Tiktok ၏ အယူခံ ကျရှူံးသဖြင့် Tiktok ကို မိခင် တရုတ်အခြေစိုက်လုပ်ငန်းကြီးက မရောင်းလျှင် ရှေ့လတွင် အပိတ်ခံရနိုင်

News Image

  • Tiktok ၏ အယူခံ ကျရှူံးသဖြင့် Tiktok ကို မိခင် တရုတ်အခြေစိုက်လုပ်ငန်းကြီးက မရောင်းလျှင် ရှေ့လတွင် အပိတ်ခံရနိုင်

မြန်မာအပါအဝင် တစ်ကမ္ဘာလုံးတွင် ရေပန်းစားနေသည့် လူမှုကွန်ရက် Tiktok ကို တရုတ်နိုင်ငံအခြေစိုက် မိခင် လုပ်ငန်းကြီးက ရောင်းချရန်နှင့် မရောင်းလျှင် အမေရိကန် နိုင်ငံတွင် ပိတ်ပင်ရန် ပြဋ္ဌာန်းလိုက်သည့် ဥပဒေကို အယူခံတရားရုံးတွင် Tiktok က အယူခံဝင်ရာ ရှူံးခဲ့သဖြင့်  လာမည့် ဇန်နဝါရီလတွင် အမေရိကန်တွင် အပိတ်ခံ ရနိုင်ကြောင်း စီးပွားရေးပညာရှင်၏ ခန့်မှန်း ပြောကြား ချက်အရ သိရှိရသည်။

Tiktok၏ မိခင်လုပ်ငန်းသည် တရုတ်အစိုးရနှင့်နီးစပ်ပြီး Tiktok သုံးစွဲသူ အမေရိကန် သန်း ၁၇၀ ၏ အချက် အလက်များမှတစ်ဆင့် အမေရိကန်လုံခြုံရေးကျိုးပေါက် နိုင်သည်ဟု ပါတီကြီးနှစ်ပါတီ၏ လွှတ်တော်ကိုယ်စား လှယ်များက စိုးရိမ်ကြရာမှ ယခု ဥပဒေထွက်လာခြင်း ဖြစ်ကြောင်း၊ လာမည့် ဇန်နဝါရီ ၁၉ ရက် အထိ Tiktok ကို မရောင်းလျှင် ဥပဒေ အရ Apple နှင့် Google ကဲ့သို့ Application Store လုပ်ငန်းများက Tiktok ကို ပိတ်ရမည်ဖြစ်ကြောင်း၊ Tiktok သည် နောက်ဆုံး အယူခံအဖြစ် အမေရိကန်တရားရုံးချုပ်တွင် အယူခံ ဝင်မည်ဖြစ်ပါသည်။

လာမည့်  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ တွင် ရာထူးရယူမည့် အမေရိကန်​သမ္မတသစ် ထရမ့်သည် Tiktok ကို ပိတ်၊ မပိတ် တိတိကျကျ ပြောမထားသေးကြောင်း အမေရိကန် သတင်းများအရ သိရသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

Photo- BBC