တညင်းကုန်းဈေးရှိ ဈေးရုံ(၇) ကို စက်တင်ဘာ (၁) ရက်တွင် ဖွင့်လှစ်မည်

News Image

  • တညင်းကုန်းဈေးရှိ ဈေးရုံ(၇) ကို စက်တင်ဘာ (၁) ရက်တွင် ဖွင့်လှစ်မည်

တညင်းကုန်းဈေး (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဈေးရုံ (၇) ကို စက်တင်ဘာ (၁) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဈေးရုံအတွင်း၏ ဆိုင်ခန်းလျှောက်လွှာများကို အထူးအရိုမိုးရှင်းအဖြစ် တညင်းကုန်းဈေး၏ (၁၀) နှစ်ပြည့် ပျော်ပွဲရွှင်ပွဲရက်များဖြစ်သည့် ဇူလိုင် (၄)ရက် ၊ (၅)ရက်နှင့် (၆) ရက်များတွင် အခမဲ့ထုတ်ပေးခဲ့သလို အယောက် (၅၀၀) ကျော် လာရောက် လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်းတွေကို အခမဲ့လျှောက်လွှာတင်ပြီး အခမဲ့ရောင်းချခွင့်ပေးတာပါ။ ဒီပရိုမိုးရှင်းရက်ကို မမီလိုက်တဲ့သူတွေအနေနဲ့လည်း ရုံးချိန်အတွင်း မနက် (၉)နာရီကနေ ညနေ (၅)နာရီအထိ ဈေးစီမံခန့်ခွဲရေးရုံး၊ B 12 ပထမထပ်ကို လာရောက်ဆက်သွယ်ပြီးတော့လည်း လျှောက်လွှာတွေ မေးမြန်းစုံစမ်းပြီး တင်လို့ရပါတယ်” ဟုမြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မကြာမီ ဖွင့်လှစ်မည့် ဈေးရုံ (၇) တွင် လူသုံးကုန်ပစ္စည်းများ၊ လွယ်လင့်တကူ စားသောက်နိုင်သည့် အစားအသောက်များ၊ ရေသန့်၊ အအေးနှင့် ကော်ဖီမစ်မျိုးမျိုး၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်မျိုးစုံစသဖြင့် Food & Snack ဆိုင်ခန်းများ၊ ဆေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များနှင့် ကလေးပစ္စည်းရောင်းချသည့်ဆိုင်များ၊ မီးဖိုချောင်သုံးပစ္စည်းများအပါအဝင် လျှပ်စစ်ပစ္စည်းဆိုင်များ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်းမြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးရုံကြီးစီမံကိန်းကို မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)က ၂၀၁၅ ခုနှစ်ကစပြီး စီမံခန့်ခွဲလုပ်ဆောင်လာခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Popular Myanmar