ရေအောက်စစ်ပွဲအတွက် အလားအလာရှိတဲ့ လင်းပိုင်နည်းပညာ
အနာဂတ်မှာ ရေအောက်စစ်ပွဲဆိုတာကလည်း အရေးပါတဲ့စစ်ပွဲတစ်ပွဲဖြစ်လာမှာ အမှန်ပါပဲ။ အထူးသဖြင့် နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောတွေရဲ့ ဆူညံမှုနည်းပါးခြင်းနဲ့ ရေအနက်ပိုင်းအထိကာလ ရှည်ကြာငုပ်လျှိုးနိုင်ခြင်းက နိုင်ငံတစ်ခုကို ကောင်းကောင်းကြီးခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ စစ်လက်နက်ပစ္စည်းများဖြစ်ပါတယ်။ ဒါကြောင့်ဒီလို မျိုးစွမ်းဆောင်နိုင်တဲ့ရေငုပ်သင်္ဘောတွေကို ချေမှုန်းနိုင်ဖို့ဆိုတာစိန်ခေါ်မှု တစ်ခုဖြစ်လာပါတယ်။ အခုဗြိတိန်နိုင်ငံက ရေငုပ် သင်္ဘောများကိုရှာဖွေချေမှုန်းနိုင်စေမယ့် နည်းပညာတစ်ခုကိုဖန်တီးလိုက်ပါတယ်။ အဲဒီနည်းပညာကိုတော့ လင်းပိုင်နည်းပညာလို့အမည်ပေးထားပါတယ်။
ဒီနည်းပညာက အဆင့်မြင့်မားလှတဲ့ AI နည်းပညာကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဒီနည်းပညာကို Helsing ဆိုတဲ့ ကုမ္ပဏီက ဖန်တီးတီထွင်ထားတာဖြစ်ပြီး အသံလှိုင်းအာရုံခံကိရိယာတွေကို မောင်းသူမဲ့ရေအောက်သွားယာဉ်မှာတပ်ဆင်ပြီး ရန်သူ့ရေငုပ်သင်္ဘောများကို ထောက်လှမ်းရှာဖွေသွားမှာဖြစ်ပါတယ်။
မောင်းသူမဲ့ရေအောက်သွားယာဉ်က ရန်သူ့ရေငုပ်သင်္ဘောရဲ့လှုပ်ရှားမှုကိုတွေ့ ရှိပြီဆိုတာနဲ့ ရေပေါ်ကိုတက်လာပြီးရရှိလာတဲ့အချက်အလက်တွေကို ရေတပ် စစ်သင်္ဘောဆီပေးပို့မှာဖြစ်ပါတယ်။ သူ့မှာ AI နည်းပညာပါဝင်တာဖြစ်တဲ့အတွက်အဲဒီရေငုပ်သင်္ဘောတွေက ပုံစံအားဖြင့်တူညီနေရင် တောင် မတူညီတဲ့အသံလှိုင်းများကိုခွဲခြမ်းစိတ်ဖြာခြင်းဖြင့် လူသားပညာရှင်များက ကျော်သွားနိုင်တဲ့အချက်အလက်တွေကို ထောက်ပြပြီး ဖော်ထုတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: IEK.H
Source: https://myawady.net.mm/