ကမ္ဘာ့အရှည်ကြာဆုံး အိမ်ထောင်သက်ရှိသည့် ဘရာဇီးလ်စုံတွဲ

News Image

  • ကမ္ဘာ့အရှည်ကြာဆုံး အိမ်ထောင်သက်ရှိသည့် ဘရာဇီးလ်စုံတွဲ

၁၉၄၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့သော ဘရာဇီးလ်စုံတွဲတစ်တွဲသည် (၈၄) နှစ်နှင့် (၇၇) ရက် ကြာ လက်ထပ်ပေါင်းသင်းနေထိုင်မှုကို အောင်ပွဲခံ ကျင်းပခဲ့ပြီးနောက် အသက်ရှင်လျက်ရှိသော အရှည်ကြာဆုံး အိမ်ထောင်သက် ရှိသည့်စုံတွဲအဖြစ် ကမ္ဘာ့ဂရင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။

အသက် (၁၀၅) နှစ်အရွယ် Manoel Angelim Dino နှင့် အသက် (၁၀၁) နှစ်အရွယ် Maria de Sousa Dino တို့သည် ချစ်သူများနေ့တွင် အိမ်ထောင်သက် (၈၄) နှစ်နှင့် (၇၇) ရက်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ဂရင်းနစ် စံချိန်မှတ်တမ်းအဖွဲ့က အတည်ပြုခဲ့ပြီးနောက် ကမ္ဘာ့အရှည်ကြာဆုံး အိမ်ထောင်သက်ရှိသည့် စုံတွဲအဖြစ် ဂင်းနစ်စံချိန်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် ၁၉၃၆ ခုနှစ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၁၉၄၀ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ Ceará ပြည်နယ်ရှိ Boa Ventura ဘုရားကျောင်းတွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် သားသမီး(၁၃)ဦး မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် မြေး(၅၅)ဦး၊ မြစ်(၅၄)ဦးနှင့် တီ(၁၂)ဦးတို့ ရှိကြောင်းလည်းသိရသည်။ လက်ရှိအချိန်အထိ ကမ္ဘာ့သမိုင်းတွင် ကမ္ဘာ့အရှည်ကြာဆုံး အိမ်ထောင်သက် မှာ(၈၈)နှစ်နှင့်(၃၄၉)ရက် ဖြစ်ပြီး ဒေးဗစ်ဂျေကော့ဗ်ဟီလာနှင့် ဆာရာ ဒေဗီဟီလာတို့သည် ၁၈၀၉ ခုနှစ်တွင် ကနေဒါနိုင်ငံတွင် လက်ထပ်ခဲ့ကြ ပြီးနောက် ကမ္ဘာ့အရှည်ကြာ ဆုံးအိမ်ထောင်သက်ရှိသည့် စုံတွဲအဖြစ် (၈၈)နှစ်နှင့်(၃၄၉) ရက်ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

သို့သော် Manoel Angelim Dino နှင့် Maria de Sousa Dino တို့သည် (၈၄)နှစ်နှင့်(၇၇) ရက်ကြာ ပေါင်းသင်းနေထိုင်မှုကို အောင်ပွဲခံခဲ့ပြီးနောက် အသက်ရှင်လျက်ရှိသော ကမ္ဘာ့အရှည်ကြာ ဆုံးအိမ်ထောင်သက်ရှိသည့် စုံတွဲအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကိုးကား-NP News