သမ္မတဗလာဒီမာပူတင်သည် Samara UAV သုတေသနနှင့်ထုတ်လုပ်ရေးစင်တာသို့သွားရောက်လည်ပတ်

News Image

  • သမ္မတဗလာဒီမာပူတင်သည် Samara UAV သုတေသနနှင့်ထုတ်လုပ်ရေးစင်တာသို့သွားရောက်လည်ပတ်ခဲ့

သမ္မတ ဗလာဒီမာပူတင်သည် UAV ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးကို ဆမာရာမြို့ရှိ UAV သုတေသနနှင့် ထုတ်လုပ်ရေးစင်တာ ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် သမ္မတ ဗလာဒီမာပူတင်က ၂၀၃၀ ပြည့်နှစ်တွင် ရုရှားသည် UAV ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထုတ်လုပ်ရေးနယ်ပယ်တွင် ကမ္ဘာလုံး ဆိုင်ရာ နည်းပညာခေါင်းဆောင်ဖြစ်လာရန်  ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အရပ်ဘက်မောင်းသူမဲ့လေယာဉ်များထုတ်လုပ်မှုသည် ၂၀၂၃ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၂.၅ ဆ တိုးလာခဲ့ပါကြောင်း၊ မောင်းသူမဲ့လေယာဉ် အမျိုးသားစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် UAV သုတေသနနှင့် ထုတ်လုပ်ရေးစင်တာ ၄၈ ခုကို ဖန်တီးထားပြီး ၎င်းတို့အနက်မှ ၁၅ ခုသည် လုပ်ငန်းလည်ပတ်နေပြီဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ စင်တာသည် Samara ဒေသ UAV ထုတ်လုပ်မှု၏ ကျောရိုးတစ်ခုဖြစ်ပြီး အဆိုပါစင်တာကို မောင်းသူမဲ့လေယာဉ်အမျိုးသားစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးထားပါသည်။

သမ္မတသည် ၎င်း၏ခရီးစဉ်အတွင်း UAV များကို မည်ကဲ့သို့တီထွင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် စမ်းသပ်ခြင်းများကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ကိုးကား - ကရင်မလင်