လေတာဘိုင်များကိုသယ်မယ့် ကမ္ဘာ့အရှည်ဆုံး လေယာဉ်

News Image

  • လေတာဘိုင်များကိုသယ်မယ့် ကမ္ဘာ့အရှည်ဆုံး လေယာဉ်

ကော်လိုရာဒိုပြည်နယ်မှာ အခြေစိုက်ထားတဲ့ Radia ကုမ္ပဏီက လေတာဘိုင်များကိုသယ်ဆောင်ပေးနိုင်မယ့် ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကြီးကို ဖန်တီးလိုက် နိုင်ပါတယ်။ လေတာဘိုင်ကြီးတွေကို  သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ   အင်မတန်ခက်ခဲတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကျစရိတ်လည်း   မြင့်မားတဲ့လုပ်ငန်း တစ်ခုဖြစ်ပါတယ်။

အခု Radia ကုမ္ပဏီက Wind Runner လို့ခေါ်တဲ့ ကမ္ဘာ့အရှည်ဆုံး လေယာဉ်ကြီး ကိုဖန်တီးပြီး   ကုန်းလမ်းကနေ သယ်ယူပို့ဆောင်စရိတ်နဲ့   တန်းတူဖြစ်စေမယ့်လုပ်ငန်းကြီးကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သန့်ရှင်းစွမ်းအင်အသုံးပြုနိုင်မှုအတွက်   အောင်မြင်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

Source: Myawady Web Portal