အမေရိကန်အစိုးရပိုင်မီဒီယာများကို ဖျက်သိမ်းရန် အီလွန်မက်စ် တောင်းဆို

News Image

  • အမေရိကန်အစိုးရပိုင်မီဒီယာများကို ဖျက်သိမ်းရန် အီလွန်မက်စ် တောင်းဆို

အမေရိကန်အစိုးရ၏ ဝါဒဖြန့်ချိရေး ယန္တရားများဖြစ်သည့် VOA (အမေရိက အသံ) ၊ RFE (ဥရောပအခမဲ့ ရေဒီယို) တို့ကို ဖျက်သိမ်းရန်အတွက် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE)၏ အကြီးအကဲ ဖြစ်သူ အီလွန်မက်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က တောင်းဆိုလိုက်ကြောင်း သိရပါသည်။ မက်စ်က ၎င်းဌာနများသည် အမေရိကန် ပြည်သူများ၏ အခွန်ဘဏ္ဍာငွေများကို ဖြုန်းတီးနေကြသည့် ဌာနများ ဖြစ်သည်ဟု ဆိုသည်။ 

RFE/ RL ဌာနကို ဥရောပတွင် အမေရိကန်လိုလားသောအုပ်စုများ တည်ထောင်ရန်နှင့် ဆိုဗီယက်ဆန့်ကျင်ရေးဝါဒဖြန့်ရန် ၁၉၅၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး CIA ကဦးစီးကာ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Voice of America (VOA) အား နာဇီဝါဒကို တန်ပြန်ရန် ၁၉၄၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ဆိုဗီယက်ယူနီယံကို တန်ပြန်ရန်အတွက် ရည်ရွယ်ချက်ပြောင်းခဲ့ပါသည်။ ၎င်းကို အမေရိကန် ကွန်ဂရက်၏ ရန်ပုံငွေအောက်တွင် ဆက်လက်ရရှိထားပြီး စီမံခန့်ခွဲမှုကို အမေရိကန်အစိုးရမှ တိုက်ရိုက်ထိန်းချုပ်ထားပါသည်။ VOA နှင့် RFE/RL နှစ်ခုလုံးကို ကြီးကြပ်သည့် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်မီဒီယာ (USAGM) သည် အမေရိကတွင် ပြည်ထောင်စုအဆင့်ရှိသည့် အေဂျင်စီတစ်ခုဖြစ်ပါသည်။   

ကိုးကား-Myanmar National Post