AI နည်းပညာများပါဝင်သော iPhone အသစ်တစ်မျိုးကို Apple ကုမ္ပဏီ မိတ်ဆက်
Apple ကုမ္ပဏီသည် AI နည်းပညာများပါဝင်၍ Flagship ဖုန်းအမျိုးအစားထက် စျေးနှုန်းချိုသာသည့် iPhone အသစ်တစ်မျိုးကို မိတ်ဆက်လိုက်သည်။
iPhone 16e ကို iPhone 16 ၏ Processor နှင့် Storage အတိုင်း ထုတ်လုပ်ထားပြီး ကင်မရာအရေအတွက်နှင့် အခြား Specification အနည်းငယ်သာ လျှော့ချထားကြောင်း Apple က ပြောကြားထားသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် iPhone ရောင်းအားများ ကျဆင်းခဲ့ပြီး သုံးစွဲသူများ အကြိုက်တွေ့စေမည့် ထုတ်ကုန်အသစ်များ ထုတ်လုပ်နိုင်ရန် Apple အနေဖြင့် ကြိုးစား ရုန်းကန်နေရသည်။
အဆိုပါဖုန်းတွင် AI နည်းပညာထည့်သွင်း၍ စျေးနှုန်းချိုသာစွာဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချခြင်းဖြင့် ရောင်းအားကျသည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု Apple က မျှော်လင့်ထားသော်လည်း ထိုသို့ဆောင်ရွက်ခြင်းက ရောင်းအားကို မည်မျှတိုးတက်စေမည်ကို လေ့လာသူများက စောင့်ကြည့်နေကြသည်။
iPhone 16e ဆိုသည်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ထွက်ရှိခဲ့သော စျေးနှုန်းချိုသာသည့် iPhone SE series ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ Apple ၏ပြောကြားချက်အရ iPhone 16e ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ နိုင်ငံပေါင်း ၅၉ နိုင်ငံ၌ Pre Order စတင်မှာယူနိုင်မည်ဖြစ်သည်။
ကိုးကား-BBC