အင်္ဂါဂြိုဟ်ပေါ်၌ တစ်ချိန်သောအခါက သက်ရှိများရှင်သန်ရေးအတွက် အထောက်အကူပေးနိုင်သည့် ပတ်ဝန်းကျင်မျိုးရှိခဲ့
ဝါရှင်တန် ဇူလိုင် ၇
အင်္ဂါဂြိုဟ်ပေါ်၌ တစ်ချိန်သော အခါက သက်ရှိများ ရှင်သန်ရေးအတွက် အထောက်အကူပေးနိုင် သည့် ပတ်ဝန်းကျင်မျိုးရှိခဲ့ကြောင်း ကို အင်္ဂါဂြိုဟ်ပေါ်ရှိ တွင်းထွက် ဓာတ်ကြွယ်ဝသည့် ထူထဲသောရွှံ့ စေးမြေလွှာများကသက်သေပြနေကြောင်း ဇူလိုင် ၆ ရက် သတင်းများ အရ သိရသည်။
အင်္ဂါဂြိုဟ်ပေါ်ရှိရွှံ့စေးမြေလွှာများသည် ထုအားဖြင့် ပေ ရာနှင့် ချိရှိပြီး ရေဓာတ်များကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၃ ဒသမ ၇ ဘီလီယံကပင် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း၊ အင်္ဂါဂြိုဟ် ရွှံ့စေး မြေလွှာနယ်မြေများမှာ တည်ငြိမ်မှု ရှိရာ နွေးထွေးစိုစွတ်သည့် ပတ်ပန်းကျင်ကို ကာလရှည်ကြာစွာ ထိန်း ထားနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ၏ အဆိုအရ သိရသည်။
သို့ဖြစ်ရာ အင်္ဂါဂြိုဟ်ပေါ်၌ လွန်ခဲ့သောနှစ်ပေါင်း ၃ ဒသမ ၇ ဘီလီယံက သက်ရှိများရှင်သန်ရေးအတွက် အထောက်အပံ့ပေးနိုင်မည့် ပတ်ဝန်းကျင်မျိုးရှိခဲ့ကြောင်းကို ရွှံ့စေးမြေလွှာများက ပြသနေသည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ထားကြောင်းသိရသည်။
အင်္ဂါဂြိုဟ်ပေါ်ရှိရွှံ့စေးမြေလွှာ များမှာ တစ်ချိန်က ရေစီးအား အလွန်ကောင်းခဲ့သော တောင်ကြားများနှင့် အလှမ်းဝေးပြီး ရှေးဟောင်းရေကန်များအနီး မြေနိမ့် ပိုင်းများ၌ တည်ရှိကြောင်း သိရသည်။
Ref: Xinhua News
Trs: KKO
YDNB Newspaper
Photo- Earth