ဝက်သားရေဖိနပ်ထုတ်လုပ်ခြင်းအတွက် တူရကီက Adidas ကို ကန် ဒေါ်လာ ၁၅,၀၀၀ ကျော် ဒဏ်ရိုက်

News Image

  • ဝက်သားရေဖိနပ်ထုတ်လုပ်ခြင်းအတွက် တူရကီက Adidas ကို ကန် ဒေါ်လာ ၁၅,၀၀၀ ကျော် ဒဏ်ရိုက်

Adidas မှထုတ်လုပ်သောဖိနပ်များတွင် ဝက်သားရေ ပါဝင်နေခြင်းကို သုံးစွဲသူများအပေါ်အသိပေးရန် ပျက်ကွက်ခဲ့ခြင်းအတွက် တူရကီနိုင်ငံက ဂျာမနီအားကစားပစ္စည်းကုမ္ပဏီကြီး Adidas ကို ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁၅,၀၀၀ ချမှတ်ခဲ့ပါသည်။

မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်သည့် တူရကီနိုင်ငံ၏ ကြော်ငြာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က Adidas ၏ မကြာသေးခင်ကာလတွင် ကမ်ဒယ်လ်ဂျန်နာ၊ ဘဲလ်လာဟက်ဒစ်တို့ကဲ့သို့ အကျော်အမော် မော်ဒယ်လ်များနှင့် ကြော်ငြာခဲ့သည့် Samba OG ဖိနပ်များသည် ဝက်သားရေဖြင့်စီမံထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုပါသည်။

ထို့အတွက်ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်သည့် စီရင်ချက်တစ်ခု၌ Adidas အနေဖြင့် ကြော်ငြာ၊ ထုတ်ကုန်ဖော်ပြချက်များတွင် လူ့အဖွဲ့အစည်း အများစု၏ဘာသာရေးဆိုင်ရာ အယူအဆ စိတ်ခံစားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်သောပစ္စည်းအသုံးပြုမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည်ဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့ပြီး ဒဏ်ငွေ ၅၅၀,၀၅၉ လီရာ (စင်ကာပူဒေါ်လာ ၂၀,၄၁၅) ဒဏ်ငွေ ချမှတ်ခဲ့ပါသည်။

Adidas အနေဖြင့် ဒဏ်ကြေးနှင့်ပတ်သက်၍ မှတ်ချက်မပေးသေးသော်လည်း ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ဖိနပ်များ၏ Specification ကို ပြန်လည် မွန်းမံမှုလုပ်ခဲ့ကြောင်း ပြောကြားထားပါသည်။

ကိုးကား-NP News