Turkstream ပိုက်လိုင်းမှတစ်ဆင့် ဆလိုဗက်ကီးယားသို့ ဓာတ်ငွေ့တင်သွင်းမှု ပြန်လည်စတင်
Slovakia သည် Turkstream ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်သွင်းမှု ပြန်လည်စတင်နိုင်ခဲ့ပြီး Kiev ၏ Gazprom နှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီးနောက် အကျပ်အတည်းကြုံတွေ့ခဲ့ရသော ဓာတ်ငွေ့ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Robert Fico က ပြောကြားခဲ့သည်။
Kiev ၏ သက်တမ်းတိုးရန်ငြင်းဆန်ခဲ့ခြင်းကြောင့် Slovakia နှင့် EU နိုင်ငံ အချို့အတွက် အစားထိုးထောက်ပံ့ရေးလမ်းကြောင်းရှာဖွေရန် တွန်းအားဖြစ်ပေါ်ခဲ့ရပြီး ပင်လယ်နက်အောက်ရှိ Turkstream ပိုက်လိုင်းသည် မော်စကိုမှ ဥရောပတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ ဓာတ်ငွေ့တင်ပို့သည့် အဓိကလမ်းကြောင်းဖြစ်လာခဲ့သည်။
Slovakia နိုင်ငံပိုင် ဓာတ်ငွေ့တင်သွင်းသည့် ကုမ္ပဏီ SPP က ဖေဖော်ဝါရီ ၁ ရက်တွင် TurkStream မှတစ်ဆင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုကို စတင်ခဲ့ပြီး ဧပြီလတွင်တင်သွင်းမှုပမာဏ နှစ်ဆတိုးရန် စီစဉ်ထားကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နှင့် စာချုပ်ချုပ်ဆိုထားသည့် Slovakia သည် ၎င်း၏စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နှစ်စဉ် ဓာတ်ငွေ့ ကုဗမီတာ ၄ ဘီလီယံမှ ၅ ဘီလီယံ (bcm) ကြား လိုအပ်ကြောင်း သိရှိရပါသည်။
ကိုးကား-RT