အမေရိကန် အမျိုးသားအစောင့်တပ် တပ်ဖွဲ့ဝင်များသည် မြို့တော်ကို ကင်းလှည့်စဉ် သေနတ်များ ကိုင်ဆောင်ခွင့် ရရှိမည်
အမေရိကန်စစ်တပ်၏ထုတ်ပြန်ချက်ကို ဆန့်ကျင်ကာ အမျိုးသား အစောင့် တပ်ကိုယ်စားလှယ်တစ်ဦးက မြို့တော်ဝါရှင်တန်ကိုစောင့်ကြပ်ရန် တပ်ဖွဲ့ဝင်များသည် လက်နက်များကိုင်ဆောင်နိုင်ကြောင်း အတည်ပြု ခဲ့သည်။ "အမျိုးသားအစောင့်တပ် တပ်ဖွဲ့ဝင်များသည် ၎င်းတို့ တာဝန် ထမ်းဆောင်စဉ်နှင့် လေ့ကျင့်ရေး အစီအစဉ်များတွင် လက်နက်များကိုင်ဆောင်နိုင်သည်" ဟု ဝါရှင်တန် ဒီစီတွင် ဖြန့်ကြက်ထားသော အမျိုးသားအစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ Staff Sgt. Craig Clapper က ဩဂုတ် ၁၇ ရက်နေ့တွင် NPR သို့ ပြောကြားခဲ့သည်။
Staff Sgt. Clapper ၏ ထုတ်ပြန်ချက်သည် ဩဂုတ် ၁၄ ရက်နေ့က အမေရိကန်စစ်တပ်၏ ကြေညာချက်နှင့် ဆန့်ကျင်နေပြီး ထိုကြေညာချက် တွင် ဝါရှင်တန်၏ အများပြည်သူဆိုင်ရာနေရာများကို စောင့်ကြပ်မည့် အမျိုးသားအစောင့်တပ် တပ်ဖွဲ့ဝင်များသည် လက်နက်များ မကိုင်ဆောင် ဘဲ ကျည်ကာအင်္ကျီကိုသာ ဝတ်ဆင်မည်ဖြစ်ပြီး ၎င်းတို့၏ သေနတ်များကို လက်နက်ဂိုထောင်များတွင် ထားရှိမည်ဖြစ်ကာ လိုအပ်သော အခြေအနေ များတွင်သာ ထုတ်ပေးမည်ဟု ဖော်ပြထားသည်။ Clapper က ဝါရှင်တန် သို့ စေလွှတ်ထားသော အစောင့်တပ်ဖွဲ့၏ အဓိက ရည်မှန်းချက်မှာ အရပ်ဘက် အာဏာပိုင်များကို ပံ့ပိုးရန်နှင့် ပြည်သူ့လုံခြုံရေးကို သေချာ စေရန်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ဝါရှင်တန် မြို့တော်၏ တရားဝင်အမည်ဖြစ်သော "District of Columbia" (DC) ၏ လုံခြုံရေးစနစ်ကို ဒေသခံအစိုးရမှ ကွန်ဂရက်၏ တိုက်ရိုက် ကြီးကြပ်မှုဖြင့် အုပ်ချုပ်လျက်ရှိသည်။
သို့သော် ဩဂုတ် ၁၁ ရက်တွင် သမ္မတ ဒေါ်နယ်ထရမ့်က ပြည်သူ့ လုံခြုံရေးအရေးပေါ်အခြေအနေ ကြေညာကာ " Home Rule Act " ၏ ပုဒ်မ ၇၄၀ ကိုအသုံးပြုပြီး ဖက်ဒရယ်တပ်ဖွဲ့များနှင့် အမျိုးသား အစောင့် တပ်များကို မြို့တော်သို့ စေလွှတ်ခဲ့သည်။ ယခုအချိန်တွင် အမျိုးသား အစောင့်တပ် စစ်သည် ၈၀၀ ခန့် ဝါရှင်တန်သို့ ရောက်ရှိနေပြီဖြစ်သည်။ အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ အဆိုပါ အစီအမံသည် မြို့တော် အတွင်း ဂိုဏ်းဂဏဆိုင်ရာရာဇဝတ်မှု၊ လူငယ်အကြမ်းဖက်မှု၊ မူးယစ်ဆေးနှင့် အိမ်ခြေရာမဲ့ပြဿနာများ ကိုဖြေရှင်းရန် ရည်ရွယ်သည်ဟုဆိုသည်။
သို့သော် ဝါရှင်တန် မြို့တော်ဝန် Muriel Bowser က မြို့တွင်း အကြမ်းဖက် မှုများ ယခုနှစ်တွင် ၂၆% ကျဆင်းကာ နှစ် ၃၀ အတွင်း အနိမ့်ဆုံး အဆင့် သို့ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မြို့တော်ဝန်က ဒီစီ၏ အကန့် အသတ်ဖြင့်ရရှိထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာသည် “ထိုကဲ့သို့သော စမ်းသပ်မှုမျိုး မကြုံဖူးသေး" ဟု ဝေဖန်ခဲ့သည်။ မကြာသေးမီက လူထု ထောင်နှင့်ချီကာ ဖက်ဒရယ်တပ်ဖွဲ့များ စေလွှတ်ခြင်းကို ဆန့်ကျင်ဆန္ဒပြမှု များ ပြုလုပ်ခဲ့သည်။
Georgetown တက္ကသိုလ် ဥပဒေပါမောက္ခ Rosa Brooks (ယခင် ဒီစီ ရဲတပ်ဖွဲ့ အရန်အရာရှိ) က အစောင့်တပ်များအား မြို့ပေါ်ရှိလမ်းများတွင် စောင့်ကြပ်ခိုင်းခြင်းသည် ထိတ်လန့်ဖွယ်ရာ အကျိုးဆက်များ ဖြစ်စေ နိုင်ကြောင်း သတိပေးခဲ့သည်။ အကြောင်းမှာ ထိုတပ်ဖွဲ့များသည် နေ့စဉ် တရားဥပဒေစိုးမိုးရေးလုပ်ငန်းအတွက် အထူးလေ့ကျင့်ထားခြင်း မရှိ သောကြောင့်ဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်အား ရီပတ်ဘလီကန်များ ဦးဆောင်သော ပြည်နယ် များမှ ထောက်ခံခဲ့ပြီး အနောက်ဗာဂျီးနီးယား၊ တောင်ကယ်ရိုလိုင်းနားနှင့် အိုဟိုင်းယိုး ပြည်နယ်များမှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ အမျိုးသား အစောင့်တပ် တပ်ဖွဲ့များကို ဝါရှင်တန်သို့ အကူအညီပေးရန် စေလွှတ်မည် ဟု ကြေညာခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂