ခရစ္စမတ်ခရီးသွား ရာသီအကုန်တွင် အမေရိကန်ရှိ အဓိကကုမ္ပဏီများ၏ အစုရှယ်ယာများ ထိုးကျ

News Image

  • ခရစ္စမတ်ခရီးသွား ရာသီအကုန်တွင် အမေရိကန်ရှိ အဓိကကုမ္ပဏီများ၏ အစုရှယ်ယာများ ထိုးကျ

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ရက်သတ္တပတ် ခရစ္စမတ်ခရီးသွား ရာသီအကုန်၌ နိုင်ငံအတွင်းရှိ  အဓိကကုမ္ပဏီများ၏ အစုရှယ်ယာများ ထိုးကျသွားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အဓိက အစုရှယ်ယာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Dow Jones ၏ အစုရှယ်ယာတန်ဖိုးသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ သုညဒသမ ၈  ရာခိုင်နှုန်း၊ အခြားအစုရှယ်ယာ ကုမ္ပဏီကြီးဖြစ်သည့် S&P 500 ၏ရှယ်ယာတန်ဖိုးမှာ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ Nasdaq Composite ၏ ရှယ်ယာအညွှန်းကိန်းမှာလည်း ၁ ဒသမ ၅ ရာခိုင်နှုန်းအထိကျဆင်းသွားသည်။  ထို့ပြင် Microsoft ကုမ္ပဏီ၏ အစုရှယ်ယာမှာလည်း ၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် အွန်လိုင်းမှတစ်ဆင့်  နည်းပညာနှင့် ကုန်ပစ္စည်းများရောင်းချသည့် Amazon ၏ရှယ်ယာသည် ၁  ဒသမ ၄  ရာခိုင်နှုန်းကျဆင်းသွားသည်။

နိုင်ငံအတွင်း၌ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ယခုကဲ့သို့ အစုရှယ်ယာများ ကျဆင်းလာခြင်းသည် အစိုးရက  ငွေချေးစာချုပ်များ ထုတ်ဝေမှုမြင့်တက်လာခြင်းနှင့် အစုရှယ်ယာဈေးကွက်အား နှစ်ကုန်ပိုင်းချိန်ညှိမှုတို့ကြောင့်ဖြစ်ကြောင်း Spartan Capital မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ပီတာကာဒီလ်လိုက ပြောကြားသည်။

အမေရိကန်အစုရှယ်ယာဈေးကွက်သည်  ဒေါ်နယ်ထရမ့်အစိုးရ၏   အခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပထဝီနိုင်ငံရေးတို့ကြောင့် လာမည့် ၂၀၂၅  ခုနှစ်တွင် ပို၍ မတည်မငြိမ်ဖြစ်လာနိုင်ကြောင်း Bank of America ၊ JPMorgan Chase & Co နှင့် စပိန်နိုင်ငံမှ Banco Bilbao Vizcaya Argentaria (BBVA) မှရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးသမားများက ယူဆလျက်ရှိသည်။

Source: Myawady Web Portal