ယူကရိန်းပဋိပက္ခ ပြေလည်စေရေး အချိန်ယူရမည်ဖြစ်ကြောင်း အမေရိကန် နားလည်ထားဟုဆို

News Image

  • ယူကရိန်းပဋိပက္ခ ပြေလည်စေရေး အချိန်ယူရမည်ဖြစ်ကြောင်း အမေရိကန် နားလည်ထားဟုဆို

ယူကရိန်းပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးသည် အလွယ်တကူပြီးစီးနိုင်သည့် ကိစ္စမဟုတ်ကြောင်း၊ အချိန်ယူရမည့်ကိစ္စတစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက နားလည်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ကျင့်ဝတ်ရေးရာ အကြံပေးအကြီးအကဲ မိုနီကာခရော်လီကပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်တွင် လုပ်ဆောင်ခဲ့သော တွေ့ဆုံဆွေးနွေးမှုသည် အလွန်ပင် အပြုသဘောဆောင်သည့်  ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း၊ အလားတူ မကြာသေးမီက လုပ်ဆောင်ခဲ့သည့် ထရမ့်နှင့်ယူကရိန်း သမ္မတဇီလန်စကီအပြင် ဥရောပမှ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ကြီးမားသည့်  အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း       မိုနီကာခရော်လီက ဆက်ပြောသည်။

အလားတူ လက်ရှိအခြေအနေ၌ ပါဝင်နေသော အဖွဲ့များအားလုံးသည် ငြိမ်းချမ်း ရေးရရှိရေးအတွက် စိတ်အားထက်သန်နေ သည်ဟု  ယူဆထားကြောင်း၊ သို့သော် ယူကရိန်းပဋိပက္ခ ပြေလည်စေရေးသည် တစ်ညတည်းနှင့် အပြီးသတ်နိုင်သည့် ကိစ္စတစ်ခုမဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးသည် လုပ်ငန်းစဉ်တစ်ခုသာဖြစ်ကြောင်း မိုနီကာ ခရော်လီက ပြောထားသည်။

ယူကရိန်းပဋိပက္ခပြေလည်ရေးနှင့် ပတ်သက်၍ ထရမ့်၊ ပူတင်၊ ဇီလန်စကီတို့ကြား သုံးပွင့်ဆိုင်အစည်းအဝေး မလုပ်ဆောင်မီ ပူတင်နှင့်ဇီလန်စကီတို့အနေဖြင့်  မျက်နှာချင်းဆိုင် ဆွေးနွေးမှုကို ဦးစွာလုပ်ဆောင်သင့်ကြောင်း ထရမ့်က ဩဂုတ်လ ၁၉ ရက်တွင် ပြောထားသည်ဟု သိရသည်။

MWD