ကနေဒါအပေါ် အခွန်တိုးမြှင့်စည်းကြပ်မည့်ကိစ္စ တစ်လ ဆိုင်းငံ့မည်ဟု ထရမ့် ပြောကြား

News Image

  • ကနေဒါအပေါ် အခွန်တိုးမြှင့်စည်းကြပ်မည့်ကိစ္စ တစ်လ ဆိုင်းငံ့မည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကို သမ္မတ   Claudia Sheinbaum နှင့် ဆွေးနွေးပြီးနောက် ဖေဖော်ဝါရီ ၄ ရက် သန်းခေါင်ချိန်မှစ၍ အကျိုးသက် ရောက်မည့် မက္ကဆီကိုအပေါ် သတ်မှတ်ထားသည့် ၂၅% အခွန်ကို တစ်လကြာ ခေတ္တရပ်ဆိုင်းရန် သဘောတူညီခဲ့သည်။ 

အဆိုပါသဘောတူညီချက်အရ မက္ကဆီကိုသည် အမေရိကန် နယ်စပ်သို့ စစ်သား ၁၀,၀၀၀ ဦးကို ချထားမည်ဖြစ်ပြီး၊ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနှင့် တရားမဝင် ဝင်ရောက်မှုကို တားဆီးရန် ရည်ရွယ်သည်။

ထို့အပြင် ထရမ့်သမ္မတသည် ယနေ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau နှင့် ဆက်သွယ်မည်ဖြစ်ပြီး၊ ကနေဒါအပေါ် အခွန်သတ်မှတ်မှုများအပေါ် ဆွေးနွေးမည် ဖြစ်သည်။ 

ထရမ့်သမ္မတက ဖေဖော်ဝါရီ ၂ ရက်က မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံများအပေါ် အခွန်သစ်များ သတ်မှတ်ခဲ့ပြီး၊ အဆိုပါနိုင်ငံသုံးနိုင်ငံ၏ ခေါင်းဆောင် များကလည်း ပြန်လည်အရေးယူမည်ဖြစ်ကြောင်း တုန့်ပြန်ကြေညာခဲ့ကြသည်။ 

ထို့အပြင် ကနေဒါသည် အမေရိကန် ကုန်ပစ္စည်းများ အပေါ် ၂၅% အခွန်သတ်မှတ်ခဲ့ပြီး အမေရိကန် ကုမ္ပဏီများကို အစိုးရစာချုပ်များမှ ပယ်ဖျက်ခြင်း၊ အီလွန်မတ်စ်၏ Starlink နှင့် သဘောတူညီချက်ကို ဖျက်သိမ်းခြင်း စသည့် အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။ ထရမ့် သမ္မတ၏ အခွန်သတ်မှတ်မှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဈေးကွက်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်နေသည်။

ကိုးကား- CNN

Photo: DD News