ဆီနီဂေါ အချုပ်အခြာပိုင်နက်အတွင်းရှိ ပြင်သစ်အခြေစိုက်စခန်းများ ရုတ်သိမ်းရန် ဆီနီဂေါသမ္မတ ကြေညာ

News Image

  • ဆီနီဂေါ အချုပ်အခြာပိုင်နက်အတွင်းရှိ  ပြင်သစ်အခြေစိုက်စခန်းများ ရုတ်သိမ်းရန် ဆီနီဂေါသမ္မတ ကြေညာ

ပြင်သစ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ ပြင်သစ်လူမျိုးများနှင့်စည်ကားနေသည့်အတွက် ဆီနီဂေါနိုင်ငံ၏ သမ္မတ Bassirou Diomaye Fayeu က မိမိတို့အချုပ်အခြာပိုက်နက်အတွင်းရှိ ပြင်သစ်နိုင်ငံ၏အခြေစိုက်စစ်စခန်း များရုတ်သိမ်းရန် ကြေညာလိုက်ပါသည်။ ထိုကြေညာချက် သည်အားလုံးအတွက် အံ့အားသင့်စရာအချက်ဖြစ်နေပြီး အဆိုပါအခြေအနေမှာ ဆီနီဂေါနှင့် ပြင်သစ်အကြား မျှော်လင့်ထားပြီးဖြစ်သည့် နိုင်ငံရေးအခင်းအကျင်း တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများကဆိုကြပါသည်။

ဆီနီဂေါသမ္မတ Faye  သည် ဆီနီဂေါနိုင်ငံအတွင်း တပ်စွဲထားသည့် ပြင်သစ်တပ်ဖွဲ့ ၃၅၀ ခန့်ကို ဖယ်ရှားပေးရန် ပြင်သစ်အစိုးရထံ နိုဝင်ဘာလကတည်းက တောင်းဆိုထားပါသည်။ ထိုတောင်းဆိုချက်မှာ ဆယ်စုနှစ်များစွာ တည်ရှိခဲ့သော စစ်ပြေငြိမ်းရေးဆိုင်ရာ စာချုပ်အဆုံးသတ်စေသည့်သဘော သက်ရောက် နေပြီးယခင်ကခိုင်မာစွာတည်ရှိခဲ့သည့် ပြင်သစ်နှင့်အနောက်အာဖရိကနိုင်ငံတို့အကြား ဆက်ဆံရေးကိုဖြတ်တောက်လိုက်သည့်သဘောလည်း  သက်ရောက် နေပါသည်။ (ပြင်သစ်) ပါရီနှင့်(ဆီနီဂေါ) ဒါကာတို့၏ ဆက်ဆံရေးကိုလည်း ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း ပြင်သစ်စစ်တပ်များ အခြေစိုက်တပ်စွဲနေခြင်းသည် ဆီနီဂေါနိုင်ငံ အချုပ်အခြာအာဏာနှင့် သင့်တော်မှု လုံးဝမရှိကြောင်း ယခုနှစ်အစောပိုင်းတွင် ရွေးကောက်တင်မြှောက်ခံထားရသူ ဆီနီဂေါသမ္မတFaye က AFP သတင်းဌာနကို ပြောကြားထားသည်။ သို့ရာတွင် ပြင်သစ်တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်အချိန်တွင်ထွက်ခွာသွားမည်ကို Faye က အတိအကျ ပြောကြားထားခြင်းမရှိချေ။ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ပြင်သစ်တပ်သားများက အာဖရိကတပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ကြပြီး ထိုဖြစ်စဉ်ကို ၂၀၁၂ ခုနှစ်တွင်မှ ပြင်သစ်က ဝန်ခံခဲ့သည်။ အနောက်အာဖရိကန်နိုင်ငံ ဆီနီဂေါအနေဖြင့် လွတ်လပ်ရေးရရှိသည့် ၁၉၆၀ ပြည့်နှစ်မှစ၍ ပြင်သစ်နှင့်ဆက်ဆံရေး ကောင်းမွန်စွာ တည်ဆောက်နိုင်ခဲ့သော်လည်း  အဆိုပါအတိတ်အဖြစ်အပျက်များက နှစ်နိုင်ငံအကြားဆက်ဆံရေးတွင် ဆက်လက်၍ အနှောက်အယှက်အတားအဆီး ဖြစ်နေပါသည်။ လက်ရှိဆီနီဂေါသမ္မတ Faye က ပြင်သစ်မြေတွင် ဆီနီဂေါစစ်တပ် တပ်စွဲ၍မရသလို ပြင်သစ်တပ်များလည်း ဆီနီဂေါမြေတွင် တပ်စွဲခွင့်မပြုလိုကြောင်း သိရှိရသည်။

ကိုးကား  - ALJAEERA