အိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်

News Image

  • အိန္ဒိယနှင့်ပါကစ္စတန်တို့က သံတမန်များကိုအပြန်အလှန်နှင်ထုတ်

နယူးဒေလီ၊ သံတမန်ရေး

အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့က သံတမန်များကို အပြန်အလှန်နှင်ထုတ်လိုက်ကြောင်းသိရသည်။ နှင်ထုတ်ခံရသည့်သံတမန်များသည် သူလျှိုလုပ်ငန်း များကိုလုပ်ဆောင်သည်ဟူသော စွပ်စွဲချက်များဖြင့် နှင်ထုတ်ခံရခြင်းဖြစ်သည် ဟု နှစ်နိုင်ငံစလုံးမှတာဝန်ရှိသူများကပြောသည်။

အိန္ဒိယအစိုးရသည် နယူးဒေလီမြို့ရှိပါကစ္စတန်သံရုံးမှ တာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ကြောင်းနှင့် ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်သွားရန်လည်းတောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်ဟု အိန္ဒိယသတင်းဌာနတစ်ခုကဖော်ပြထားသည်။

အလားတူ ပါကစ္စတန်အစိုးရကလည်း အစ္စလာမ်မာဘတ်မြို့ရှိ အိန္ဒိယသံရုံးမှ အိန္ဒိယတာဝန်ရှိသူတစ်ဦးကို နှင်ထုတ်လိုက်ပြီး ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်သွားရန်တောင်းဆိုထားကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ နှင်ထုတ်ခံရသူများသည် သက်ဆိုင်ရာနိုင်ငံအတွက် မလိုလားအပ်သူများအဖြစ်လည်း ကြေညာခံလိုက်ရကြောင်းသိရသည်။

Ref: Xinhua

Source: Myawady Daily Newspaper