ဒူဘိုင်းအိမ်ရှေ့မင်းသားက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa အဆောက်အအုံပေါ်မှ လေထီးဖြင့်ခုန်ချပြ

News Image

  • ဒူဘိုင်းအိမ်ရှေ့မင်းသားက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa အဆောက်အအုံပေါ်မှ လေထီးဖြင့်ခုန်ချပြ

အာရပ်စော်ဘွားများပြည်ထောင်စု၏    ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဒူဘိုင်းအိမ်ရှေ့မင်းသားသည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံပေါ်မှ လေထီးဖြင့်ခုန်ချပြခဲ့ကြောင်း သိရသည်။

ဒူဘိုင်းအိမ်ရှေ့မင်းသား ရှိတ်ဟမ်ဒန်ဘင်မိုဟာမက်ဘင် ရာရှစ်အယ်မက်တွန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် Burj Khalifa ပေါ်မှ လေထီးဖြင့်ခုန်ချပြသည့် ဗီဒီယိုပြကွက်ကို   ၎င်း၏ ဆိုရှယ်မီဒီယာဝက်ဆိုက်တွင် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဖော်ပြထားသည်။

အိမ်ရှေ့မင်းသားသည်     Burj Khalifa ပေါ်မှ လေထီးဖြင့် ခုန်ချရာတွင်  ကမ္ဘာ့နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အားကစားသမား ၃၁ ဦးနှင့်အတူခုန်ချခဲ့ခြင်း ဖြစ်သည်။

ထိုသို့ခုန်ချရာတွင် အဆိုပါ အဆောက်အအုံ၏ ၁၃၉ မြောက်အထပ်မှ အထက် ၆ မီတာအကွာတွင် ဖန်တီးထားသည့် ခုန်ချရန် စီစဉ်ထားသော    စင်မြင့်ပေါ်မှ ခုန်ချခြင်းဖြစ်ကြောင်း သိရသည်။

ရှိတ်ဟမ်ဒန်ဘင်မိုဟာမက်ဘင်    ရာရှစ်အယ်မက်တွန်း ဖော်ပြခဲ့သည့် ဗီဒီယိုပြကွက်အား လူ ၅ သန်းနီးပါး ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း  ဖော်ပြချက်အရသိရသည်။                                               

Ref: Ivt

Source: Myawady Web Portal