Tik Tok ကို တစ်နှစ် ပိတ်ပင်ရန် အယ်လ်ဘေးနီးယား ကြေညာ
ပြီးခဲ့သည့်လက ကျောင်းသားတစ်ဦး ဓားထိုးအသတ်ခံရပြီးနောက် ကလေးများအပေါ် လူမှုမီဒီယာ လွှမ်းမိုးလာခြင်းနှင့်ပတ်သက်၍ ကြောက်ရွံ့မှုမြင့်တက်လာသည့်အတွက် Tik Tok ကို တစ်နှစ်ပိတ်ပင်ရန် ရည်ရွယ်ထားကြောင်း အယ်လ်ဘေးနီးယားဝန်ကြီးချုပ် Edi Rama က ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာလိုက်ပါသည်။
အယ်လ်ဘေးနီးယားအစိုးရ၏ Tik Tok ကို ပိတ်ပင်တားမြစ်ရန် အဆိုပြုချက်နှင့်စပ်လျဉ်း၍ အရေးတကြီး ရှင်းလင်းချက်များ လိုက်လံတောင်းခံနေကြောင်း Tik Tok က ဆိုထားပါသည်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်သည့် ထို Tik Tok ပိတ်ပင်ရန်ကိစ္စကို လာမည့်ဇန်နဝါရီတွင် စတင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားပါသည်။
Tik Tok တားမြစ်ပိတ်ပင်ရန်ဖြစ်ပေါ် လာရသည့် အကြောင်းအရင်းမှာ ပြီးခဲ့သည့်လက လူမှုမီဒီယာပေါ်တွင် ကျောင်းသားအချင်းချင်း ရန်စောင်ကြရင်း အယ်လ် ဘေးနီးယားနိုင်ငံ၊ တီရန်နာမြို့တောင်ပိုင်းရှိစာသင်ကျောင်းအနီးတွင် အသက် ၁၄ နှစ်အရွယ်ကျောင်းသားတစ်ဦး ဓါးဖြင့်ထိုးသတ်ခံရပြီး အခြားသူများ ဒဏ်ရာရရှိသွားသည့်တိုက်ခိုက်မှုဖြစ်စဉ်က စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ကိုးကား - BBC/Thomas Mackintosh