ခြင်အရွယ်အစားသာရှိသည့် စစ်ဘက်သုံးအသေးစားဒရုန်း၏ စွမ်းဆောင်ရည်တိုးတက်မှုအတွက်  AI နည်းပညာကို တရုတ်အသုံးပြုမည်

News Image

  • ခြင်အရွယ်အစားသာရှိသည့် စစ်ဘက်သုံးအသေးစားဒရုန်း၏ စွမ်းဆောင်ရည်တိုးတက်မှုအတွက်   AI နည်းပညာကို တရုတ်အသုံးပြုမည်

တရုတ်နိုင်ငံသည် ၎င်းတို့တီထွင်ထုတ်လုပ်ခဲ့သည့် ခြင်အရွယ်အစားသာသာရှိသည့် စစ်ဘက်သုံး ဒရုန်း အသစ်တစ်မျိုး၏ စွမ်းဆောင်ရည်တိုးတက်စေရန်အတွက် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုမည်ဖြစ်သည်။

အဆိုပါ အသေးစားဒရုန်းကို အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ် (NUDT) ကထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းကို သတင်းအချက်အလက်ရယူစုဆောင်းရန်နှင့် စစ်မြေပြင်ရှိ အထူးစစ်ဆင်ရေးများတွင် အသုံးပြုရန် အထူးသင့်လျော်ကြောင်း NUDT မှ ကျောင်းသားတစ်ဦးဖြစ်သူ လျန်ဟေရှန်းကပြောသည်။

အဆိုပါဒရုန်းတွင်  အတောင်ပံနှစ်ခုနှင့် ဆဲလ်ဖုန်းမှတစ်ဆင့်  ထိန်းချုပ်နိုင်သည့် ခြေထောက်များပါဝင်သည်။ ဒရုန်း၏အရွယ်အစားမှာ သေးငယ်လွန်းသောကြောင့် လျှို့ဝှက်စစ်ဆင်မှုများကို လုပ်ဆောင်ရာ တွင် အားသာချက်များရရှိနိုင်သော်လည်း ဒရုန်းတွင် သယ်ဆောင်နိုင်သည့်ဝန်၊ဆင်ဆာများ၊ ဘက်ထရီ စသည်တို့အား တပ်ဆင်အသုံးပြုရာတွင် ကန့်သတ်မှုများရှိနေသည်။

အဆိုပါအားနည်းချက်များကို ဖယ်ရှားနိုင်ရန်အတွက် NUDT သည် ဒရုန်း၏စစ်ပွဲဆင်နွှဲမှုနှင့် လျှို့ဝှက် ထောက်လှမ်းမှုစွမ်းရည်များတိုးတက်လာစေရန်အတွက် ဉာဏ်ရည်တုနည်းပညာ (AI) ကို ဆက်လက် အသုံးပြုရန်စီစဉ်ထားသည်။                 

Ref:TDc

MWD Web Portal