ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရန်ပုံငွေပြတ်တောက်မှုကြောင့် လုပ်ငန်းဆောင်ရွက်မှုများလျှော့ချထားရ

News Image

  • WHO

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ရန်ပုံ ငွေပြတ်တောက်မှုကြောင့် အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကိုလျှော့ချထားရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ညွှန် ကြားရေးမှူးချုပ်က မေလ ၁၄ ရက်တွင် ပြောထားသည်။


အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှနုတ်ထွက်ကာ ရန်ပုံ ငွေဖြတ်တောက်သွားပြီးနောက် လေးလ အကြာတွင် အဖွဲ့၏လုပ်ငန်းဆောင်ရွက် မှုများကို ထက်ဝက်အထိလျှော့ချထားရ ကြောင်း ၎င်းကရသုံးငွေစာရင်းကော်မတီ အစည်းအဝေးတွင် ပြောသည်။ 
 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလတွင် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် ပထမဆုံးနေ့မှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ကြောင်း ​ကြေညာခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ဥပဒေအရ နိုင်ငံအနေဖြင့် အဖွဲ့အစည်းတစ်ခုမှနုတ်ထွက်မည် ဆိုပါက တစ်နှစ်ကြိုတင်သတိပေးရမည်ဖြစ်ကြောင်းနှင့် ထိုတစ်နှစ်စာကုန်ကျ စရိတ်များကိုလည်း ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟုသိရသည်။ 

Ref: AGC

Source: Myawady Daily Newspaper