မျှတသည့် အမေရိကန် ရပ်တည်ချက်ကို ကြိုဆိုကြောင်း ကရင်မလင် ပြောကြား

News Image

  • မျှတသည့် အမေရိကန် ရပ်တည်ချက်ကို ကြိုဆိုကြောင်း ကရင်မလင် ပြောကြား

အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပဋိပက္ခဖြေရှင်းရန် စစ်မှန်သောဆန္ဒဖြင့် ယူကရိန်းအပေါ် ပိုမိုမျှတသော ရပ်တည်ချက်ကို ပြသနေကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းပဋိပက္ခဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုတွေကို သိသိသာသာ အထောက်အကူဖြစ်စေပြီး ပိုမိုမျှတမှုရှိသော ရပ်တည်ချက်တစ်ခုကို လက်ခံကျင့်သုံးနေတာကို မိမိတို့ သတိပြုမိပါကြောင်း၊ အဆိုပါတိုးတက်မှုကို ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ မျှတသည့် ချဉ်းကပ်မှုမှာ ပြေလည်မှုရရှိရေးအတွက် ရိုးသား ပွင့်လင်း‌သော ကတိကဝတ်ကို ညွှန်ပြနေတယ်လို့ ယုံကြည်ပါကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ 

ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး အမေရိကန်၏ ဆုံးဖြတ်ချက်အဆိုကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ပြီး အဆိုပြုချက် မူရင်းအတိုင်း လက်ခံလိုက်ပါသည်။ ဥရောပနိုင်ငံများက အဆိုပြုထားသည့် ရုရှားဆန့်ကျင်ရေးပြင်ဆင်ချက်များနှင့် ရုရှားက တင်သွင်းသော ယူကရိန်းအရေးနှင့်ပတ်သက်၍ ပြောင်းလဲမှုအဆိုတို့ကို လုံခြုံရေးကောင်စီက ပယ်ချလိုက်ပါသည်။ ပြင်ဆင်ချက်အားလုံးကို အမေရိကန်က မဲမပေးဘဲ နေခဲ့ပါသည်။ 

ကိုးကား- ကရင်မလင်

Photo: The Guardian

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃