ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူကင်းစင်ရေး လုံခြုံရေး တိုးမြှင့်
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်သို့ တက်၍ PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများ အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်နေခြင်းကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ကင်းစင်ရေးအတွက် အမြန်လမ်းမကြီးပေါ်တွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားကြောင်း သိရသည်။
အမြန်လမ်းမကြီးတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများ တက်ရောက်မှုမရှိစေရေး၊ လမ်းတံတားများဖောက်ခွဲ ဖျက်ဆီးခံရမှုမရှိစေရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ နေ့ /ည မပျက် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-Myanmar National Post
MM-News-Category