ရုရှား အထီးကျန်စေရေး မဟာဗျူဟာ ကျရှုံးပြီဖြစ်ကြောင်း ဥရောပ ဝန်ခံ

News Image

  • ရုရှား အထီးကျန်စေရေး မဟာဗျူဟာ ကျရှုံးပြီဖြစ်ကြောင်း ဥရောပ ဝန်ခံ

ရုရှားနိုင်ငံအား နိုင်ငံတကာအလယ်တွင် အထီးကျန်စေရေး ဥရောပ၏ လုပ်ဆောင်ချက်မှာ ကျရှုံးခဲ့ရကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံ ခေါင်းဆောင်များ ဗီဒီယိုမှတစ်ဆင့် ပြုလုပ်သော အစည်းအဝေးအပြီး တွင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဗန်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြလိုက်ပါသည်။

တတိယကမ္ဘာစစ် ခြိမ်းခြောက်မှု လျှော့ချနိုင်ရေး တစ်ခုတည်းသော နည်းလမ်းမှာ ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ စေ့စပ်ညှိနှိုင်းနိုင်မှသာ အောင်မြင်မည်ဖြစ်ကာ လက်ရှိ ကျင့်သုံးနေသော ရုရှားအား နိုင်ငံတကာ အလယ် အထီးကျန်စေရေး ပြုလုပ်နေသည့် ဥရောပ၏ မဟာဗျူဟာမှာ ကျရှုံးသွားပြီ ဖြစ်သည်ကို ယခုအစည်းအဝေးတွင် အတည်ပြုခဲ့ကြကြောင်း၊ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်တိုက်ရန် မဟုတ်ဘဲ သံတမန်နည်းလမ်းဖြင့်သာ အဖြေရှာနိုင်မည်ကို အတည်ပြုခဲ့ကြကြောင်း၊ ထို့ပြင် ယူကရိန်းအနေဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်ရခြင်းမှာ မည်သည့် လုံခြုံရေးအာမခံချက်မှ မရသလို အကျိုးမရှိ အန္တရာယ်လည်း များပါကြောင်း အော်ဗန်က ဆိုထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃