အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှု ပမာဏ သမိုင်းစံချိန်သစ်တင်

News Image

  • အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှု ပမာဏ သမိုင်းစံချိန်သစ်တင်

အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုပမာဏသည် အကြိမ်ရေ ၁၅.၇ သန်း ကျော်ခဲ့ပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Madbouly က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ ကိန်းဂဏန်းသည် စိတ်အားတက်ဖွယ်ဖြစ်စေကြောင်း ဝန်ကြီးချုပ် Mostafa Madbouly က ထိုနေ့ အီဂျစ်နိုင်ငံအုပ်ချုပ်ရေးမြို့တော်သစ်တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၌ အီဂျစ်အမျိုးသားပြတိုက် (The Grand Egyptian Museum-GEM)ကို တရားဝင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါပြတိုက်ကို အကြောင်းပြု၍ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၈ သန်း ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းဝင်ငွေသည် အီဂျစ်နိုင်ငံ၏ အဓိက နိုင်ငံခြားဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ကြောင်း သိရသည်။ အီဂျစ်နိုင်ငံအစိုးရအချက်အလက်များအရ ၂၀၁၉ ခုနှစ် တွင် အီဂျစ်နိုင်ငံသို့ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၃ သန်းကျော်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် တစ်ဟုန်ထိုးကျဆင်းသွားရာမှ တဖြည်းဖြည်းချင်း ပြန်လည်တိုးတက်လာခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အီဂျစ်နိုင်ငံသို့ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၄.၉ သန်းရှိခဲ့ သည်။ 

ကိုးကား - Xinhua