အဏ္ဏဝါရေပြင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစဉ်အလေးထားပေး

Posted_Date

Image

 အဏ္ဏဝါရေပြင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစဉ်အလေးထားပေး

Body

ကမ္ဘာ့ဒေသအသီးသီးရှိ အဏ္ဏဝါရေပြင်များသည် ပြင်းထန်သောပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ညစ်ညမ်းမှုများရှိ​နေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်း ကြီးထွားလျက်ရှိပါသည်။ အဏ္ဏဝါရေပြင် ညစ်ညမ်းမှုကြောင့် စီးပွားရေးအရေးပါမှုရလဒ်များ လျော့နည်းလာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြီးမားစွာဆုံးရှုံးခြင်း၊ ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲမှု စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

ညစ်ညမ်းပစ္စည်းများဖြစ်သော သတ္တုများ၊ စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်များသည် ဇီဝမျိုးစုံ၊ မျိုးကွဲများ၏ အစားအစာကွင်းဆက်တွင် တဖြည်းဖြည်း စုပြုံလာပြီး များပြားလာခြင်း၊ ကမ်းရိုးတန်းဒေသရှိ သဘာဝရေပြင်များတွင် ဗက်တီးရီးယား အမြောက်အမြားရှိနေခြင်းကြောင့် သန်းပေါင်းများစွာသော လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ မြို့ပြစွန့်ပစ်အညစ်အကြေးများသည် ထိတ်လန့်စရာ ကောင်းသော အချက်တစ်ခုအထိ ဖြစ်လာခဲ့ပါသည်။

ကျွန်ုပ်တို့ ကမ္ဘာကြီး၏ လေထုနှင့် သမုဒ္ဒရာတို့သည် ယခုအခါ သိသာစွာ ပြောင်းလဲနေပါသည်။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီးပူနွေးလာခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲခြင်း စသည်တို့ ကြောင့် အချိန်တိုင်း လျင်မြန်စွာ ပြောင်းလဲနေသည် ကို တွေ့ရှိနေရပါသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ယင်းအကျိုးဆက်အဖြစ် ရင်ဆိုင်နေရပြီး အဆိုပါ ဖြစ်ရပ်များအနက် အချို့သိသိသာသာ မြင့်တက်လာသော အခြေအနေများမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဆိုးရွားသော ရာသီဥတုအခြေအနေဖြစ်ပေါ်ခြင်း၊ သမုဒ္ဒရာတွင် အက်ဆစ်ဓာတ် လွန်ကဲခြင်း၊ တခြား ကျူးကျော်ဝင်ရောက်လာနိုင်သော မျိုးစိတ်များရောက်ရှိလာခြင်းတို့ဖြစ်ပါသည်။

အဆိုပါ သက်ရောက်ပြောင်းလဲခြင်းများက ကမ်းရိုးတန်းဒေသတွင် နေထိုင်သော လူ့အဖွဲ့အစည်းတို့ကို များစွာဆိုးကျိုးပေးနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ပင်လယ်ကမ်းရိုးတန်းဒေသများအတွင်းရှိ မီတာရာ နှင့်ချီသော မြေပြင်များ နိမ့်ဆင်းလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းနှင့် ဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ကြီးမားသော ကပ်ဆိုက်မှုဖြစ်ပေါ်လာနိုင်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ရိုးရာအသက်မွေးဝမ်း​ကျောင်းလုပ်ငန်းတို့ကို များစွာ ထိခိုက်စေနိုင်ပါသည်။ သေးငယ်သော ကျွန်းနိုင်ငံများအနေဖြင့် ထိုအန္တရာယ်များနှင့် ကြုံတွေ့လာပါက စီးပွားရေးထိခိုက်စေနိုင်ခြင်း၊ ကုန်သွယ်မှု ပြုလုပ်နေသည့် ကမ်းရိုးတန်း မြေနိမ့်ဒေသများနှင့် ကမ္ဘာ့လူဦးရေအများဆုံးရှိသည့် ကမ္ဘာ့နိုင်ငံများမှ ချမ်းသာကြွယ်ဝသော နိုင်ငံများအထိကိုပါ ထိခိုက်စေနိုင်ပါသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/annnnwrepngnng-pttwnkngthinsimre-acnyalethaape