ထရမ့်၏ “ဂါဇာကိုထိန်းချုပ်သွားမည်”ဟူသည့် ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသ ပြန်လည် တည်ဆောက်ရေးအစီအစဉ်ကို အီဂျစ်က ဖော်ဆောင်လျက်ရှိခြင်း

News Image

  • ထရမ့်၏ “ဂါဇာကိုထိန်းချုပ်သွားမည်”ဟူသည့် ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသ ပြန်လည် တည်ဆောက်ရေးအစီအစဉ်ကို အီဂျစ်က ဖော်ဆောင်လျက်ရှိခြင်း

အီဂျစ်အစိုးရသည် ဂါဇာကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်တစ်ရပ်ကို ရေးဆွဲလျက်ရှိပြီး ထိုသို့ ပြန်လည်တည်ဆောက်ရာတွင် ဂါဇာမှ ပါလက်စတိုင်းလူမျိုးများကို ဖယ်ရှားခြင်းမပြုဘဲ ဆောင်ရွက်ရန် ရည်ရွယ် ထားသည်။ အဆိုပါ အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ “ဂါဇာနယ်မြေကို ထိန်းချုပ်ပြီး ပါလက်စတိုင်းများကို ဖယ်ရှားပစ်မည်”ဟူသည့်  ပြောဆိုချက်ကို တုံ့ပြန်ရန်ရည်ရွယ်သည့် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်သည်။

မိမိတို့အနေဖြင့် ဂါဇာ ပြန်လည်ထူထောင်ရေးကို မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက် ပြီးပြည့်စုံပြီး အဆင့်လိုက်သတ်မှတ်ထားသည့် အစီအစဉ်တစ်ရပ်ကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး Badr Abdelatty ၏ ပြောကြားချက်ကို အီဂျစ်အစိုးရပိုင် သတင်းစာဖြစ်သည့် Al-Ahram က ၁၇-၂-၂၀၂၅ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ပါသည်။

ကိုးကား- ALJAZEERA 

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)