အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အဖွင့်မိန့်ခန်း၌ “အမေရိကန်၏ ဩဇာအာဏာ” သည် စစ်ပွဲအားလုံးကို ရပ်တန့်ပြီး ကမ္ဘာ့စည်းလုံးညီညွတ်မှုအသစ်ကို ဆောင်ကြဉ်း ပေးမည်ဟု ကတိပြု

News Image

  • အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အဖွင့်မိန့်ခန်း၌ “အမေရိကန်၏အာဏာ” သည် စစ်ပွဲအားလုံးကို ရပ်တန့်ပြီး ကမ္ဘာ့စည်းလုံးညီညွတ်မှုအသစ်ကို ဆောင်ကြဉ်း ပေးမည်ဟု ကတိပြု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အဖွင့်မိန့်ခန်း၌ “အမေရိကန်၏ ဩဇာအာဏာ” သည် စစ်ပွဲအားလုံးကို ရပ်တန့်ပြီး ကမ္ဘာ့စည်းလုံးညီညွတ်မှု အသစ်ကို ဆောင်ကြဉ်း ပေးမည်ဟု ကတိပြုခဲ့ပါသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ရာထူး စတင်သည့်နေ့တွင် “သမိုင်းဝင်” အမိန့်များ ဆက်တိုက်ထုတ်မည်ဟု ကြေညာခဲ့ပါသည်။

အဆိုပါ အဖွင့်မိန့်ခွန်း၌ မက္ကဆီကိုပင်လယ်ကွေ့ကို မကြာမီ Gulf of America ဟု အမည်ပြောင်းမည်ဟု သမ္မတဒေါ်နယ်ထရမ့် က ကြေညာခဲ့သည်။ ထို့နောက် ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရန် ရည်ရွယ် ထားကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြန်လည်ရရှိစေမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ကတိပြုထားပြီး အစိုးရ၏ ဆင်ဆာဖြတ်တောက်မှုကို အဆုံးသတ်ရန် အမှုဆောင်အမိန့်ကို ထုတ်ပြန်မည်ဟု ပြောကြားခဲ့ ပါသည်။

ယနေ့မှစ၍ အမေရိကန်ပြည်ထောင်စု၏ တရားဝင် မူဝါဒမှာ အမျိုးသားနှင့် အမျိုးသမီး ကျား-မ နှစ်မျိုးသာ အသိအမှတ်ပြုရန်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ ကျူးကျော်မှုကို ရပ်တန့်ရန် အမေရိကန် တောင်ပိုင်းနယ်စပ်သို့ တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း သမ္မတက ကြေညာ ခဲ့ပါသည်။ မူးယစ်ဂိုဏ်းများကို အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

အမေရိကန်စစ်တပ်သည် အမေရိကန်၏ ရန်သူများကို ချေမှုန်းရန် တစ်ခုတည်းသော ရည်မှန်းချက်အပေါ် အာရုံစိုက်မည်ဖြစ်ကြောင်း၊ “ကမ္ဘာတွင် မြင်ဖူးသမျှ အနက်အပြင်းထန်ဆုံးစစ်တပ်” ကိုလည်း တည်ဆောက် မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအောင်မြင်မှုကို ယခုတိုက်ပွဲများတွင် အောင်ပွဲများနှင့်သာမက ရှောင်ရှားခဲ့သော စစ်ပွဲများဖြင့်လည်း တိုင်းတာရမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပြီး ၎င်းသည် ငြိမ်းချမ်းရေးကို ဖန်တီးသူနှင့် စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်သူဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ အဖွင့် မိန့်ခွန်းပြောကြားရာ၌ ရုရှား သို့မဟုတ် ယူကရိန်းအရေးကိစ္စအကြောင်း ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိ ရပါသည်။ 

ကိုးကား - RIA Novosti