စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ငွေကျပ် သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
28 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ညနေ ၅ နာရီတွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၂)၊ မနောသုခလမ်း၌ မွန်မွန်အောင်(၃၅)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၀,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၃,၀၀၀) ဖမ်းဆီးရမိသဖြင့် မွန်မွန်အောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA
MM-News-Category