တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာနေ ပြည်သူ သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီး

News Image

  • တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာနေ ပြည်သူ သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီး

28 June 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက် နံနက် ၅ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာလုံခြုံရေး ဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည့် ဦးမောင်မောင်(စိစစ်ဆဲ)နှင့် ဦးနိုင်နိုင်(ခ)ဦးလှနိုင်၊ အဆိုပါကျေးရွာနေ ဦးရွှေမြင့်(၆၈)နှစ်တို့ သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးဝင်းလှိုင်(၅၁)နှစ်၊ ဦးမင်းဦး(စိစစ်ဆဲ)နှင့် ဒေါ်မီမီကျော်(၃၈)နှစ်တို့ သုံးဦးအား အကြမ်းဖက်အဖွဲ့က ၎င်းတို့ပြန်လည်ဆုတ်ခွာစဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ပြီး ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA