အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော

News Image

  • အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ်အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။

“အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်များကို အမှီအခိုကင်းစွာ ရွေးချယ်ခွင့်ရှိသလို ၎င်းတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံတွေကိုလည်း ဆုံးဖြတ်ခွင့်ရှိပါသည်” ဟု အိန္ဒိယအပေါ် အမေရိကန်၏ စည်းကြပ်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်စပ်လျဉ်း၍ ပက်စ်ကော့ဗ်က မှတ်ချက်ပြု ခဲ့သည်။ ရုရှားနှင့် ကုန်သွယ်ရေး ဆိုင်ရာ ဆက်ဆံမှုများ ဖြတ်တောက်ရန်အတွက် ကမ္ဘာ့နိုင်ငံများအား အကျပ်ကိုင်ရန် ရည်ရွယ်သည့် ကြေညာချက်များ ထွက်ပေါ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုများမှာ တရားဝင်မှု မရှိဟုယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/subject/10879