ပူတာအိုခရိုင်အတွင်း၌ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်ဟူ၍ မြို့နယ် ငါးမြို့နယ်တည်ရှိ နေပြီး မြို့၊ ရွာအသီးသီးမှ ရပ်ကွက် ၂၇ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၁၇ စု၊ ကျေးရွာပေါင်း ၇၄၂ ရွာတို့တွင် လူဦးရေစုစုပေါင်း တစ်သိန်း ကျော် မှီတင်းနေထိုက်လျက်ရှိကြောင်း သိရသည်။ ထိုအထဲတွင်မှ နောင်မွန်းမြို့နယ်၌ လူဦးရေ ၈ဝဝဝ ခန့်၊ ခေါင်လန်ဖူးမြို့နယ်၌ လူဦးရေ ၁၄ဝဝဝ ခန့် နေထိုင်လျက်ရှိကြသည်။ ရဝမ်နှင့် လီဆူ တိုင်းရင်းသား သွေးချင်းများ နေထိုင်လျက်ရှိကြကြောင်း သိရ သည်။ ခေါင်လန်ဖူးဆိုသည်မှာ တောတောင်လျှိုမြောင်များကြား က ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော နေရာဒေသလေးတစ်ခုဟု ရဝမ်တိုင်းရင်းသားတို့ က အဓိပ္ပာ
ပူတာအိုခရိုင်အတွင်း၌ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်ဟူ၍ မြို့နယ် ငါးမြို့နယ်တည်ရှိ နေပြီး မြို့၊ ရွာအသီးသီးမှ ရပ်ကွက် ၂၇ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၁၇ စု၊ ကျေးရွာပေါင်း ၇၄၂ ရွာတို့တွင် လူဦးရေစုစုပေါင်း တစ်သိန်း ကျော် မှီတင်းနေထိုက်လျက်ရှိကြောင်း သိရသည်။ ထိုအထဲတွင်မှ နောင်မွန်းမြို့နယ်၌ လူဦးရေ ၈ဝဝဝ ခန့်၊ ခေါင်လန်ဖူးမြို့နယ်၌ လူဦးရေ ၁၄ဝဝဝ ခန့် နေထိုင်လျက်ရှိကြသည်။ ရဝမ်နှင့် လီဆူ တိုင်းရင်းသား သွေးချင်းများ နေထိုင်လျက်ရှိကြကြောင်း သိရ သည်။ ခေါင်လန်ဖူးဆိုသည်မှာ တောတောင်လျှိုမြောင်များကြား က ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော နေရာဒေသလေးတစ်ခုဟု ရဝမ်တိုင်းရင်းသားတို့ က အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ မိုးလေဝသ နှင့် ရာသီဥတုအခြေအနေ ကောင်းမွန်နေမည်ဆိုလျှင် ခေါင် လန်ဖူးဒေသသည် ရေမြေတောတောင်သဘာဝအရ ရဝမ် တိုင်းရင်းသားတို့ ညွှန်းဆိုသကဲ့သို့ အေးချမ်းသာယာသော သဘာဝပတ်ဝန်းကျင် ကောင်းများ မပျက်မယွင်း တည်ရှိနေသော မြန်မာ-တရုတ်နယ်စပ်အနီး ရေခဲတောင်များဖြင့် လှပနေသော ဒေသတစ်ခု ဖြစ်နေမည်မှာ မလွဲပေ။
သို့သော် ထိုကဲ့သို့ အေးချမ်းသာယာလှပသော ခေါင်လန် ဖူးဒေသသည် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့ရပါက တရုတ်နယ်စပ်ကို ဦးတည်နေသည့် ခေါင်လန်ဖူး-ရှိန်းခေါင် လမ်းမှာ ရေခဲများဖြင့် ဖုံးလွှမ်းပိတ်ဆို့သွားကာ စားနပ်ရိက္ခာ ရှားပါးမှု အခက်အခဲများနှင့် ကြုံတွေ့လာရတတ်သည်၊ ထိုလမ်း သည်ပင်လျှင် တစ်ဆက်တစ်စပ်တည်း မပေါက်သေးဘဲ ကြား ထဲ၌ မိုင်အစိတ်၊ သုံးဆယ်ခန့်ကို လား၊ မြင်းများနှင့် သွားလာ သယ်ယူရသောလမ်းဖြစ်သည်။ ပူတာအို-မချမ်းဘောဒေသ ဘက်မှ ဆန်အပါအဝင် စားသောက်ကုန်များ သယ်ယူနိုင် သော်လည်း ဆက်သွယ်ရေးလမ်းကြောင်းမကောင်း၍ ထို ဒေသသို့ အလျင်အမြန်သယ်ယူပို့ဆောင်ရန်မှာ အခက်အခဲ များစွာ ကြုံတွေ့နေရဆဲဖြစ်သည် ထိုကဲ့သို့သော ထူးခြားသည့် ပထဝီအနေအထားကြောင့် ယမန်နှစ်ကဆိုလျှင် စားနပ်ရိက္ခာ များ ပြတ်တောက်ရှားပါးသွားမှုနှင့် ကြုံကြိုက်ခဲ့ရသည်။ နိုင်ငံ တော်အစိုးရ၏ လမ်းòန်မှု၊ တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ ကူညီပံ့ပိုးမှုတို့ဖြင့် ခေါင်လန်ဖူးဒေသသို့ ဆန်အိတ် များ သယ်ယူပို့ဆောင်ဖြန့်ဝေပေးခဲ့ရသည်။ ထိုနှစ်က ထူးထူး ခြားခြား ခေါင်လန်ဖူး-ရှိန်းခေါင်လမ်းသည် ဇန်နဝါရီလ ဆန်းပိုင်းလောက်ကစပြီး ရေခဲများဖြင့် ပိတ်ဆို့သွားကြောင်း၊ ခေါင်လန်ဖူးဒေသအရောက် ဆန်တစ်အိတ်ဈေးနှုန်း ငွေကျပ် တစ်သိန်းကျော်သွားသဖြင့် ဒေသခံများသည် ဆန်ရှိနေလင့် ကစား အရှည်ကိုမျှော်တွေး၍ ထမင်းချက်မစားဘဲ ဆန်ပြုတ် ပြုတ်၍ သောက်ရသည့် မိသားစုများရှိကြောင်း၊ မြစ်ကြီးနားမှာ ငွေကျပ် ၅၅ဝဝ ကျပ်ခန့်သာရှိသော ဘိလပ်မြေတစ်အိတ်သည် ခေါင်လန်ဖူးဒေသ၌ ခုနစ်ဆခန့် မြင့်တက်သွားကြောင်း သိရပါသည်။ ပူတာအိုခရိုင်အတွင်း၌ နောင်မွန်းဒေသထက် ခေါင်လန်ဖူးဒေသက ပို၍လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ကြောင်းတွေ့ရှိရ၏။
အဆိုပါခေါင်လန်ဖူးဒေသ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာနှစ်မှ စ၍ ဆိုင်ကယ်စီးလမ်းများ ဖောက် လုပ်ပေးခဲ့ပြီး ရာသီမရွေးသွားလာနိုင်အောင် ဆက်လက်ပြုပြင် ဖောက်လုပ်ပေးလျက်ရှိသည်။ ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅/ဝ)မိုင်၊ ခေါင်လန်ဖူး-ဖိဇောလမ်း (၂၄/ဝ)မိုင်၊ ခေါင်လန် ဖူး-လဂျာလမ်း (၃၂/ဝ)မိုင်စသည့် ဆိုင်ကယ်စီးလမ်းများ ဖြစ်ကြသည်။ ထို့အတူ ရယ်ဒမ်းရွာမှ နယ်စပ်မှတ်တိုင်(၃၁) ရှိန်းခေါင်အထိ မြေလမ်း(၇/ဝ)မိုင်၊ ရှိန်းခေါင်-ဇီးထန် မြေ လမ်း(၁ဝ/ဝ)မိုင်၊ နယ်စပ်မှတ်တိုင်(၃၅)သို့ ဦးတည်ထား သည့် မထီဆွတ်-ချီထုဖန် (၂၂/ဝ)မိုင်အနက် မြေလမ်း (၅/ဝ)မိုင်တို့ကို ဘဏ္ဍာနှစ်အလိုက် ဖောက်လုပ်ပေးခဲ့သည်။
ယခုလည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာနသည် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင်ကို တပ်မတော်၏အကူအညီများရယူ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင်ဖောက်လုပ်လျက်ရှိရာ စီမံကိန်း အပိုင်း(၁) မဂွေဇမှငါ့လုံဒမ်းအထိ (၂၅/၄)မိုင်ကို အကျယ် ၃၇ ပေ မြေသားလမ်းဖောက်လုပ်လျက်ရှိပြီး ထိုလမ်းပေါ်တွင် တံတားများနှင့် ရေပြွန် ၇၅ ခု တည်ဆောက်သွားမည်ဖြစ်သည်။ စီမံကိန်းအပိုင်း(၂) ငါ့လုံဒမ်းမှရီဒမ်းအထိ ၃၇ ပေ အကျယ် မြေလမ်း(၁၉/ဝ)မိုင် တွင်လည်း တံတားနှင့်ရြေ>ွပန် ၇၅ ခု ပါဝင်မည်ဖြစ်သည်။ စီမံကိန်းအပိုင်း(၃)ကိုမူ ရီဒမ်းမှ ခေါင်လန် ဖူးအထိ (၂၁/ဝ)မိုင်ရှိပြီး တံတားနှင့်ရေပြွန် ၈ဝ ပါဝင်ပါ သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ညီညီဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က တပ်မတော် ရဟတ်ယာဉ် ဖြင့် အဆိုပါ မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင်ဖောက်လုပ်ခြင်း စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြ သည်။ ဘဘော့ကျေးရွာမှတစ်ဆင့် မဂွေဇသို့ မော်တော်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာကာ အသေးစိတ်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လမ်းဖောက်လုပ်ရေး နည်းပညာများနှင့် အညီ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း ဖောက်လုပ် ပြီးစီးရေး မှာကြား၍ လို အပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ လမ်း ဖောက်လုပ်ရေး ဆောင်ရွက်နေသော အင်ဂျင်နီယာအဖွဲ့နှင့် စစ်သည်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် မတ် ၂ ရက်၌ ပူတာအို ဒေသတွင် ပေ ၃၆ဝ ရှိ နမ့်ပလပ်ချောင်းကူးတံတားတည် ဆောက်ပြီးစီးမှုနှင့် နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်းတို့ကိုလည်းကောင်း၊ မတ် ၃ ရက် တွင် နောင်မွန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်းကောင်း၊ မတ် ၄ ရက်တွင် ဆွမ်ပရာဘွမ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်း ကောင်း တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင်တွင် စီမံကိန်း အပိုင်း(၂) ငါ့လုံဒမ်းမှရီဒမ်းအထိ (၁၉/ဝ)မိုင်သည် ဖောက် လုပ်ရန်ခက်ခဲသော အရှည် လေးမိုင်ခန့်ရှိ ကျောက်တောင်ကြီး တစ်ခုကို ဖြတ်သန်းဖောက်လုပ်ရမည်ဖြစ်ပြီး ထိုတောင်ကို ဒေသခံတို့က ဆန်းလွပ်ချစ်တောင်ဟု ခေါ်ကြသည်။ အမြင့် ပေ ၈ဝဝဝ ကျော်ရှိသည်။ လမ်းဖောက်လုပ်ရေးစီမံကိန်းကို နယ်စပ် ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးခင် မောင်လတ်နှင့် အင်ဂျင်နီယာအဖွဲ့က ယာဉ်/ယ္တရား အစီး ၃ဝ ဖြင့် ဦးစီးဖောက်လုပ်နေခြင်းဖြစ်သည်။
ထိုလမ်းသည် ပူတာအို၊ မချမ်းဘော၊ နောင်မွန်းနှင့် ခေါင်လန်ဖူးဒေသမှ ဒေသခံတိုင်းရင်းသားများအတွက် အိပ်မက်လမ်း တစ်လမ်းဖြစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက မျှော်လင့်တောင့်တခဲ့ကြသော လမ်းလည်း ဖြစ်သည်။ ဒေသခံတိုင်းရင်းသားတို့သည် ခြေကျင်နှင့် လား၊ မြင်းများကိုသာ အားကိုး၍နှစ်ပေါင်းများစွာ သွားလာခဲ့ကြရ ပြီးဖြစ်သည်။ စားသောက်ကုန်များအတွက် သယ်ယူစရိတ်အလွန်ကြီးမြင့်ခဲ့ရသည်။ ရာသီဥတုပြောင်းလဲမှု မြန်ဆန်ခြင်း၏ အကျိုးဆက်များကိုလည်း မကြာခဏခံစားရသော ဒေသဖြစ် သည်။ ဤအကြောင်းတရားများကြောင့် မဂွေဇ-ခေါင်လန် ဖူးလမ်း စတင်ဖောက်လုပ်ပေးနေပြီ ဆိုကတည်းက ဒေသခံ တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော် အပေါ် အလွန်ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိနေကြသည်။ လမ်းဖောက်နေသည်ကို မျက်မြင်ဒိဋ္ဌ ကြည့်ရှုလိုကြသဖြင့် အလွန်ဝေးလံသော လေးငါးရက်ခရီးအား ခြေကျင်လာရောက် ကြည့်ရှုလေ့လာသူများလည်း ရှိကြသည်။ မဂွေဇ-ခေါင်လန်ဖူး လမ်းကြီး ဖောက်လုပ်ပြီးစီးသွားပါက ဒေသခံတိုင်းရင်းသား များ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သကဲ့သို့ သဘာဝပတ်ဝန်းကျင် ကောင်းများကိုထိန်းသိမ်းပြီး ခရီးသွားလုပ်ငန်းများကိုလည်း တိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ရေးသားတင်ပြအပ်ပါသည်။

“The purpose of a pilot project is to test whether the new concept is worth pursuing and assess existing implementation strategies.”
“ရှေ့ပြေးစီမံကိန်းဟူသည် အကြီးစားစီမံကိန်းများ ပြုလုပ်နိုင်ရန် အောင်မြင်နိုင်မည့်နည်း လမ်းများရှာဖွေရန်နှင့် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများကို ဖော်ထုတ်ရန်အတွက် ပုံစံတူလုပ်ငန်းငယ် များကို စတင်စမ်းသပ်ဆောင်ရွက်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုပေသည်။

စီမံကိန်းအများစုသည် ရှုပ်ထွေးလွန်းလှ၏။ မတူညီသော အပေါင်းအစပ်လည်း များလှ၏။ ကွဲပြားခြားနားသောအချက်အလက်များလည်း ရောပြွမ်းလျက်ရှိပါသည်။ စီမံကိန်းရေးဆွဲရာတွင် ရူပ ပထဝီ၊ ဘူမိဗေဒဖြစ်စဉ်များ၊ ဇလဗေဒဖြစ်စဉ်များ၊ ဒေသ၏ကျောက်အမျိုးအစားများ၊ မြေဆီလွှာ အခြေအနေများ၊ ရာသီဥတုဆိုင်ရာများ၊ မြေအသုံးချမှုများ၊ စီးပွားရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများ၊ ဒေသတွင်းနေထိုင်သူတို့၏ ဓလေ့ထုံးစံအပြုအမူနှင့် လက်ရှိနိုင်ငံရေးအခြေအနေ စသည်တို့ကို ထည့်သွင်းတွက်ချက်ရပါသည်။ ထို့ကြောင့် စီမံကိန်းကြီးများဆောင်ရွက်ရန်အတွက် အသေးစားစမ်းသပ်မှုများ ဆောင်ရွက်ရန် လိုအပ်ပေသည်။
အသေးစားစမ်းသပ်မှုတစ်ခုပင် ဖြစ်ငြားသော်လည်း ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်ရန် အတွက် အချိန်၊ ငွေကြေးနှင့် အခြားအရင်းအမြစ်များ များစွာရင်းနှီးမြှုပ်နှံရပါသည်။
မျက်မှောက်ခေတ်တွင် ခေတ်မီလမ်းမကြီးများ၊ ခိုင်မာသောတံတားကြီးများ၊ ပေါ်လွင်ခန့်ထည် သောမြို့ပြများ၊ စိုက်ပျိုးရေးအတွက်အားထားရသည့် ဆည်မြောင်းတာတမံများ၊ မြို့ပြ/ကျေးလက် မီးလင်းရေးလုပ်ငန်းများ၊ ကောင်းမွန်လာသည့် ဆက်သွယ်ရေးစနစ်များအား စာရေးသူတို့ထိတွေ့ အကျိုးခံစားနေကြရပါသည်။
ဤကဲ့သို့ဖြစ်ပေါ်လာခြင်းသည် တစ်ရက်တည်းနှင့် ပေါ်ပေါက်လာခြင်း တော့မဟုတ်ခဲ့ပေ။ တန်ခိုးရှင်များ ဖန်တီးခဲ့ခြင်းလည်း မဟုတ်ပေ။ ခေတ်အဆက်ဆက် စိန်ခေါ်မှုမျိုးစုံ၊ ပေးဆပ်မှုမျိုးစုံ တို့ဖြင့် အဆင့်ဆင့် မျိုးစေ့ချ လက်ဆင့်ကမ်း ကြိုးစား၍ အကောင်အထည်ဖော် ခဲ့ခြင်းများကြောင့်သာ ယခုကဲ့သို့ အသီးအပွင့်များကို ခံစားနေကြရခြင်းဖြစ်ပေသည်။ သို့သော် ပထမဆုံးသော ခြေလှမ်းများ စတင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုတော့ အများစုက သိရှိနိုင်ကြမည်မဟုတ်ပေ။ လက်ရှိ ဆက်လက် အကောင်အထည်ဖော်ပေးနေသော အဖွဲ့အစည်းများကိုသာ မြင်သာထင်သာ သိရှိနိုင်ကြ ပေလိမ့်မည်။
မြန်မာ့သမိုင်းကြောင်းတွင် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းသာယာရေးအတွက် ကဏ္ဍအသီးသီး၌ ပထမဆုံးခြေလှမ်းများကို စတင်မျိုးစေ့ချပေးခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အများအပြားရှိခဲ့ပါသည်။
မင်းမြတ်အနော်ရထာ၏ Pilot Project များ
ခေတ်သစ်သမိုင်းပညာရှင်များက မှေးမှိန်ယိမ်းယိုင်နေသောထေရဝါဒဗုဒ္ဓသာသနာကို သီဟိုဠ်ကျွန်း နှင့် အရှေ့တောင်အာရှတို့တွင် တည်တံ့ခိုင်မြဲအောင် ကာကွယ်ပေးခဲ့သူမှာ အနော်ရထာဘုရင်ဖြစ်သည် ဟု ဆိုကြသည်။
မင်းမြတ်အနော်ရထာသည် ၄၂ ဆက်မြောက် ပုဂံမင်းဆက် ဖြစ်၏။ ခရစ်နှစ် ၁၀၄၄ ခုမှ ၁၀၇၇ ခုနှစ်အထိ သုံးဆယ့်သုံးနှစ်တိုင် နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။ ထိုကာလအတွင်း နိုင်ငံကို တိုးတက်အောင်၊ ကျယ်ပြန့်အောင်၊ စည်းရုံးအောင်၊ သာယာဝပြောအောင်နှင့် ယဥ်ကျေးမှု တိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့ပါသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးအတွက် တောက်ပသော အနာဂတ်များရရှိနိုင် စေရန် မင်းမြတ်အနော်ရထာသည် မိမိသွေးသားများကိုပင် စတေးပေးဆပ်ခဲ့ရပါသည်။
အနော်ရထာနှင့် စုက္ကတေးသည် အဖေတူ အမေကွဲ ဝမ်းကွဲနောင်တော်၊ ညီတော် ဖြစ်၏။ ထိုအချိန်က အနော်ရထာသည် ပုဂံနန်းကျဘုရင် ကွမ်းဆော်(ကြောင်ဖြူမင်း)၏ သား၊ စုက္ကတေးသည် ပုဂံဘုရင်ဖြစ်၏။ အနော်ရထာနှင့် စုက္ကတေးတို့သည် သမထီးချောင်းဘေး၌ မြင်းစီးချင်းတိုက်ခဲ့ကြ သည်။ စီးချင်းတိုက်ပွဲ၌ အနော်ရထာ အနိုင်ရခဲ့သည်။ ထိုသို့အနိုင်ရပြီးနောက်ပိုင်းမှသာ ကျည်စိုးနှင့် စုက္ကတေး ညီနောင်လက်ထက်က ဖရိုဖရဲနှင့် ယိုင်နဲ့နေသော နိုင်ငံတော်ကို ပြန်လည်ထူထောင်နိုင်ခဲ့ လေသည်။
မင်းမြတ်သည် နိုင်ငံစီးပွားရေးလုပ်ငန်း၏ အဓိကသော့ချက်မှာ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် ရေသည် အဓိက ကျကြောင်းသိရှိခဲ့ပါသည်။
ထို့ကြောင့် အနော်ရထာမင်းသည် မိတ္ထီလာကန်ကို ပြုပြင်ခဲ့သည်။ မိုးနည်းသောဒေသများတွင် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများ ဖောက်လုပ်ခဲ့သည်။ ပန်းလောင်မြစ်မှ ကင်းတားဆည်၊ ငနိုင်းသင် ဆည်၊ ပြောင်းပြာဆည်၊ ကူမဲဆည် တို့ကို ဆည်ဖို့သည်။ ဇော်ဂျီ(မက္ခရာ)မြစ်မှာ နားတက်ဆည်၊ ကွမ်းဆေးဆည်၊ ကူတော်ဆည်တို့ကို ဆည်ဖို့သည်။ ထို့ပြင် ဆည်ရေသောက် လယ်တွင်း ၁၁ ရွာ ကို လည်း ပြုစုတော်မူခဲ့သည်။
ဤကျေးဇူးကြောင့် ပုဂံပြည်သားတို့သည် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ် တို့လုပ်ကိုင်နိုင်ခဲ့ကြ သည်။ စပါးစသော သီးနှံမျိုးစုံ အမြောက်အမြားထွက်အောင် ရာသီအလိုက် စိုက်ကြသည်။ အောင်မြင် သဖြင့် စားစရာ၊ သောက်စရာ၊ ချိုချဉ်အရသာမျိုးစုံ ဖောဖောသီသီ ရကြလေသည်။ ပုဂံသားတို့ စီးပွားရေးအထူး ကောင်းမွန်လာကြလေသည်။
အင်အား ခိုင်မာတောင့်တင်းသော၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပုဂံတပ်မတော် ကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါသည်။ ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာ၊ မြို့၊ ခရိုင်တို့၏ အင်အားကိုလိုက်၍ စစ်သည် အင်အား အချိုးကျ ပါဝင်စေသည်။ အရေးကြုံသောအခါ ခေါ်ယူနိုင်သော အရန်အင်အားများ ထားရှိသည်။ တကွဲတပြားစီဖြစ်နေသော နယ်ပယ်များကို သိမ်းသွင်းနိုင်ခဲ့ပါသည်။
အနော်ရထာ နန်းတက်စက ပုဂံပြည်၏အကျယ်အဝန်းသည် မြန်မာနိုင်ငံ၏အလယ်ပိုင်းဒေသ တစ်ဝိုက်မျှသာဖြစ်သော်လည်း မြန်မာနိုင်ငံအောက်ပိုင်းကိုသာမက သထုံ၊ တနင်္သာရီ၊ ရခိုင်၊ ဗန်းမော်၊ မြစ်ကြီးနားဒေသတစ်ဝိုက်အထိ နယ်နမိတ်ကျယ်ပြန့်လာခဲ့ပါသည်။
သို့ဖြင့် အနော်ရထာလက်ထက်တွင် ပထမဦးဆုံးအကြိမ်စည်းရုံး၍ အင်အားခိုင်မာတောင့်တင်း သော “ပထမမြန်မာနိုင်ငံတော်” ကိုတည်ထောင်နိုင်ခဲ့သည်။ ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် သန့်ရှင်း သော ယဉ်ကျေးမှု ထွန်းကားအောင်လည်း ဆောင်ရွက်ခဲ့ပါသည်။
သူ၏စီမံဆောင်ရွက်မှုများသည်ကား မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ပြေးစီမံကိန်းများ ဟုပင် ဆိုရပေလိမ့်မည်။
သူ၏ Pilot Project များသည်ကား အနာဂတ်နိုင်ငံတော်အတွက် ခွန်အားရှိလှသည့် ပထမဆုံး ဦးဆုံးသော ခြေလှမ်းများဖြစ်သည်ဟုလည်း ယုံကြည်မိပါသည်။
ရှမ်းပြည်တောင်ပိုင်းလမ်းမကြီး၏ Pilot Project များ
ယခုအသုံးပြုနေသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အဝေးပြေးလမ်းမကြီးများ၏ ရှေ့ပြေးစီမံကိန်း ( pilot project ) သည်လည်း ရှေးဘိုးဘွား မြန်မာမင်းများလက်ထက်ကပင် စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘုရင်များလက်ထက်က ရှမ်းပြည်နယ်နှင့် ပြည်မဒေသများအကြား ကူးသန်းရောင်းဝယ် သွားလာရေးအတွက်လည်းကောင်း၊ စစ်ချီစစ်တက်သော စစ်လမ်းကြောင်းများအဖြစ်လည်းကောင်း၊ တောင်ကြားလမ်းများကိုသာ အသုံးပြုခဲ့ကြသည်။ ထိုအချိန်က နွားဝန်တင်များ သွားရာလမ်းများသာ ဖြစ်၏။
ထိုစဉ်က ပို့ဆောင်ဆက်သွယ်ရေးအတွက် ဧရာဝတီမြစ်ရေကြောင်းလမ်းသည် အဓိကဖြစ်ခဲ့ ၏။ ကုန်ပစ္စည်းများအား ဖလှယ်ရန် မြစ်ကမ်းမှ တောင်ပေါ်ဒေသများသို့ သွားလာရန် လမ်းကြောင်း များလိုအပ်ပါသည်။ ထို့ကြောင့် မြင်းခြံဆိပ်ကမ်းမှတစ်ဆင့် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အုပ်ချုပ် ရေးနှင့် ဆက်သွယ်ရေးလမ်း ဖောက်လုပ်ရန် ရည်ရွယ်ခဲ့ကြသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ ဆက်သွယ်သည့် မူလ ရှိပြီးလှည်းလမ်းမကြီးကို မြင်းခြံမြို့မှ စတင်ကာ စတက်မန်းခံတပ် (ညောင်ရွှေဒေသ) အထိ အဆင့်မြှင့်တင်ဖောက်လုပ်ခဲ့ကြသည်။ လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လုပ်ငန်းဌာန (Public Works Department) က တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၈၈၇ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ မူလရှိနေပြီးဖြစ်သော တောင်ကြားလမ်းကို လှည်းများသွားလာ နိုင်သည့် ၁၆ ပေအကျယ်ရှိ မြေသားလမ်းအဖြစ် လမ်းတာချဲ့ခဲ့ပါသည်။
ထိုလမ်းပိုင်းသည် “ကလော” သို့ ၁၈၉၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လမ်းပေါက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။ ထိုနှစ်အတွင်းမှာပင် နန့်ပန်တက် (Nampandet) တံတားလည်း ဆောက်လုပ်ပြီးစီးခဲ့ပါသည်။
ကလောမှ ဟဲဟိုး၊ ရွှေညောင်နှင့် ညောင်ရွှေ- တောင်ကြီးအထိ ဆက်လက်လမ်းဖောက်လုပ်ခဲ့ ကြပါသည်။ ထို့ကြောင့် ရှမ်းပြည်(တောင်ပိုင်း) လှည်းလမ်းမအရှည်မှာ မြင်းခြံမှ သာစည်အထိ ၇၁ မိုင် နှင့် သာစည်မှ တောင်ကြီးအထိ ၁၀၁ မိုင်ရှိသောကြောင့် စုစုပေါင်း ၁၇၂ မိုင်အရှည်ရှိပါသည်။
ဤလမ်းဖောက်လုပ်ရေးလုပ်ငန်း၏ Pilot Project အစောပိုင်းအဆင့်မှာ နွားဝန်တင်သွား လမ်းမျှသာဖြစ်လေ၏။ ထိုမှမြေသားလမ်းအဆင့် လမ်းတာချဲ့ခဲ့ပြီးနောက် ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်ခဲ့ကြသည်။ ထိုမှ ကတ္တရာလမ်းအဖြစ်သို့ ပြောင်းလဲခဲ့ကြခြင်းဖြစ်လေသည်။
ဤသို့ဖြင့် ယခုအချိန်တွင် ပြည်မနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆက်သွယ်သည့် တောင်ကြား လမ်းအဆင့်မှ နှစ်ပေါင်းနှစ်ရာခန့် အဆင့်ဆင့်ပြုပြင်ရင်း ၄ လမ်းသွား နိုင်လွန်ကတ္တရာလမ်းမကြီး အဖြစ် ခမ်းနားစွာရောက်ရှိခဲ့ပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြပြီ ဖြစ်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည်
ယနေ့ကာလတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးကဏ္ဍများ၌ ရှေ့ပြေးစီမံကိန်း များစွာကိုအကောင်အထည်ဖော်လျက်ရှိကြပါသည်။ ထို Pilot Project များစွာအနက် “နယ်စပ်ရေးရာ ဝန်ကြီးဌာန” က အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့ပြေးစီမံကိန်းများလည်း ပါဝင်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၁၉၉၃-၁၉၉၄ ခုနှစ်မှစတင်၍ Border Line နှင့် ထိစပ် လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုအပ်နေသော ပြည်နယ် ၇ ခု၊ တိုင်း ဒေသကြီး ၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ၆ ခုရှိ မြို့နယ်ပေါင်း ၁၆၉ မြို့နယ်၊ ကျေးရွာပေါင်း ၁၁၀၆၉ ရွာ တို့အား တာဝန်ယူ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထိုဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများအား နှစ်တို၊ နှစ်ရှည် စီမံကိန်းများ၊ ရှေ့ပြေး စီမံကိန်းများဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ခေါင်လန်ဖူးလမ်းသည်လည်း Pilot Project
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသသည် ဖွံ့ဖြိုးရေးဆောင်ရွက်ပေးနေသည့် ဒေသများအနက်မှ တစ်ခုအပါအဝင် ဖြစ်သည်။ ပူတာအို- မဂွေဇ- ခေါင်လန်ဖူးလမ်းသည် ၁၃၂ မိုင် ကျော်ရှည်လျားပြီး ခြေလျင်၊ လား၊ မြင်းများဖြင့် ၁၂ ရက်မှ ၁၃ ရက်ကြာ ပင်ပန်းဆင်းရဲစွာသွားလာခဲ့ရ သည့်ဒေသတစ်ခု ဖြစ်ခဲ့ပါသည်။
ဤဒေသသည် ရာသီဥတုပြင်းထန်လှ၏။ တစ်နှစ်ပတ်လုံးလိုလို မိုးရွာသွန်းမှုများရှိ၏။ တော၊ တောင်၊ ချောက်၊ ထူထပ်၍ မတ်စောက်မြင့်မား၏။ မြစ်များ၊ ချောင်းများရေစီးကြမ်းတမ်းပြီး ဖြတ်သန်း ရခက်ခဲလှ၏။ ထိုအခက်အခဲများအား ကျော်ဖြတ်လျက် ခေါင်လန်ဖူးမြို့သို့ ကားလမ်းပေါက်ပြီး မော်တော်ကားများ ရောက်ရှိလာရန်မှာ ဒေသခံတိုင်းရင်းသားများအတွက် အိပ်မက်သဖွယ်သာ ဖြစ်ခဲ့လေ၏။
ဒေသခံများသည် ထိုသို့သော မြင့်မားမတ်စောက်လှသည့် ဆန်းလွတ်ချက်တောင်ကြား အပါ အဝင် တောင်စဉ်တောင်တန်းများနှင့် ခက်ခဲလှသည့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် နှစ်စဉ် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် နှစ်စဉ် ထောက်ပံ့ပေးပို့ရသော ဒေသတစ်ခုဖြစ်ခဲ့သည်။ဒေသခံတိုင်းရင်းသားများ၏ ဘဝအိပ်မက်ကိုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက် ပေးရန် လမ်းညွှန်ခဲ့ပါသည်။ လမ်းညွှန်ချက်အပေါ်မူတည်ပြီး ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုများဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ လမ်းဖောက်လုပ်ရေး ရှေ့ပြေးစီမံကိန်းများကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ၄ နှစ် စီမံကိန်းဖြင့် အပိုင်း (၄) ပိုင်းခွဲကာ လမ်းဖောက် လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အပိုင်း (၂) ၌ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၇၀၀ ကျော်ရှိသည့် မတ်စောက်သော ဆန်းလွတ်ချက် တောင်ကြားကို ဖြတ်သန်း ဖောက်လုပ်ခဲ့ရခြင်း၊ ကျောက်စွယ် ကျောက်ငုတ်များ ထူထပ်စွာတည်ရှိခြင်း၊ ရာသီဥတုကြမ်းတမ်းခြင်း၊ မြေအနေအထားမတ်စောက်ခြင်းများအပြင် အပိုင်း (၃)၌လည်း ရေစီးကြမ်းသော မေခမြစ်ကို ခက်ခဲစွာ ဖြတ်သန်း၍ ယာဉ်/ယန္တရားများ၊ ဆောက်လုပ်ရေး ပစ္စည်းများကို ပို့ဆောင်ရခြင်းစသည့် စိန်ခေါ်မှုမျိုးစုံကို တွေ့ကြုံခဲ့ရသော်လည်း အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့လေသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ တပ်မတော်မှ မိုင်းဖောက်ခွဲရေး ကျွမ်းကျင်စစ်သည်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မဆုတ်မနစ်သော ဇွဲလုံ့လတို့ ဖြင့် လမ်း ဖောက်လုပ်ရေးလုပ်ငန်းများကို ရာသီဥတုမရွေး ရသမျှအချိန်အား အကျိုးရှိစွာ အသုံးချ ဆောင်ရွက် ခဲ့ကြသည့်အတွက် “အိပ်မက်လမ်း” ဟု တင်စားခေါ်ဆိုကြသည့် မဂွေဇ-ခေါင်လန်ဖူးလမ်း သည် စတင်ဖောက်လုပ်ချိန်မှ ၄ နှစ်နှင့် ၈ လအကြာ ၃- ၉- ၂၀၂၁ ရက်နေ့တွင် ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုးလမ်း အောင်မြင်စွာပေါက်ကာ မော်တော်ကားများ စတင်ရောက်ရှိခဲ့ပေပြီ။ ရှေ့ပြေး စီမံကိန်းကားအောင်မြင်ခဲ့ပေပြီ။
အောင်ပွဲဆိုသည်မှာ စွဲစွဲမြဲမြဲ လုပ်ဆောင်ရသူများနှင့်သာသက်ဆိုင်ပါသည်။ ဤလမ်းဖောက်လုပ် ရေးလုပ်ငန်းသည် ကြီးကြပ်ကွပ်ကဲသူ၊ မြေပြင်တာဝန်ထမ်းဆောင်ရသူများ၏ စိတ်အား တက်ကြွမှု များကြောင့် အတားအဆီးများစွာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ယခုအခါ မဂွေဇ- ခေါင်လန်ဖူး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မကြာမီကာလတွင်ကျောက်ခင်းလမ်းအဆင့်ပြီးမြောက်တော့ မည်ဖြစ်ပါသည်။ မေခမြစ်ကူး ရီဒမ်းတံတား ပြီးစီးချိန်တွင်တော့ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ရှေ့ပြေးစီမံကိန်း Pilot Project အဖြစ် စတင် အကောင်အထည်ဖော်ခဲ့သော မဂွေဇ- ခေါင်လန်ဖူးလမ်းသည် တစ်ချိန်တွင် ဒေသခံများအတွက် ပိုမို ကောင်းမွန်သော နိုင်လွန်ကတ္တရာလမ်းမကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
လမ်းမကြီးနှင့်အတူ ဒေသဖွံ့ဖြိုးမှုများလည်းရရှိလာပေလိမ့်မည်။ ဖွံ့ဖြိုးမှုရရှိပါမှ စိမ်းညို့သော တောင်တန်း၊ စိမ်းလန်းသောတော၊ စိမ်းစိုသော အနာဂတ်တို့နှင့်အတူ တိုင်းရင်းသားတို့ဒေသသည် ပိုမိုလှပလာပေလိမ့်မည် ။
ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်း Pilot Project များ
စိုက်ပျိုးရေကို အားထားရသော တောင်သူများအတွက် ရာသီမရွေး ရေရရှိရန်လိုအပ်ပါသည်။ မြစ်ရေ၊ ချောင်းရေများကို ဆိုလာရေတင်စနစ်အား အသုံးပြု၍စိုက်ခင်းများသို့ တိုက်ရိုက်ရေသွင်း စိုက်ပျိုးခြင်း (သို့) ရေလှောင်ကန်များမှတစ်ဆင့် ရေသွင်းစိုက်ပျိုးခြင်းပြုလုပ်နိုင်လျှင် သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။ ထိုအခါ တောင်သူများသည် စိုက်ပျိုးရေးမှ ဝင်ငွေပိုမိုရရှိကာ လူမှုစီးပွားဘဝများ ပိုမို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်၏။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး စိုက်ပျိုးမြေဧရိယာ နည်းပါးသောဒေသဖြစ်ပါသည်။ ရာသီဥတုအပေါ်မူတည်၍ သီးနှံများ စိုက်ပျိုးရခြင်းကြောင့် ကောက်ပဲ သီးနှံထွက်ရှိမှုနည်းပါးကာ မိသားစုဝင်ငွေနည်းပါးကြသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ သောဒေသ များအတွက် ရာသီပေါ်ကောက်ပဲသီးနှံများကို သီးထပ်၊ သီးညှပ် (သို့) နှစ်သီးစား၊ သုံးသီးစားအဖြစ် ထပ်တိုးစိုက်ပျိုးနိုင်ပါမှ တိုင်းရင်းသားတောင်သူများ သီးနှံအထွက်တိုးပြီး မိသားစုဝင်ငွေ ပိုမို ရရှိနိုင် ပေမည်။ စိုက်ပျိုးရေးကို အလေးထားရသော ဒေသခံတို့၏လူမှုစီးပွားဘဝ ပိုမိုတိုးတက် ကောင်းမွန် စေမည်ဖြစ်ပါသည်။ ထိုသို့ ရာသီမရွေးကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး ရေရရှိရန် အဓိကလိုအပ်ပါသည်။ မြစ်ရေ/ ချောင်းရေများကို ပိတ်ဆို့သွယ်ယူခြင်း၊ သိုလှောင်ကန်များ အတွင်းသို့ ရေတင်သိုလှောင်ပြီး ရေဖြန့်ဝေပေးခြင်းတို့ဖြင့် ရာသီမရွေး စိုက်ပျိုးရေ အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးရန်လိုအပ်ပါသည်။
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာရေတင်စိုက်ပျိုးရေး Pilot Project များကို ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နမ့်စန်မြို့နယ်၊ ပင်းတယခရိုင်၊ ဟိုပုံးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေး ခရိုင် နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဟိုပန်ခရိုင်၊ ကွတ်ခိုင် မြို့နယ်၊ လားရှိုးမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် မိုင်းပျဉ်းမြို့နယ်၊မိုင်းခတ်မြို့နယ်၊မိုင်းယောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ထိုဒေသများတွင် ဆောင်ရွက်ခဲ့သည့် ဆိုလာရေတင်စနစ် Pilot Project များ အောင်မြင်ပြီး ရာသီမရွေး ရေကိုအလုံအလောက်ရရှိနေပြီဖြစ်သဖြင့် နွေရာသီတွင်ပင် ရေတဖွေးဖွေး နှင့် စိမ်းစိုသော စိုက်ခင်းမြေတို့ဖြင့်ဒေသခံများ ပျော်ရွှင်နေကြပေပြီ။ မြန်မာနိုင်ငံ တစ်နံတစ်လျား ရေတင် စိုက်ပျိုးရေး လုပ်ငန်းများအား ပြည်နယ်/တိုင်းအနှံ့ ဆောင်ရွက်ပေးနိုင်ပါက တောင်သူလယ်သမားများ အတွက် အကျိုးပြု အားထားရသော စနစ်တစ်ခု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာမည်ဟုလည်း ယုံကြည်မိ ပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အဆိုပါ ဆိုလာစနစ် ဖြင့် ရေတင်စိုက်ပျိုးရေး Pilot Project များအတွက် ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၆၃၅ သန်း သုံးစွဲခဲ့ပြီး အကျိုးပြုသောစိုက်ပျိုးမြေဧကပေါင်းမှာ ၃၀၄ ဒသမ ၅ ဧက ဖြစ်ပါသည်။
ဆက်လက်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် Solar ရေတင်စနစ် စိုက်ပျိုးရေး Pilot Project များ ဆက်လက်အကောင်အထည်ဖော်ပေးသွားမည် ဖြစ်ပါသည်။
အတ္တကင်းသော Pilot Project များ
စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ပန်းတိုင်သို့ ဖြောင့်ဖြူးချောမောစွာ ရောက်ရှိ အောင်မြင်မှုများရှိသလို မအောင်မြင်မှုများလည်း ရှိနိုင်ပါသည်။
အကောင်းနှင့်ကြုံတွေ့သလို အဆိုးနှင့်လည်း ကြုံတွေ့ကြရမည်ဖြစ်သည်။ အောင်မြင်မှု၏ သော့ချက်၊ အခြေခံအုတ်မြစ်တွင် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဓိကကျလှပေ သည်။
Pilot Project များသည် အခြေခံမှစ၍ ကြိုးစားအားထုတ်ရခြင်းဖြစ်သဖြင့် အခက်အခဲများ၊ ဆုံးရှုံးမှုများ ရင်ဆိုင်ကြရမည်ဖြစ်ပါသည်။ ရုတ်တရက် နေ့ချင်း၊ညချင်း အောင်မြင်ခဲ့သောစီမံကိန်းများ ရှားပါးပါလိမ့်မည်။ စီမံကိန်းစတင်အကောင်အထည်ဖော်သူတို့သည် မဆုတ်မနစ်သော ဇွဲသတ္တိမျိုးဖြင့် ကြိုးစားခဲ့ကြရသည်။ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသော်လည်း ထက်သန်သော စေတနာ၊ မလျော့သော ဇွဲလုံ့လဖြင့် အချိန်၊ ငွေကြေး၊ အသက်၊ အခြားအရင်းအမြစ်စသည့် ပေးဆပ်မှုမျိုးစုံကို စတေးကာ ကြိုးစားခဲ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ Pilot Project များအား စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြသူများကို ဦးဆောင်လမ်းထွင်သူ (Pioneer) များဟု အသိအမှတ်ပြုကြရပေမည်။
ယနေ့ အောင်မြင်စွာဖြစ်ပေါ်နေသည့်စီမံကိန်းများ၊ လုပ်ငန်းကဏ္ဍများသည် Pilot Project စီမံကိန်းများဖြင့် ရှေ့ပြေးစတင်ခဲ့ခြင်းသာဖြစ်ပါသည်။ အကောင်အထည်ဖော်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ရှေးမြန်မာမင်းများ၊ ဘိုးဘေးများ၊ အဖွဲ့အစည်းများ၏ကျေးဇူးကား အနန္တရှိလေ၏။ သူတို့ကား ကွယ်လွန် ခဲ့သည်မှာ ကြာခဲ့ပြီ၊ သို့ရာတွင် သူတို့အမည်၊ သူတို့စိတ်ဓါတ်၊ သူတို့၏ကျေးဇူးတို့ကားမပျယ်၊ သင်းပျံ့ ဆဲပင် ဖြစ်လေသည်။
“ဤနေရာ၊ ဤဒေသတို့တွင် ဖွံ့ဖြိုးတိုးတက်လာမည်၊ စည်ပင်သာယာဝပြောလာမည်၊ နိုင်ငံသားတို့ ပျော်ရွှင်ခံစားကြရသည့် အကျိုး/အမြတ်၊ အသီးအပွင့်များဖြစ်ပေါ်လာမည်ကို ကြိုတင်သိရှိ မျှော်မှန်း ခဲ့ပါသလား” ဟု တစ်ချိန်က ကောင်းသော မျိုးစေ့ချပေးခဲ့သူများအား နှိုး၍ မေးကြည့်ချင်ပါသည်။
သူတို့ ဤသို့ ဖြေပေလိမ့်မည်။ “ မိမိတို့သည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်ခင်မြတ်နိုး တန်ဖိုးထား သည်။ ဒေသများအားလုံး တည်ငြိမ်အေးချမ်းစေချင်သည်၊ နိုင်ငံတော်ကို ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် စေချင်သည့်အတွက် အတ္တကင်းသောနှလုံးသားမှ ယိုစိမ့်ကျလာသည့် မေတ္တာ၊ စေတနာ၊ ကရုဏာဖြင့် ကဏ္ဍအသီးသီးမှ စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ကြခြင်းသာဖြစ်သည်” ဟု သစ္စာစကားကို တညီတညွတ်တည်း ဖြေကြားပေလိမ့်မည်ဟု ယုံကြည်မိပါတော့သည်။