ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”
-

   “ ၇.၇ ရစ်ချ်တာစကေး ပြင်းအားရှိ ငလျင်ကြီးဟာ အုတ်၊သဲ၊ကျောက်၊ သံမဏိတွေနဲ့ အခိုင်အမာတည်ဆောက်ထားရှိတဲ့ လမ်း၊ တံတား၊ အဆောက်အဦတွေကို အတုံးအရုံးလဲကျအောင် ဖြိုလှဲနိုင်ခဲ့ပေမယ့်လည်း မြန်မာနိုင်ငံသားတို့ရဲ့ စိတ်ဓာတ်ကိုတော့ ယိမ်းယိုင်လဲကျသွားအောင် လှုပ်ခတ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး”

ယနေ့ ဧပြီလ (၂၈)ရက်နေ့ဟာ မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ (၁)လ တင်းတင်း ပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့ ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်း ရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလို ရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့ အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ သမားရိုးကျခြိမ်းခြောက်မှုတွေမဟုတ်တဲ့ သဘာဝဘေး အန္တရာယ်တွေကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ ကျော်လွှားဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး ရေကြီးမှုတွေ၊ မြေပြိုမှုတွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေ စတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားလာ နိုင်တာဖြစ်တယ်။ ယနေ့မျက်မှောက်ကာလမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်၊ မေလမှာ မိုခါ မုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ရာဂိ မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် ရေကြီးရေလျှံဘေးကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။

မတ်လ (၂၈) ရက်နေ့ မြင်ကွင်းပုံရိပ်များ...

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ မွန်းလွဲပိုင်းမှာ အင်အား ၇.၇ ရစ်ချ်တာစကေးရှိ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရှိ၊ လူမျိုးဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေး မသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနဲ့ တိရိစ္ဆာန်တွေအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးဟာ အနက် ၁၀ ကီလိုမီတာပဲရှိပြီး သိသိသာသာတိမ်တဲ့ ငလျင်ဖြစ်ကာ အင်အား ၇ ဒသမ ၇ ရှိတယ်လို့ ဘူမိတိုင်းတာရေးဌာနက တွက်ချက်ဖော်ပြ ထားခဲ့ပါတယ်။ 

ထူးခြားမှုတစ်ခုအနေနဲ့ မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ (၅) မိနစ်လောက် အလိုမှာ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဝန်းရှိ ဆင်ဖြူတော်တွေဟာ ဝိုင်းပတ်၍ အော်ဟစ် နေကြောင်း ပြန်လည်ကြားသိရခဲ့သောကြောင့် ငလျင်နဲ့ မိမိဘေးပတ်ဝန်းကျင်ရှိ တိရိစ္ဆာန် တွေရဲ့ ဆက်စပ်နေမှုကိုလည်း သတိထားစရာတစ်ခုအဖြစ် မှတ်သားခဲ့ရပါတယ်။ ဒီလို မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝတွေနဲ့ အခြေခံ အဆောက်အဦ၊ လမ်း၊ တံတားအပါအဝင် အမြတ်တနိုးတန်ဖိုးထား ကိုးကွယ်ရာဖြစ်တဲ့ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေ များစွာမြေခလဲပြိုခဲ့ရမှုအပေါ် နိုင်ငံသားတွေအနေနဲ့ ယူကျုံးမရ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြရပေမယ့်လည်း နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုနဲ့ ငါတို့တတွေ  အတူတကွအမြန်ဆုံး ပြန်လည်ထူထောင်နိုင်လိမ့်မယ်လို့  ယုံကြည်ထက်သန်တဲ့ စိတ်ဓာတ်အားမာန်တွေဟာလည်းမြန်မာနိုင်ငံသားအားလုံးရဲ့စိတ်ဝယ် ကြီးမားစွာဖြစ်ပေါ် နေတာကို ခံစားတွေ့မြင်ရပါတယ်။

အရေးကြီးရင် သွေးနီးတတ်တာ....

မတ်လ (၂၈)ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချက်ချင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်စေခဲ့တယ်။ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ငလျင်ကြောင့် သက်ရောက်ခဲ့တဲ့ အခြေအနေအရပ်အရပ်ကို သုံးသပ်ကာ ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်၍ ငလျင်ဒဏ်သင့်ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာချက် အား ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ အသိပေးကြေညာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလို နိုင်ငံတကာသို့ ချက်ချင်းအသိပေး ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့်လည်း အိမ်နီးချင်း နိုင်ငံတွေ၊ အာဆီယံအသိုက်အဝန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့ကြပြီး အချို့ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အလားတူပင် တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ ကျွန်တော်တို့ နိုင်ငံသား တွေဟာ စေတနာသဒ္ဓါတရား ထက်သန်စွာ ပေးကမ်းလှူဒါန်းကြရာမှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးနိုင်ငံအဖြစ် ရှိနေတာကို ဒီငလျင်ကြီးက သက်သေပြခဲ့ပါတယ်။ မြန်မာတို့ရဲ့ စိတ်ရင်းဓလေ့တွေဟာ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် တွေကြုံတွေ့လာရတဲ့အချိန် ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီကို လူအား၊ ငွေအားနဲ့ ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့   ပူးပေါင်းပါဝင်ဆောင်ရွက် နေမှုမြင်ကွင်းများဟာလည်း “မြန်မာလူမျိုးတို့ရဲ့ အရေးကြီးရင် သွေးနီးတယ်” ဆိုတဲ့ အမျိုးသားစရိုက် လက္ခဏာတန်ဖိုးတွေကို ဂုဏ်ယူစွာတွေ့ရှိရပါတယ်။ 

နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် မြန်မာတို့ရဲ့ အစဉ်အလာ ဖော်ရွေမှု၊ ကြင်နာမှု၊ ဧည့်ဝတ်ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်တို့ကိုလည်း မပျက်မယွင်း တွေ့ရှိခဲ့ရ ပါတယ်။ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကျေးဇူး တင်တတ်၊ ကျေးဇူးဆပ်လိုကြတဲ့ စိတ်ရင်းကိုသာမက ရိုးသားဖော်ရွေ ပျူငှာတတ်ကြပုံ တွေကို အံ့ဩဘနန်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူတို့ရဲ့ ဗီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းရိုက်ယူကြတာ၊ လူမှုကွန်ရက်တွေမှာ မျှဝေကြတာကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁)ရက်နေ့မှာလည်း ငလျင်ဘေးဒဏ်သင့်ဒေသများမှာ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ(ကျပ်)၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ (ကျပ်)၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံ (ကျပ်)ကို အစိုးရထံ လှူဒါန်း ပေးအပ် ခဲ့မှုတွေကို မြင်တွေ့ခဲ့ရပြီး  နိုင်ငံတော်အစိုးရအနေနဲ့လည်း ၅၀၀ ဘီလီယံ(ကျပ်)ကို ကနဦး မတည်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ 
 
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ... အလှူရှင်များက ကျပ် ၁၁၆ ဒသမ ၈၄ ဘီလျံ လှူဒါန်း - YouTube

နိုင်ငံတော်အကြီးအကဲက မန္တလေးငလျင်ဘေးဒဏ်နှင့်စပ်လျဉ်းကာ “ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့နေရာတွေမှာ ကနဦးအနေနဲ့ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုတွေကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်း ပြန်လည်သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ တတိယပိုင်းအနေနဲ့ ပြိုကျနေဆဲဖြစ်တဲ့ အန္တရာယ်ရှိ အဆောက်အဦများကို ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုမှတဆင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း” လမ်းညွှန်ပြောဆိုထားရှိမှုနဲ့အတူ သမိုင်းခေတ်အဆက်ဆက်  မြန်မာ့အရေး အခက်အခဲ မှန်သမျှကို မြန်မာနိုင်ငံသားတွေကသာ အဓိကရင်ဆိုင် ဖြေရှင်းကျော်လွှား ခဲ့ကြရတာဆိုတာ ပကတိ အရှိတရားတွေဖြစ်ပြီး ဒီမြေပေါ်မှာရှင်သန်နေကြသူတွေ အားလုံး စုပေါင်းရုန်းထကြရမယ်ဆိုတဲ့ အသိတရားတွေနဲ့အနာဂတ်မြန်မာပြည်ကို ဝိုင်းဝန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ 

 “ မိုခါ ” မုန်တိုင်းကြီးကဲ့သို့ ရင်ဆိုင်ကျော်လွှားကြမည်....

မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့(၁)လပြည့်မြောက်ခဲ့တဲ့နေ့ဖြစ်တာနဲ့အတူ ဒီတစ်လ တာကာလအတွင်း အစိုးရနဲ့ပြည်သူ အတူတကွ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား ခဲ့ကြရတဲ့ အခြေအနေတွေဟာ ၂၀၂၃ ခုနှစ်၊ မေလ အတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မုန်တိုင်းမိုခါ (Mocha) ကို ပြန်လည် သတိရမိစေခဲ့ပါတယ်။  မှတ်သားမိသလောက် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Extremely Severe Cyclonic Storm) ဟာ ဆောင့်တိုက် လေတိုက်နှုန်း မိုင် ၁၀၀ ကျော်နဲ့ ရခိုင်ကမ်းရိုးတန်းအတွင်း စတင်ဝင်ရောက်လာပြီး စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ကျောက်ပန္တုအနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဖြတ်သန်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

 “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်” “ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်”

https://www.cincds.gov.mm/sites/default/files/no%203%20mmk%20Picture1%20%281%29.jpg

အဲဒီအချိန်တုန်းက ကျွန်တော် သတိပြုမိတာတစ်ခုကတော့ မုန်တိုင်းသတင်း စတင် ကြားကတည်းက နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊ ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ တစ်စိတ်တည်း၊ အာရုံတစ်ခုတည်း၊ သတိရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီလိုအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ် (Unity of Myanmar Spirit) ကို ပီပီပြင်ပြင် မြင်တွေ့ခဲ့လိုက်ရပါတယ်။  ဒီလို မုန်တိုင်းအန္တရာယ် ထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့မှုနဲ့ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ အစိုးရ၊ ဝန်ထမ်းတွေရဲ့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ရလဒ်ဟာ ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့တဲ့ စံပြ Model တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ယခုလည်း ငလျင်သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်ဟန့်တားရန် မဖြစ် နိုင်ခဲ့တဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူလူထုအနေနဲ့ မန္တလေး ငလျင်ဒဏ်အား ကြုံတွေ့ခဲ့ရပေမဲ့ အမြန်ဆုံးပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှုအားတွေ၊ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီဖေးမမှု တွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေချိန်ပဲဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ သဘာဝဘေး အန္တရာယ်တွေကို မိုခါမုန်တိုင်းကြီးအား မြန်မာတို့ရဲ့ စိတ်ရင်း၊ မြန်မာတို့ရဲ့ စိတ်ဓာတ်တွေနဲ့ ပေါင်းစုကာ ကျော်လွှားနိုင်သကဲ့သို့ ယနေ့ မန္တလေးငလျင်ဘေးကြီးကိုလည်း အစိုးရနဲ့ ပြည်သူလူထုအကြား နိုင်ငံရေးပရောဂတွေ မြူမှုန်တစ်စမျှပင် လွှမ်းမိုးသက်ရောက်မခံဘဲ လက်တွဲကျော်ဖြတ် တည်ဆောက်သွားနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။

အခက်အခဲတွေကြားမှာ...အမြဲရှိတဲ့ အခွင့်အလမ်းတွေ

ကြီးမားသော အခက်အခဲတွေကြားက ရုန်းထွက်ရင်ဆိုင် ကျော်လွှားနိုင်သူတွေသာ ဝင့်ကြွားနိုင်ကြတာဟာ လောကနိယာမလို့ ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း များစွာဟာ မတူညီသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပြီး ဒီလိုဘေး အန္တရာယ်တွေကို ကြုံတွေ့ရင်ဆိုင်ကြရတဲ့အချိန်တိုင်း ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီးစေယုံသာမက အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အခြေခံ အဆောက် အအုံတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးစတဲ့ နယ်ပယ်ကဏ္ဍ မျိုးစုံ ယိုင်လဲပြိုပျက်မှုတွေ ကြုံခဲ့ရပါတယ်။ သာဓကအနေနဲ့ ကျွန်တော်တို့ရဲ့ အာရှရပ်ဝန်းရှိ ဂျပန်နိုင်ငံဟာ စစ်ဘေး၊ နျူကလီယားဗုံးဒဏ်နဲ့ ဆူနာမီငလျင်တွေကို တောက်လျှောက် ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပေမယ့် ဂျပန်ပြည်သူတို့ရဲ့ မခံချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့ ပြည်သူ ပြည်သား အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရုန်းကန် ချီတက်ခဲ့ကြလို့ ယနေ့ ဂျပန်နိုင်ငံဟာ ကမ္ဘာအလယ်မှာ ထည်ဝါစွာရပ်တည်နိုင်တဲ့ အနေအထားကိုလည်း အတုယူ လေးစားဖွယ် တွေ့မြင်နိုင်ပါတယ်။              

ယနေ့မြန်မာနိုင်ငံအနေနဲ့လည်း မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမှာဖြစ်ပေမယ့် ဆက်စပ်အခွင့် အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရေးဟာလည်း မြန်မာနိုင်ငံသားတို့ရဲ့ မလျော့သောလုံ့လစိတ်ဓာတ်တွေ အပေါ်မှာ များစွာမူတည်နေပါတယ်။ မိမိတို့နိုင်ငံအပေါ် ပြည်ပြေး၊ ပြည်ဖျက် အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ထိုးနှက်ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ သတင်းအမှားများစွာနဲ့ မြန်မာနိုင်ငံရဲ့ ဓလေ့စိတ်ရင်းတွေနဲ့ မြန်မာ့တန်ဖိုးတွေထိခိုက် ပျောက်ဆုံးနေခဲ့ရပါတယ်။ ယနေ့မြေပြင်မှာ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာ အချင်းချင်းအပြန်အလှန်ဆက်ဆံမှုတွေ၊ အဖွဲ့အစည်းများနှင့် အပြန်အလှန် ဆက်ဆံမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းခွင်များမှာ အပြန်အလှန် ထိတွေ့လုပ်ကိုင်ကြရင်း နိုင်ငံတကာနဲ့ဆက်ဆံရေး အခွင့်အလမ်းကောင်းတွေ ဆက်လက်တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်း ဆက်သွယ်ရေး အခန်းကဏ္ဍတွေမှသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွေအထိ စာနာ နားလည် ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နိုင်မယ့် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုအခက်အခဲတွေကြားကနေ အမြန်ဆုံးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးမှာ တည်ငြိမ်အေးချမ်းမှုရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှသာလျင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဖော်ဆောင်နိုင်မှာ ဖြစ်တာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြော်အမြင်ကြီးစွာ ထုတ်ပြန်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အစိုးရနဲ့ ပြည်သူတွေအားလုံး အတူ လက်တွဲ ရုန်းကန်ထူထောင်ကြရမယ့် ရေရှည်လုပ်ငန်းစဉ်တွေမှာ မည်သည့်အဖျက်အမှောင့် လုပ်ရပ်မျိုးကိုမှ ပြည်သူတွေ မလိုလားကြပါဘူး။ ဒီမြေမှာနေ ဒီရေသောက်နေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်လို့ ခံယူတဲ့လူတိုင်း အတူတကွပြန်လည်ရုန်းထကျော်ဖြတ် ကြမယ်ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့အတူ သဘာဝဘေးအန္တရာယ်ဆိုးကြီးဒဏ်မှ ပြန်လည် ထူထောင်နိုင်ဖို့ ကျွန်တော်တို့အားလုံးတစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ လှော်ခတ် သွားကြရမှာဖြစ်ပါတယ်။

Clean Yangon Myanmar Flag Waving Wind National Flag: วิดีโอสต็อก (ปลอดค่าลิขสิทธิ์ 100%)  1047238081 | Shutterstock 

ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ်တွေကို နည်းများမဆို ကြုံတွေ့ ရင်ဆိုင်ကြမှာဖြစ်သကဲ့သို့ ၎င်းဘေးအန္တရာယ်အခက်အခဲတွေမှ ပြန်လည်ဦးမော့လာစေရေး ဟာလည်း နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ အစိုးရရဲ့ ထက်မြက်တဲ့ ဦးဆောင်မှု၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက် နိုင်မှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ယနေ့ မန္တလေးငလျင်ကြီးနှင့်ပတ်သက်သော ရေရှည် တည်တံ့တဲ့ ပြန်လည်ထူထောင်ရေး (Sustainable And long-term recovery after earthquake) လုပ်ငန်းစဉ်များကို အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုနဲ့ နိုင်ငံတကာမိတ်ဆွေတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တစိုက်မတ်မတ်အကောင်အထည် ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေထုလွှာကို လှုပ်ခတ်ကွဲအက် ပိုင်းခြားလိုက်သကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေးစရိုက်လက္ခဏာ တွေနဲ့ ကိုယ်ခံစွမ်းအားတွေကို ရုန်းကြွမြင့်တက်လာစေမှုနဲ့အတူ ယနေ့ငလျင်ဘေးဒဏ်ကြီး ပြန်လည်ထူထောင်ရေးမှသည် အေးချမ်းသာယာဝပြောသော အနာဂတ်ဆီသို့ တစ်မျိုးသားလုံးရဲ့ စုပေါင်းအားမာန်တွေနဲ့အတူ လက်တွဲညီညီလျှောက်လှမ်းကြပါစို့လို့ ဆန္ဒပြုရင်း...။  

မောင်မိုး

ဘဝနှင့်လောကဓံတရား

ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းနေသူများဖြစ်ကြသည်။ ဘဝခရီးကိုလျှောက်လှမ်းရင်း လောကဓံတရားအမျိုးမျိုးကို မလွဲမသွေတွေ့ကြုံကြရမည်။ မြတ်ဗုဒ္ဓက   ကျွန်ုပ်တို့လူသားများတွေ့ကြုံရမည့်လောကဓံတရားရှစ်ပါးကို    ဟောကြားခဲ့သည်။ ယင်းတို့မှ   လာဘဟူသော   လာဘ်ပေါများခြင်း၊ အလာဘဟူသော လာဘ်နည်းပါးခြင်း၊ ယသဟူသော အခြွေအရံများခြင်း၊   အယသဟူသော  အခြွေအရံနည်းပါးခြင်း၊ နိန္ဒာဟူသော ကဲ့ရဲ့ခြင်း၊ ပသံသာဟူသောချီးမွမ်းခြင်း၊   သုခဟူသော ချမ်းသာခြင်း၊ ဒုက္ခဟူသော   ဆင်းရဲခြင်းတို့ဖြစ်ကြသည်။  ယခုကျွန်ုပ်တို့ခံစားနေရသော  မန္တလေးငလျင်ကြီးသည် ဒုက္ခဆင်းရဲခြင်းဟူသော လောကဓံတရားပင်ဖြစ်သည်။

ကျွန်ုပ်တို့၏တာဝန်နှစ်ရပ်

ကျွန်ုပ်တို့သည် ဘဝခရီးကိုလျှောက်လှမ်းရင်းလောကဓံတရားတစ်မျိုးမျိုး တွေ့ကြုံရသည့်အခါဆောင်ရွက်ရမည့်တာဝန်နှစ်ရပ်ရှိသည်။   ပထမတာဝန်မှာ  တွေ့ကြုံရသည့်လောကဓံတရားအပေါ် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီးရင့်ကျက်တည်ငြိမ်သောစိတ်အခြေအနေတစ်ရပ်တည်ဆောက်ရန်ဖြစ်သည်။    ဒုတိယတာဝန်မှာ ကြုံတွေ့ရသည့်လောကဓံတရားအား သတိ၊ ပညာ၊ဝီရိယဟူသော အားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းပြီးအဖိုးတန်ဘဝသင်ခန်းစာ၊ အတွေ့အကြုံ၊ ဗဟုသုတ၊ အသိ၊ သတိ  စသည့်ကောင်းကျိုးရလဒ်အမျိုးမျိုးကို  ထုတ်ယူရန်ဖြစ်သည်။  ဤတာဝန်နှစ်ရပ်ကိုမပျက်မကွက်ထမ်းဆောင်ပါက လောကဓံတရားတစ်မျိုးမျိုးနှင့်ကြုံတွေ့ပြီးသည့်အခါတိုင်း ကျွန်ုပ် တို့၏စိတ်ဓာတ်သည် ပိုမိုရင့်ကျက်တည်ငြိမ်လာမည်။  ကျွန်ုပ်တို့၏အတွေ့အကြုံ၊  ဗဟုသုတနှင့် အသိ၊ သတိ  အဆင့်အတန်းသည် ပိုမိုမြင့်မားလာမည်။ လောကဓံတရားက မည်သို့ပင်ဆိုးကျိုးပေးနေစေကာမူ အသိ၊ ပညာ၊ ဝီရိယဖြင့် ယင်းဆိုးကျိုးများကိုကောင်းကျိုးအဖြစ်သို့     ပြောင်းယူနိုင်မည်ဖြစ်သည်။

ယောနိသောမနသီကာရ

ယောနိသောမနသီကာရဆိုသည်မှာ ဘဝခရီးကိုဖြတ်သန်းရင်း   လောကဓံတရားတစ်မျိုးမျိုးကြုံတွေ့ရသည့်အခါ   ဗုဒ္ဓအဆုံးအမတရားများကိုနှလုံးသွင်းဆင်ခြင်သည်။ ဤသို့ဆင်ခြင်မှုကြောင့် ကြုံတွေ့နေရသည့်လောကဓံတရားနှင့်ပတ်သက်၍မှန်ကန်သောအသိဖြစ်ပေါ်လာသည်။ မှန်ကန်သောအသိကြောင့် မှန်ကန်သောအယူဖြစ်ပေါ်လာသည်။ မှန်ကန်သောအယူကြောင့် မှန်ကန်သောအတွေးဖြစ်ပေါ်လာသည်။    မှန်ကန်သောအတွေးကြောင့် ရင့်ကျက်တည်ငြိမ်သော  စိတ်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာသည်။ ဤသဘောသည် ယောနိသောမနသီကာရ  မှန်ကန်စွာ နှလုံးသွင်းခြင်းသဘောဖြစ်သည်။ ဘဝခရီးတစ်လျှောက်လုံး လောကဓံတရားတစ်မျိုးမျိုးနှင့်တွေ့ကြုံရမည်ဖြစ်ရာ ကျွန်ုပ်တို့အစဉ်စွဲကိုင်ရမည့်တရားမှာ ယောနိသောမနသီကာရပင်ဖြစ်သည်။

လောကဓံထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်း

လောကဓံထံမှကောင်းကျိုးရလဒ်ထုတ်ယူခြင်းဆိုသည်မှာ တွေ့ကြုံလာရသောမည်သည့်လောကဓံတရားမျိုးကိုမဆို  မိမိ၏စိတ်ကို  အသိတရားဖြင့်ထိန်း၊ အရာရာကိုပညာဖြင့်ဆင်ခြင်ပြီး ဆောင်ရွက်သင့်၊  ဆောင်ရွက်ထိုက်သည်များကို မလျှော့သောဝီရိယဖြင့်ကြိုးပမ်းဆောင်ရွက်ပြီး  အောင်မြင်မှုရလဒ်အမျိုးမျိုးကို ဖော်ထုတ်ရယူခြင်းဖြစ်သည်။ တွေ့ကြုံနေရသောလောကဓံတရားကြောင့် အခြေအနေဆိုးအမျိုးမျိုးဖြစ်ပေါ်နေစေကာမူ ယင်းအခြေအနေဆိုးများကို အသိ၊ ပညာ၊ ဝီရိယဖြင့်ကိုင်တွယ်ဖြေရှင်းပြီး   အခြေအနေကောင်းများအဖြစ်သို့အောင်မြင်စွာပြောင်းလဲခြင်းဖြစ်သည်။ ဤသဘောသည် လောကဓံတရားထံမှကောင်းကျိုးရလဒ်များထုတ်ယူခြင်းသဘောဖြစ်သည်။

ကျွန်ုပ်တို့ခံစားခဲ့ရသည့်မန္တလေးငလျင်ကြီး

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်။ ၎င်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များအကြိမ်ကြိမ်လှုပ်ခတ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊    ပဲခူးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်သင့်ခဲ့သည်။

ထိုသို့အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရသည်။

မန္တလေးငလျင်ကြီးအားမှန်ကန်စွာနှလုံးသွင်းမည်

မန္တလေးငလျင်ကြီးသည် သူ့သဘောသူဆောင်ကာ ကျွန်ုပ်တို့ထံရောက်လာပြီး ကြီးစွာသောထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။ မန္တလေးငလျင်ကြီးက ကျွန်ုပ်တို့အား  ဝမ်းနည်းပူဆွေးသောကအမျိုးမျိုးကိုပေးသော်လည်း ကျွန်ုပ်တို့ကလက်မခံပါ။ ဗုဒ္ဓအဆုံးအမတရားများဖြင့် ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းပြီး ဓမ္မအသိ၊ ဓမ္မသတိများကိုဖော်ထုတ်ကာ ရင့်ကျက်တည်ငြိမ်သော  စိတ်အခြေအနေတစ်ရပ်ကိုသာတည်ဆောက်မည်။ နှလုံးသွင်းဆင်ခြင်ရမည့် ဗုဒ္ဓအဆုံးအမတရားတော်များအနက် အောက်ဖော်ပြပါတရားတော်သုံးမျိုးကို ဖော်ပြလိုသည်-

လောကသည် အနတ္တအစိုးမရသည့်သဘော

လောကကြီးသည်  မိမိဖြစ်စေချင်သည့်အတိုင်းမဖြစ်ဘဲ သူဖြစ်ချင်သည့်အတိုင်းဖြစ်နေသည်။ထို့ကြောင့် လောကကြီးသည် အနတ္တအစိုးမရသည့်သဘောရှိသည်။  ဤသို့အစိုးမရသည့်သဘောကို ကျွန်ုပ်တို့ရှောင်လွှဲ၍မရပါ။  ယခုလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးသည်  အနတ္တအစိုးမရဟူသောတရားသဘောအရ    ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လောက၌ထာဝရတည်မြဲသောအရာဟူ၍မရှိ၊ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်လျှင် ပျက်ကြရမည်ဟု နှလုံးသွင်းဆင်ခြင်မည်။  ထို့နောက် အနတ္တအစိုးမရသောလောကကြီးတွင်    ရပ်တည်နေရသည်နှင့်အမျှကာလပတ်လုံး အချိန်တိုင်း အသိနှင့်သတိကြီးစွာထားနေရန်လိုအပ်သည်ဟူသောသင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။

ပြုခဲ့သောကံ၏အကျိုးကိုရှောင်လွှဲ၍မရ

အကြင်သူသည်ကိုယ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ နှုတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ စိတ်ဖြင့်မကောင်းသောအမှုကိုပြု၏၊ ဤမကောင်းသောကံသုံးပါး၏ဆိုးကျိုးသည် မခံစားရဘဲပျောက်ပျက်၍မသွား၊ ယင်းဆိုးကျိုးများကို ယခုဘဝ၌လည်းခံစားရ၏။ နောင်ဘဝ၌လည်းခံစားရ၏။   နောင်သံသရာအဆက်ဆက်၌လည်း ခံစားရ၏။ အကြင်သူသည်ကိုယ်ဖြင့်ကောင်းသောအမှုကိုပြု၏။ နှုတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ စိတ်ဖြင့်ကောင်းသောအမှုကိုပြု၏။ ဤကောင်းသောကံသုံးပါး၏ အကျိုးသည်မခံစားရဘဲပျောက်ပျက်၍မသွား။ ယခုဘဝ၌လည်းခံစားရ၏၊ နောင်ဘဝ၌လည်း ခံစားရ၏။ နောင်သံသရာအဆက်ဆက်၌လည်း  ခံစားရ၏ဟုဗုဒ္ဓအဆုံးအမရှိ၏။   ဤအဆုံးအမကိုနှလုံးသွင်းပြီးယခုကဲ့သို့ငလျင်ဒဏ်ခံစားရခြင်းသည် အတိတ်ဘဝကကျွန်ုပ်တို့ပြုခဲ့ကြသော မကောင်းသောကံသုံးပါး၏ဆိုးကျိုးဖြစ်သည်ဟုဆင်ခြင်မည်။  ထို့နောက်မကောင်းသော ဆိုးကျိုးလောကဓံတရားမျိုး ထပ်မံမခံစားနိုင်စေရန်အတွက် မကောင်းသောကံသုံးပါးကိုလုံးဝမကျူးလွန်ဘဲကောင်းသောကံသုံးပါးကိုသာပြုမူမည်ဟု  ကျွန်ုပ်တို့   သင်ခန်းစာဖော်ထုတ်ကြရမည်။

ကပ်ကြီးသုံးပါးဖြစ်ရသည့်အကြောင်းရင်း

လူတို့ လောဘတရားကြီးမားလာသောအခါ ငတ်မွတ်ဘေးဟူသော  ဒုဗ္ဘိက္ခန္တရကပ်ကျရောက်သည်။  လူတို့ဒေါသတရားကြီးမားလာသောအခါ လက်နက်ဘေးဟူသော သတ္ထန္တရကပ်ကျရောက်သည်။  လူတို့မောဟတရားကြီးမားလာသောအခါ အနာရောဂါဘေးဟူသော ရောဂန္တရကပ်ကျရောက်သည်ဟူ၍ ဗုဒ္ဓအဆုံးအမရှိသည်။ ယခုကဲ့သို့ ငလျင်ဒဏ်သင့်ခြင်းသည် ကျွန်ုပ်တို့လောဘတရားကြီးမားနေကြသောကြောင့်ဖြစ်သည်ဟု နှလုံးသွင်းဆင်ခြင်မည်။ ထို့နောက် ဤကဲ့သို့ငလျင်ဒဏ်အပါအဝင်အခြားမည်သည့်ကပ်ကြီးမျိုးမှမကျရောက်စေရန်အတွက် စိတ်အတွင်းသို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန စသည့်မကောင်းသောစိတ်များမဝင်စေဘဲ အလောဘ၊ အဒေါသ၊ အမောဟ၊ မေတ္တာကရုဏာ၊ မုဒိတာ စသည့်ကောင်းမှုကုသိုလ်စိတ်များကိုသာ ဝင်ရောက်နေစေရမည်ဟူသော   သင်ခန်းစာကို ကျွန်ုပ်တို့ဖော်ထုတ်ကြရမည်။

ငလျင်ဒဏ်ထံမှရလဒ်ကောင်းများထုတ်ယူခြင်း

လောက၌အခြေအနေဆိုးတစ်ရပ်ဖြစ်ပေါ်လာတိုင်းယင်းအခြေအနေဆိုးနှင့်အတူ အခြေအနေကောင်းများ ပူးတွဲဖြစ်ပေါ်နေလေ့ရှိသည်။ ယင်းအခြေအနေကောင်းများကို  သတိပညာဖြင့်  ဆင်ခြင်သုံးသပ်ဖော်ထုတ်ပြီး ဝီရိယရှိစွာ  အသုံးချပါက တွေ့ကြုံခံစားနေရသောအခြေအနေဆိုးများကို အောင်မြင်စွာဖြေရှင်းကျော်လွှားနိုင်သည်။ ဤသဘောအတိုင်းမန္တလေးငလျင်ဆိုးကြီးသည် ယင်းနှင့်အတူ အခြေအနေကောင်းများယူဆောင်လာခဲ့သည်။ ယင်းအခြေအနေကောင်းများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများက သတိ၊ ပညာ၊  ဝီရိယကြီးစွာ၊ ထိရောက်မှန်ကန်စွာ အသုံးချနေမှုကြောင့် အမိနိုင်ငံအတွက် ရလဒ်ကောင်းများ၊ အခြေအနေကောင်းများဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့ဖြစ်ပေါ်နေသော ရလဒ်ကောင်း၊   အခြေအနေကောင်းများအနက် အဓိကအချက်လေးချက်ကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုပါသည်-

ဓမ္မအသိနှင့်သတိပိုမိုမြင့်မားလာခြင်း

လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့်လောကကြီးသည်အနိစ္စအမြဲမရှိ၊ ဒုက္ခဆင်းရဲခြင်း၊အနတ္တအမြဲမရှိဟူသော    ဓမ္မအသိနှင့်သတိ  ပိုမိုမြင့်မားလာသည်။ လူသည်မိမိပြုသောကံနှင့်တူသော အကျိုးကိုမလွဲမသွေခံစားရသည်။ အကြောင်းတရားကောင်းမှသာ အကျိုးတရားကောင်းမည်ဆိုသည့် ဓမ္မအသိပိုမိုခိုင်မာလာသည်။    ကပ်ကြီးသုံးပါးမည် သည့်အတွက်ကြောင့်ဖြစ်ရသည်ကိုလည်းကောင်း၊မည်ကဲ့သို့ကာကွယ်တားဆီးနိုင်သည်ကိုလည်းကောင်းသိမြင်လာသည်။ တွေ့ကြုံရသော မည်သည့်လောကဓံတရားမျိုးကိုမဆို ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်ကျော်လွှားနိုင်သောနည်းမှာ ယောနိသောမနသီကာရ မှန်ကန်စွာနှလုံးသွင်းခြင်းပင်ဖြစ်သည်ဆိုသော ဓမ္မအသိပိုမိုမြင့်မားလာသည်။

အသိမှန်အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း

ယခုအခါ နိုင်ငံတော်အကြီးအကဲသည်  ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေသည်။ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမြန်ဆုံးအရေးတယူဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန်မှန်သမျှကို နေ့မအား ညမအား စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြေပြင်ကွင်းဆင်းပြီး ကယ်ဆယ်ရေး၊ နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေး၊ ကျန်းမာရေး၊  ဆေးဝါးကုသရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ တပ်မတော်ကလည်း ငလျင်ဒဏ်သင့်ပြည်သူများ၏ ဒုက္ခအခက်အခဲ၊ အကျပ်အတည်းပေါင်းစုံကို ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤသို့ ငလျင်ဒဏ်သင့်ပြည်သူများနှင့်အတူရှိနေမှု၊   ဘေးဒုက္ခအကျပ်အတည်းများကို      ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့်  မျှဝေခံစားနေမှုတို့ကြောင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်၏ သဘောထားနှင့်စေတနာအမှန်ကို မိဘပြည်သူများကပိုမိုသိမြင်လာကြသည်။ 

စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း

ယခုအခါ ငလျင်ဒဏ်သင့်ပြည်သူများကိုစေတနာ၊ သဒ္ဓါတရားထက်သန်သောစီးပွားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံ့ဝန်ထမ်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်များက ဝိုင်းဝန်းကူညီဖေးမလျက်ရှိသည်။  ဤသို့  ဒုက္ခနှင့်အကျပ်အတည်းပေါင်းစုံကြုံတွေ့နေရချိန်တွင်   ကရုဏာ၊ မေတ္တာ၊ အကြင်နာတရားတို့ဖြင့်  ကူညီဖေးမမှုတို့ကြောင့် ခံစားနေရသော ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ အတိုင်းအတာတစ်ခုအထိလျော့ကျသွားခဲ့သည်။ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပိုမိုချစ်ခင်မြတ်နိုးလာကြသည်။  အချင်းချင်းအပြန်အလှန်အားကိုးယုံကြည်လာကြသည်။ ပိုမိုစည်းလုံးညီညွတ်လာကြသည်။ စည်းလုံးညီညွတ်ခြင်း၏အကျိုးအာနိသင်ကို လက်တွေ့သိမြင်လာကြသည်။ ဤသို့စည်းလုံးညီညွတ်နေမှသာ ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်လာသည့်အခါတိုင်း အောင်မြင်စွာကျော်လွှားနိုင်မည်ဟူသောစည်းလုံးညီညွတ်ရေးစိတ်ဓာတ်မြင့်မားလာသည်။

နိုင်ငံတကာဆက်ဆံရေးပိုမိုအောင်မြင်လာခြင်း

ပြည်ပအင်အားစုအချို့က ကျွန်ုပ်တို့ အမိနိုင်ငံအား  ကမ္ဘာ့နိုင်ငံများ၏ ဝိုင်းပယ်ခြင်းကိုခံရသည့်နိုင်ငံ၊ အထီးကျန်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ သို့သော် မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သော  မန္တလေးငလျင်ကြီးက ယင်းပြည်ပအင်အားစုများ၏   ကြိုးပမ်းမှုများကို ရိုက်ချိုးပစ်ခဲ့သည်။  ငလျင်ဒဏ်သင့်သောကျွန်ုပ်တို့အမိနိုင်ငံအား ပြည်ပမိတ်ဆွေ ၁၆ နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ အချိန်တိုအတွင်း  အမြန်ရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်  လူပုဂ္ဂိုလ်  ၄၅  ဦးတို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြသည်။ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အလှူ ရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီလ ၁၈ ရက်နေ့နံနက် ၇ နာရီအထိ နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့်ဟောင်ကောင်တို့မှ လေယာဉ် ၁၃၆ စင်း၊သင်္ဘောခြောက်စင်း၊ မော်တော်ယာဉ် ၂၃ စီး မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်အတူရောက်ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးဝန်ထမ်း ၁၉၇၅ ဦး၊ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ ဒသမ ၉၈ တန်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ ဒသမ ၅၉ တန် စုစုပေါင်း ၃၅၀၃ ဒသမ ၅၇  တန်တို့ကျွန်ုပ်တို့အမိနိုင်ငံထံသို့ရောက်ရှိခဲ့သည်။ဤသို့ မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုများကိုလက်ခံရရှိခြင်းသည်   အမိနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေခြင်းသဘောဖြစ်သည်။ မန္တလေးငလျင်ကြီးက မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံမဟုတ်ကြောင်း မိတ်ဆွေနိုင်ငံများ၏ဝန်းရံမှုကို ထိုက်တန်စွာရရှိထားသည့်နိုင်ငံဖြစ်ကြောင်းပြသခဲ့သည်။

အဆိုးထဲမှအကောင်း၊ အရှုံးထဲမှအမြတ်

မန္တလေးငလျင်ကြီးအား ကျွန်ုပ်တို့ အမိနိုင်ငံအနေဖြင့် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး သတိ၊ ပညာ၊ဝီရိယ စွမ်းအားသုံးမျိုးဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့သည်။  ဤသို့ဖြေရှင်းမှုကြောင့် အဆိုးထဲမှအကောင်း၊    အရှုံးထဲမှအမြတ်ဆိုသကဲ့သို့ နိုင်ငံသားများ၏  ဓမ္မအသိနှင့် သတိမြင့်မားလာခြင်း၊ အသိမှန်၊    အမြင်မှန်များပိုမိုဖြစ်ပေါ်လာခြင်း၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်မြင့်မားလာခြင်း၊   နိုင်ငံတကာဆက်ဆံရေး   ပိုမိုအောင်မြင်လာခြင်း စသည့်အောင်မြင်မှုရလဒ်များရရှိခဲ့သည်။   

မန္တလေးငလျင်ကြီးက  ကျွန်ုပ်တို့အမိနိုင်ငံအား  ယိုင်လဲအောင်ပြုလုပ်ခဲ့သော်လည်းကျွန်ုပ်တို့အမိနိုင်ငံ ပိုမိုခိုင်မြဲလာခဲ့သည်။ အမိနိုင်ငံအား ကျိုးပျက်အောင်ချိုးဖျက်ခဲ့သော်လည်း ကျွန်ုပ်တို့အမိနိုင်ငံ တိုးတက်ခဲ့သည်။ ယောနိသောမနသီကာရနှင့်  သတိ၊ ပညာ၊ ဝီရိယ  စွမ်းအားသုံးမျိုးကြောင့် ဤသို့တိုးတက်ခဲ့ခြင်းဖြစ်သည်။ နောင်တွင်လည်း   ယခုမန္တလေးငလျင်ကြီးကဲ့သို့  ဆိုးဝါးသော  လောကဓံတရားမျိုးနှင့် တွေ့ကြုံကောင်းတွေ့ကြုံနိုင်သည်။  ဤသို့တွေ့ကြုံလာပါက မပျက်မကွက်ဆောင်ရွက်ရမည့်နည်းလမ်းမှာ   တွေ့ကြုံလာရသည့်  လောကဓံတရားအပေါ် ယောနိသောမနသီကာရမှန်ကန်စွာနှလုံးသွင်းဆင်ခြင်ပြီး   သတိ၊ပညာ၊ ဝီရိယဟူသော စွမ်းအားသုံးမျိုးဖြင့်  အောင်မြင်စွာရင်ဆိုင်ကျော်လွှားခြင်းသာဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြ အပ်ပါသည်။   ။

Source: https://myawady.net.mm/stories

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)

စိတ်သစ် လူသစ် စွမ်းအားသစ်ဖြင့် နှစ်သစ်ကိုကြိုဆို
-

ကမ္ဘာပေါ်ရှိလူမျိုးတိုင်းသည် မိမိတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ နှစ်သစ်ကူးရက်၊ နှစ်ဆန်းရက်များ သတ်မှတ်လေ့ရှိကြသည်။ အင်္ဂလိပ်လူမျိုးများနှင့် ခရစ်ယာန်အယူဝါဒကိုကျင့်သုံးသော  လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ ၁ ရက်နေ့ကို နှစ်ဆန်းရက်သတ်မှတ်၍ ဒီဇင်ဘာလ ၃၁ ရက် ညဉ့်သန်းခေါင်မတိုင်မီ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ မြန်မာတို့၏ နှစ်သစ်ကူးအခါ သမယသည် နှစ်စဉ်တန်ခူးလတွင် ကျရောက်သည်။

မြန်မာနှစ်ဟောင်း ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်ဆိုသောနှစ်သစ်သို့ကူးပြောင်းသွားပြီဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် စစ်မှန်သောနှစ်သစ်ကူးနေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ ကိုယ်ချင်းစာတရားထားကာ ရိုင်းပင်းကူညီခြင်းစသည့် မင်္ဂလာရှိသော လုပ်ဆောင်မှုများဖြင့်သာ ဖြတ်သန်းသွားမည်ဆိုလျှင် တစ်နှစ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမည် ဖြစ်သည်။ ကျန်းမာပျော်ရွှင်ကြမည်ဖြစ်သည်။ အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဝအတွက် အရေးပါသော ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်သင့်သည်။    နှစ်သစ်အတွက် ဆုံးဖြတ်ချက် မချမှတ်သေးမီ နှစ်ဟောင်းကာလတွင် ဆောင်ရွက်နိုင်ခဲ့မှုများကိုလည်း ပြန်လည်သုံးသပ်သွားသင့်ပေသည်။

မင်္ဂလာရှိသောနှစ်သစ်

ရှေးမြန်မာမင်းများလက်ထက်က နှစ်ဆန်းတစ်ရက်နေ့ကို များစွာအလေးအမြတ်ပြုခဲ့ကြသည်။ ယင်းနေ့တွင် ရတနာသုံးပါးနှင့်တကွ နတ်မြတ်နတ်ကောင်းအပေါင်းတို့အား ရှေးအစဉ်အလာအတိုင်း လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြသည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် သမိုင်းဝင်ဖြစ်ခဲ့သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယတွင် အဟောင်းတို့ ချုပ်ငြိမ်း၍ အသစ်တို့ ပေါ်ထွန်းလာသည်မှာ လောကနိယာမတစ်ခုပင်ဖြစ်သည်။

နွေရာသီ၏အပူဒဏ်ကို  အေးမြစေရန်အတွက်လည်းကောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်စေရန်အတွက်လည်းကောင်း အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ မဟာသင်္ကြန်ပွဲတော် ကျင်းပခြင်းနှင့်အတူ ဥပုသ်သီတင်းသီလဆောက်တည်မှုပြုခြင်း၊ ရှင်ပြု အလှူမင်္ဂလာနှင့် ဒုလ္လဘရဟန်းခံပြုကြခြင်း၊ သက်ကြီးရွယ်အိုဘိုးဘွားတို့အား  နွေးထွေး ကြင်နာစွာ ရိုသေသမှုပူဇော်မှုပြုခြင်း၊   လယ်ယာလုပ်ငန်းခွင်တွင်   အကျိုးပြုခဲ့သော ခိုင်းနွားများကို ဘေးမဲ့စေလွှတ်ခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် ငါးလွှတ်ပွဲများကို မြို့ရွာဒေသအနှံ့ ပြုလုပ်ကြခြင်းဖြင့်  ချစ်စရာကောင်းသည့် မြန်မာဓလေ့စရိုက်များကို ဖော်ညွှန်းနေသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့သည်    မြန်မာလူမျိုးတို့အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော    နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် မြန်မာပြည်သူအပေါင်းတို့သည် မကောင်းမှုရှောင်၊ ကောင်းမှုကိုဆောင်ကြရမည်ဖြစ်သည်။ မိမိတို့နေထိုင်ရာ အရပ်ဒေသဝန်းကျင် အသီးသီးတို့၌ မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန်အတွက် ဒုစရိုက်ဆယ်ပါးဖြစ်သော ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက် လေးပါးနှင့်၊ မနောဒုစရိုက် သုံးပါးတို့ကို အထူးရှောင်ကြဉ်သင့်သည်။ သို့ဖြစ်ရာ ကောင်းမြတ်သောအချိန်

ကာလတို့ကိုညွှန်းဆိုထားသော လရာသီဖြစ်သည့်အတွက် သန့်စင်မွန်မြတ်သော ဒါနတရားတို့ဖြင့် ပီတိဖြာဝေစေသော တန်ခူးလရာသီပင်ဖြစ်သည်။

မေတ္တာအရင်းခံဖြင့်သာ

အမှန်စင်စစ်မှာမူ မေတ္တာတရားသည်  အရာအားလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နှစ်သစ်တွင် လူတစ်ဦးနှင့်တစ်ဦး၊ ဘာသာတစ်ခုနှင့်တစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား မေတ္တာထားသွားကြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာလျှင် အချင်းချင်း အမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအချင်းချင်း ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူးကြီး၊ ငယ်၊ ဇာတ်နိမ့်၊ ဇာတ်မြင့် မခွဲခြားဘဲ မေတ္တာအရင်းခံဖြင့်သာ ဆက်ဆံသွားမည်ဆိုလျှင် အေးချမ်းသောလူ့အသိုက်အဝန်းကြီးကို ဧကန်မုချတည်ဆောက်နိုင်မည်ဖြစ်သည်။

နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုး ဒွန်တွဲ၍ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာ ဖော်ထုတ်ပြီး နှစ်သစ်အတွက်ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင် သွားရန် လိုအပ်မည်ဖြစ်သည်။ အခြေခံအားဖြင့် မိမိတို့၏ စိတ်ဓာတ်များကို ပြင်ဆင်သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေစုဆောင်းကြရာတွင် စိတ်ကောင်းရှိရန်လိုသည်။ အရာရာတွင် ကိုယ်ချင်းစာတရားလက်ကိုင်ထားကြမည်ဆိုလျှင် အေးချမ်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနှစ်သစ်တွင်  မိမိတို့၏ကိုယ်စီဘဝများတိုးတက်အောင်မြင်ရေးအပြင် မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းပြည်အကျိုးကိုပါ သယ်ပိုးနိုင်ရေးအတွက် ဗြဟ္မစိုရ်တရားကို လက်ကိုင် ထားလျက် ပြုမူကျင့်ကြံနေထိုင်သွားရန် အထူးလိုအပ်သည်။

 စိတ်ကူးအိပ်မက်များ

နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက်များရှိနေရန် လိုအပ်ပါသည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော် သွားရန်လည်း လိုအပ်မည်ဖြစ်သည်။ ဆိုရလျှင် လူတစ်ဦးသည် လွန်ခဲ့သည့်တစ်နှစ်လုံးတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး စသည့် နယ်ပယ်တစ်ခုခုတွင် အောင်မြင်မှုတစ်စုံတစ်ရာမျှ မရရှိခဲ့ပါက ထိုသူသည် တစ်နှစ်ဆိုသော အချိန်ကာလကို အကျိုးမဲ့ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ အမှန်တကယ် မနားမနေ စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်နေမှသာလျှင်  အောင်မြင်မှုဆိုသော အရာကို ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

စင်စစ်အားဖြင့် မျက်မှောက်ခေတ်ကြီးတွင် ပျင်းရိလေးလံတွေဝေ ထိုင်းမှိုင်းနေသောသူများအတွက် နေရာမရှိတော့ပေ။ အထူးသဖြင့် တန်ဖိုးရှိသောအချိန်ကို   စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းမရှိသူများသည် အဘက်ဘက်မှ နောက်ကျကျန်ရစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ထို့ကြောင့် မြန်မာနှစ်သစ်တွင်   အချိန်မဖြုန်းဘဲ ကိုယ်စီအလုပ်လုပ်ကြရတော့မည်ဖြစ်သည်။ နှစ်ဟောင်းတွင် အောင်မြင်မှုမ ရရှိခဲ့သည့်တိုင်အောင် နှစ်သစ်အတွက် ခွန်အားများမွေးမြူသွားကြရမည် ဖြစ်သည်။ လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူ့အသိုက်အဝန်းတစ်ခုချင်းမှသည် တိုင်းပြည်တိုးတက်ရေးကို ရည်မှန်းလျက် ကြိုးပမ်းသွားရန် လိုအပ်မည်ဖြစ်သည်။ လူတိုင်းတွင် လုပ်ဆောင်နိုင်သည့် စွမ်းအားများကိုယ်စီရှိနေသည်။ လုပ်မည်ဆိုပါက အောင်မြင်မှုသည် လက်တစ်ကမ်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင် အောင်မြင်မှုတစ်ခုခုကို ရရှိအောင် ကြိုးပမ်းသွားမည်ဆိုသော စိတ်ကူးအိပ်မက်များကို ကိုယ်စီမက်ထားရန်လိုသည်။

အဟောင်းတို့ချုပ်ငြိမ်း၍ အသစ်တို့ပေါ်ထွန်း

မြန်မာနှစ်ဟောင်းကုန်၍  နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်းတွင်  အကောင်းနှင့် အဆိုးဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှသင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင်သွားရန်လိုအပ်မည်ဖြစ်သည်။ နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက်များ ရှိနေရန်လိုအပ်သည်။  ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက်   လက်တွေ့ကျကျကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံသားတိုင်းသည် နှစ်သစ်တွင် လူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် အချိန်ကို အကျိုးရှိစွာ အသုံးချသွားရန်လိုသည်။

အချိန်တိုင်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေသူတစ်ဦးသည် မအောင်မြင်စရာအကြောင်းမရှိချေ။ မြန်မာနှစ်သစ်တွင် ပြည်သူအားလုံး ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့သော ဘဝများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။       ။

ဆုလတ်မြေ

သာယာအေးချမ်း ရွှင်လန်းဝေဖြာ ပြည်မြန်မာ
-

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ် နှစ်သစ်သို့ကူးပြောင်းရောက်ရှိသည့် အချိန်အခါတွင် လူတိုင်းသည်   စိတ်သစ်ကိုယ်သစ်၊ နှလုံးသားအသစ်ဖြင့်   မိမိ၏ကိုယ်ကျိုး၊  အများအကျိုး၊ တိုင်းပြည်အကျိုးများကို အောင်မြင်စွာသယ်ပိုးကြရမည်ဖြစ်သည်။ မြန်မာတို့တွင် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် အချိန်ကာလ၌  နှစ်ဟောင်းမှအညစ်အကြေးများကို    ဆေးကြောသည့်သဖွယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(ရေသဘင်ပွဲ)ကို ဆင်နွှဲကြသည်။ သင်္ကြန်ရေအေးမြခြင်းနှင့်အတူ နှစ်သစ်တွင် အေးမြရွှင်လန်းသောစိတ်နှလုံးတို့ တိုးပွားနေစေရမည်ဖြစ်သည်။ ထိုသို့တိုးပွားအောင်ကျ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ် နှစ်သစ်သို့ကူးပြောင်းရောက်ရှိသည့် အချိန်အခါတွင် လူတိုင်းသည်   စိတ်သစ်ကိုယ်သစ်၊ နှလုံးသားအသစ်ဖြင့်   မိမိ၏ကိုယ်ကျိုး၊  အများအကျိုး၊ တိုင်းပြည်အကျိုးများကို အောင်မြင်စွာသယ်ပိုးကြရမည်ဖြစ်သည်။ မြန်မာတို့တွင် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသည့် အချိန်ကာလ၌  နှစ်ဟောင်းမှအညစ်အကြေးများကို    ဆေးကြောသည့်သဖွယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(ရေသဘင်ပွဲ)ကို ဆင်နွှဲကြသည်။ သင်္ကြန်ရေအေးမြခြင်းနှင့်အတူ နှစ်သစ်တွင် အေးမြရွှင်လန်းသောစိတ်နှလုံးတို့ တိုးပွားနေစေရမည်ဖြစ်သည်။ ထိုသို့တိုးပွားအောင်ကျင့်ကြံ နေထိုင်ခြင်းဖြင့် လူမှုစီးပွားဘဝကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

စိတ္တာဓိပတိဟူသည့်အတိုင်းလူကို စိတ်က ဦးဆောင်နေခြင်းဖြစ်ပေရာ လူတိုင်းသည် မိမိတို့စိတ်တွင် နှစ်သစ်အချိန်အခါသမယ၌ မိမိတို့တစ်ဦးချင်းစီ၏   လူမှုစီးပွားဘဝ တိုးတက်အောင်    မည်သို့မည်ပုံ လုပ်ဆောင်ကြမည်ဆိုသည့် ရည်မှန်းချက်ကို  ထားရှိဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိဘဝအတွက်ကောင်းသောအခွင့်အလမ်းကို  မိမိတို့ကိုယ်တိုင်   ကြိုးစားကြရမည်ဖြစ်သည်။ အခွင့်အလမ်းဆိုသည်မှာ အဆင့်အတန်းနှင့်လည်း တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။ မိမိကိုယ်ကို အဆင့်အတန်းရှိသူတစ်ဦးဖြစ်အောင်   ကြိုးစားနိုင်မှသာ အခွင့်အလမ်းတို့ ပေါ်ထွန်းလာမည်ဖြစ်သည်။ လူငယ်လူရွယ်ဆိုသည်မှာ   နိုင်ငံအတွက်အားကိုးအားထား ပြုရမည့်   လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည်။ ထိုလူငယ်လူရွယ်တို့သည် ကိုယ်ရည်ကိုယ်သွေးပြည့်ဝ၍ အဆင့်အတန်းရှိနေပါလျှင် မိမိတို့နေထိုင်ရာ နိုင်ငံသည်လည်း အဆင့်အတန်းရှိသော နိုင်ငံဖြစ်လာပေလိမ့်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူငယ်များနှင့်ပတ်သက်လာလျှင် လူငယ်ကဏ္ဍတိုးတက် မြင့်မားရေးကို အထူးကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ပြီး အနိမ့်ဆုံးအဆင့် အခြေခံပညာအလယ်တန်းအထိ ပညာသင်ယူကြရမည်။ အခြေခံပညာအလယ်တန်းပြီးမြောက်၍ သာမန်အားဖြင့် ကျောင်းမှထွက်ကြမည့်အစား မိမိတို့၏အနာဂတ်ဘဝ ခိုင်မာရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာလမ်းကြောင်းများ ဖွင့်ပေးထားသည်။  ဘက်စုံပညာရေးစနစ် ကျင့်သုံးနေချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရပ်တစ်ခုခုကို တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။  သို့မှသာ ကျောင်းပညာ သတ်မှတ်ချက်အရ ဘွဲ့တစ်ခုခုရရှိ၍ လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ မိမိအဆင့်အတန်းနှင့် ညီမျှသည့်အခွင့်အလမ်းက ကြိုဆိုနေမည်ဖြစ်သည်။

နိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသူ အပေါင်းတို့သည်  မိမိတို့၏နေ့စဉ်လူမှု စီးပွားဘဝ တိုးတက်ရှင်သန်ရေးအတွက်   ဆောင်ရွက်နေကြရသကဲ့သို့ နိုင်ငံ့အတွက်  အရေးကြုံလာလျှင်လည်း  နိုင်ငံ့အရေးတွင် ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယနေ့ကာလသည်   နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ၊ ပြည်ပစွက်ဖက်မှုများ၊  အကြမ်းဖက်အဖျက်သမားများ၊  သဘာဝဘေးအန္တရာယ်များ စသည့်အခက်အခဲ အတားအဆီးများစွာကို အန်တု၍  နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ   ပြည်သူများ၏ လိုအင်ဆန္ဒဖြစ်သည့်  ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တည့်မတ်မှန်ကန်စွာ     လျှောက်လှမ်းနိုင်ရေး  အထူးကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ ဆောင်ရွက်နေသည်မှာ ပြည်သူအားလုံးအသိပင်ဖြစ်သည်။

 စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ပေးလျက်ရှိပြီး  ၂၀၂၅  ခုနှစ်  ဒီဇင်ဘာလတွင်လွတ်လပ်ပြီး     တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးကို    အလေးထားဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးလမ်းကြောင်းတွင် နိုင်ငံရေးနည်းဖြင့်ပါဝင်ကြရန် ပွင့်လင်းစစ်မှန်သော စိတ်စေတနာ သဘောထားဖြင့် ဖိတ်ခေါ်ထားပြီးဖြစ်သည်။   နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့်ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ  တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါသဘောတူညီချက်များအတိုင်း  အကောင်းဆုံး လုပ်ဆောင်လျက်ရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ၍ ငြိမ်းချမ်းခြင်းကို ပြည်သူတစ်ရပ်လုံးက အကြွင်းမဲ့လိုလားသည်။ ပြည်သူတို့၏လိုအင်ဆန္ဒအမှန်သည်  မိမိတို့လူမှုစီးပွားဘဝကို  စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဆောင်ရွက်လိုခြင်းဖြစ်သည်။ မိမိတို့နေထိုင်ရာ အရပ်ဒေသ   အေးချမ်းတည်ငြိမ်မှုရှိနေခြင်းကို ပြည်သူအားလုံးက အကြွင်းမဲ့လိုလားသည်။ ထို့ကြောင့် ယခုနှစ်သစ်သို့ ရောက်သည့်အချိန်ကာလတွင်  လူသားချင်းစာနာ ထောက်ထားသောအားဖြင့် ငြိမ်းချမ်းရေးကို ရရှိအောင်ဆောင်ရွက်စေချင်သည်မှာ   ပြည်သူအားလုံး၏ ပကတိရင်တွင်းဆန္ဒဖြစ်သည်။

မင်္ဂလာရှိသောစကား၊ မင်္ဂလာရှိသောအကြောင်းအရာများမှာ လူသားတိုင်းလိုလားသော အချက်အလက်များဖြစ်သည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် သုံးဆယ့်ရှစ်ဖြာသောမင်္ဂလာတရားတော်ကို နှစ်သက်လိုက်နာ ကျင့်ကြံနေထိုင်ကြသည်။  မကောင်းမှုရှောင်၊    ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဟူသော တရားသုံးပါးသည် လူသားတိုင်းအတွက်ဖြစ်သည်။ လူသားတိုင်းသည် စိတ်ကောင်းနှလုံးကောင်းဖြင့်   လူမှုပတ်ဝန်းကျင်တွင်   နေထိုင်ကြမည်ဆိုပါက  အမုန်းဆိုသည့်ဝေါဟာရသည် ပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ အမုန်းကင်းစင်သည့် ပတ်ဝန်းကျင်သည် သာယာလှပနေမည်ဖြစ်သည်။

လူ့သက်တမ်းအနှစ်တစ်ရာတွင် လူသားတို့သည် လောဘ၊ ဒေါသ၊ မာန်မာနတို့ဖုံးလွှမ်းကာ ကိုယ်ကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်မည့်အစား အများကောင်းကျိုးကို ရွက်သယ်ပိုးသင့်သည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် လူသားတို့အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။  လှပ၍နေချင်စဖွယ် အလွန်ကောင်းလှသော အဆောက်အအုံများ ပြိုလဲခဲ့ရသည်။ တရားသဘောဖြင့်ကြည့်မည်ဆိုပါက မမြဲသောအနိစ္စတရားတို့   ထင်ရှားစွာမြင်တွေ့နိုင်သည်။

ပြောလိုသည်မှာ နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးမပြုသည့် အကြမ်းဖက်အဖျက်သမား လက်နက်ကိုင် သောင်းကျန်းသူတို့အနေဖြင့် လက်နက်ကိုင်ဆောင်ခြင်းကို စွန့်လွှတ်ကာ  ပြည်သူတို့၏ ကောင်းကျိုးကို ပြန်လည်သယ်ပိုးသင့်သည့် အချိန်ရောက်ပြီဟုပြောလိုသည်။ အကြမ်းဖက်အဖျက်သမား လက်နက်ကိုင်ထားသူများရှိနေသရွေ့ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ နှောင့်နှေးကြန့်ကြာနေမည်ဖြစ်သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးအရိပ်အောက်ဝယ် တူညီသော  တိုင်းကျိုးပြည်ပြုစိတ်ဆန္ဒများဖြင့် ပေါင်းစည်းဆောင်ရွက်ရမည့် အချိန်အခါကောင်းပင်ဖြစ်သည်။

နှစ်တစ်နှစ်ကုန်ဆုံး၍ နှစ်သစ်တစ်ခုသို့ရောက်ရှိလေတိုင်း မိမိတို့၏လုပ်ဆောင်ခဲ့မှုများကို ပြန်လည် ဆန်းစစ်လေ့လာသင့်သည်။   အကြမ်းအားဖြင့် လွန်ခဲ့သည့်နှစ်သည် မိမိဘဝအတွက်  တိုးတက်မှုဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဟူသော သုံးသပ်ချက်ဖြင့် နှစ်ဟောင်းထက်ပိုမို ကောင်းမွန်အောင်နှစ်သစ်တွင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လူတိုင်းသည် အတိတ်ကိုပြန်လည် တမ်းတနေ၍ အချည်းနှီးသာဖြစ်သည်။ အချိန်သည်ရွေ့လျားနေသကဲ့သို့ လူတို့၏သက်တမ်းများမှာလည်း  ရွေ့လျားနေပေရာ လက်ရှိပစ္စုပ္ပန်ကာလကို အကောင်းဆုံးနှင့် အအောင်မြင်ဆုံးဖြစ်အောင်   ကြိုးစား လုပ်ဆောင်ကြရမည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးကို   ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံရေးရည်မှန်းချက်အဖြစ် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့်   ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။    အမျိုးသားရေး ရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်တို့သည် လွန်စွာသင့်လျော်ကောင်းမွန်သော ရည်မှန်းချက်များဖြစ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့ကောင်းကျိုးကို ဦးဆောင်သယ်ပိုးဆောင်ရွက်နေချိန်တွင် ပြည်သူလူထုက စည်းလုံးညီညွတ်မှုဖြင့် အင်တိုက်အားတိုက်ပါဝင်ကြရမည်ဖြစ်သည်။  ပြည်ပသွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတို့၏ မဟုတ်မမှန်ဝါဒဖြန့်နေမှုများမှာ   နိုင်ငံနှင့်လူမျိုးကောင်းမွန်ရေး အတွက်မဟုတ်သည်မှာ ကြုံတွေ့နေရသော ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြလျက်ရှိသည်။ 

လူတိုင်းသည်  မိမိကိုယ်ကို  ချစ်ကြသူများဖြစ်သည်။ မိမိကိုယ်ကိုချစ်ကြသလို မိမိနေထိုင်သောတိုင်းပြည်ကို  ချစ်မြတ်နိုးကြရမည်ဖြစ်သည်။

တိုင်းပြည်နှင့်လူမျိုးကိုမချစ်တတ်သူသည်  ဘာကိုမှ ချစ်လိမ့်မည်မဟုတ်ဟု ပညာရှင်တို့ကဆိုထားသည်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိမှာလည်း တာဝန်ရှိသည်ဟူသော အသိစိတ်ကို မွေးမြူထားကြရမည်ဖြစ်သည်။ ထိုအသိစိတ်ဓာတ်ကို ကျောင်းသားအရွယ်ကတည်းက   ဆရာသမားတို့က  လေ့ကျင့်မွေးမြူ ပေးကြရမည်ဖြစ်သည်။ အမျိုးသားစည်းကမ်းအစ   စာသင်ကျောင်းကဆိုသည့်အတိုင်း    မိမိအတန်းကိုကောင်းအောင်၊ မိမိကျောင်းကိုကောင်းအောင်၊ မိမိနိုင်ငံတော်ကိုကောင်းအောင် စွမ်းဆောင်မည်ဟူသောစိတ်မှာ  မျိုးဆက်သစ်လူငယ်တိုင်းတွင်ရှိနေရပေမည်။ ထို့ကြောင့် မိဘများ၊ ဆရာများက မိမိတို့၏ရင်သွေးများ၊ တပည့်များကို နိုင်ငံတော်အတွက်  တန်ဖိုးရှိသောလူငယ်များဖြစ်အောင် လမ်းကောင်းသို့ ညွှန်ပြကြရမည်ဖြစ်သည်ဟု တိုက်တွန်းခြင်းဖြစ်သည်။

လူငယ်ဆိုသည်မှာ နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးပုံဖော်ရမည့်သူများဖြစ်သည်။ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ပခုံးပြောင်း တာဝန်ယူကြရမည်မှာ လူငယ်များသာဖြစ်သည်။ လူငယ်များကို အကောင်းဆုံးဖြစ်အောင် မြေတောင်မြှောက်ပေးထားနိုင်မှသာ နိုင်ငံတော်၏ အနာဂတ်အတွက် စိတ်ချရပေလိမ့်မည်။ လူငယ်များကို မကောင်းသောအတွေး အမြင်များ လက်ဆင့်ကမ်းကြမည့်အစား ကောင်းသောအတွေး၊ ကောင်းသောအမြင်များဖြင့် လက်ဆင့်ကမ်းကြရမည်ဖြစ်သည်။ ကောင်းမွေကို လက်ဆင့်ကမ်းနိုင်မှသာ ကောင်းသောရလဒ်များ ပေါ်ထွန်းလာမည်ဖြစ်သည်။

နှစ်သစ်အချိန်အခါသည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်အခါသမယအဖြစ် လူတိုင်း၏စိတ်ထဲတွင် မှတ်ယူထားကြသည့်အတွက် အမှန်တကယ် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံအောင် နေထိုင်သင့်လှသည်။ ဗြဟ္မစိုရ်တရား လေးပါးသည် မည်သည့်ဘာသာဝင်မဆို   လိုက်နာကျင့်သုံးမည်ဆိုပါက လောကကြီးသည် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံနေမည်ဖြစ်သည်။ သတ္တဝါများကြီးပွားချမ်းသာသည်ကို   လိုလားချစ်မြတ်နိုးခြင်းသည် မေတ္တာစိတ်ဖြစ်သည်။   ဆင်းရဲသောသတ္တဝါများကို မြင်၍  သနားခြင်း၊ ဆင်းရဲခြင်းမှ  ကင်းလွတ်စေလိုခြင်းသည်ကရုဏာဖြစ်သည်။ ပြည့်စုံချမ်းသာသောသူတို့ကိုမြင်ရလျှင် ဝမ်းမြောက်ခြင်းသည် မုဒိတာဖြစ်သည်။ သတ္တဝါတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိ မျှမျှတတရှုမြင်ခြင်းသည် ဥပေက္ခာဖြစ်သည်။

မြန်မာနိုင်ငံသားတိုင်းသည် ဤလောကကြီးတွင် အသက်ရှင်သန်နေထိုင်ခွင့် ရှိနေစဉ်အတွင်း  မိမိတို့နေထိုင်လျက်ရှိသည့်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး   အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေရေးကို ပထမဦးစားပေးအဖြစ်  စဉ်းစားဆောင်ရွက် လုပ်ဆောင်စေလိုသည်။ ထို့အတူ မိမိတို့နှစ်သက်ကိုးကွယ်ရာ ဘာသာတရားနှင့် မိမိတို့အမျိုးအနွယ်တို့ကို မပျက်မယွင်းအောင် စောင့်ထိန်းကြစေလိုသည်။ မိမိတို့၏  ရိုးရာယဉ်ကျေးမှု စာပေ၊  ဂီတအနုသုခုမပညာများကို  ပိုမိုထွန်းတောက်အောင်  ဆောင်ရွက်ကြစေလိုသည်။ ထို့အတူ    အခြားသောလူမျိုး၊ အခြားသော ဘာသာတရားများကိုလည်း တန်ဖိုးထားလျက်   လူသားအချင်းချင်း ချစ်ခင်မြတ်နိုးသောစိတ်ဖြင့် နေထိုင်ကြစေလိုသည်။

နိဂုံးချုပ်အားဖြင့်ဆိုရသော်  မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်သည် “သာယာအေးချမ်း ရွှင်လန်းဝေဖြာ ပြည်မြန်မာ” အဖြစ်မြင်တွေ့နိုင်ရေး  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းလက်တွဲပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။      ။

ဘုန်းမောင်ဝင်း(ဖျာပုံ)

စွမ်းနိုင်သမျှသောအားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်း ပူးပေါင်းကူညီ
-

မြန်မာနိုင်ငံသည်    စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသဖြင့်  မတ်လ  ၂၈  ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံဗဟိုချက် မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်ရှိ  မြို့ရွာများအားလုံး  ခံစားခဲ့ကြရသည်။ အင်အား အလွန်ပြင်းထန်သော မြေငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပ

မြန်မာနိုင်ငံသည်    စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသဖြင့်  မတ်လ  ၂၈  ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံဗဟိုချက် မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်ရှိ  မြို့ရွာများအားလုံး  ခံစားခဲ့ကြရသည်။ အင်အား အလွန်ပြင်းထန်သော မြေငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ ပြည်သူအချို့  ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်က     နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် (the day of national mourning)  တစ်နိုင်ငံလုံး အတိုင်းအတာလှုပ်ရှားမှုအဖြစ် မတ်လ  ၃၁  ရက်မှ  ဧပြီလ  ၆  ရက်အထိ ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏သမိုင်းတွင် မှတ်တမ်းတင်နိုင်သည့် ငလျင်ကြီး ၁၈ ကြိမ်လှုပ်ခဲ့သည့်အနက် ၁၉၁၂ ခုနှစ် မေလ ၁၃ ရက်တွင်လှုပ်ခဲ့သော ပြင်းအား ၈ ရစ်(ခ်) တာစကေးရှိသည့် မေမြို့ငလျင်သည်  အင်အားအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး  ယခု မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ဒုတိယအင်အားအပြင်းထန်ဆုံး ငလျင်ဖြစ်သည်။ ငလျင်ကြီးသည် အင်အားပြင်းထန်သော ငလျင်ဖြစ်ပြီး ငလျင်မှထုတ်လွှတ်သော စွမ်းအင်မှာ အဏုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်စုစုပေါင်းနှင့် ညီမျှကြောင်း ပြည်ပပညာရှင်တစ်ဦးက ပြောကြားခဲ့ရာ ငလျင်ဒဏ်သင့်ရာဒေသများ၏ အပျက်အစီးဆုံးရှုံးမှုမှာ ကြီးမားလှသည်။ ထို့ပြင်  ၁၇၆၂  ခုနှစ်  ရခိုင်ငလျင်နှင့် ၁၉၄၆ ခုနှစ် စစ်ကိုင်းငလျင်တို့သည်လည်း  အင်အား ရစ်(ခ်)တာစကေး ၈ ရှိပြီး  အကြီးမားဆုံးငလျင်များဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  ဧပြီလ  ၉  ရက်အထိ  သေဆုံးသူ   ၃၆၄၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၈ ဦး၊   ပျောက်ဆုံးနေသူ ၁၄၅ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့်   ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊   အသေးစိတ်စာရင်း မရရှိသေးသော်လည်း  အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊  ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊  ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင်   ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊  တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီး တစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတကာကူညီ ထောက်ပံ့မှုများ အနေဖြင့် နိုင်ငံ ၂၂ နိုင်ငံက လေယာဉ် ၁၀၆ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ ခေါက် ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၄၇၂ တန်ကျော်၊ ကယ်ဆယ်ရေး ပစ္စည်းများတန်ချိန် ၁၁၀၀ ကျော် ရောက်ရှိခဲ့ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငလျင်နှင့်ပတ်သက်၍ အသိ၊ သတိရှိကြရမည်ဖြစ်သည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက်  ကြိုတင်မသိနိုင်သော  သဘာဝဘေးအန္တရာယ်ဖြစ်၍ မဖြစ်ပွားမီ အဆောက်အအုံများကို ရေရှည်မျှော်မှန်းပြီး အောက်ခံမြေသားနှင့် အဆောက်အအုံများ  ပိုမိုခိုင်ခံ့အောင် တည်ဆောက်ထားရမည်ဖြစ်သည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မဖြစ်မီ၊ ဖြစ်ပွားစဉ်၊ဖြစ်ပြီးအချိန်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ငလျင် နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်း တစ်ရပ်ပြန်လည်တည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပထမဦးစားပေးအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အပျက်အစီး အပိုင်းအစများအားလုံး အမြန်ဆုံးရှင်းလင်း ဖယ်ရှားရေး၊   ဒုတိယအဆင့် အနေဖြင့် လက်ရှိအခြေအနေတွင် ပျက်စီးလုနီးပါး ဖြစ်နေသည့်အပြင် အန္တရာယ်ရှိသည့် အဆောက်အအုံများအား   ဘေးအန္တရာယ်ကင်းစွာ    အပြီးတိုင် စနစ်တကျဖြင့်     ဖြိုဖျက်ရေး၊   တတိယအဆင့်အနေဖြင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆောက်ရေး ကဏ္ဍ၌ ယခုငလျင်ဒဏ်ခံစားရမှုအပေါ်   သင်ခန်းစာယူရန်၊ လမ်း၊  တံတား၊  ရုံးအဆောက်အအုံ၊  အထပ်မြင့် အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရေးအတွက် မြေအနေအထား စစ်ဆေးခြင်းပြုလုပ်ပြီးမှသာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်ရေးဟူ၍ အပိုင်းသုံးပိုင်းကို ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း လမ်းညွှန်ထားသည်။

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့် အကြောင်းကြား သတင်းပို့လာပါက   နိုင်ငံတော်  အစိုးရက  ကြိုဆိုလက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊  ဘယ်လာရုစ်၊   အင်ဒိုနီးရှား၊   ဘူတန်၊ ဖိလစ်ပိုင်၊   ဂျပန်   အပါအဝင်    နိုင်ငံများစွာက ကူညီထောက်ပံ့မှုများအပြင် ကယ်ဆယ်ရေးဝန်ထမ်းပေါင်းများစွာ ရောက်ရှိခဲ့ပြီး    ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ဧပြီလ ၁ ရက်တွင် ပြုလုပ်သော  အလှူငွေများပေးအပ် လှူဒါန်းပွဲတွင်လည်း  စေတနာရှင်၊ အလှူရှင်များက စုစုပေါင်း ငွေကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံကို အားတက်သရော လှူဒါန်းခဲ့ကြသည်။

မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉  ရောဂါ၊ အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၊ ရာဂိတို့၏  သက်ရောက်မှုကြောင့် မကြုံစဖူးဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုများ၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ပြီးတစ်နှစ် ခံစားခဲ့ကြရသည်။ ခံစားရမှုနှင့်အတူ အဆိုပါ သဘာဝဘေးအန္တရာယ်ကြီးများကို   နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က အတူတကွဖြတ်ကျော်နိုင်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မိမိတို့တတ်စွမ်းသမျှသော အားတို့ဖြင့် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စိန်ခေါ်မှုများကို  ကျော်ဖြတ်နေရသည့်အချိန်တွင် ကြုံတွေ့လာရသည့် သဘာဝဘေးဒဏ်များကို လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပြည်တွင်း၊ ပြည်ပအကူအညီများနှင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း နိုင်ရာဝန်ဖြင့် စွမ်းနိုင်သမျှသော အားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည်ဖြစ်သည်။   ။

Source: https://myawady.net.mm/stories

ဆုလတ်မေ

“မတ်လ ၂၈ ရက် ငလျင်က ကျွန်မတို့ရဲ့ထမင်းအိုးကိုခွဲခဲ့တယ်။ဒါပေမဲ့ ဆက်ပြီးတော့ ကြိုးစားရုန်းကန် ရမှာပေါ့”
-

မထက်ထက်ဝင်းသည် တစ်ချိန်က အင်းဝ၏ သမိုင်းကြောင်းကြွယ်ဝမှု ဂုဏ်ယူဖွယ်ပြယုဂ်နှင့် ဒေသခံ များအတွက် အသက်သွေးကြောဖြစ်ခဲ့သည့် မယ်နုအုတ်ကျောင်း၏ ပြိုကျနေသည့် အပျက်အစီး များရှေ့ မတ်တတ်ရပ်နေသည်။

ထိုသို့ဖြစ်စဉ်မှာ မယ်နုအုတ်ကျောင်း တစ်ခုတည်းတော့မဟုတ်ပေ။မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း ဒေသကြီးတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အား ၇.၇ မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် အင်းဝမြို့ရှိ ရှေးဟောင်းအဆောက်အအုံအားလုံးနီးပါး ပြိုကျခဲ့ရကာ အင်းဝမြို့မှာလည်း အပျက်အစီး များဖြင့် ကျန်ရစ်ခဲ့ပေသည်။

နာမည်ကျော် အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၄ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ရှေးဟောင်းမြို့တော် ဖြစ်ခဲ့ကာ ရှေးဟောင်းအဆောက်အအုံနှင့် ဘုရားစေတီပေါင်း ၉၆၀ ကျော် ရှိကြောင်း သိရသည်။

ရာစုနှစ်များကြာ သက်တမ်းရှိသော ဘုရားများတစ်လျှောက် ပန်းများရောင်းလျက် ခရီးသွား ဧည့်သည်များကို လမ်းညွှန်ခြင်းလုပ်ကိုင်ရသည့် အစား မထက်ထက်ဝင်းသည် ယခုအခါ ပျက်စီးနေ သောအုတ်ပုံများနှင့် ပြုတ်ကျနေသော ထောက်တိုင်များကို ငေးငိုင်ကြည့်ကာ သဘာဝဘေး အန္တရာယ်က အင်းဝမြို့၏ အမွေအနှစ်ကိုသာမက ၎င်း၏အသက်မွေးဝမ်းကျောင်းကိုပါ မည်ကဲ့သို့ သိမ်းကြုံးဖျက်ဆီးခဲ့ပုံကို ရှင်းပြခဲ့သည်။

“ဒီငလျင်က ကျွန်မတို့ရဲ့ ထမင်းအိုးကိုခွဲခဲ့တာ” ဟု အသက် ၂၂ နှစ်အရွယ် မထက်ထက်ဝင်းက ၎င်းတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျောက်ဆုံးခဲ့ပုံကို ပြောပြခဲ့သည်။ “အုတ်ကျောင်းကြီး ပြိုကျတုန်းက ကျွန်မတို့ထမင်းအိုးကွဲသွားတာ” ဟု ၎င်းက ဧပြီ ၃ ရက်၌ ပြောခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ၎င်းတို့မိသားစုသည် ယင်းနေရာ၌ ရှင်သန်ရပ်တည်နေခဲ့ ခြင်းဖြစ်သည်။ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများသို့ ခရီးသွားဧည့်သည်များ လာရောက်ချိန်တွင် မထက်ထက်ဝင်းကဲ့သို့ ဒေသခံများက ပန်းများရောင်းခြင်း၊ ခရီးသွားဧည့်သည် များအား ဓာတ်ပုံရိုက်ပေးခြင်း၊ ရှေးဟောင်းဘုရားစေတီများအကြောင်းကို ဝေမျှပြောပြပေးခြင်းဖြင့်ပုံမှန်ဝင်ငွေများ ရရှိခဲ့သည်။အလုပ်များသောနေ့ရက်များတွင် ၎င်းရေတွက်နိုင်သည်ထက် ဝင်ငွေပိုမို ရရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။

သို့ရာတွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အရာရာမှာပြောင်းလဲသွားခဲ့ပေသည်။မြေငလျင်အားပြင်းစွာ လှုပ်ခတ်ခဲ့ခြင်းဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ဘုရားစေတီများ၊ရာစုနှစ်သက်တမ်းရှိသော အဆောက် အဦများ အပါအဝင် အင်းဝမြို့၏ ရှေးဟောင်းအထင်ကရနေရာများမှာ ပြိုကျပျက်စီးခဲ့ရသည်။

စနစ်တကျတည်ဆောက်ထားသော မယ်နုအုတ်ကျောင်းသည်လည်း ပြိုကျပျက်စီးခဲ့ရသည်။နေအိမ်များ အက်ကွဲပွင့်ထွက်ခဲ့ပြီး လမ်းများမှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည်။

အင်းဝ၏ ဆုံးရှုံးမှုသည် ငွေကြေးပိုင်းဆုံးရှုံးမှုထက် ကျော်လွန်နေပေသည်။ ငလျင်ကြောင့် ‌ရေပိုက် လိုင်းများ တစ်စစီပျက်စီးသွားသဖြင့် ရာနှင့်ချီရှိသော အိမ်ထောင်စုများအား သန့်ရှင်းသော‌ရေရရှိရေး ပြတ်တောက်သွားခြင်းက အသက်ရှင်ကျန်ရစ်သူများအဖို့ နေ့စဉ်ရုန်းကန်ရသောအခက်အခဲပင် ဖြစ်သည်။

“အခု ကျွန်မတို့ ဧရာဝတီမြစ်ထဲက‌‌ရေသွားသယ်ရတာ။ဒါပေမဲ့ တချို့ မြစ်ကမ်းပါးတွေလည်း ပြိုကျကုန်တာ ဆိုတော့ အဲဒီကိုရောက်ဖို့တောင် တော်တော်လေးခက်ခဲတယ်” ဟု မထက်ထက်ဝင်းက ဆိုသည်။

ညအချိန်‌ရောက်ရှိပြန်လေတော့လည်း ကြောက်ရွံ့မှုက တစ်ဖန်ပေါ်လာပြန်လေသည်။နေအိမ်များက မလုံခြုံတော့သလို လူအများစုမှာလည်း အပြင်ဘက်တွင် အိပ်စက်ကြရသည်။နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ချိန်တိုင်း ၎င်းတို့မှာအိပ်ရာမှလန့်နိုးလာခဲ့ပြီး ယင်းမှာ ခက်ခဲစွာကျော်ဖြတ်ခဲ့ရသော ရက်စက် လှသည့် သတိပေးခေါင်းလောင်းသံပင်ဖြစ်သည်။

အခက်အခဲများရှိနေဆဲကြားထဲမှ အသက်ရှင်သန်ရသည့် ကံကောင်းထောက်မမှုကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ “တခြားနေရာတွေနဲ့ယှဉ်ရင်တော့ ကျွန်မတို့က အသက်ဘေးက လွတ် ကြတယ်။ ကျွန်မတို့ရပ်ကွက်ထဲမှာ ဘယ်သူမှမဆုံးပါးကြဘူး” ဟု ၎င်းက ဆိုသည်။

ပြိုကျပျက်စီးနေသည့် အဆောက်အအုံများအောက်မှ သေဆုံးသူများကို ဆွဲထုတ်ယူနေရသည့် အနီး ဝန်းကျင်ရှိ စစ်ကိုင်း၊ တံတားဦးနှင့် မန္တလေးတို့နှင့် မတူညီဘဲ အင်းဝမြို့မှာမူ လူအများအပြား သေဆုံးမှုများ ကင်းဝေးခဲ့သည်။သို့သော် အသက်ရှင်သန်ရေးအပြင် ဝမ်းရေးကလည်း ရှိနေပြန်သည်။

ခရီးသွားဧည့်သည်များလည်း မရှိ။ ဘုန်းတော်ကြီးကျောင်းများလည်း အပျက်အစီးပုံများဖြစ်သွားခဲ့ သည်။ ခရီးသွားဧည့်သည်များမရှိပါက ဝင်ငွေလည်းရှိမည်မဟုတ်ပေ။ ခုနစ်စတုရန်းမိုင်ဧရိယာလွှမ်းခြုံမှု ရှိသော အင်းဝမြို့သည် အဆောက်အဦနှင့် ဘုရားစေတီပုထိုး ၉၆၁ ဆူဖြင့် ကြွယ်ဝသော သမိုင်း ကြောင်းရှိသည်။ ထို့ပြင် အင်းဝကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းနိုင်‌ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြထားသည်။ အဆိုပါ ရှေးဟောင်းအုတ်ကျောင်းတော်ကြီးက ကိုဗစ်-၁၉ ရောဂါမတိုင်မီက ခရီးသွားဧည့်သည်ဦး‌ရေ ၁,၀၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ငလျင်မလှုပ်ခတ်မီက ခရီးသွားဧည့်သည်အရေအတွက် ရာနှင့်ချီ၍ ရှိခဲ့သည်ဟု မထက်ထက်ဝင်းက ဆိုသည်။

တစ်ချိန်က သမိုင်းဝင်နေရာဖြစ်ခဲ့ပြီး ယခုအခါ အုတ်ကျိုးအုတ်ပဲ့ပုံဖြစ်နေသော ၎င်း၏မြို့လေးကို ငေးကြည့်လျက် မထက်ထက်ဝင်းမှာ အိပ်မက်များ တစ်စစီပြိုကျပျက်စီးခဲ့ရသည်။ ယင်းကျောင်း တော်ကြီးအား ပြန်လည်ထိန်းသိမ်းနိုင်ဦးမည်လားဆိုသည်ကိုမူ ၎င်းအနေဖြင့် မသိရှိနိုင်ဟု ၎င်းက ပြောခဲ့သည်။ ထိုသို့ဆိုသည့်တိုင် ၎င်းအနေဖြင့် အရှုံးပေးရန်ကိုမူ ငြင်းဆိုလျက် “ကျွန်မတို့ကတော့ ဆက်ပြီးတော့ ကြိုးစားရုန်းကန်ရမှာပေါ့” ဟု ဆိုသည်။ 

ကိုးကား-Xinhua

မျိုးကျော်စိုး

တူယှဉ်လက်တွဲ ကျော်ဖြတ် အခက်အခဲ
-

ယနေ့   ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေကြရပေသည်။

လူသားတို့မှီတင်းနေထိုင်သော ကမ္ဘာပေါ်တွင်  သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲ ဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်လေ့ရှိသည်။ သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းရန် ခက်ခဲသောသဘောရှိသည်။ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များသည် တစ်မျိုးပြီးတစ်မျိုး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လျက်ရှိပေသည်။  သဘာဝဘေးအန္တရာယ် ဆိုသည်မှာ  အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်သည်။

မျက်မှောက်ကာလတွင်    ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များအား ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်တွေ့ကြုံနေရပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မေလတွင်   မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်စက်တင်ဘာလတွင် ရာဂိမုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးကို ကြုံတွေ့ခဲ့ရပါသည်။

၂၀၂၃ ခုနှစ် မေလအတွင်းဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၏ ပြင်းထန်သည့်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ရာ  အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံကျော်၊ လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ် ၄၃၃ ဘီလီယံကျော် စုစုပေါင်းငွေကျပ် ၅၃၄ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပါသည်။ မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ဝင်ရောက်ခြင်းဖြစ်၍ ပျက်စီးဆုံးရှုံးမှုများ၏ ၉၈ ရာခိုင်နှုန်းခန့်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်နှင့် ဆက်စပ်ရေကြီးမှုများကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရှစ်ခုတွင် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့ရာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ရုံးအဆောက်အအုံပျက်စီးမှုများ အပါအဝင် အစိုးရကဏ္ဍပျက်စီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၄၄ ဘီလီယံကျော်၊ လူနေအိမ်ပျက်စီးမှု၊  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ပျက်စီးမှု၊ လယ်ယာမြေ စိုက်ပျိုးထားရှိမှုနှင့် လယ်ယာသုံးပစ္စည်းများ ပျက်စီးမှု၊ တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်း၊ ငါးလုပ်ငန်းများအပါအဝင် လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ်၂၂၁ ဘီလီယံကျော် စုစုပေါင်းငွေကျပ် ၄၆၆ ဘီလီယံကျော်  ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့က အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယဖြစ်ပါသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ကဏ္ဍအလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ အခြေခံပညာကျောင်း ၁၅၀၀ ကျော်ကို တစ်လအတွင်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။

လမ်းပျက်စီးမှု၏ ၇၃ ဒသမ ၂၃ ရာခိုင်နှုန်း၊  တံတား ပျက်စီးမှု၏ ၄၁ ဒသမ ၉၂ ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက်   ပျက်စီးမှု၏ ၆၇ ဒသမ ၃၅ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်ပါသည်။ မိုးစပါးပျက်စီးဧကများအနက် ပြန်လည်စိုက်ပျိုးရန် လျာထားမှု၏ ၇၃ ဒသမ ၇၅ ရာခိုင်နှုန်း ပြန်လည်စိုက်ပျိုးပြီးဖြစ် ပါသည်။  ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြီးစီးမှုအနေဖြင့် ဆက်သွယ်မှု၏ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းလွှမ်းခြုံ နိုင်ခဲ့ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် သတ်မှတ်ကာလဖြစ်သည့် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြီးမြောက် အောင်မြင်စေရေး အရှိန်အဟုန်ဖြင့် ကဏ္ဍ၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

ယခုအခါ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  ဧပြီလ ၈ ရက် နေ့အထိ သေဆုံးသူ  ၃၆၄၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊   ပျောက်ဆုံးနေသူ ၁၄၈ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့်   ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်း မရရှိသေးသော်လည်း အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊  ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း၊  တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများ အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုများအနေဖြင့် နိုင်ငံ ၂၀ ကလေယာဉ် ၉၈ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ခေါက်ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦးရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၃၀၄ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်းများတန်ချိန် ၉၁၀ ကျော် ရောက်ရှိခဲ့ပါသည်။

ငလျင်ဒဏ်ကြောင့်   လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လူအများစုမှာ အဆောက်အအုံများ၏   ပြင်ပတွင်နေထိုင်လျက်ရှိပေသည်။ ယခုလိုအချိန်မျိုးတွင် ပြည်သူများအနေဖြင့်  ဝမ်းရောဂါများ မဖြစ်ပွားစေရေးအတွက် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ယင်လုံအိမ်သာများ သုံးစွဲနိုင်ရေး  သက်ဆိုင်ရာဌာနများမှ တည်ဆောက်ပေးသွားရန်၊  ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း     သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်  နိုင်ငံတော်အစိုးရ အနေဖြင့် တိုက်တွန်းမှာကြားထားသည်ကို တွေ့ရှိရသည်။  သန့်ရှင်းသည့်သောက်သုံးရေများ ရရှိစေရေးအတွက် နိုင်ငံတော်အနေဖြင့် ရေသန့်များ ဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှ ရေသန့်စက်များ ရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပေသည်။ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်မှု အဆင်ပြေစေရေး နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများ အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီထောက်ပံ့ ပေးအပ်သွားမည်ဖြစ်သည်။

ငလျင်ကျရောက်သည့်  ဒေသများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ မျက်စိနာရောဂါ၊  ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ၊   မြွေအန္တရာယ်နှင့် အပူဒဏ်ကာကွယ်ရေးတို့ အတွက်  ကျန်းမာရေးဆိုင်ရာ သတိပြုရန် အချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ငလျင်နှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အအုံများ ဖြစ်စေရေး အင်ဂျင်နီယာပိုင်းဆိုင်ရာများကို   စနစ်တကျစိစစ်တည် ဆောက်သွားရန်လိုပေသည်။ ပေါ့ပေါ့လျော့လျော့ဖြင့် အဆောက်အအုံများကို ခိုင်ခံ့မှုနည်းပါးစွာ တည်ဆောက်ခဲ့ပါက ယခုကဲ့သို့ ငလျင်အန္တရာယ်ဖြင့် ကြုံတွေ့လာလျှင် ကြီးစွာသောဒုက္ခဆင်းရဲကို ခံစားကြရမည်ဖြစ်ပေသည်။ ပြည်သူများသည် ယခုအခါ  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကို ခံစားနေကြရပေသည်။ ပြည်သူများ၏ ပူဆွေးမှုကို ကိုယ်ချင်းစာသောအားဖြင့်   နိုင်ငံတော်အစိုးရမှလည်း အဘက်ဘက်က  ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပေသည်။ 

ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြသူများကိုလည်း ကုသမှုများဆောင်ရွက်ပေးရာတွင် ပြန်လည်ထူထောင်ရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးနိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး     ထိခိုက်ဒဏ်ရာများ လုံးဝပျောက်ကင်းသည်အထိ ကုသမှုများဆောင်ရွက်ပေး လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရပေသည်။ 

ငလျင်ဒဏ်ခံရသည့်ဒေသများကို     ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့်  ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်ကောင်းမွန် ရေးဆိုသည့် လူသားအရင်းအမြစ်၊ ၎င်းမှ ကျန်းမာရေး၊ စားဝတ်နေရေး၊ ထိုမှတစ်ဆင့် ပြည်သူများ နေထိုင်ရန်အတွက် အဆောက်အအုံများ၊ လမ်းပန်း ဆက်သွယ်ရေး စသည်ဖြင့်တစ်ဆင့်ချင်း ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရသည်။ မိမိတို့နိုင်ငံအနေဖြင့် ယခုကဲ့သို့ ငလျင်ဒဏ်ခံစားရမှု အခြေအနေကို နိုင်ငံတကာမှလည်း ကူညီဆောင်ရွက်ပေးသည်မှာ နိုင်ငံတော်အစိုးရနှင့် ပြည်ပနိုင်ငံများ၏ ကောင်းမွန်သော ဆက်ဆံရေးကြောင့်ဟုလည်း ဆိုနိုင်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား သဘာဝဘေးအန္တရာယ် ကျရောက်မှု ဖြစ်စဉ်တိုင်းတွင် နိုင်ငံတော် ကြီးပြန်လည်ထူထောင် ကောင်းမွန်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်မှာ မိုခါနှင့် ရာဂိမုန်တိုင်းတို့သည် သက်သေပင်ဖြစ်သည်။

ယခု မတ်လ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  ပြည်သူများ၏ အသက်အိုးအိမ်ဆုံးရှုံးမှုနှင့် နိုင်ငံတော်ပိုင် အဆောက်အအုံများနှင့် သာသနိက အဆောက်အအုံများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုကို အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတကာအကူအညီများ ရယူဆောင်ရွက်လျက်ရှိပေသည်။ ငလျင်ဒဏ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မူဝါဒချမှတ်ထားသည့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို မြန်မြန်ဆန်ဆန်သိမ်းဆည်းသွားရန်၊   ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သည့် အဆောက်အအုံများကို ပြင်ဆင်သွားရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဉ်များအတိုင်း ငလျင်ဘေးဒဏ်ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြံ့ကြံ့ခံ၍   ဆက်လက်ကျော်ဖြတ်သွားရမည်ဖြစ်ပေသည်။       ။

Source: https://myawady.net.mm/stories

နွေပိတောက်

အထူးသတိပြုရမည့် မီးဘေးအန္တရာယ်
-

မီးဘေးအန္တရာယ်ဆိုသည်မှာ  လူ့အသက်နှင့် ပစ္စည်းဥစ္စာများကို  ကြီးမားစွာ  ထိခိုက်နိုင်သည့် အန္တရာယ်တစ်မျိုးဖြစ်ပါသည်။  မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါးပါဝင်သည်ကို  သိရှိကြသော်လည်း  ထိုရန်သူကို  သတိမမူသောကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနှင့်ကြုံနေကြရပါသည်။   ယခုအခါ   ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့  ရောက်ပြီဖြစ်၍  ပူပြင်းသော ကာလတွင်  အထူးသတိပြုရမည့်  အချက်မှာ မီးဘေးအန္တရာယ်ဖြစ်ပါသည်။

အမှိုက်ကစ ပြာသာဒ်မီးလောင်

မီးကိုမလောင်ခင်က ကြိုတင်ကာကွယ်သင့်ပါသည်။ လူတို့  သတိပြုလေ့မရှိသော   အသေးအဖွဲကလေးမှစ၍ အကြီးအကျယ် ပျက်စီးတတ်သည်ကို “အမှိုက်ကစ ပြာသာဒ်မီးလောင်” သည်ဟု ဆိုစမှတ်ပြုကြသည်။  ထိုစကားမှာ  မီးဘေးကာကွယ်ရေး တွင် အလွန်အဖိုးတန်သော စကားတစ်ရပ်ဖြစ်၏။ အဆိုပါ   ပျက်စီးဆုံးပါးခြင်း၏   အကြောင်းရင်းကိုရှာမူ  များသောအားဖြင့် လူတို့၏ပေါ့လျော့မှုကို တွေ့ရတတ်သည်။ ထိုအခါ မိမိတို့၏ ပေါ့လျော့မှုအတွက် ကြီးစွာသော နောင်တဖြစ်တတ်ကြသည်။ ထို့ကြောင့်  ပျက်စီးပြီးမှ  နောင်တရမည့်အစား မီးမလောင်မီက အထူးသတိထား၍ ကာကွယ်သင့်ပါသည်။

နေ့စဉ်သုံးပစ္စည်းများမှ အလွယ်တကူ မီးစွဲလောင်နိုင်ပတ်ဝန်းကျင်၌ နေ့စဉ်သုံးပစ္စည်းများတွင် အလွယ်တကူ မီးစွဲလောင်နိုင်သော  ပစ္စည်းများစွာ ရှိသည်ကို ရှေးဦးစွာ သတိထားသင့်သည်။ အမှတ်တမဲ့ပစ်လိုက်သော မီးခြစ်ဆံ၊ ဆေးလိပ်တိုကလေးများမှ မီးသည် မီးတောက်ကြီးအထိပွားကာ ဆုံးရှုံးပျက်စီး လောက်အောင် ဖြစ်စေနိုင်သည်။

မီးမလောင်ရန် သတိပြုကာကွယ်ရာ၌ မီးကိုသာ သတိနှင့် ကိုင်တွယ်ရမည်မဟုတ်၊ အိမ်တွင်းအိမ်ပ၌ မီးစွဲလောင်စေတတ်သော အရာဝတ္ထုအားလုံးကိုလည်း မီးနှင့်ဝေးရန်  သို့မဟုတ် မီးမစွဲနိုင်စေရန် စီမံထားဖို့လိုပေသည်။ ရေနံဆီ၊ ဓာတ်ဆီ စသည်တို့မှတစ်ပါး မီးအစွဲလွယ်ဆုံး အိမ်တွင်းပစ္စည်းများမှာ စက္ကူနှင့် အဝတ်စများဖြစ်၏။ မီးခံပစ္စည်းများဟု  ဆိုရမည်ဖြစ်သော   သံ၊  သွပ်၊ ကျောက်၊ အုတ် စသည်တို့ဖြင့် ဆောက်လုပ်သော အဆောက်အအုံကြီးမှာပင် မီးလောင်ပါက ပျက်စီးမည်ဖြစ်သည်။ သို့ရာတွင် ထိုပစ္စည်းများမှာ သစ်၊ ဝါး၊ ဓနိ၊ သက်ငယ်တို့ကဲ့သို့ မီးစွဲလွယ်သောပစ္စည်းများ မဟုတ်သဖြင့် အိမ်တွင်း၌ မတော်တဆလောင်သော မီးတောက်များတစ်အိမ်လုံး သို့မကူးမီ ငြှိမ်းသတ်ချိန် ရနိုင်ပေသည်။    နေအိမ်အဆောက်အအုံများကို တတ်နိုင်လျှင် ရုတ်တရက် မီးမစွဲနိုင်သော ပစ္စည်းများဖြင့် ဆောက်သင့်ပါသည်။

လောင်ကျွမ်းကူးစက်ရာတွင် လျင်မြန်သော မီးတောက်မီးလောင်ရာတွင် မီးတောက်သည် လောင်ကျွမ်းကူးစက်ရာတွင် အလျင်မြန်ဆုံးဖြစ်သည်။ သိပ္ပံပညာထွန်းကားသော  ယခုခေတ်တွင်  မီးစွဲတတ်သော ပစ္စည်းအများအပြားကို မီးမစွဲနိုင်စေရန် ဆေးရည်ဖြင့်   စီမံထားကြသည်။   ဆာဝီလျံပါကင်သည် သစ်သားများကိုလည်းကောင်း၊ အဝတ်အထည်များကိုလည်းကောင်း မီးခံနိုင်စေရန် စိမ်သည့်ဆေးရည်များကို အောင်မြင်စွာ စမ်းသပ်ဖော်စပ်ခဲ့၏။ ထို့ပြင် မီးသတ်ဆေးဘူးများကိုလည်း တီထွင်ခဲ့ကြသည်။ မီးသတ်ဘူးတွင်   ဆိုဒီယမ်ဗိုင်   ကာဗွန်နိတ်နှင့် ဆာလဖျူရစ်အက်စစ်များကို တခြားစီထည့်ထားသည်။ အရေးကြုံ၍ သုံးလိုသောအခါ ထိုမီးသတ်ဘူးကို ဇောက်ထိုးလုပ်လိုက်ခြင်းဖြင့် ဓာတ်ရည်နှစ်ခု ရောနှောမိကာ    ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ထွက်ပေါ်လာပြီးလျှင်    မီးတောက်ဖြစ်စေသည့် အောက်ဆီဂျင်ဓာတ်ကို     ငြှိမ်းသတ်နိုင်သည်။ ဤကိရိယာမှာ ငွေကုန်ကြေးကျ မများလှဘဲ ဝယ်ယူအသုံးပြုနိုင်ကြ၍ မီးဘေးကာကွယ်ရေးတွင် များစွာ ခရီးရောက်ပါသည်။ မီးလောင်သောအခါ အမြန်ဆုံး ငြှိမ်းသတ်နိုင်ရန်   ကိရိယာများကို  အဆင်သင့် ထားသင့်သည်။  မီးသတ်အဖွဲ့များ  မရှိသေးသည့် ကျေးလက်တောရွာများတွင် မီးချိတ်၊ မီးကပ်များ အဆင်သင့် လုပ်ထားသင့်ပါသည်။

အထူးဂရုပြုရမည့် တောမီး

တောမီးလောင်ခြင်းသည် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ပြီး သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ၊   ပတ်ဝန်းကျင်နှင့်    လူသားများအတွက် ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။   လူသားများ၏ ပေါ့ဆမှု (ဥပမာ - မီးညှိပြီး   သတိမထားခြင်း)၊   သဘာဝအကြောင်းရင်း (ဥပမာ - မိုးကြိုးပစ်ခြင်း၊ သစ်ပင်အချင်းချင်းပွတ်တိုက်ခြင်း)   စသည်တို့ကြောင့် တောမီးလောင်ပါသည်။  တောမီးများမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်။ ကျေးရွာများနှင့် အဖိုးတန်သစ်တောများမှာ တောမီးလောင်၍ ပျက်စီးဆုံးရှုံးရတတ်သည်။  အနောက်နိုင်ငံများ၌ တောမီးကို   အထူးဂရုပြုကြသည်။  တောမီးကို ကာကွယ်ရန်၊ ထိန်းချုပ်ရန် တောင်ပူစာထိပ်များ၌ မီးကြည့်မျှော်စင်များ ဆောက်ထားပြီးလျှင် တောမီးလောင်သည်နှင့်တစ်ပြိုင်နက်   အချက်ပေး၍ မီးငြှိမ်းသတ်ကြသည်။

ပြည်သူမှ အားကိုးအားထားပြုရသည့် မြန်မာနိုင်ငံမီးသတ်

မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊    နိုင်ငံတော်အတွင်းရှိ    ကုန်ထုတ် အရင်းအနှီးများကို  မီးဘေးအန္တရာယ်မှ  တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင်    အခြားသော   ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်ရည်ရွယ်၍ မီးသတ်ဦးစီးဌာနကို တည်ထောင်ခဲ့ပါသည်။ သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်အနော်ရထာမင်းစော (အေဒီ-၁၀၄၄-၁၀၇၇)  လက်ထက်ကပင်  မီးကပ်တပ်သား  ၆၆၃ ဦး(သောသောညံပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးခေတ်မြန်မာမင်းအဆက်ဆက်   လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော်မီးဘေးကာကွယ်ရေး     လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့်   အထောက်အထားများရှိပါသည်။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ကို သုံးမျိုးခွဲခြားထားပါသည်-

( ၁ )   အစိုးရမီးသတ်တပ်ဖွဲ့ဝင်များ (သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ)

( ၂ )    ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ

( ၃ )   သီးသန့်ဖွဲ့စည်းထားသော    မီးသတ်တပ်ဖွဲ့ဝင်များ  (မီးဘေးစိုးရိမ်ရသောစက်ရုံ/ အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများအတွက် ဖွဲ့စည်းထားသော ဝန်ထမ်းများ)ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်  မီးသတ်တပ်ဖွဲ့သည်  မီးငြှိမ်းသတ်ရေး၊  သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင်  ခေတ်မီယာဉ်ကြီးများ၊ ခေတ်မီနည်းပညာများဖြင့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်လျက်ရှိရာ ပြည်သူများအနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Hot Line နံပါတ် ၁၉၁ သို့ အမြန်ဆုံးအကြောင်းကြားကြရန်နှင့် ပါဝင်ကူညီကြရန် နှိုးဆော်ထားပါသည်။ ထို့ကြောင့် ရန်သူမျိုးငါးပါးတွင် အဆိုးဆုံးဖြစ်သော မီးလောင်ခြင်းအား ကြိုတင်ကာကွယ်ရန် ပြည်သူ တစ်ဦးချင်းစီက မိမိနေထိုင်ရာ နေအိမ်၊ လမ်း၊ ရပ်ကွက်၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး  အတိုင်းအတာအထိ  အသိ/ သတိ ရှိရှိဖြင့် ပူးပေါင်းကာကွယ်မှသာ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်းကို    တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။

ကိုအောင်(ထုတ်လုပ်)

ငလျင်ဘေးကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့
-

သက်ရှိများ မှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင်  သဘာဝအလျောက်   ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့်   ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့်  မြေငလျင်လှုပ်ခတ်ခြင်း၊  လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊  ဆူနာမီလှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်း စသည့် အန္တရာယ်များပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။သဘာဝဘေး အန္တရာယ်များအနက် မြေငလျင်သည်  ကြိုတင

သက်ရှိများ မှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင်  သဘာဝအလျောက်   ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့်   ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့်  မြေငလျင်လှုပ်ခတ်ခြင်း၊  လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊  ဆူနာမီလှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်း စသည့် အန္တရာယ်များပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။သဘာဝဘေး အန္တရာယ်များအနက် မြေငလျင်သည်  ကြိုတင်ခန့်မှန်းရခက်ခဲသည်။ မြေငလျင်ဗဟိုချက်သည် ကမ္ဘာ့အပေါ်ယံ မျက်နှာပြင်တွင် နီးကပ်စွာတည်ရှိနေမည်ဆိုလျှင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားနိုင်သည်။ တချို့သောငလျင်များသည် ပမာဏကြီးမားသော်လည်း နက်ရှိုင်းသော မြေအောက်တွင်   ဗဟိုပြုသောကြောင့်   ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား မဖြစ်ပွားချေ။

ထို့ကြောင့်   သဘာဝဘေးအန္တရာယ်များအနက် ငလျင်အန္တရာယ်သည်  ရှောင်တိမ်းရန် အခက်ခဲဆုံးအန္တရာယ်ပင်ဖြစ်သည်။

အလွန်ပြင်းထန်သောငလျင် လှုပ်ခတ်ခဲ့မတ်လ ၂၈ ရက်တွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်   ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့ရသည်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်

နိုင်ငံတော်အစိုးရ၊  တပ်မတော်၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့်  လူမှုရေးအသင်းအဖွဲ့များသည်   ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသလို ကျန်းမာရေးဝန်ကြီးဌာနနှင့်   ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍   ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။    ထို့ပြင်  ရုရှား၊ တရုတ်၊ ထိုင်း၊ မလေးရှား အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များမှလည်း  ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်အာဆီယံနိုင်ငံများ၊  အိမ်နီးချင်းနိုင်ငံများနှင့်အခြားသောနိုင်ငံများမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးလျက်ရှိသည်။

သဘာဝဘေးအန္တရာယ်များ

ကမ္ဘာတစ်ဝန်းတွင်   သဘာဝဘေးအန္တရာယ် ကျရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် များပြားလာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်ခတ်မှုများ၊  အင်အားပြင်းထန်သော လေမုန်တိုင်းကြီးများ တိုက်ခတ်မှုများနှင့် အပူလှိုင်းဖြတ်မှုများသည်အကြိမ်ရေပိုမို များပြားလာခဲ့သည်။   ထိုသဘာ၀ဘေးအန္တရာယ်များကြောင့် ထိခိုက်သေကျေပျက်စီး ဆုံးရှုံးမှုများလည်း များပြားခဲ့သည်။ တချို့သောဒေသများတွင် မုန်တိုင်းဒဏ်ခံသော အဆောက်အဦများ   ကြိုတင်ဆောက်လုပ်ထားသော်လည်း   ဆုံးရှုံးမှုများ ရှိနေဆဲပင်ဖြစ်သည်။

သိပ္ပံပညာရှင်များ၊    ဘူမိဗေဒပညာရှင်များ၊ မိုးလေဝသပညာရှင်များနှင့်  မုန်တိုင်းစောင့်ကြည့် လေ့လာသူများသည် ကြီးမားသောသဘာဝဘေး အန္တရာယ်များကို ကြိုတင်ခန့်မှန်းရန် အခက်တွေ့လျက်ရှိကြသည်။   ခေတ်မီနည်းပညာများဖြင့် မုန်တိုင်းများ၊ နှင်းမုန်တိုင်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့်   မိုးလေဝသနှင့် ဆက်စပ်သော  အခြားသဘာဝဘေးများကိုသာ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့် အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် မြေငလျင်လှုပ်ခတ်မှုများ၊  တောမီးလောင်မှုများ၊  မြေပြိုမှုများနှင့်  မီးတောင်ပေါက်ကွဲမှုများသည်   လူသားတို့ကို ပျက်စီးဆုံးရှုံးမှုကြီးမားစေသော   သဘာ၀ဘေးအန္တရာယ်များအဖြစ် ဆက်လက်ခြိမ်းခြောက်လျက်ရှိသည်။

ဆူနာမီလှိုင်းလုံးများကြောင့် ဆားငန်ရေဖုံးလွှမ်းခံရသည့် လယ်ကွင်းများကို   ကာလအတန်ကြာ ပြုပြင်ပြီးမှသာ ပြန်လည်စိုက်ပျိုးနိုင်သည်။ ထိုနည်းတူစွာ ငလျင်ဒဏ်ကြောင့်ပြိုလဲခဲ့သော လူနေအိမ်ရာများနှင့်   အခြေခံအဆောက်အဦများကိုလည်း  အချိန်နှင့်ငွေကြေးများစွာ အကုန်အကျခံပြီးမှသာ  ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည်။   အထူးသဖြင့် သဘာဝဘေးအန္တရာယ် လွန်ကာလများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသောကြောင့်  နေ့စဉ်လူနေမှုဘဝသည်  များစွာခက်ခဲကြမ်းတမ်းလှပေသည်။ ဘေးအန္တရာယ်၏ နောက်ဆက်တွဲရောဂါများကိုလည်း   ခံစားကြရသည်။

ကြိုတင်ပြင်ဆင်ခြင်း

 ၂၁ ရာစုဦးပိုင်းမှစတင်ကာ   ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုများ  သိသိသာသာ များပြားလာခဲ့သည်။  ကမ္ဘာ့နိုင်ငံများစွာသည်  ရာသီဥတု ပြောင်းလဲမှုမှ ထွက်ပေါ်လာသော  ဆိုးကျိုးများကို ခါးစည်းခံစားရလျက်ရှိသည်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့်   သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်အကြိမ်ရေ    ပိုမိုများပြားလာသလို ပိုမိုလည်းပြင်းထန်လာသည်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို တားဆီး၍မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများ၊ ဘေးဒုက္ခများလျော့ပါး သက်သာအောင် နည်းနိုင်သမျှနည်းအောင် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။

သဘာဝဘေးကို မည်သူမှတားဆီး၍မရနိုင်သော်လည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကိုမူ လျှော့ချနိုင်သည်။ အဆိုပါလုပ်ငန်းများကို   အခြေခံအုတ်မြစ်ဖြစ်သည့်   ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆောင်ရွက်ခြင်းနှင့် အဆင်သင့်ဖြစ်နေစေခြင်းတို့ဖြစ်သည်။ သဘာဝဘေးဆိုင်ရာ ကြိုတင်သတိပေးချက်များကို ဘေးကျရောက်မည့် ဒေသရှိ   ပြည်သူလူထုက  အချိန်နှင့်တစ်ပြေးညီ ရရှိပါက ဘေးကင်းစိတ်ချရသည့် နေရာကို အချိန်မီပြောင်းရွှေ့ခြင်းဖြင့်    အချိန်မီကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ငလျင်ဘေးကိုစည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့ ငလျင်ဘေးအပါအဝင်  သဘာဝဘေးထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ   လုပ်ငန်းကော်မတီများ၊   ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့များသည် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများကို  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့မအားညမအား လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ထုတ်ခြင်း၊ ပြိုကျပျက်စီးနေဆဲ အဆောက်အဦများအား ဘေးအန္တရာယ် မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း၊ လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့်  တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်နှင့် နောက်ဆက်တွဲငလျင်များကြောင့်  ဖြစ်ပေါ်ခဲ့သော သက်ရောက်မှုများကို စည်းလုံးမှု စွမ်းပကားဖြင့် ကျော်လွှားနိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

မောင်သောင်းဝင်း(တမန်ဟောင်း)

သတိပြုကာကွယ် ငလျင်ဘေးအန္တရာယ်နှင့် ငလျင်သတိ အစဉ်ရှိဖို့လို
-

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကို ဗဟိုပြု၍ အင်အားပြင်းထန်သည့်ငလျင်  လှုပ်ခတ်ခဲ့သည်။  ငလျင်သည် စက္ကန့်ပိုင်းလောက်သာ လှုပ်သော်လည်း  ထိုစက္ကန့်ပိုင်းလောက်ဖြင့် လူ့အသက်တွေ၊ လူ့ဘဝတွေပြောင်းလဲသွားခဲ့ရသည့် ဆိုးရွားသော သဘာဝဘေးအန္တရာယ် တစ်မျိုးဖြစ်သည်။

အထူးသဖြင့်   မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးက အဆိုးဆုံးဖြစ်သည်။   အင်းဝရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော   မယ်နုအုတ်ကျောင်းကြီးလည်း ပြိုပျက်ခဲ့ရသည်။  မန္တလေးကျုံးမြို့ရိုးလည်း ပြိုကျခဲ့သည်။ စာသင်တိုက်များ၊ မြန်မာနိုင်ငံ၏ အထင်ကရဘုရားပုထိုးများ မြေခခဲ့ရသည်။    ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဝမ်းနည်းစရာကောင်းလှသည်။ အင်းလေးဒေသရှိ ရေပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံများလည်း ပြိုကျကုန်သည်။  မန္တလေးမဟာမြတ်မုနိဘုရား တန်ဆောင်းကြီးလည်း ပြိုကျသွားသည်ဟု သိရသည်။ အင်းဝမှာဆို မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးကျောင်း၊ မဟာလောကသရဖူဘုရားနှင့် အခြားစေတီပုထိုးများလည်း ပျက်စီးခဲ့ရသည်ဟုသိရသည်။  

သဘာဝဘေးအန္တရာယ်ငါးမျိုး

ယနေ့ခေတ်ကာလ၌   မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံနေရသည်။ ရေကြီးလိုက်၊ မြေပြိုလိုက်၊  မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်နှင့် အမျိုးမျိုးတွေ့ကြုံနေရသည်။ သဘာဝဘေးအန္တရာယ် ငါးမျိုးရှိကြောင်း သိရသည်။ ထိုငါးမျိုးမှာ -

(၁) ရာသီဥတုကြောင့်ဖြစ်ပွားခြင်း၊

(၂) ပထဝီအနေအထားကြောင့်ဖြစ်ပွားခြင်း၊

(၃) မီးဘေးကြောင့်ဖြစ်ပွားခြင်း၊

(၄) ဓာတု၊ စက်မှု၊ အဏုမြူဘေးအန္တရာယ်ကြောင့်ဖြစ်ပွားခြင်း၊

(၅) မတော်တဆဖြစ်ပွားခြင်းစသည်တို့ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ငါးမျိုးအနက် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီဖြစ်ပွားခြင်းတို့သည် နံပါတ် (၂) အချက် ပထဝီအနေအထားကြောင့် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်သည်။

ငလျင်ကြောင့်ဖြစ်ရသည့် ဘေးအန္တရာယ်

သဘာဝဘေး ကျရောက်လျှင် လူသားတို့ဘေးအန္တရာယ် ကျရောက်တတ်သည်။  ငလျင်လှုပ်ပြီးလျှင် နောက်ဆက်တွဲဘေး အန္တရာယ်များလည်း ကျရောက်လေ့ရှိတတ်သည်။   ရေကာတာများကျိုး၍ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စသည်တို့အပြင် တိုက်တာအဆောက်အအုံများ ပြိုကျခြင်းနှင့်အက်ကွဲခြင်း၊ ဓာတ်ကြိုးများ ပြတ်ကျခြင်းတို့လည်း ဖြစ်တတ်သည်။

ငလျင်ပြင်းအားနှင့်ဖျက်ဆီးနိုင်မှုစွမ်းအား

မြေငလျင်ဖြစ်ပေါ်ရခြင်းမှာ ကမ္ဘာ့အောက်လွှာမှာ ရှိသည့်ကျောက်လွှာကြီးများ တွန်းထိုးရွေ့လျားမှုကြောင့် ကျောက်လွှာများ ရုတ်ခြည်းကျိုးပြတ် အက်ကွဲရာမှ    ထုတ်လွှတ်လိုက်သော စွမ်းအင်သို့မဟုတ် အားသည် မြေသားအတွင်း အဘက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ   ငလျင်လှိုင်းများအဖြစ် ရောက်ရှိသွားပြီး  ကြီးမားသောမြေကြီး တုန်ခါမှုဖြစ်ခြင်းသဘောကို  မြေငလျင်လှုပ်ခြင်းဟုခေါ်သည်။ ငလျင်ပြင်းအားကို ရစ်ချ်တာစကေး သို့မဟုတ် ရစ်ချ်တာပြင်းအားဖြင့်တိုင်းတာသည်။ ၂ ဒသမ ၅ ရစ်ချ်တာပြင်းအားဆိုလျှင် ငလျင်တိုင်းစက်ဖြင့် တိုင်းတာနိုင်သည်။  ရစ်ချ်တာပြင်းအား ၃ ဒသမ ၅ ဆိုလျှင်လူအချို့သိနိုင်သည်။ လှုပ်သည်ဆိုရုံသာဖြစ်သည်။ ရစ်ချ်တာပြင်းအား ၄ ဒသမ ၅ ဆိုလျှင် လူတိုင်းသိနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ ရစ်ချ်တာပြင်းအား ၅ ဒသမ ၅ ဆိုလျှင် စနစ်တကျဆောက်မထားသော အိမ်များပျက်စီးနိုင်သည်။ ၆ ဒသမ ၀ဆိုလျှင် ကျောက်တိုင်များပြိုကျနိုင်ပြီး ၇ ဒသမ ၀ ဆိုလျှင် သံကူကွန်ကရစ် အဆောက်အအုံများ ပျက်စီးနိုင်သည်။ ရစ်ချ်တာပြင်းအား ၈ ဒသမ ၀ ဆိုလျှင် တံတားများ၊      မြေပြင်အက်ကြောင်းများ ဖြစ်ပေါ်နိုင်ပြီး မြေပြင်မှာလှိုင်းထသည်အထိ ဖြစ်နိုင်သည်။ ၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်က ပဲခူးမြို့၌လှုပ်ခတ်ခဲ့သောငလျင်သည် ရစ်ချ်တာစကေး ၇ ဒသမ ၃ ခန့်ရှိကြောင်း သိရသည်။ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက်က လှုပ်ခတ်ခဲ့သော မေမြို့ငလျင်ဆိုလျှင် ရစ်ချ်တာစကေး ၈ ခန့်ရှိပြီး  အပြင်းဆုံးငလျင်ပင်ဖြစ်သည်။  တိုကျိုမြို့မှာလှုပ်ခတ်ခဲ့သော ငလျင်ဆိုလျှင် လူပေါင်း ၁၄၃၀၀၀ သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ပေါင်း ၇၀၀၀၀ ခန့်ပျက်စီးခဲ့ရကြောင်း မှတ်သားခဲ့ရဖူးသည်။ ခုနှစ်ကိုကား  စာရေးသူမမှတ်မိတော့ပါ။ ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးကိုသိနိုင်စေရန် ဖော်ပြခြင်းသာဖြစ်သည်။  ထို့ကြောင့် ငလျင်ရပ်ဝန်း ဧရိယာနေသူများအနေဖြင့် အထူးသတိရှိဖို့လိုသည်။

နောက်ဆက်တွဲဘေးအန္တရာယ်များ

ငလျင်ပြင်းပြင်းလှုပ်ပြီးနောက် နောက်ထပ်ပြင်းအားပျော့ ငလျင်များ ထပ်လှုပ်နိုင်သေးသည်ကို သတိပြုသင့်သည်။  ၁၉၇၆ ခုနှစ်  မေလ ၆ ရက်က   အဲ့ပ်တောင်တန်းကို ဗဟိုပြု၍လှုပ်ခဲ့သောငလျင်သည် ပြင်းအား ၆ ဒသမ ၅ ရှိပြီး   အီတလီမြောက်ပိုင်း၊ သြစတြေးလျ၊   ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းတို့ ထိခိုက်ခဲ့ရသည်။ ထိုငလျင်လှုပ်ပြီး နောက်ဆက်တွဲငလျင်က အကြိမ် ၁၃၀ ခန့် လှုပ်ခဲ့သည်ဟု သိရသည်။

ငလျင်ဘေးကြောင့်  မိလ္လာပိုက်လိုင်းများ၊ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများယိုစိမ့်နိုင်သည်။  အဆိုပါညစ်ညမ်းရေဆိုးများကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ 

ငလျင်ဒဏ်ကြောင့်   လမ်းတံတားများပြိုကျခြင်း၊ ကျိုးပဲ့ပျက်စီးနေခြင်းတို့ ဖြစ်တတ်သဖြင့် ပျက်စီးနေသောလမ်းများ အပေါ်သွားလာခြင်း၊ ယာဉ်မောင်းနှင် ခြင်းကိုရှောင်ကြဉ်သင့်သည်။  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတော်အနေဖြင့် လုံခြုံမှုရှိကြောင်း အတည်ပြုမှသာ သွားလာသင့်သည်။ ထို့ပြင် ငလျင်ဗဟိုချက်သည် ပင်လယ်အောက်၌ရှိနေပါက ဆူနာမီလှိုင်းဖြစ်နိုင်သည်။ ထို့ကြောင့် ငလျင်လှုပ်ချိန်နှင့် လှုပ်ပြီးနောက် ကမ်းခြေနှင့် ဝေးရာတွင်နေရမည်ဖြစ်သည်။  ငလျင်လှုပ်ပြီး မပိတ်ထားသောမီးခလုတ်များနှင့် ငြှိမ်းသတ်ထားခြင်း မရှိသောမီးဖိုများမှ မီးလောင်မှုဖြစ်ပွားတတ်သည်။ မန္တလေးမြို့စိန်ပန်းရပ်မှာ ငလျင်လှုပ်အပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရသည်။  ယခုဖော်ပြချက်သည် ငလျင်လှုပ်အပြီး နောက်ဆက်တွဲဖြစ်တတ်သည့် ဘေးအန္တရာယ်များပင်ဖြစ်သည်။

မြေငလျင်ဘေးဝေးစေဖို့နှင့်ငလျင်သတိအစဉ်ရှိဖို့

 မြန်မာနိုင်ငံ၌ မြေငလျင်ဒဏ်ကို စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ပဲခူး၊  မေမြို့နှင့်အခြားဒေသများတွင်ရင်ဆိုင်ရသော်လည်း စစ်ကိုင်း၊ မန္တလေးနှင့် ပုဂံက ထိခိုက်မှုအများဆုံးဖြစ်သည်။  ထိုမြေငလျင်ဒဏ် အများဆုံး ခံရနိုင်ဖွယ်ရှိသောဒေသများ သို့မဟုတ် မြေငလျင်ဧရိယာအတွင်း နေထိုင်သူများသည် မိမိတို့လုံခြုံရေးအတွက် နည်းလမ်းကောင်းများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။  နေ့စဉ်နေ့တိုင်း ပြင်ဆင်နေရမည်ဟု မဆိုလိုပါ။   သို့သော်လေးလံသော အရာဝတ္ထုများ ဦးခေါင်းပေါ် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုပေါ်သို့မကျရောက်အောင် နေအိမ်များ၊ စာသင်ခန်းများ၊ ရုံးခန်းများကိုပြင်ဆင်ထားသင့်သည်။   အထူးသဖြင့် လူဦးရေထူထပ်များပြားသော အဆောက်အအုံမျိုးတွင် မြေငလျင်ဒဏ်အတွက်   အဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်သည်။ လူဦးရေထူထပ်သော ငလျင်ဧရိယာများ၌    အရေးပေါ်ငလျင်ဘေးကို ရှောင်တိမ်းနိုင်အောင် ကွင်းပြင်ဧရိယာမျိုးကိုလည်း ဖန်တီးထားသင့်သည်။  နေအိမ်များ ဆောက်လုပ်ရာတွင် ခိုင်ခံ့အောင်စနစ်တကျ ဆောက်လုပ်သင့်သည်။

အိုဟောင်းနေသောအိမ်များ၊ ကျောင်းများ၊ ရုံးများနှင့် လူထူထပ်သော အဆောက်အအုံများကို အသုံးမပြု သင့်ပေ။ ထို့ပြင် မြေငလျင်ဧရိယာအတွင်း နေထိုင်သူများသည် ရေဒီယို၊  ဓာတ်မီး၊ ရှေးဦးသူနာပြုသေတ္တာ၊ ရေနှင့်အရေးပေါ် အထောက်အပံ့ပစ္စည်းများကို သိုမှီးထားသင့်သည်။  ထို့ပြင်အဖွဲ့အစည်းများနှင့် အိမ်ထောင်စုများသည် မြေငလျင်ပြီးသည့်အခါ ပြန်ဆုံနိုင်ရန်စီမံချက်များ ရှိရပေမည်။  မြေငလျင်ပြီးသောအခါ ခိုင်ခံ့မှုမရှိသော အဆောက်အအုံများ၊ ကွဲအက်နေသော အဆောက်အအုံများနှင့်  ဝေးဝေးနေကြရမည်။ မြေငလျင်သည် မြို့၊ ရွာများကို ဖျက်ဆီးသွားပြီးနောက်    ဘာလုပ်ရမည်ကို သိရှိဖို့များစွာလိုအပ်သည်။ ပထမဆုံးပိတ်မိနေသော လူများ၊ ဒဏ်ရာရလူများကို ကူကယ်ရပါမည်။ ငလျင်လှုပ်ပြီးနောက်    နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်သည်ကို သိရှိဖို့လိုသလို ပျက်စီးနေသော အဆောက်အအုံများနှင့် ငလျင်ဒဏ်ခံခဲ့ရသော အဆောက်အအုံများမှာ မနေသင့်ပါ။   အချိန်မရွေးပြိုကျနိုင်ကြောင်းကို သတိထားရမည်ဖြစ်သည်။   ယာယီစခန်းများချ၍ အပြင်ဘက်မှာ ချက်ပြုတ်ပြီး အပြင်ဘက်မှာသာ အိပ်စက်ကြရမည်။ သို့မှသာ ငလျင်ဘေး ကင်းဝေးစေမည်ဖြစ်သည်။  ထို့ပြင်  ငလျင်လှုပ်တော့မည်ဆိုလျှင် ရှေ့ပြေးနိမိတ်ဖြစ်သည့် ကန်ရေကျသွားခြင်း၊ ဘဲများရေစပ် သို့မသွားတော့ခြင်း၊ တိရစ္ဆာန်များ ပုံမှန်အနေအထားမျိုးမဟုတ်ဘဲ အစာမစားတော့ခြင်း ထိုအချက်မျိုးကို ငလျင်ဧရိယာအတွင်း နေထိုင်ကြသူများ အစဉ်သတိဖြင့် ကြည့်ရှုကြဖို့လိုသည်။  ထိုအချက်မျိုးတွေ့ပါက ငလျင်ကျရောက်နိုင်မည်ကို  ခန့်မှန်းသိရှိနိုင်သလို ငလျင်ဘေးအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ငလျင်သတိအစဉ်ရှိကြဖို့ တိုက်တွန်းချင်ပါသည်။

မြေငလျင်ဘေးကို ချက်ချင်းတုံ့ပြန်ခဲ့

ကပ်ဘေး သို့မဟုတ် သဘာဝဘေးတစ်ခုခုဖြစ်ပြီးနောက်  ဒေသအဖွဲ့အစည်းများနှင့် အစိုးရဝန်ထမ်း အဖွဲ့အစည်းများက ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပါက ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှာဖွေရေးနှင့် တွေ့ရှိရေးလုပ်ငန်းများ၊ တူးဖော်ရေးလုပ်ငန်းများ၊  ရေနှင့်အစားအစာရရှိရေး လုပ်ငန်းများကို    အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရသည်။   လုပ်ဆောင်ဖို့လည်း လိုအပ်သည်။ သို့မှသာ သဘာဝဘေးကို ချက်ချင်းတုံ့ပြန်နိုင်မည်ဖြစ်ပြီး  အသက်ဆုံးရှုံးမှုနည်းမည်ဖြစ်သည်။  ငလျင်တုံ့ပြန်မှု အဖွဲ့အစည်းများ အနေဖြင့် ငလျင်လှုပ်ပြီးနောက် ကွဲကွာသွားသောမိသားစုများ အားပြန်လည်တွေ့ဆုံနိုင်အောင် ဆောင်ရွက်ခြင်း၊   သတင်းထုတ်ပြန်ချက် ဆိုင်းဘုတ်များထောင်ခြင်း၊  နောက်ဆက်တွဲမြေငလျင်အတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် အဆက်မပြတ်   ထိတွေ့သတင်းယူနေရမည်ဖြစ်သည်။ သို့မှသာနောက်ဆက်တွဲငလျင်လှိုင်းကို ကာကွယ်ရှောင်တိမ်းနိုင်မည်ဖြစ်သည်။ 

အလွန်အဆင့်မြင့်သောငလျင် သတိပေးစနစ်များကို တပ်ဆင်သင့်သည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းနေရာများ၌  အဆိုပါစနစ်မျိုးရှိကြောင်း သိရသည်။ အထူးသဖြင့် သဘာဝဘေးဖြစ်ပြီးနောက် ချက်ချင်းကူကယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။  ထိုသို့ချက်ချင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် သေဆုံးမှုနှုန်းကို လျော့နည်းစေမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့်  ပျက်စီးဆုံးရှုံးများရှိခဲ့သည်။  ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံများနှင့် ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ရန် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်  ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်စေရန် နေပြည်တော်သို့ထွက်ခွာသွားကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏  မတ်လ ၂၈ ရက် ထုတ်ပြန်ချက်အရသိရသည်ဟု သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။   ဤကား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း ငလျင်ဒဏ်သင့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ပြည်သူများကိုလည်း သွားရောက်အားပေး ကြည့်ရှုပြီးနေပြည်တော်ခုတင်-၁၀၀၀ ဆေးရုံမှာ ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများအား   ဆေးဝါးကုသ ဆောင်ရွက်ပေးနေမှုများကိုလည်း ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးကြောင့် ပျက်စီးခဲ့ရသည့် လမ်းများကိုကြည့်ရှု စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်အနေဖြင့် ငလျင်ဘေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း  အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ကို မေတ္တာရပ်ခံ တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။ အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း သဘာဝဘေးအရေးပေါ် ကြေညာချက်ထုတ်ပြီး ဆောင်ရွက်လျက်ရှိသည်။  နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ငလျင်ဒဏ်သင့်နေရာများအား ငလျင်လှုပ်ခတ်ပြီးနောက် နာရီပိုင်းအတွင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ဟုလည်းသိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဦးစွာပင်လောင်း လမ်းဆုံနေရာမှ   နေပြည်တော်တိုင်းစစ်ဌာနချုပ် မီးပွိုင့်နေရာအထိ ငလျင်ကြောင့် လမ်းတံတားပျက်စီးခဲ့မှုများ၊ ရာဇဌာနီ လမ်းမကြီးပေါ်ရှိ လမ်းတံတားပျက်စီးမှုများ၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ လမ်းတံတား ပျက်စီးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး အများပြည်သူသွားလာရေး အဆင်ပြေစေရန် ဦးစားပေး ဆောင်ရွက်သွားရန်၊ ယာဉ်ယန္တရားအင်အားကို အသုံးပြု၍ လမ်းကြောင်းများ အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ ကိုမှာကြားခဲ့သည်။  ဤကားငလျင်ဘေးကြောင့် ပျက်စီးခဲ့သည်များကိုပြင်ဆင်ရန် ချက်ချင်းတုံ့ပြန် ညွှန်ကြားခဲ့ခြင်းပင်ဖြစ်သည်။ ထို့ပြင် အများပြည်သူများအနေဖြင့်လည်း  နိုင်ငံတော်နှင့်အတူ လက်တွဲ၍ ပူးပေါင်းပါဝင်ကာ ငလျင်ဘေးကိုဝိုင်းဝန်း ကာကွယ်ကြဖို့လိုသလို ကူကယ်ရေးလုပ်ငန်းများကိုလည်း အတူပူးပေါင်း ဆောင်ရွက်ကြဖို့လိုသည်။ ထို့ပြင်ငလျင်ဘေး အန္တရာယ်ကင်းစေဖို့အတွက် အထက်မှာဖော်ပြခဲ့သည့် သတိပြုကာကွယ်သင့်သည်များကိုလည်း  သတိပြုလိုက်နာကြဖို့ လိုကြောင်းနှင့် ငလျင်သတိအစဉ်ရှိဖို့ လိုကြောင်းလည်း တိုက်တွန်းလိုပါသည်။      ။

မောင်ခ(ပညာရေး)