တောင်ကိုရီးယားနိုင်ငံ၌ ရေနံသိုလှောင်ကန် ပေါက်ကွဲမှုဖြစ်ပွား

News Image

  • တောင်ကိုရီးယားနိုင်ငံ၌ ရေနံသိုလှောင်ကန် ပေါက်ကွဲမှုဖြစ်ပွား

ဆိုးလ်  ဖေဖော်ဝါရီ ၁၀

တောင်ကိုရီးယားနိုင်ငံ၌ ရေနံသိုလှောင်ကန် ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ယနေ့ ဆင်ဟွာသတင်းအရ သိရသည်။

ဆိုးလ်မြို့တော် အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ အူဆန်ရှိ စက်ရုံတွင် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာတွင် အသက် ၃၀ အရွယ် အလုပ်သမားနှစ်ဦးအနက် တစ်ဦးမှာ သတိလစ်မေ့မြောနေသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ကျန်တစ်ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ ကနဦး စုံစမ်းစစ်ဆေးမှုများအရ အလုပ်သမားများသည် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ရေနံသိုလှောင်ကန်အတွင်းပိုင်းရှိ ရေနံဓာတုပစ္စည်းအဆင့်ကိုအကဲဖြတ်ရန် ရေနံသိုလှောင်ကန်၏ အပေါ်ဘက်ရှိ အပေါက်တစ်ခုကို ဖွင့်လှစ်ဆောင်ရွက်နေကြောင်းသိရသည်။

Source: ကြေးမုံသတင်းစာ