အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နျူကလီးယား စက်ရုံအမြောက်အမြား တည်ထောင်မည်ဟု အီရန်ကြေညာ

News Image

  • အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နျူကလီးယား စက်ရုံအမြောက်အမြား တည်ထောင်မည်ဟု အီရန်ကြေညာ

တီဟီရန်၊ နျူကလီးယားနည်းပညာ

အီရန်နိုင်ငံအား အစ္စရေး သို့မဟုတ်အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နိုင်ငံအတွင်း၌   နျူကလီးယားစက်ရုံအမြောက်အမြားကို တည်ထောင်မည်ဖြစ်ကြောင်း အီရန်အစိုးရက ဖေဖော်ဝါရီလ ၁၃  ရက်တွင် ကြေညာသည်။

အစ္စရေးနိုင်ငံသည် နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများအား တိုက်ခိုက်ရန် ခြိမ်းခြောက်လျက်ရှိပြီး ၎င်းတို့အနေဖြင့် စက်ရုံများကို တိုက်ခိုက်နိုင်သော်လည်း စက်ရုံတည်ဆောက်သည့် အသိဉာဏ်ကို ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း အီရန်သမ္မတ    မာဆွတ်ပယ်ဇက်ခီးယမ်းက  ပြောကြားသည်။

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံရှိ  နျူကလီးယားစက်ရုံများအပေါ် အကြီစားတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည့် အလားအလာကို ရှာဖွေဖော်ထုတ်လျက်ရှိသည်ဟူသော အမေရိကန်၏ ကောက်ချက်ချမှုကို ကိုးကား၍ Wall Street Journal က ဖေဖော်ဝါရီလ  ၁၂   ရက်တွင် ဖော်ပြခဲ့ပြီးနောက် အီရန်၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်ရာတွင် အစ္စရေးနိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှထောက်ခံမှုကို မျှော်လင့်လျက်ရှိကြောင်းWall Street Journal ကဆက်လက်ဖော်ပြထားကြောင်းသိရသည်။  

Ref: Ivt

Source:Myawady Web Portal