မော်လ်ဒိုက်နိုင်ငံတွင် အီလက်ထရွန်နစ်စီးကရက် သုံးစွဲခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို ပိတ်ပင်
မာလီ ဒီဇင်ဘာ ၁၅
မော်လ်ဒိုက်နိုင်ငံတွင် အီလက်ထရွန်နစ်စီးကရက် သုံးစွဲခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍ ပိတ်ပင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မကြာသေးမီက ဆေးလိပ်ထိန်းချုပ်ရေးအက်ဥပဒေဆိုင်ရာ အချက်အလက်များကို ပြင်ဆင်ခဲ့ပြီးနောက် ၎င်းအက်ဥပဒေကို ဥပဒေအဖြစ် သမ္မတ မိုဟာမက်မီဇူက နိုဝင်ဘာ ၁၃ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ၎င်းဥပဒေအရ နိုင်ငံအတွင်း အီလက်ထရွန်နစ် စီးကရက် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်းတို့သည် တရားမဝင်ကြောင်း ပြဋ္ဌာန်းထားသည်။
အကယ်၍ ၎င်းဥပဒေအရ ပြစ်မှုကျူးလွန်ပါက မော်လ်ဒိုက်ငွေ ရူဖီယာ ငါးသောင်း ပေးဆောင်ရမည်ဖြစ်သည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ
Source- ကြေးမုံသတင်းစာ