ဖိလစ်ပိုင်နှင့်အမေရိကန်တို့ တောင်တရုတ်ပင်လယ်တွင် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်တွင် ပဥ္စမအကြိမ်မြောက် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။
ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်က Carl Vinson Carrier Strike Group၊ ပဲ့ထိန်းဒုံးကျည် နှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet လေယာဉ် နှစ်စင်းတို့ ပါဝင်ကြောင်း၊ ဖိလစ်ပိုင်ဘက်က Antonio Luna ဖရီးဂိတ်သင်္ဘော၊ Andres Bonifacio ကင်းလှည့်သင်္ဘော၊ FA-50 တိုက်လေယာဉ်နှစ်စင်းနှင့် လေတပ် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ကျက် ချထားခဲ့ကြောင်း သိရပါသည်။
ဖိလစ်ပိုင်နှင့်အမေရိကန်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို၂၀၂၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုလေ့ကျင့်မှုသည် ပဉ္စမအကြိမ်ဖြစ်ကာ ၂၀၂၅ ခုနှစ်အတွက်ပထမဆုံးလေ့ကျင့်မှုဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် ရေပိုင်နက်ဇုန်အတွင်း အရှည် ၁၆၅ မီတာရှည်သည့် သင်္ဘောအပါအဝင် တရုတ်ကမ်းခြေစောင့်သင်္ဘောများရှိနေခြင်းအပေါ် ဖိလစ်ပိုင်က တရုတ်နိုင်ငံအား တောင်းဆိုချက်အပြီးပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါသည်။
ကိုးကား-CNA
Photo: NAVAL News