“ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့၏ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြူးနစ်လုံခြုံရေးညီလာခံ၌ ရုရှား-ယူကရိန်း ပဋိပက္ခအဖြေရှာရေး ဆွေးနွေးမှုများ ပြုလုပ်

News Image

  • “ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့၏ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြူးနစ်လုံခြုံရေးညီလာခံ၌ ရုရှား-ယူကရိန်း ပဋိပက္ခအဖြေရှာရေး ဆွေးနွေးမှုများ ပြုလုပ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မြူးနစ်လုံခြုံရေးညီလာခံ၏ ဘေးဘက်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၌ ရုရှား၊ ယူကရိန်းနှင့် အမေရိကန်မှ အဆင့်မြင့် တာဝန်ရှိသူများ ပါဝင်သည့် အစည်းအဝေး တစ်ရပ် ကျင်းပမည်ဟု ပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်ကတည်းက ရုရှားအရာရှိများသည် အဆိုပါညီလာခံသို့ တက်ရောက်လာခြင်းမရှိကြောင်း သိရှိရပါသည်။ အမေရိကန်၊ ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များသည် ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခ ဖြေရှင်းရေးကိစ္စရပ်များကို မြူးနစ်ညီလာခံ၏ဘေးဘက်၌ ဆွေးနွေးမည်ဟု သမ္မတဒေါ်နယ်ထရမ့် က ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ 

အမေရိကန်သမ္မတက “ရုရှားက မိမိတို့နှင့်အတူ ပါဝင်မည်၊ ယူကရိန်း ကိုလည်း ဖိတ်ကြားထားသည်” ဟု ဖြည့်စွက်ပြောဆိုသော်လည်း မည်သူတို့ တက်ရောက်မည်ကို ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ ဒေါ်နယ်ထရမ့်က “နိုင်ငံတစ်နိုင်ငံဆီမှ မည်သူတို့ ပါဝင်မည်ကို အတိအကျ မသိရသေးသော်လည်း ရုရှား၊ ယူကရိန်းနှင့် အမေရိကန်မှ အဆင့်မြင့် အရာရှိများ တက်ရောက်လိမ့်မည်” ဟု ပြောကြားခဲ့ပါသည်။ 

ညီလာခံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန် ဒုတိယသမ္မတ ဂျေ.ဒီ. ဗန့်စ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို ရူဘီယိုတို့သည် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံကာ ထရမ့်၏ ရုရှား-ယူကရိန်း စေ့စပ်ညှိနှိုင်းရေး တောင်းဆိုချက်များကို ဆွေးနွေးမည်ဟု ယူရိုနယူး သတင်းဌာနက ဖော်ပြခဲ့ပါသည်။ 

ရုရှား၏ မြူးနစ်ညီလာခံတွင် ပါဝင်မှုအပေါ် တရားဝင်ထုတ်ပြန်ချက် မရှိသေးကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်မှစ၍ ရုရှားအစိုးရ အဖွဲ့ဝင် များသည် အဆိုပါညီလာခံသို့ တတ်ရောက်ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား - RBK