ဂျပန်နိုင်ငံ၌ လေထုထဲမှ ရေငွေ့ဖြင့် သောက်သုံးရေထုတ်လုပ်သည့်ကိရိယာ စတင်စမ်းသပ်သုံးစွဲ
တိုကျို ဒီဇင်ဘာ ၁၇
ဂျပန်နိုင်ငံ တိုကျိုဒေသမြောက်ပိုင်း တိုမီအိုကာမြို့တွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချသည့်အနေဖြင့် လေထုထဲမှရေငွေ့ကို သောက်သုံးရေအဖြစ် ပြန်လည်ထုတ်လုပ်သည့် ကိရိယာကို စတင်စမ်းသပ်သုံးစွဲခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။
ယင်းမြို့၏ မြို့တော်ခန်းမနှင့် အားကစားရုံတစ်ခုတွင် အဆိုပါကိရိယာငါးခုစီကို တပ်ဆင်ခဲ့သည်။ ကိရိယာသည် တစ်နေ့လျှင် သောက်ရေသန့် ၃၃ လီတာကို ထုတ်လုပ်နိုင်သည်။ ထိုကိရိယာ အသုံးပြုခြင်းဖြင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု မည်မျှလျှော့ချနိုင်သည်ကို တာဝန်ရှိသူများက လေ့လာမည်ဖြစ်သည်။
ယင်းကိရိယာဖြင့် ရေသန့်ထုတ်လုပ်ပါက တစ်နေ့လျှင် ရေသန့် လီတာ ၆၀၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယခုကိရိယာကို သဘာဝဘေးကျရောက်သည့်အချိန်တွင် သုံးစွဲနိုင်ရန် ရည်ရွယ်သည်။
ကိုးကား- အင်န်အိတ်ချ်ကေ၊ ဘာသာပြန်- စိုးသူရ
Source- ကြေးမုံသတင်းစာ