အနာဂတ်လေကြောင်းအရေးသာမှုအတွက် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အကြောင်း အမေရိကန် ထုတ်ပြော

News Image

  • အနာဂတ်လေကြောင်းအရေးသာမှုအတွက် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အကြောင်း အမေရိကန် ထုတ်ပြော

ဝါရှင်တန်၊ နည်းပညာ

အမေရိကန်နိုင်ငံက အနာဂတ်တွင်လေကြောင်းအရေးသာမှုအတွက် အရေးပါလာမည့် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်နှင့်ပတ်သက်သည့်အကြောင်းအရာများကို ထုတ်ပြန်ပြောဆို လာကြောင်းသိရသည်။

တရုတ်နိုင်ငံက ပြည်တွင်း၌ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်များဖြစ်သည့် Cheng-du J-36 နှင့် Shenyang J-50 လေယာဉ်များ၏ ရှေ့ပြေးပုံစံစမ်းသပ်မှုလုပ်ဆောင်ပြီးနောက် အမေရိကန်က ယခုမှ၎င်းတို့၏ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။

အမေရိကန်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဒေးဗစ်အယ်ဗင်းက    F-47    တိုက်လေယာဉ်နှင့် မောင်းသူမဲ့ ပူးတွဲတိုက်ပွဲဝင်လေယာဉ်များနှင့်ပတ်သက်သောရုပ်ပုံများကို ထုတ်ဖော်ပြသလာခြင်းဖြစ်သည်။ အဆို ပါလေယာဉ်များကို မျိုးဆက်သစ်ဝေဟင်  လွှမ်းမိုးမှုအစီအစဉ် အရ ထုတ်လုပ်နေခြင်း ဖြစ်သည်။

အဆိုပါ F-47 တိုက်လေယာဉ်၏တိုက် ပွဲဝင်နိုင်သည့်နယ်ပယ်ဧရိယာသည် မိုင် ပေါင်း ၁၁၅၁ မိုင်ပတ်လည်ရှိကာ ၎င်းကို တိုက်ပွဲဝင်နိုင်သည့်ဧရိယာမိုင်ပေါင်း ၆၉၈ မိုင်သာရှိသော F-22 Raptor များနေရာ ၌အစားထိုးသွားမည်ဖြစ်သည်။

ထို့ပြင် အဆိုပါတိုက်လေယာဉ်များနှင့် အတူပူးတွဲတိုက်ပွဲဝင်မည့်  မောင်းသူမဲ့လေယာဉ်များ၏ တိုက်ပွဲဝင်နိုင်သည့်ဧရိယာက မိုင်ပေါင်း  ၈၀၅  မိုင်အထိရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ F-47 နှင့် မောင်းသူမဲ့လေယာဉ်များသည် အင်ဒို-ပစိဖိတ်ဒေသအတွက်အရေးပါလာမည် ဖြစ်ကြောင်းသိရသည်။         

Ref: SCMP

Source: https://myawady.net.mm/