အမေရိကန်နိုင်ငံ၌ တရားမဝင်နေထိုင်သည်ဟု သံသယရှိသူ ၁၀၀၀ ခန့်ဖမ်းဆီး
ဟူစတန် ဇန်နဝါရီ ၂၇
အမေရိကန်နိုင်ငံ၌ ဇန်နဝါရီ ၂၆ ရက် တစ်ရက်တည်းတွင် တရားမဝင်နေထိုင်သည်ဟု သံသယရှိသူ ၁၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စိုးမိုးရေး(အိုင်စီအီး)က လူမှုကွန်ရက်မီဒီယာ X တွင် ဇန်နဝါရီ ၂၆ ရက် ညကပြောကြားသည်။
အိုင်စီအီးသည် ဇန်နဝါရီ ၂၆ ရက်က ချီကာကို၊ ဒန်ဗာမှ ဒဲလစ်၊ ဖော့ဝါ့နှင့် အော်စတင်အပါအဝင် တက္ကဆက်အတွင်းရှိ မြို့ကြီးများကို ပစ်မှတ်ထားကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မြောက်တက္ကဆက်၌ လူ ၈၄ ဦးကို ဖမ်းဆီးကာ အိုင်စီအီးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း အိုင်စီအီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားသည်။
ထရမ့်၏ အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်ချိန် ပထမသီတင်းပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိုင်စီအီးက ဝင်ရောက်ဖမ်းဆီးမှုများကို လုပ်ဆာင်ခဲ့ရာ ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတစ်ဝန်းအကြမ်းအားဖြင့် လူပေါင်း ၁၃၀၀ ဖမ်းဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ခန့်အပ်ထားသည့် နယ်စပ်ဒေသတာဝန်ရှိသူ တွမ်ဟုမန်က ပြောကြားသည်။
Source: မြန်မာ့အလင်းသတင်းစာ