Toyota အနာဂတ်မြို့တည်‌ဆောက်မှု ပထမအဆင့် ပြီးမြောက်

News Image

  • Toyota အနာဂတ်မြို့တည်‌ဆောက်မှု ပထမအဆင့် ပြီးမြောက်

Toyota Motor သည် တိုကျိုအနောက်တောင်ဘက်၌ မြို့ပြလူနေမှုဘဝနှင့် နည်းပညာအသစ်များ ပေါင်းစပ်ဖန်တီးထားသည့် အနာဂတ်မြို့ တည်ဆောက်မှု ပထမအဆင့် ဆောက်လုပ်မှုလုပ်ငန်းများပြီးမြောက်ခဲ့ပြီး အကျယ်အဝန်း ၁၇၅ ဧက ခန့်ရှိမည့် ပထမအဆင့်တည်ဆောက်ရေး ပြီးမြောက်မှုနှင့် ပတ်သက်၍ Toyota က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြသခဲ့ပါသည်။

Toyota သည် “Woven City” ဟု အမည်ပေးထားသည့် စီမံကိန်းအတွက် ၂၀၂၁ ခုနှစ်တွင် Shizuoka ခရိုင် Susono မြို့၌ လုပ်ငန်းစတင်ခဲ့ပါသည်။

အဆိုပါ မြို့ပြဧရိယာသည် နေထိုင်သူများအတွက် ရွေ့လျားသွားလာမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုးကိုပြသမည်ဖြစ်သည်ဟု Toyota က ရှင်းလင်း ပြသခဲ့ပြီး အလိုအလျောက်မောင်းနှင်နိုင်သောယာဉ်များအတွက် သီးသန့် လမ်း၊ အခြားသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့်လမ်းနှင့် လူသွားလမ်းများ ပါရှိမည် ဖြစ်ပါသည်။

သယ်ယူပို့ဆောင်ရေးယန္တရားအမျိုးမျိုး၌ ဘေးကင်းလုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်သည်ဟု Toyota က ပြောပါသည်။

အဆိုပါမြို့တွင် အိမ်တိုင်ရာရောက် ပစ္စည်းပို့သည့်ဝန်ဆောင်မှုနှင့် အမှိုက်သိမ်းယူမှုအတွက် မြေအောက်လမ်းတစ်ခု ထားရှိမည်ဖြစ်ပြီး အဆင့်မြင့်ဒီဂျစ်တယ်နည်းပညာများနှင့် အလိုအလျောက် လှုပ်ရှားသွားလာနိုင်သည့် စက်ရုပ်များကိုလည်း စမ်းသပ်မည်ဖြစ်သည်။

ကုမ္ပဏီအရာရှိများနှင့် ၎င်းတို့မိသားစုများအပါအဝင် လူ ၃၆၀ ခန့်သည် ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် အဆိုပါမြို့ကို စတင်ရွှေ့ပြောင်းမည် ဖြစ်သည်ဟု Toyota က ဆိုထားကာ နောက်ပိုင်း၌ လူ ၂,၀၀၀ ခန့် နေထိုင်နိုင်မည် ဖြစ်ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂