ထရမ့်က ရုရှား-ယူကရိန်း အစည်းအဝေးမှ အပြုသဘောဆောင်သော တိုးတက်မှုများရှိလာမည်ဟု မျှော်လင့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ (မေ ၁၅) တွင် အစ္စတန်ဘူလ်မြို့၌ ကျင်းပမည့် ရုရှား-ယူကရိန်းဆွေးနွေးပွဲမှ အပြုသဘောဆောင်သော တိုးတက်မှုများ ရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်က ယူကရိန်းပဋိပက္ခ စတင်ခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ဖက်တိုက်ရိုက်ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြသည်။
လွန်ခဲ့သော သီတင်းပတ်က ရုရှားသမ္မတ ပူတင်က ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းနိုင်မည့် ရေရှည်တည်တံ့သော အဖြေရှာရန် မော်စကိုနှင့် ကိယက်ဗ်အကြား တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် အဆိုပြုခဲ့သည်။ ယခင်က မော်စကိုနှင့် မည်သည့်ဆွေးနွေးပွဲမျှ မလုပ်ဆောင်ဟု ငြင်းဆိုခဲ့သည့် ယူကရိန်းခေါင်းဆောင် ဇီလန်စကီးကလည်း အစ္စတန်ဘူလ်သို့ သွားရောက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။
ဇီလန်စကီးက ပူတင်နှင့်သာ တိုက်ရိုက်တွေ့ဆုံဆွေးနွေးလိုသည်ဟု ပြောကြားခဲ့သော်လည်း ရုရှားသမ္မတဘက်မှ တူရကီသို့ သွားရောက်မည့် အစီအစဉ်အပေါ် မည်သည့်အချက်အလက်မျှ ဖော်ပြခြင်း မရှိသေးပေ။
ဗုဒ္ဓဟူးနေ့ (မေ ၁၄) တွင် Qatari Emir Sheikh Tamim bin Hamad Al-Thani နှင့် ဒိုဟာမြို့၌ တွေ့ဆုံစဉ် ထရမ့်က “ဒီနေ့၊ မနက်ဖြန်နှင့် သောကြာနေ့ (မေ ၁၅) မှာ အဲဒီကနေ သတင်းကောင်းတွေ ထွက်လာမည်ဟု မိမိထင်ပါသည်။ ဒါပေမယ့် စောင့်ကြည့်ရမည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂