အမေရိကန်မှ တင်သွင်းသည့် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ရည်တို့အပေါ် တရုတ်က ၁၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် ကောက်ခံမည်

News Image

  • အမေရိကန်မှ တင်သွင်းသည့် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ရည်တို့အပေါ် တရုတ်က ၁၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် ကောက်ခံမည်

အမေရိကန်ပြည်ထောင်စုမှ တင်သွင်းလာသည့် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ရည်တို့အပေါ် တရုတ်နိုင်ငံက အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ဖေဖော်ဝါရီ လ ၄ ရက်တွင် ကြေညာလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အဆိုပါတုံ့ပြန်မှုသည် အမေရိကန်အစိုးရက တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်အားလုံးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု စတင်အသက်ဝင်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်မှ တင်သွင်းလာသည့် ရေနံစိမ်း၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများနှင့် မော်တော်ယာဉ်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

အလားတူပင် တရုတ်အစိုးရသည် နိုင်ငံ၏လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် တန်စတင်၊   တယ်လူရီယံ၊ ဘစ်မက်၊ မိုလစ်ဒီနမ်နှင့် အင်ဒီယံ စသည့် ဓာတုဒြပ်စင်များ ပါဝင်သည့်  ပို့ကုန်များအတွက် လိုင်စင်စနစ်ကိုလည်း စတင်ခဲ့သည်။ အဆိုပါဒြပ်စင်များသည် အဆင့်မြင့်ကုန်ထုတ်လုပ်မှုတွင် မရှိမဖြစ်လိုအပ်သည့် အရာများဖြစ်ကြောင်း သိရသည်။

ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရန်  ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Source: Myawady Web Portal