ယူကရိန်းနှင့်တိုက်ရိုက်ဆွေးနွေးရန် ရုရှားက အစ္စတန်ဘူသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်

News Image

  • dmitry peskov

ရုရှားအစိုးရက ယူကရိန်းနှင့်ပြုလုပ်မည့် တိုက်ရိုက်ဆွေးနွေးမှုအတွက် အစ္စတန်ဘူ မြို့သို့ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်သွားမည်ဖြစ်ကြောင်း၊ ယူကရိန်းဘက်က လည်း အလားတူလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ ကပြောသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့်တိုက်ရိုက်ဆွေးနွေးမှုကို မေလ ၁၅ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူ မြို့၌ပြန်လည်စတင်ရန် အဆိုပြုထား

သော်လည်း ယခုအချိန်အထိ ယူကရိန်း ဘက်က ဆွေးနွေးပွဲသို့ကိုယ်စားလှယ်ကို စေလွှတ်မှုရှိ၊ မရှိနှင့်ပတ်သက်၍ မည်သို့မျှ မထုတ်ပြန်ထားစဉ် ပက်စကော့ကယခု ကဲ့သို့ပြောလာခြင်းဖြစ်သည်။

ပူတင်၏ကမ်းလှမ်းမှုကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကကြိုဆိုထားပြီး ယူကရိန်းသမ္မတဇီလန်စကီးက ဆွေးနွေးမှုအတွက် အသင့်ရှိသည်ဟုပြောဆိုထား သော်လည်း ပူတင်နှင့်သာတိုက်ရိုက်ဆွေးနွေးလိုသည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

Ref: RT

Source: Myawady Daily Newspaper