြမ်းခံသော်လည်း သံချေးကိုက်ခြင်း၊ ဘက်ထရီ ငုတ်များအား အက်စစ် စားခြင်း၊ လျှပ်စစ်အား သယ်ဆောင်ပေးသည့် Electrolyte အရည်များမှ ညစ်ညမ်းမှုကို ဖြစ်စေခြင်းနှင့် ဘက်ထရီအတွင်းရှိ အခန်းများ ပေါက်ပြဲခြင်း စသည့် ပြဿနာများ ရှိနေပေသေးသည်။ ထို့အပြင် ဘက်ထရီများတွင် အက်ဆစ်အရည်နှင့် ခဲတို့ကိုအသုံးပြုခြင်းအားဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင် ပါသည်။ ဘက်ထရီအပိုင်းအစများ စွန့်ပစ်ခြင်းအရေးကိစ္စသည်လည်း စက်ရုံအလုပ်ရုံအားလုံးအတွက် စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။
ယခုအခါ Lithium-ion ဘက်ထရီများသည် ခဲအက်ဆစ်ဘက်ထရီများ၏ ပြိုင်ဘက်အဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့ သည်။ အဆိုပါ Lithium-ion ဘက်ထရီများသည် ရာသီဥတုပူပြင်းသည့် အိန္ဒိယနိုင်ငံအတွက် သင့်လျော် ကောင်းမွန်မှု ရှိသည်။ သို့သော် ကုန်ကျစရိတ် မြင့်မားခြင်း၊ နည်းပညာဆိုင်ရာကန့်သတ်ချက်ရှိခြင်း၊ ကုန်ကြမ်း ရရှိနိုင်မှု ခက်ခဲခြင်းနှင့် လုပ်ငန်းအရွယ်အစား ကြီးမားခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထို့ပြင် ခဲအက်ဆစ် ဘက်ထရီများသည် recycle လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး American Chemical Society ၏ အစီရင်ခံစာတစ်စောင်တွင် အဆိုပါ ခဲအက်ဆစ်ဘက်ထရီများ၏ ၉၉ ရာခိုင်နှုန်းကို ရာနှုန်းပြည့် recycle လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သော်လည်း Lithium ဘက်ထရီများကိုမူ လက်ရှိအချိန်အထိ ၅ ရာခိုင်နှုန်းသာ recycle လုပ်နိုင် သေးကြောင်း ရေးသားဖော်ပြခဲ့ပါသည်။
ဘက်ထရီများအား တရားမဝင် recycle ပြုလုပ်ခြင်းနှင့် မြေဖို့ရာတွင် အသုံးပြုခြင်းတို့သည် သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်သဖြင့် အိန္ဒိယနိုင်ငံတွင် ဘက်ထရီနှင့် စွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြုပြင်ပြောင်းလဲခြင်းဆိုင်ရာဝန်ကြီးဌာန (MoEFCC) က ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဘက်ထရီများအား recycle လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် အဆောက်အအုံများ တိုးတက်ဖြစ်ထွန်းရေးနှင့် ပြည်သူလူထုအား အသိပညာပေးရေး စသည့်လုပ်ငန်းစဉ်များတွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အတူတကွပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ ဘက်ထရီ စွန့်ပစ်ပစ္စည်းများအား မသင့်မလျော် စွန့်ပစ်ခြင်း၏ ဆိုးကျိုးများကို သတိပြုနိုင်ရန်အတွက် ပညာပေးအစီအစဉ်များ၊ ကျန်းမာရေး အသိပညာပေးအစီအစဉ်များနှင့် Media Campaigns များ လုပ်ဆောင်ပေးခြင်း၊ စာသင်ကျောင်းများတွင် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်းနှင့် လူမှုအဖွဲ့အစည်းများစုပေါင်း၍ အသိပညာပေး အစီအစဉ်များ ဖော်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်သင့်ပေသည်။
တင်းကြပ်သည့်လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် လူထုအား အသိပညာပေးမှုများ လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးမည်ဆိုပါက ခဲအက်ဆစ်ဘက်ထရီများသည် ကန့်သတ်ချက်များ ရှိလင့်ကစား စွမ်းအင်သိုလှောင်မှုပြဿနာအတွက် ဖြစ်နိုင်ချေအရှိဆုံးသော အဖြေတစ်ခုအဖြစ် သက်သေပြနိုင်မည် ဖြစ်ပေသည်။ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အဆိုပါစိန်ခေါ်မှုများကို ကြိုတင်မျှော်တွေး လုပ်ဆောင်ရာတွင် မိမိတို့၌ နည်းလမ်းများ၊ အရင်းအမြစ်များနှင့် မူဝါဒများရှိပေသည်။ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယှဉ်ပြိုင်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ လိုအပ်သော်လည်း မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများဖြင့် မိမိတို့ လျှောက်လှမ်းရမည့်လမ်းကြောင်းကို အတူတကွ လက်တွဲလျှောက်လှမ်းမှသာလျှင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
(Rajiv Gandhi Institute of Petroleum Technology မှ စွမ်းအင်ပြောင်းလဲမှုဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ပေးအပ်ရေး အမှုဆောင်အဖွဲ့ဝင် Gunjan Patel ရေးသားထားသည့် “Energy Storage: A grappling challenge for green energy revolution” ကို ထက်ထက်အောင်(နစက-၄) က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

ကမ္ဘာ့ရေဝပ်ဒေသများနေ့
(World Wetlands Day)
နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်သည် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wet-lands Day) ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ရေဝပ်ဒေသများ၏တန်ဖိုးကို မီးမောင်းထိုးပြရန်သာမက ရေဝပ်ဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေသတ္တဝါများ၊ ဆောင်းခိုငှက်များနှင့် ရေဝပ်ဒေသ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် တစ်ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်သောနေ့လည်း ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်ဖြစ်သည့် “Protecting Wetlands for Our Common Future”“အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဟူသည့်ဆောင်ပုဒ်သည် လူသားအားလုံး၏ လူမှုဘဝဖူလုံရေးအတွက် ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေရင်းဒေသများကို ထိရောက်စွာကာကွယ်ရေးသည် အရေးတကြီးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။
ရေဝပ်ဒေသများ
ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ၆ မီတာထက်ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားသော ရွှံ့ညွန်မြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုပါသည်။ ရေဝပ်ဒေသများကို ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်းရေချိုရေဝပ်ဒေသများဟူ၍ သုံးပိုင်းခွဲခြားထားပါသည်။
ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွှံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်ဝ ဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတန်းဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာများ စသည့်နေရာများပါဝင်ပါသည်။
ရေဝပ်ဒေသများသည် လူသားများအတွက် အရေးပါသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဓိကအားဖြင့် မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှုတိုးပွားပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ခြင်း၊ ရေကြီးခြင်း၊ ရေလျှံခြင်း စသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊ ရေချိုများ ပံ့ပိုးပေးခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေးစသည့်လုပ်ငန်းများအတွက် အထောက်အပံ့ပြုပြီး စားရေရိက္ခာဖူလုံစေရန် ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အရေးပါခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။
ရေဝပ်ဒေသများသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အရေးပါသည့်အလျောက် ရေဝပ်ဒေသများကိုဝိုင်းဝန်းထိန်းသိမ်းကြရန် “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့ပါသည်။ ယနေ့အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသပေါင်း ၂၅၂၆ ခုရှိကာ စုစုပေါင်းဧရိယာ ၂၅၇,၅၃၈,၂၁၈ ဟတ်တာရှိပါသည်။
အာဖရိက၊ အာရှ၊ ဥရောပနိုင်ငံများ၊ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၊ မြောက်အမေရိက၊ သမုဒ္ဒရာပိုင်းနိုင်ငံများဟူ၍ ဒေသအလိုက် ပိုင်းခြားသတ်မှတ် ထိန်းသိမ်းထားလျက်ရှိပါသည်။ အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသများကို “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” ဟုလည်း ခေါ်ဆိုပါသည်။ ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ အများဆုံးရှိသည့်နိုင်ငံများမှာ ယူနိုက်တက်ကင်းဒမ်းဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ ၁၇၆ ခုရှိ၍ ဒုတိယအများဆုံးမှာ မက္ကဆီကို နိုင်ငံဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ ၁၄၄ ခု ရှိပါသည်။
“ရမ်ဆာ (Ramsar) ရေဝပ်ဒေသ” အဖြစ် သတ်မှတ်ခံရနိုင်ရန် စံသတ်မှတ်ချက် (၉) ချက်ရှိပြီး အနည်းဆုံးတစ်ချက်နှင့်ကိုက်ညီသောရေဝပ်ဒေသများကို နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ အဓိကစံသတ်မှတ်ချက်များမှာ ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါးသော ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကို ပေးနိုင်သော သို့မဟုတ် မတူညီသော အသက်ရှင်နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့်အထက် ပုံမှန်ကျက်စားနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။
ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ
အနေဖြင့် ကွန်ဗင်းရှင်းအပေါ် ထားရှိရသည့် အဓိက ကတိကဝတ်တစ်ခုမှာ စံသတ်မှတ်ချက်နှင့်ကိုက်ညီသော ရေဝပ်ဒေသများကို Ramsar List ဟု လူသိများသည့် နိုင်ငံတကာအရေးပါသော ရေဝပ်ဒေသများစာရင်းတွင် ထည့်သွင်းသတ်မှတ်ဖော်ပြရန်ဖြစ်ပါသည်။ “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရေဝပ်ဒေသများအားလုံးကို အကျိုးရှိစွာ စနစ်တကျအသုံးချခြင်း၊ နိုင်ငံတကာအဆင့် အရေးပါသည့် ရေဝပ်ဒေသများ (ရမ်ဆာရေဝပ်ဒေသများ)ကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာပူးပေါင်းမှုများဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ရေဝပ်ဒေသများ၊ အဆိုပါရေဝပ်ဒေသများရှိ သားငှက်တိရစ္ဆာန်မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသ
ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသသည် ဩစတြေးလျနိုင်ငံရှိ ကိုဘော့(Cobourg) ကျွန်းဆွယ်(ဆိုက်အမှတ် ၁) ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် သတ်မှတ်ခဲ့ပါသည်။ ကိုဘော့ (Cobourg) ကျွန်းဆွယ်သည် ဧရိယာအားဖြင့် ဟတ်တာ ၂၂၀,၇၀၀ ကျယ်ဝန်းပြီး ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစွာတည်ရှိသည့်အတွက် ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။
ကိုဘော့ (Cobourg) ကျွန်းဆွယ်တွင် ကြီးမားသောအပင်များနှင့် တောရိုင်းတိရစ္ဆာန်များ၊ ပင်လယ်လိပ်များကဲ့သို့ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ၊ ရေပျော်ငှက်များ နေထိုင်ကျက်စားလျက်ရှိပြီး မိကျောင်းများ၊ လင်းပိုင်များ၊ ငါးမန်းများ၊ လိပ်များ၊ ရေပျော်ငှက်များနှင့် ငါးများအတွက် ဘေးကင်းသောပတ်ဝန်းကျင်တစ်ခုလည်းဖြစ်သည်။ အဆိုပါတိရစ္ဆာန်များအတွက် မျိုးပွားခြင်း၊ သားပေါက်ခြင်းနှင့်အစားအစာများအတွက် ခိုကိုးရာ၊ ထောက်ပံ့ပေးရာ နေရာလည်းဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သော ကမ်းရိုးတန်းငှက်များ၊ ရေပျော်ငှက်များ ခိုလှုံရာနေရာ (Refuge) အတွက် အရေးကြီးသော နားခိုရာနေရာတစ်ခုလည်းဖြစ်သည်။ ဩစတြေးလျနိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၆၇ ခု (ဟတ်တာ ၈ ဒသမ ၃ သန်းကျော်) သတ်မှတ်ထားပြီးဖြစ်ပါသည်။
ကမ္ဘာ့အကြီးဆုံး ရမ်ဆာရေဝပ်ဒေသဂီရိ-တွန်ဘာ-မိန်းဒွန်ဘီ (Ngiri-Tumba-Maindombe) ရမ်ဆာရေဝပ်ဒေသ (ဆိုက်အမှတ် ၉၅၀) သည် ရမ်ဆာကွန်ဗင်းရှင်းမှ အသိအမှတ်ပြုထားသည့် ကမ္ဘာ့အကြီးဆုံးရေဝပ်ဒေသဖြစ်သည်။
အဆိုပါနေရာသည် ကွန်ဂိုနိုင်ငံအနောက်ပိုင်းရှိ တွန်ဘာရေကန် (Tumba Lake) ဝန်းကျင်ဒေသတွင်ရှိပြီး ဧရိယာအကျယ်အဝန်း ၆၅၆၉၆၂၄ ဟတ်တာရှိ၍ ဘယ်ဂျီယံနိုင်ငံ အရွယ်အစားထက် နှစ်ဆပိုကြီးမားပါသည်။ သစ်တောနှင့်အမြဲတမ်း သို့မဟုတ် ရာသီအလိုက် ရေကန်များနှင့် စိမ့်မြေ ဧရိယာကျယ်ပြန့်စွာပါဝင်နေသည့် အဆိုပါဧရိယာသည် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးတန်ဖိုးများစွာရှိသည်။
ရေဝပ်ဒေသအတွင်းတွင် ကျွဲ၊ မျောက်မျိုးစိတ်အမျိုးမျိုး၊ တောဆင်များ၊ ကျားသစ်များနှင့် အခြားများစွာသော တောရိုင်းတိရစ္ဆာန်များ၊ ရေပျော်ငှက်များစွာကို တွေ့နိုင်ပါသည်။ စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ စုဆောင်းခြင်းကဲ့သို့သော ဆောင်ရွက်မှုများသည် ရေဝပ်ဒေသအပေါ်တွင် မှီခိုနေသောဒေသခံ ပြည်သူများအတွက် ဝင်ငွေတိုးပွားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကွန်ဂိုနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၁၄ ခု(၁၃၈၁၃၈၆၅ ဟတ်တာ) သတ်မှတ်ထားပြီးဖြစ်ပါသည်။
အာရှအကြီးဆုံး ရေဝပ်ဒေသတရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းမွန်ဂိုးလီးယားဒေသ (Inner Mongolia) ရှိ အာဂန်း (Ergun) ရေဝပ်ဒေသသည် တရုတ်နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်အကောင်းဆုံးနှင့်ဂေဟဗေဒအရ အရေးပါဆုံး ရေဝပ်ဒေသများထဲမှတစ်ခုဖြစ်ပြီး ကျယ်ပြန့်သော မြက်ခင်းများ၊ စိမ့်မြေများ၊ မြစ်များနှင့် သစ်တောများ လွှမ်းခြုံထားပါသည်။ အကွေ့အကောက်များသော အာဂန်း (Ergun) မြစ်နှင့် ၎င်း၏မြစ်လက်တက်များသည် စီးဆင်းနေသော ရေလမ်းကြောင်းနှင့် စိမ်းလန်းစိုပြည်သော ရှုခင်းများကို ဖန်တီးပေးသည့် ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် ကျော်ကြားခြင်းဖြစ်ပါသည်။
ရေစိုမြေများ၊ စိမ့်များ၊ ရေလွှမ်းမြေများ၊ သစ်တောများနှင့် ကွဲပြားနေသော ရေကန်အချို့ကို လွှမ်းခြုံထားသည်။ မတူကွဲပြားသော အပင်မျိုးစိတ်များ၊ ငှက်များနှင့် အခြားတောရိုင်းတိရစ္ဆာန်များအတွက် မရှိမဖြစ်လိုအပ်သော နေရင်းဒေသတစ်ခုလည်းဖြစ်သည်။ အာဂန်း (Ergun) ရေဝပ်ဒေသသည် ဧရိယာဟတ်တာ ၁၂၀၀၀ ကျော် ကျယ်ဝန်းပြီး တရုတ်နိုင်ငံတွင် အကြီးဆုံးရေဝပ်ဒေသဖြစ်သကဲ့သို့ အာရှတွင်လည်း အကြီးဆုံးရေဝပ်ဒေသများထဲမှ တစ်ခုဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အခြားထင်ပေါ်ကျော်ကြားသော ရမ်ဆာရေဝပ်ဒေသတစ်ခုမှာ ဂွန်ဒေါင်းရှန်ကျန်းဖူတီယန် ဒီရေတောရေဝပ်ဒေသ (Guangdong Shenzhen Futian Mangrove Wetlands) (ဆိုက်အမှတ် ၂၅၁၈) ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။ ရှန်ကျန်းပင်လယ်အော်၏ အရှေ့မြောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင်တည်ရှိပြီး ကျယ်ပြန့်သောရွှံ့ညွန်တောများနှင့် ဒီရေတောများရှိသော မြစ်ကမ်းစပ်၊ မြစ်များဆုံစည်းရာပင်လယ်ပြင်တွင် တည်ရှိပါသည်။ ၎င်းရမ်ဆာရေဝပ်ဒေသသည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australasian Flyway- EAAF) တွင်လည်း ကျရောက်နေပါသည်။
ဖူတီယန်ဒီရေတောတွင် ဒီရေတောအပင်မျိုးစိတ် ၁၉ မျိုးကို ထိန်းသိမ်းထားရှိပြီး ငှက်မျိုးစိတ် ၂၆၀ ကျက်စားလျက်ရှိပါသည်။ နှစ်စဉ်ရေပျော်ငှက်ကောင်ရေ ၁၀၀,၀၀၀ ၏ ဆောင်းခိုရာနေရာတစ်ခုလည်း ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို ဂေဟဗေဒစနစ်ထိန်းသိမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေးအမြင်ဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်စေရေးအတူတကွ စီမံဆောင်ရွက်လျက်ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာကာ လက်ရှိအချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၈၂ ခု သတ်မှတ်ထားပြီးဖြစ်ပါသည်။ စုစုပေါင်း ရေဝပ်ဒေသဧရိယာ ၇,၆၄၇,၈၉၅ ဟတ်တာရှိပြီး ရေဝပ်ဒေသအမျိုးအစား စုံလင်ပြည့်စုံစွာ ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်ပါသည်။
အရှေ့တောင်အာရှဒေသ၏ ထင်ရှားသောရေဝပ်ဒေသများ
ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသသည် ကမ္ဘောဒီးယားနိုင်ငံရှိ ရမ်ဆာရေဝပ်ဒေသငါးခုအနက် အထူးထင်ရှားကျော်ကြားသော ရေဝပ်ဒေသတစ်ခုဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ (ဆိုက်အမှတ် ၂၂၄၅)သည် အကောင်းမွန်ဆုံးသော ရေလွှမ်းလွင်ပြင်များ၊ ရေချိုဂေဟစနစ် ရွှံ့ညွန်တောများ ဖုံးလွှမ်းလျက်ရှိပြီး ဧရိယာအားဖြင့် ၂၁,၃၄၂ ဟတ်တာရှိပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။
မြန်မာနိုင်ငံရှိ အင်းလေးကန်ကဲ့သို့ပင် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏ ဒေသခံပြည်သူများသည် ရေပေါ်အိမ်များတွင် နေထိုင်ကြပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းခြင်းနှင့် အခြားရေလုပ်ငန်းများအပေါ် မှီခိုနေထိုင်ကြသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်သည့် နေရာလည်းဖြစ်ပါသည်။ ရေပျော်ငှက်မျိုးစိတ်များစွာအတွက် နေရင်းဒေသများ၊ သားပေါက်မွေးမြူနိုင်သည့် နေရင်းဒေသများစွာကို ထောက်ပံ့ပေးထားသည်။ ဂေဟစနစ်ကောင်းမွန်သော ရေလွှမ်းလွင်ပြင်များကို ပိုင်ဆိုင်သည့် ပရက်တိုး (Prek Toal) ရေဝပ်ဒေသသည် ရေချိုဂေဟစနစ်ရွှံ့ညွန်တောများကို ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်များဖြစ်သည့် River Terrapin (Batagur baska)၊ Giant Barb (Catlocarpio siamensis)၊ Siamese crocodile (Crocodylus siamensis) နှင့် Mekong giant catfish (Pangasia-nodon gigas) တို့ ကျက်စားနေထိုင်ပါသည်။ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်ဖြစ်သည့် Greater Adjutant (Leptoptilos dubius) နှင့် Masked Finfoot (Heliopais personatus) တို့ ကျက်စား နေထိုင်ခြင်းသည် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏ ထူးခြားသောတန်ဖိုးများဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ ကရာဘီမြစ်ဝှမ်း (Krabi Estuary)ရမ်ဆာရေဝပ်ဒေသ(ဆိုက်အမှတ် ၁၁၀၀) သည် ထင်ရှားကျော်ကြားသော ရမ်ဆာရေဝပ်ဒေသဖြစ်ပြီး ဧရိယာအားဖြင့် ၂၁၂၉၉ ဟတ်တာရှိကာ ၂၀၀၁ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ ထိုင်းနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာကာ လက်ရှိအချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၁၅ ခု သတ်မှတ်ထားပြီးဖြစ်ပါသည်။
ထိုင်းနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသ အမျိုးအစားများမှာ အဏ္ဏဝါအမျိုးသားဥယျာဉ်များ (Marine National Park)၊ မြစ်ဝှမ်းဒေသများ (Estuaries) ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ (Wildlife Sanctuaries)၊ မြစ်ကြောင်းဧရိယာများ အစရှိသဖြင့် အမျိုးအစားစုံလင်လှပါသည်။ ကရာဘီမြစ်ဝှမ်း ရမ်ဆာရေဝပ်ဒေသအပါအဝင် ရမ်ဆာရေဝပ်ဒေသများတွင် ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်အတူ ကျေးရွာလူထုအခြေပြုထိန်းသိမ်းရေးနှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်မှုများကို အဓိကထား
လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသများ
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများစီမံအုပ်ချုပ်သည့်အဖွဲ့အစည်း (Administrative Authority) အဖြစ် ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ရမ်ဆာရေဝပ်ဒေသများကို သတ်မှတ်ထိန်းသိမ်းလျက်ရှိရာ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ မုတ္တမပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း) ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ နံသာကျွန်းနှင့် မေယုမြစ်ဝဒေသကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း၊ တံတားဦးမြို့ အနီးရှိ ပြူကန်ရေဝပ်ဒေသကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈,၉၁၃ ဟတ်တာကျော်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရမ်ဆာရေဝပ်ဒေသမှာ မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (ဆိုက်အမှတ် ၁၄၃၁ )ဖြစ်ပြီး မိုးယွန်းကြီးအင်းအပါအဝင် ရေဝပ်ဒေသများ၌ နယ်မြေခွဲခြားခြင်းကို အမာခံထိန်းသိမ်းရေးနယ်မြေ (ငှက်နှင့်ငါးသားပေါက်ရန်၊ ဆောင်းခိုငှက်များ မှီခိုကျက်စားနိုင်ရန်အတွက် သုတေသနလုပ်ငန်းမှအပ ဝင်ရောက်ခြင်းခွင့်မပြု)၊ ကြားခံနယ်မြေ (ဖွံ့ဖြိုးရေးဇုန်တွင် ငါးဖမ်းခြင်း၊ အင်းဆက်စုဆောင်းခြင်းနှင့် အကျိုးရှိစွာ အသုံးပြုရေးဇုန်နယ်မြေတွင် ငါးဖမ်းခြင်း၊ အင်းဆက်စုဆောင်းခြင်း၊ ကျွဲ၊ ဘဲ စားကျက်ချခြင်း၊ ဆိုင်ရာဆိုင်ခွင့်နှင့်အညီ လယ်စိုက်ခြင်း) စသည်ဖြင့် ခွဲခြားပြီး စီမံအုပ်ချုပ်ဆောင်ရွက်လျက်ရှိပါသည်။
ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ်အောက်တိုဘာလမှဧပြီလအထိ လာရောက်ကျက်စားကြပါသည်။ မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ်ပို့ချပ်ခေါင်းစိမ်း(Baer’s Pochard)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ပို့ချပ်ဘဲ (Common Pochard)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် ဘဲနီစပ် (Ferruginous Pochard)၊ ခရုစုတ်အနက် (Black-headed Ibis)၊ နှုတ်သီးကောက်ကြီး (Eurasian Curlew)၊ ဘဲတောင်ရှည် (Falcated -Duck) နှင့် ဌာနေရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်ကြိုးကြာခေါင်းနီ (Sarus Crane)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် ငှက်ကြီးဝန်ပို (Spot-billed Pelican)၊ ဥပန်း (Oriental Darter) မျိုးစိတ်များကို အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် တွေ့ရှိနိုင်ပါသည်။
သစ်တောဦးစီးဌာန၏ နှစ်စဉ်ငှက်စာရင်းကောက်ယူမှုများအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၁၁ မျိုးနှင့် ကောင်ရေ ၂၃,၉၃၆၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၂၄ မျိုးနှင့် ကောင်ရေ ၄၈,၄၆၄၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၂၈ မျိုးနှင့် ကောင်ရေ ၁၆,၆၈၀၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၄၉ မျိုးနှင့် ကောင်ရေ ၁၈,၈၉၃ တို့ နေထိုင်ကျက်စားကြောင်း လေ့လာတွေ့ရှိရပါသည်။
အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့
ယခုအခါတွင် လူဦးရေတိုးတက်လာမှု၊ မြို့ပြများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအဆောက်အအုံများ တိုးချဲ့လာခြင်း၊ ရေအလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ အမှိုက်သရိုက်များ ပလတ်စတစ်များ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ရွှေနှင့်ဓာတ်သတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများ များပြားလာခြင်း၊ အိမ်ထောင်စုများမှ အညစ်အကြေးများစွန့်ပစ်မှုနှင့် အခြားမြေအသုံးချမှုသို့ ပြောင်းလဲမှုများကြောင့် ရေဝပ်ဒေသများပျောက်ကွယ်ခြင်းနှင့် ပျက်စီးယိုယွင်းခြင်း၊ အရည်အသွေးကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။
မြို့ပြပတ်ဝန်းကျင်ရှိ ရေဝပ်ဒေသများ၏ ရေလွှမ်းလွင်ပြင်ဧရိယာများလျော့ပါးခြင်း၊ ပျောက်ကွယ်ခြင်းတို့ကြောင့် ရေဝပ်ဒေသများ၏ ရေစီးဆင်းသိုလှောင်နိုင်မှု စွမ်းရည်များကျဆင်းပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်စေပါသည်။ ရေဝပ်ဒေသဂေဟစနစ် ယိုယွင်းပျက်စီးခြင်းကြောင့် ရေနေသတ္တဝါအမျိုးမျိုး၊ ဒေသမျိုးရင်း ငါးမျိုးစိတ်များနှင့် ရေနေအပင်များ ဆုံးရှုံးပျောက်ကွယ်သကဲ့သို့ ရေလုပ်ငန်းများကို မှီခိုနေရသော ဒေသခံရေလုပ်ငန်းများ၏လူမှုစီးပွားကျဆင်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်ပါသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဂေဟစနစ်တည်ငြိမ်ရေးအတွက် အလွန်အရေးပါသော ရေဝပ်ဒေသများထိန်းသိမ်းရေးကို နိုင်ငံအဆင့် စဉ်ဆက်မပြတ်အကောင်အထည်ဖော်နိုင်ရန် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကို လည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး “အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏အမျိုးသားရေဝပ်ဒေသမူဝါဒ(၆) ရပ်ဖြစ်သည့် ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုမြှင့်တင်ခြင်း၊ ဒေသနှင့်နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်းစသည့် မူဝါဒလုပ်ငန်းစဉ်များ အောင်မြင်စေရန် အထူးအရေးကြီးပါသည်။
ထို့ကြောင့်လည်း ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ရေဝပ်ဒေသဂေဟစနစ်နှင့် ရေပျော်ငှက်ထိန်းသိမ်းရေးလုပ်ငန်းများ၌ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာက သိမြင်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတို့၌ ရေဝပ်ဒေသများ၏ အရေးကြီးသည့် အခန်းကဏ္ဍကို ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သူများအကြား ပိုမိုသိရှိနားလည်စေရန်နှင့်ဆက်စပ်ပတ်သက်သူများအကြား ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့်အကျိုး
ရှိစွာအသုံးချခြင်းတို့တွင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
“Protecting Wetlands for Our Common Future” “အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဟူသည့် ယခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်နှင့်အညီ ကောင်းမွန်သော အနာဂတ်များပိုင်ဆိုင်နိုင်ရန် ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်းနှင့်စီမံအုပ်ချုပ်ခြင်းများတွင် ဆက်စပ်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများ၊ ဌာနေ
တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် အလေးထားတိုက်တွန်းနှိုးဆော်လျက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ကို ဂုဏ်ပြုလိုက်ပါသည်။ ။
Source: Myawady Web Portal

ကမ္ဘာ့ကားဈေးကွက်တွင် ဘက်ထရီလျှပ်စစ်သုံးကားများကို ပိုမိုတောင်းဆိုလာရာ ကားထုတ်လုပ်သည့်နိုင်ငံများက EV ဟု အတိုကောက်ခေါ်သည့် လျှပ်စစ်ကားများ၏ စွမ်းဆောင်ရည်များကိုမြှင့်တင်ပြီး အပြိုင်အဆိုင်ထုတ်လုပ်လာသောကြောင့် EV ကားဈေးကွက်မှာ တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်လာလျက်ရှိသည်။

လျှပ်စစ်ကားများကို အသစ်အဆန်းတစ်ခုဟု လူအများကထင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် ရာစုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်ကာလ အစောပိုင်းတွင်အခြေခံ လျှပ်စစ်ကားမော်ဒယ်များသည် ယနေ့ခေတ်ပေါ်နည်းပညာများအထိ တိုးတက်ပြောင်းလဲလာခြင်းဖြစ်သည်။ လျှပ်စစ်ကားများ၏ သမိုင်းကြောင်းကို ပြန်ကောက်ရသော် ၁၈၂၈ ခုနှစ်တွင်ဟန်ဂေရီအင်ဂျင်နီယာ အန်ယော့ဂျက်လစ်က အခြေခံမော်တာဖြင့်မောင်းနှင်သည့် ယာဉ်ငယ်ပုံစံကိုလည်းကောင်း၊ ၁၈၃၀ ပြည့်နှစ်တွင် စကော့တလန်တီထွင်သူ ရော့ဘက်အန်ဒါဆင်က အားပြန်မသွင်းနိုင်သော ဘက်ထရီများဖြင့်မောင်းနှင်သည့် ပထမဆုံး လျှပ်စစ်ရထားကိုလည်းကောင်း၊ အမေရိကန်လူမျိုးသောမတ်ဓာဗန်ပေါ့က ဘက်ထရီစွမ်းအင်သုံးစက်ခေါင်းငယ်တစ်ခုကိုလည်းကောင်း ဖန်တီးတီထွင်ခဲ့ကြသည်။
ယင်းနောက် ၁၈၃၄ ခုနှစ်တွင် အမေရိကန် ဓာတုဗေဒပညာရှင် မော်ရစ်ဟာမန်းဗွန်ဂျာကိုဘီက အားပြန်သွင်းနိုင်သော ဘက်ထရီအသုံးပြုလျှပ်စစ်လှေငယ်တစ်စင်းကိုလည်းကောင်း၊ ၁၈၅၉ခုနှစ်တွင် ပြင်သစ်တီထွင်သူ ဂတ်စတန်ပလန်တဲက လျှပ်စစ်ကားများအတွက် ယုံကြည်စိတ်ချရသောစွမ်းအင်အရင်းအမြစ်ကိုပံ့ပိုးပေးသည့် ပထမဆုံးသော ခဲအက်စစ်ဘက်ထရီကိုလည်းကောင်း၊ ပြင်သစ်တီထွင်သူ ဂူစတတ်ထရုက ၁၈၈၁ ခုနှစ်တွင်သုံးဘီးတပ်လျှပ်စစ်ကား၊ ၁၈၈၈ ခုနှစ်တွင်လေးဘီးတပ် လျှပ်စစ်ကားတို့ကိုလည်းကောင်းဖန်တီးတီထွင်ခဲ့ပြီး ဂျာမန်အင်ဂျင်နီယာ အန်ဒရီဖလော့ကန်က ပထမဆုံးလျှပ်စစ်ကားကို ၁၈၈၈ ခုနှစ်မှာပင် လူသိရှင်ကြားစမ်းသပ်ခဲ့သည်။
၁၈၈၉ ခုနှစ်တွင် အမေရိကန်လူမျိုး ဝီလီယံမောရစ်ဆင်က အားပြန်သွင်းနိုင်သော ဘက်ထရီ အသုံးပြုကာ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင်၆ မိုင်မှ ၈ မိုင်နှုန်းဖြင့် မိုင် ၂၀ ကျော်မောင်းနှင်နိုင်သည့်လျှပ်စစ်ကားတစ်စင်းကို တည်ဆောက်ခဲ့ပြီး လူစိတ်ဝင်စားမှုများစွာရရှိခဲ့သည်။ ၂၀ ရာစုအစောပိုင်းကာလတွင် ဘိတ်ကာလျှပ်စစ်၊ ကိုလန်ဘီယာနှင့် ဒက်ထရွိုက်လျှပ်စစ်ကဲ့သို့သော ကုမ္ပဏီများကထွန်းသစ်စစျေးကွက်တွင် လျှပ်စစ်ကားလုပ်ငန်းလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြသည်။
သို့သော် ၁၉၂၀ ပြည့်နှစ်များတွင် လောင်စာစွမ်းအင်သုံးကားများတီထွင်လာခြင်း၊ ကြီးမားသောရေနံသိုက်များနှင့် ပိုမိုကောင်းမွန်သော ဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိခြင်း၊ နေရာတိုင်းတွင်ဓာတ်ဆီဆိုင်များပေါ်လာပြီး ဆီအမြန်ဖြည့်နိုင်ခြင်းတို့ကြောင့် လျှပ်စစ်ကားများ၏အခန်းကဏ္ဍသည်မှေးမှိန်ခဲ့ရသည်။
ရေနံအကျပ်အတည်းကာလဖြစ်သော ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် အစားထိုးလောင်စာသုံးကားများကို တစ်ဖန်စိတ်ဝင်စားလာကြသည်။ လောင်စာဆီပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ် စိုးရိမ်မှုများကြောင့် အစိုးရများနှင့်ကားထုတ်လုပ်သူများက ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကိုလျှော့ချရန် နည်းလမ်းအဖြစ်လျှပ်စစ်ကားများကို ပြန်လည်အသုံးပြုရန်စဉ်းစားဆောင်ရွက်လာသည်။ ထို့နောက် သုတေသီများသည်ရှေ့ပြေးပုံစံအသစ်များနှင့် စမ်းသပ်မော်တော်ကားပုံစံများကို တီထွင်ထုတ်လုပ်ခြင်း၊ ဘက်ထရီနည်းပညာ၊ အားသွင်းစခန်းများနှင့် တစ်ကြိမ်အားသွင်းရုံဖြင့် ခရီးဝေးသွားနိုင်စေပြီး စိန်ခေါ်မှုများကိုဖြေရှင်းခြင်းတို့ဖြင့် လျှပ်စစ်ကားများကို တစ်ဖန်ပြန်လည်ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်ခဲ့ကြသည်။
နည်းပညာများ အရှိန်အဟုန်ဖြင့်တိုးတက်လာသည်နှင့်အမျှ ၂၁ ရာစု၏ လျှပ်စစ်ကားလုပ်ငန်းတွင် ဘက်ထရီနည်းပညာ၊ ကားဒီဇိုင်းများနှင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များပေါ်ပေါက်လာသည်။ အထူးသဖြင့် လီသီယမ်-အိုင်းယွန်းဘက်ထရီများဖြင့် ဘက်ထရီနည်းပညာသည် အထင်ကြီးလောက်သောတိုးတက်မှုများရရှိခဲ့သည်။ ၎င်းဘက်ထရီများသည် စွမ်းအင်ပမာဏကို ပိုမိုသိမ်းဆည်းနိုင်ပြီး မြန်ဆန်စွာ အားသွင်းနိုင်သည်။ ထိုသို့ လီသီယမ်-အိုင်းယွန်းဘက်ထရီများ၏အောင်မြင်မှုနှင့်အတူ နောက်ပိုင်းထွက်ပေါ်လာသော ဘက်ထရီနည်းပညာအသစ်များကြောင့် ကျယ်ပြန့်သော လျှပ်စစ်ကားဈေးကွက်ကို ဖြစ်ပေါ်လာစေသည်။
လျှပ်စစ်ကားများကိုအသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများစွာရှိသည်။ ထိုအကျိုးကျေးဇူးအနက် အဓိကကျသော အကျိုးကျေးဇူးများကိုဖော်ပြလိုပါသည်။
၁။ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုနည်းပါးခြင်း လျှပ်စစ်ကားများသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များနှင့်အတူ ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှင့်မှုမရှိသည့်အတွက် ပတ်ဝန်းကျင်အပေါ်ဆိုးကျိုးများသက်ရောက်မှု အလွန်နည်းပါးစေပါသည်။ ထို့ကြောင့် လေထုညစ်ညမ်းမှုကိုလျော့နည်းစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်သည်။
၂။ ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော လျှပ်စစ်စွမ်းအင်ကိုအသုံးပြုခြင်း
လျှပ်စစ်ကားများသည် လျှပ်စစ်ဓာတ်အားကိုသာ အဓိကသုံးစွဲခြင်းဖြစ်သည်။ အဆိုပါလျှပ်စစ်ဓာတ်အားများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖြစ်သော ရေအား၊ လေအား၊နေရောင်ခြည်စွမ်းအင်များမှတစ်ဆင့် ရယူနိုင်သည်။
၃။ ရေရှည်ကုန်ကျစရိတ်နည်းပါးခြင်း
လျှပ်စစ်ကားများတွင် ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများကဲ့သို့ လည်ပတ်နေသည့်အင်ဂျင်အစိတ်အပိုင်းများမပါဝင်ခြင်း၊ ဈေးနှုန်းသက်သာစွာရရှိနိုင်သော လျှပ်စစ်စွမ်းအင်ကိုသာအသုံးပြုခြင်းတို့ကြောင့် ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများနှင့်နှိုင်းယှဉ်ပါက ရေရှည်ကုန်ကျစရိတ်အလွန်နည်းပါးသည်။
၄။ အသံဆူညံမှုနည်းပါးခြင်း
လျှပ်စစ်ကားများသည် ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများကဲ့သို့ အင်ဂျင်အစိတ်အပိုင်းများမပါဝင်သည့်အတွက် အသံဆူညံမှုနည်းပါးသည်။
၅။ နည်းပညာ အကျိုးကျေးဇူးများရရှိနိုင်ခြင်း
ယနေ့ခေတ် လျှပ်စစ်ကားများတွင် အလိုအလျောက်မောင်းစနစ်၊ မောင်းသူမဲ့စနစ်၊ အစရှိသည့်အဆင့်မြင့်နည်းပညာများပါဝင်လာသောကြောင့် အသုံးပြုသူများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများစွာကိုရရှိနိုင်သည်။
ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ပြည်သူများအနေဖြင့် ရုပ်ကြွင်းလောင်စာသုံးကားများမှလျှပ်စစ်ကားများကို ပြောင်းလဲအသုံးပြုရန် အားပေးလျက်ရှိသည်။ ထိုသို့အားပေးမှုတွင် အခွန်များလျှော့ပေးခြင်း၊ လျှော့ဈေးများဖြင့် ရောင်းချစေခြင်း အစရှိသည့် မက်လုံးပေးဆွဲဆောင်မှုများလည်းပါဝင်သည်။ ထို့ပြင် အားသွင်းရုံမျှကဲ့သို့ အခြေခံအဆောက်အဦများအတွက် ရင်းနှီးမြှုပ်နှံမှုများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။
အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပိုမိုတိုးတက်သော ဘက်ထရီနည်းပညာ၊ မောင်းနှင်မှုနည်းပညာများ ပါဝင်လာမည့် လျှပ်စစ်ကားများကြောင့် မော်တော်ကားဈေးကွက်နှင့် လုပ်ငန်းကို အပြောင်းလဲကြီး ပြောင်းလဲစေနိုင်သည်။အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏အဆိုအရ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသုညသို့ရောက်ရှိရန်သယ်ယူပို့ဆောင်ရေးကဏ္ဍမှကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုများစွာလျှော့ချရန် လိုအပ်သည်ဟုသိရသည်။ယနေ့ကမ္ဘာ့လူသားများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ပိုမိုသိရှိလာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တွန်းအားပေးလာသည်နှင့်အမျှ လျှပ်စစ်ကားများမှာ စံနှုန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက “Public Transportation အတွက် ခရီးတိုမြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စကားများ တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရေး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ဆောင်ရွက်ရန်” လမ်းညွှန်ချက်ဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းအကောင်အထည်ဖော်ပြီး ရှေ့ပြေးစီမံကိန်းကာလသတ်မှတ်ကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များ တင်သွင်း/ထုတ်လုပ်ရေး၊ အများသုံးအားသွင်းရုံများ တည်ဆောက်ရေးတို့အပါအဝင် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အများသုံးသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အငှားယာဉ်များနှင့် ဘတ်စကားများကို လျှပ်စစ်စွမ်းအင်သုံးယာဉ်များသုံးစွဲခြင်းမှအစပြုကာ ရေရှည်တွင်ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန်အမျိုးသားအဆင့် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်နေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။